ပန်းဆိုးတန်းမီဂန်စင်တာတွင် မိုးနတ်မင်းကြီးနှင့်စကားပြောခန်းများ
မိုးနတ်မင်းကြီးနှင့်စကားပြောခြင်း အပိုင်း(၃)
အခန်း(၁)
ကျနော် ပန်းဆိုးတန်း မီဂန်စင်တာတွင် အသုံးပြုနေစဉ် တွေ့ကြုံရသည်များကို ဇာတ်လမ်းအဖြစ် ရေးသားရမည်ဆိုပါက ဝတ္ထုတစ်ပုဒ်စာမျှ ရှိမည်မှာ အမှန်ဖြစ်ပါသည်။ သို့သော် ကျနော်သည် စာရေးဆရာတစ်ယောက် မဟုတ်သောကြောင့်သာ စပ်စုမေးမြန်းသည့် ဒဏ်များမှ ဆရာမများလွတ်နေကြခြင်းဖြစ်ပါသည်။စာရေးဆရာတစ်ယောက်လိုသိချင်သမျှ မေးမြန်စပ်စုနေမည်ဆိုပါကလည်း ကျနော်၏အနားသို့ မည်သည့်ဆရာမလေးများမှ နေနိုင်ကြမည်မဟုတ်ဘဲ ကျနော့်ကိုမြင်သည်နှင့် ရှောင်ပြေးနေကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အကောင်းမြင် သဘောထားရှိသည့် ကျနော့်အတွက် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကောင်းပါသည်။ ဆရာမလေးတွေ အနားမှာရှိတော့ စကားစမြည်ပြောရသည်ပေါ့... ဆရာမလေးတွေ တစ်ယောက်မှ အနားမှာမရှိသည့်အချိန်တွင် ကျနော်အဖို့ မိုးနတ်မင်းကြီးနှင့် အေးအေးလူလူ စကားလက်ဆုံ
ပြောဆိုခွင့်ရနေသည်ကိုး...။ မိုးနတ်မင်းကြီးနှင့် အေးအေးလူလူ စကားပြောခွင့်ရသည်မှာလည်း ဆရာမလေးဇာဇာ၏ ကျေးဇူးကြောင့်ဖြစ်ပါသည်။
ထိုအကြောင်းကို ရှင်းပြရသည်ရှိသော်... ကျနော်မှ မနေနိုင်မထိုင်နိုင် ကဗျာပြိုင်ပွဲဝင်ပြိုင်ဖြစ်သည်က အစပြုပါသည်... ဇာတ်လမ်းရှည်မည်စိုး၍ ချုံ့ရသည်ရှိသော်... ကျနော်ပထမဆုရသည်ပေါ့... ရသည့်ဆုကလည်း ကျောက်စိမ်းခေါင်းအုံးလေးဖြစ်နေပြန်တော့ သည်ဆုရသည့်အချိန်မှစ၍ ကျနော့်မှာ
ဆရာမလေးဇာဇာ၏ အပြောအဆိုကို မလွတ်တော့ပါ... လူပျိုကြီးမို့ ခေါင်းအုံးစပ်တူသုံးချင်သူများကို စေတနာအပြည့်ဖြင့် ပရိသတ်ကြီးကို ကူညီဖိတ်ကြားပေးသလို
စင်တာမှ ဆရာမလေးများပင် မလွတ်ပါ။ ဆရာမလေးများခမြာ ကျနော့်မီဂန်ကုတင်သုံးနေစဉ် ထုံးစံအတိုင်း တစ်ယောက်မဟုတ် တစ်ယောက် အနားလာ၍ ယခင်ကတည်းက မေးမြန်းပြောဆိုနေကျဖြစ်သော်လည်း...ကျောက်စိမ်းခေါင်းအုံးရပြီးသည့်နောက်တွင်..
