မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Monday, November 17, 2014

သူတို့မြင်တဲ့ ကိုယ်တို့ပုံရိပ်...



ဒီ Video Clip လေး စတင်ကတည်းက သဘောကျလို့ ခဏခဏ ကြည့်ပါတယ်။ Artist Thomas Leveritt က Ultra Violet ခရမ်းလွန်ရောင်ခြည်သုံး Camera နဲ့ ပန်းခြံတစ်ခုမှာ ဖြတ်သွား ဖြတ်လာတဲ့ လူတွေကို အမှတ်တမဲ့ မှတ်တမ်းတင်ကြည့်တာလို့ ပြောပါတယ်။ ခရမ်းလွန်ရောင်ခြည် Camera က ကျနော်တို့တွေ သာမန်မမြင်ရနိုင်တဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ တင်းတိပ်လို အကွက်အပြောက်လေးတွေ၊ အခြားအရာတွေ အားလုံးကို ဖော်ထုတ်နိုင်စွမ်းပါတယ်။ မွေးစကလေးငယ်ရဲ့ ကျန်းမာသန်စွမ်းတဲ့ အရေပြားနဲ့ အသက်အရွှယ်တဖြည်းဖြည်း ကြီးရင့်လာတဲ့အခါ ပြောင်းလဲသွားတဲ့ ပုံကိုလည်း စိတ်ဝင်တစားတွေ့ရပါတယ် ။ ခရမ်းလွန်ရောင်ခြည် အောက်မှာတော့ ကျန်းမာသန်စွမ်းတဲ့ အသားအရေက ဘယ်လို ဆိုတာကိုလည်း ချက်ချင်းပြောပြနိုင်ပါတယ် ။ UV protection ဖြစ်တဲ့ နေကာမျက်မှန်တွေ ဘာလို့ လူတွေရွှေးချယ် တပ်ဆင်ကြတယ်။ makeup တို့ Sun block lotion တို့ ဘာကြောင့် လိမ်းခြယ် သုံးစွဲကြတယ် ဆိုတာကို ဒီVideo လေးကြည့်ပီးမှ ပိုသဘောပေါက်သွားတော့တယ်။ အသားအရေ
ဂရုစိုက်တတ်တဲ့သူတိုင်း ဒီ Video လေးက အကျိုးရှိမယ် ထင်ပါတယ် ။
အချိန်ရရင် ကြည့်စေချင်ပါတယ်။

မူရင်းဆိုက်လေးကို မမှတ်မိတော့လို့ Credit မပေးနိုင်တာကို နားလည်ပေးစေလိုပါသည်။

=====================================

No comments:

Post a Comment