မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, September 23, 2020




--------------------------------------------------------



















source:5 PLUS NEWS

link -


=========================


အိန္ဒိယမှာ အင်တာနက် တရားလွန်အသုံးပြုနေတဲ့ 

ဇနီးဖြစ်သူကို ခင်ပွန်းသည်က ကွာရှင်းခွင့် တောင်းခံ

--------------------------------------------------------


အိန္ဒိယနိုင်ငံမှာ အင်တာနက် တရားလွန်အသုံးပြုနေတဲ့ ဇနီးဖြစ်သူကို 

ခင်ပွန်းသည်က တရားရုံးမှာ ကွာရှင်းခွင့် တောင်းခံလိုက်ပါတယ်။ 

ဒေလီမြို့တော်မှာနေထိုင်တဲ့ အသက်(၃၀)အရွယ် နာရန်ဒရာ ဆင်းက 

သူ့ရဲ့ ဇနီးဖြစ်သူဟာ လက်ထပ်တဲ့နေ့ကတည်းက လူမှုကွန်ရက်

အသုံးပြုတာကို စွဲလမ်းနေပြီး သူနဲ့ မိသားစုအပေါ် အချိန်မပေးဘူးလို့ 

တရားရုံးကို လျှောက်ထားပါတယ်။


ဇနီးဖြစ်သူဟာ ညမိုးချုပ်ချိန်အထိ လူမှုကွန်ရက် WhatsApp မှာ 

အမျိုးသား သူငယ်ချင်းတွေနဲ့ စာပို့နေပြီး အဲ့လိုမလုပ်ဖို့ တားမြစ်တဲ့

အခါ သူ့ကို ပြန်လည်ခြိမ်းခြောက်လေ့ရှိတယ်လို့ ဆင်းက ပြောပါတယ်။


 တရားရုံးကတော့ သူတို့နှစ်ဦးစလုံးကို အပြန်အလှန် နှစ်သိမ့်

ဆွေးနွေးဖို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦး ကွာရှင်းခဲ့မယ်

ဆိုရင် လူမှုကွန်ရက် စွဲလမ်းမှုကြောင့် ကွာရှင်းတဲ့ ပထမဆုံး ဇနီးမောင်န

ဖြစ်လာလိမ့်မယ်လို့ စပွန်နစ် သတင်းမှာဖော်ပြထားပါတယ်။


source:5 PLUS NEWS

link -

https://sputniknews.com/asia/201807021065965892-net-addiction-causes-divorce-india/


No comments:

Post a Comment