ပြောဆိုခွင့်ရနေသည်ကိုး...။ မိုးနတ်မင်းကြီးနှင့် အေးအေးလူလူ စကားပြောခွင့်ရသည်မှာလည်း ဆရာမလေးဇာဇာ၏ ကျေးဇူးကြောင့်ဖြစ်ပါသည်။
ထိုအကြောင်းကို ရှင်းပြရသည်ရှိသော်... ကျနော်မှ မနေနိုင်မထိုင်နိုင် ကဗျာပြိုင်ပွဲဝင်ပြိုင်ဖြစ်သည်က အစပြုပါသည်... ဇာတ်လမ်းရှည်မည်စိုး၍ ချုံ့ရသည်ရှိသော်... ကျနော်ပထမဆုရသည်ပေါ့... ရသည့်ဆုကလည်း ကျောက်စိမ်းခေါင်းအုံးလေးဖြစ်နေပြန်တော့ သည်ဆုရသည့်အချိန်မှစ၍ ကျနော့်မှာ
ဆရာမလေးဇာဇာ၏ အပြောအဆိုကို မလွတ်တော့ပါ... လူပျိုကြီးမို့ ခေါင်းအုံးစပ်တူသုံးချင်သူများကို စေတနာအပြည့်ဖြင့် ပရိသတ်ကြီးကို ကူညီဖိတ်ကြားပေးသလို
စင်တာမှ ဆရာမလေးများပင် မလွတ်ပါ။ ဆရာမလေးများခမြာ ကျနော့်မီဂန်ကုတင်သုံးနေစဉ် ထုံးစံအတိုင်း တစ်ယောက်မဟုတ် တစ်ယောက် အနားလာ၍ ယခင်ကတည်းက မေးမြန်းပြောဆိုနေကျဖြစ်သော်လည်း...ကျောက်စိမ်းခေါင်းအုံးရပြီးသည့်နောက်တွင်..
ကျနော့်အနားလာသည်နှင့် “ ဆရာမလေးတွေ ဖေကြီးဦးဝင်းဇော် ဆီကနေ ကျောက်စိမ်းခေါင်းအုံး ဝေစုတောင်းနေတာလား... အတူအုံးမလို့လား ”ဟု ဆရာမလေးဇာဇာမှ ပိဿလေးနှင့် ဘေးပစ်သလိုခံနေရရာ မချစ်ချစ်ပင် မလွတ်ပါ။
ထိုကြောင့်လားမသိ ကျနော်ကျောက်စိမ်းခေါင်းအုံး ဆုရပြီးသည့်နောက်ပိုင်းတွင် အပြောအဆိုခံရမည်စိုး၍ထင်ပါသည်... မချစ်ချစ်နှင့်တကွ ဆရာမလေးများ ကျနော့်အနားသို့
သိပ်မကပ်ရဲကြတော့ပါ... ကပ်သည်နှင့် ဆရာမလေးဇာဇာက ပိဿလေးနှင့် ထုတော့သည်ကိုး...။
သည်တော့ ကျနော့်အနား လွတ်လွတ်ကင်းကင်းရှိသည့် အိမ်ထောင်သည် ဆရာမလေး မနှင်းနုဝါတစ်ယောက်သာ စကားလာပြောရဲပါတော့သည်...။
ရံဖန်ရံခါ ရက်များတွင်မတော့ ဆရာမလေးများ ကျနော့်ကုတင်နားသို့ အမှုမဲ့ အမှတ်မဲ့ ရောက်လာသည်များရှိသော်လည်း သူတို့အတွေးထဲ ဆရာမလေးဇာဇာ၏ မျက်နှာ ဖြတ်ကနဲပေါ်လာသည်နှင့် ကပျာကယာ ကျနော့်အနားမှ ခွါသွားကြသည်ကို ကျနော်သတိမပြုပဲ မနေနိုင်ပါ။ ကြိတ်၍လည်း ရယ်မိပါသည်.. အင်းလေ.. ကျနော့်အနားက မြန်မြန်ခွါမှသာ ပိဿလေးနှင့်ပစ်သည့်ဒဏ်က လွတ်မြောက်ရာရကြမည်ကိုး...။ ဆရာမလေးဇာဇာတို့ကတော့ ဘယ်သူ့မှချမ်းသာမပေးပဲ ကျနော့်နားရောက်လာသည့် ဆရာမလေးများတင်မက မချစ်ချစ်ပါမကျန် လက်နက်ကြီးနှင့် ထုတော့သည်ကိုး... ဆရာမလေးတွေ လန့်ရှာပေမပေါ့။
သည်လိုနှင့်တစ်နေ့တွင် ပန်းဆိုးတန်းမီဂန်စင်တာပေါ်တွင် မီဂန်စက်လေးများအသုံးပြုရန် ရောက်ရှိသည့်အချိန်တွင် လူပြည့်နေသည့်အတွက်
တစ်ချိန်သာသာမျှ စောင့်ရသည်ဖြစ်ရာ... ဆရာမလေးများမှာလည်း မွန်းလွဲပိုင်းမို့ စင်ပေါ်တက်ပြီး ဟောပြောသွန်သင်ရန် အလှည့်မကျန်တော့၍ ထင်ပါသည်... ပရိသတ်ငုတ်တုတ်ကြားထဲတွင် ကျနော်သည်လည်းငုတ်တုတ်ပေါ့...စောင့်ရင်းနှင့် အလှည့်ရောက်လာလို့ စက်ပေါ်တက်ရင်း စဉ်းစားမိသည်က စောင့်ရတဲ့အတူ၊ ဆရာမလေးဇာဇာ၏ကျေးဇူးနှင့် ဘယ်သူမှအနားမှာမရှိလျှင်တော့ မိုးနတ်မင်းကြီးဆီ တက်ခွင့်ရတုန်း တက်ဦးမည်ဟုအတွေးပေါက်လာသည်တွင် ဖြတ်ကနဲ HY-4000 Alpha လေးသည်လည်း နတ်ရထားပျံအသွင်ပြောင်းကာ အတွေးရေယာဉ်ကြောဖြင့် ဝေဟင်ခရီးကို လေဟုန်စီး၍ ခရီးနှင်လိုက်ရပါတော့သည်...
ထိုကြောင့်လားမသိ ကျနော်ကျောက်စိမ်းခေါင်းအုံး ဆုရပြီးသည့်နောက်ပိုင်းတွင် အပြောအဆိုခံရမည်စိုး၍ထင်ပါသည်... မချစ်ချစ်နှင့်တကွ ဆရာမလေးများ ကျနော့်အနားသို့
သိပ်မကပ်ရဲကြတော့ပါ... ကပ်သည်နှင့် ဆရာမလေးဇာဇာက ပိဿလေးနှင့် ထုတော့သည်ကိုး...။
သည်တော့ ကျနော့်အနား လွတ်လွတ်ကင်းကင်းရှိသည့် အိမ်ထောင်သည် ဆရာမလေး မနှင်းနုဝါတစ်ယောက်သာ စကားလာပြောရဲပါတော့သည်...။
ရံဖန်ရံခါ ရက်များတွင်မတော့ ဆရာမလေးများ ကျနော့်ကုတင်နားသို့ အမှုမဲ့ အမှတ်မဲ့ ရောက်လာသည်များရှိသော်လည်း သူတို့အတွေးထဲ ဆရာမလေးဇာဇာ၏ မျက်နှာ ဖြတ်ကနဲပေါ်လာသည်နှင့် ကပျာကယာ ကျနော့်အနားမှ ခွါသွားကြသည်ကို ကျနော်သတိမပြုပဲ မနေနိုင်ပါ။ ကြိတ်၍လည်း ရယ်မိပါသည်.. အင်းလေ.. ကျနော့်အနားက မြန်မြန်ခွါမှသာ ပိဿလေးနှင့်ပစ်သည့်ဒဏ်က လွတ်မြောက်ရာရကြမည်ကိုး...။ ဆရာမလေးဇာဇာတို့ကတော့ ဘယ်သူ့မှချမ်းသာမပေးပဲ ကျနော့်နားရောက်လာသည့် ဆရာမလေးများတင်မက မချစ်ချစ်ပါမကျန် လက်နက်ကြီးနှင့် ထုတော့သည်ကိုး... ဆရာမလေးတွေ လန့်ရှာပေမပေါ့။
သည်လိုနှင့်တစ်နေ့တွင် ပန်းဆိုးတန်းမီဂန်စင်တာပေါ်တွင် မီဂန်စက်လေးများအသုံးပြုရန် ရောက်ရှိသည့်အချိန်တွင် လူပြည့်နေသည့်အတွက်
တစ်ချိန်သာသာမျှ စောင့်ရသည်ဖြစ်ရာ... ဆရာမလေးများမှာလည်း မွန်းလွဲပိုင်းမို့ စင်ပေါ်တက်ပြီး ဟောပြောသွန်သင်ရန် အလှည့်မကျန်တော့၍ ထင်ပါသည်... ပရိသတ်ငုတ်တုတ်ကြားထဲတွင် ကျနော်သည်လည်းငုတ်တုတ်ပေါ့...စောင့်ရင်းနှင့် အလှည့်ရောက်လာလို့ စက်ပေါ်တက်ရင်း စဉ်းစားမိသည်က စောင့်ရတဲ့အတူ၊ ဆရာမလေးဇာဇာ၏ကျေးဇူးနှင့် ဘယ်သူမှအနားမှာမရှိလျှင်တော့ မိုးနတ်မင်းကြီးဆီ တက်ခွင့်ရတုန်း တက်ဦးမည်ဟုအတွေးပေါက်လာသည်တွင် ဖြတ်ကနဲ HY-4000 Alpha လေးသည်လည်း နတ်ရထားပျံအသွင်ပြောင်းကာ အတွေးရေယာဉ်ကြောဖြင့် ဝေဟင်ခရီးကို လေဟုန်စီး၍ ခရီးနှင်လိုက်ရပါတော့သည်...
===============
“ မင်းကြီး ကျန်းမာတော်မူပါစ... တပည့်တော် နတ်ရထားပျံလေး စီးခွင့်ရတုန်း၊ ထပ်လာခဲ့ရ ပါတယ် မင်းကြီး ”
မင်းကြီး။ “ အလို မောင်ရင်လေးပဲ ခုနကတင် ပြန်ပါဦးမယ်ဆိုပြီး ပြန်သွားတယ်လေ၊ ခု ကျုပ်ဖြင့် နောက်ကိုတစ်ချက်လေးပဲလှည့်ကြည့်ရသေးတယ်... ရှေ့ပြန်လှည့်လိုက်တာနဲ့
မောင်ရင်လေးပြန်ရောက်နေတယ်ဆိုတော့.. ဟုတ်သေးဘူးထင်တယ်..”
ကျွန်ုပ်။ “ မှန်ပါ... အဲဒါကတော့ တပည့်တော် အပြစ်နဲ့ပယောဂ မပါလောက်ဘူးထင်ပါတယ်မင်းကြီး..”
မင်းကြီး။ “ အလို... ဘယ်လိုကြီးတုန်း..”
ကျွန်ုပ်။ “ တပည့်တော် အထင်ပြောရရင်တော့၊ လူ့ပြည်နဲ့နတ်ပြည် အချိန်ကာလ ကွာခြားမှုကြောင့်ဖြစ်တာနေမှာပါ မင်းကြီး။ လူ့ပြည်တစ်သက်၊ နတ်ပြည်တစ်ရက်လို့
အဆိုရှိတယ်မဟုတ်လား မင်းကြီးရဲ့... ”
မင်းကြီး။ “ ဒီတိုင်းသာမှန်ရင်တော့ ခက်ရချည်ရဲ့ မောင်ရင်လေးက ခုနကတင် ပြန်သွားတာလေ...”
ကျွန်ုပ်။ “ မှန်ပါ၊ တပည့်တော်ကတော့ တစ်ပါတ် ဆယ်ရက်လောက်နေပြီးမှ ပြန်တက်လာခဲ့တာပါမင်းကြီး။ လူသက်၊ နတ်သက် အချိန်ကာလ ပယောဂကြောင့် မင်းကြီး မျက်တောင်တစ်ချက်ပဲ ခတ်ရသေးတာဆိုရင်လဲ တပည့်တော်အပြစ်နဲ့ ပယောဂ မဟုတ်လောက်ဘူးထင်ပါတယ် မင်းကြီး...”
မင်းကြီး။ “ အေးလေ.. ရှိစေတော့၊ ရှိစေတော့... ခုလာရင်းကိစ္စက... ”
ကျွန်ုပ်။ “ လာရင်းကိစ္စ အသာထားလို့ တပည့်တော် ဖတ်မှတ်မိတာလေး ပြောပါရစေဦး မင်းကြီး..”
မင်းကြီး။ “ အင်း ဆိုပါဦး... ဘာတွေများ ဖတ်မှတ်မိခဲ့လို့လဲ...”
ကျွန်ုပ်။ “ တခြားမဟုတ်ပါဘူးမင်းကြီး၊ ခုနက လူ့ပြည်နဲ့နတ်ပြည် အချိန်ကာလ ကွာခြားမှုကိုပေါ့... တပည့်တော်လဲ တိတိကျကျတော့ သိရတာမဟုတ်ပါဘူး.. ဇာတ်တော်တွေထဲလား၊ နိပါတ်တော်တွေထဲမှာလားတောင်မသေချာဘူး... ဖတ်တော့ ဖတ်မိတာပဲ... အဲဒီထဲ ရေးထားတာက... တစ်ခါတုန်းက နတ်ပြည်မှာ နတ်သမီးလေးတွေ ဥယျာဉ်တော်ထဲ ပန်းခူးထွက်ကြတဲ့ တစ်နေ့မှာတဲ့... နတ်သမီးလေးတွေထဲက နတ်သမီးလေးတစ်ပါး နတ်သက်ကြွေပြီး၊ လူ့ပြည်ကိုရောက်လာပြီး
လူ့ဘဝမှာလူဖြစ်၊ ပြီးတော့ အရွယ်ရောက်ကြီးပြင်းလာပြီး အိမ်ထောင်တွေကျ သားသမီးတွေမွေးပြီး လူ့ပြည်မှာကံကုန်လို့ သေလွန်ပြီးတာနဲ့ သူလာခဲ့တဲ့ ဘုံမှာပဲ ပြန်ပြီးတော့ နတ်သမီးဖြစ်တာလေ... အဲဒါ ပန်းခူးနေတုန်း ဖြုတ်ကနဲကြွေပြီး လူ့ပြည်မှာတစ်ဘဝနေသွားပြီး နတ်ပြည်မှာ နတ်သမီးပြန်သွားဖြစ်တာကို တခြားပန်းခူးနေတဲ့ အဖော်တွေတောင် မသိလိုက်ကြဘူးဆိုတော့ လူ့ပြည်တစ်သက်ဟာ နတ်ပြည်အတွက်တော့ ခဏတဖြုတ်လေးပဲဆိုတာကို မှန်းဆကြည့်လို့ရတာပေါ့ မင်းကြီး..”
မင်းကြီး။ “ ဒီလိုဆိုရင်လဲ မောင်ရင်လေး ကျုပ်ကို တစ်နာရီ နှစ်နာရီလောက် အနားပေးတဲ့အနေနဲ့ နောင်အနှစ်နှစ်ဆယ်လောက်ကျမှ တစ်ခေါက်လောက် တက်ခဲ့ရောပေါ့ကွယ်”
ကျွန်ုပ်။ “ အာ.. မင်းကြီးကလဲ.. လူပြည်က အနှစ်နှစ်ဆယ်က၊ ဒီမှာ တနာရီနှစ်နာရီလောက်ပဲ ရှိတယ်ထားဦး... တပည့်တော်အရွယ်နဲ့ လူ့ပြည်မှာ နောက်အနှစ်နှစ်ဆယ် ရှိနေဘို့
မသေချာတော့ဘူးလေ... အဲဒီအချိန်လောက်ဆို တပည့်တော် မင်းကြီးဗိမာန်အထက်က နတ်ပြည်ခြောက်ထပ်က တစ်ထပ်ထပ်မှာ ရောက်နေလောက်ရောပေါ့...”
မင်းကြီး။ “ ဟွန်း... သေချာနေလိုက်တာ”
ကျွန်ုပ်။ “ ဟုတ်တယ်လေ... တပည့်တော် မင်းကြီးရဲ့ဗိမာန်မှာ နေချင်ပါတယ်ဆိုတာတောင်မှ လူ့ပြည်ကလူတွေအတွက် မင်းကြီးဗိမာန်မှာ no vacancy ဖြစ်နေတာ မင်းကြီးသိရဲ့သားနဲ့။ အဲဒီတော့ တပည့်တော် ကံကုန်လို့ လူ့ဘုံကိုစွန့်ရရင် အပေါ်က နတ်ပြည်ခြောက်ထပ်ထဲက တစ်ထပ်ထပ်ပဲ ရောက်ဖို့ရှိတော့တာပေါ့... အဲဒီလိုဆိုလဲ တပည့်တော်က အပေါ်ကနေဆင်းလာပြီး မင်းကြီးကို ဂါရဝပြုဘို့ အခစားရောက်လာခဲ့ဦးမှာပါ မင်းကြီး...”
မင်းကြီး။ “ အင်း သာဓုပါမောင်ရယ်...၊ ကျန်တဲ့နှစ်ခွန်းတော့ စောင့်ကြည့်ပြီးမှခေါ်တော့မယ်..။ ခုတော့ လူ့ပြည်လူ့ရွာမှာပဲ ရှိသေးတာကိုး... နတ်ပြည်နတ်ရွာရောက်လို့ နတ်သမီးလေးတွေ တစ်ဖက်လေးငါးရာနဲ့စံနေရတော့မှသာ " ဘယ်ကမိုးနတ်မင်းကြီးလဲ... ကြားဖူးသလိုတော့
အရှိသား" ဆိုပြီး ရေးတေးတေးဖြစ်နေမယ်ဆိုရင်တော့ ကျုပ်ဖနောင့်နဲ့ပေါက်မိလိမ့်မယ်နော်.. ”
ကျွန်ုပ်။ “ မင်းကြီးက တပည့်တော်ကို မယုံတဝက်ဖြစ်နေတာကိုး... မင်းကြီးကျေးဇူးကို တပည့်တော်တင်မကဘူး၊ လူ့ပြည်လူ့ရွာက လူပေါင်းများစွာက မင်းကြီးကျေးဇူးတွေကို သတိတရနဲ့ တသသဖြစ်နေကြတာပါ မင်းကြီး...”
မင်းကြီး။ “ ဟိုး.. ဟိုး.. မောင်ရင်လေး... စကားကို ရိုးရိုးပြောပါကွယ်၊ မြှောက်သလို ပင့်သလိုတော့ မလုပ်ပါနဲ့မောင်ရင်...။ လူ့ပြည်လူ့ရွာက လူသားတွေ ကျုပ်ကျေးဇူးတွေကို သတိရတမ်းတနေပါတယ်လို့... ဘယ်လိုအထောက်အထားနဲ့များ မောင်ရင်လေးက သေချာနေရတာလဲ ရှင်းစမ်းပါဦး...”
ကျွန်ုပ်။ “ ရှိပါသော်ကော မင်းကြီးရယ်... တပည့်တော် တွေ့တာမြင်တာတွေပြောပြရမယ်ဆိုရင်...
ဒီလို မင်းကြီးရဲ့...”
ဆက်ရန်... (အခန်း(၂)မျှော်)
===========================
အခန်း (၂)
ပန်းဆိုးတန်းမီဂန်အခမဲ့ကျန်းမာရေးစင်တာမှ
ဆရာ၊ ဆရာမလေးများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ…
ဆက်ရန်... (အခန်း(၂)မျှော်)
===========================
အခန်း (၂)
ကျွန်ုပ်။
“ တပည့်တော်တို့ရဲ ကမ္ဘာကြီးမှာ ရှိတဲ့လူဦးရေဟာ ၂၀၁၂ လောက် ကတည်းက၊ သန်းပေါင်းခြောက်ထောင်
ပြည့်လာခဲ့တာလေ... ပြီးတော့ တပည့် တော်တို့ရဲ့ အာရှတိုက်မှာတင် လူဦးရေ အများဆုံး ဖြစ်တဲ့
ဆိုဗီယက်၊ အိန္ဒိယနဲ့ တရုတ်ပြည်က လူတွေရယ်၊ ကျန်တဲ့အရှနိုင်ငံငယ်လေးတွေရယ် အားလုံး ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်တောင်
ရှိနိုင်ပါတယ်မင်းကြီး ”
မင်းကြီး။
“ အိုး... တယ်မွေးကြသကိုးကွယ့် ”
ကျွန်ုပ်။
“ မှန်ပါ၊ အဲဒီတော့ မိုးနတ်မင်းကြီးကို မသိကြတဲ့၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ နိုင်ငံတွေက
လူတွေကိုဖယ်ပြီး တွက်ကြည့်မယ် ဆိုရင်တောင်မှ တရုတ်ပြည် တစ်ပြည်ထဲတင် လူဦးရေက သန်းပေါင်းထောင့်ငါးရာလောက်
ရှိပါတယ်... အဲဒါလဲ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့လူတွေကို ဖယ်လိုက်ဦး... နောက်ကျန်တဲ့ ဗုဒ္ဓဘာသာဝင်
တိုင်းပြည်တွေဖြစ်တဲ့ လာအို၊ ကမ္ဗောဒီးယား၊ မြန်မာ၊ ယိုဒယား၊ ဂျပန်၊ ထိုင်ဝမ်၊ ကိုရီးယားဆိုတဲ့
နိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေ အားလုံးပေါင်းလိုက် မယ်ဆိုရင်.. သန်းနှစ်ထောင်နီးပါး ရှိနိုင်တာမို့
ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်ဟာ မိုးနတ်မင်း ကြီးကို ကောင်းကောင်းသိကြတာပေါ့...
အဲဒီထဲကမှ
တရုတ်လူမျိုးတွေဟာ မိုးနတ်မင်းကြီးအပေါ်မှာ ယုံကြည် ကိုးစားမှု အရှိဆုံးလို့ တပည့်တော်
တွေ့မြင်ကြားသိရပါတယ်... နောက်ပြီး တရုတ်လူမျိုးတွေ့ရဲ့ အကြောင်းကို အိမ်နီးချင်းမို့
တပည့်တော်လဲ သိတန် သလောက်တော့ သိတာပေါ့ မင်းကြီး..”
မင်းကြီး။
“ အင်း ဆိုစမ်းပါဦး မောင်ရင်လေးက ဘာတွေများသိထားလို့တုန်း...”
ကျွန်ုပ်။
“ တပည့်တော်.. ရုပ်မြင်သံကြားတို့၊ တီဗီဇာတ်လမ်းတို့ကြည့်လိုက်တာနဲ့ တရုတ်လူမျိုးတွေဟာ
ထစ်ခနဲဆို မိုးနတ်မင်းကြီးကို တိုင်တည်ကြတော့တာ ပဲလေ... အဲဒီတော့ မင်းကြီးလဲ အနည်းနဲ့အများတော့
ကူညီစောင်မကြည့်ရှု ခဲ့လို့သာ သူတို့က တိုင်တည်ကြ၊ ပူဇော်ပသကြနဲ့ အားကိုးကြတာပေါ့...
စားဦးစားဖျား စားကောင်းသောက်ဖွယ်တွေနဲ့ ပူဇော်ပသကြတာပေါ့... အဲဒီလိုမှ မဟုတ်ရင်တော့လား...”
မင်းကြီး။
“ အလိုလေး... အဲဒီလိုမှမဟုတ်ရင် ဘယ်လိုဖြစ်မှာပါလိမ့်...”
ကျွန်ုပ်။
“ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်လား... ဒါကြောင့် တပည့်တော်ပြောတာပေါ့... တရုတ်လူမျိုးတွေဟာ
အလုပ်ကြိုးစားကြတယ်... ကလိမ်ကျစ်ကျတတ်တဲ့ လူနည်းစုကလွဲရင် ကျန်တဲ့သူ အတော်များများဟာ
ရော့ပတ္တမြား၊ ရော့နဂါးပဲပေါ့ သူ့ကိုမလိမ်နဲ့ သူလဲ မှန်မှန်ကန်ကန် လုပ်တတ်တဲ့ လူမျိုးတွေလေ...
အဲဒီလို အလုပ်အကိုင်တွေကနေ အကျိုးအမြတ်တွေ ဖြစ်ထွန်းလာရင်လဲ သူတို့ကြိုးစား အားထုတ်လို့
အလုပ်ဖြစ်ခဲ့တာ အသာထားလို့ မင်းကြီးကို မမေ့မလျော့ ပူဇော်ပသ ကြတာပေါ့၊ အဲဒီလိုသာ မဟုတ်ခဲ့ဘူးဆိုရင်တော့
မင်းကြီး အနည်းနဲ့အများ မကြည့်ရှု မစောင့်ရှောက်ခဲ့ဘူးဆိုရင် " လူ့ဖာသာ လူ့ရှာစားပေတော့၊
ဝလို့ကတော့ ဝလို့ကို ကူညီစောင်မမယ့် စီခြားနတ်မင်းကိုပဲ ရှာလော့မယ် " ဆိုပြီး
မင်းကြီးကို ကျောခိုင်းသွားတာ ကြာလှရောပေါ့...”
မင်းကြီး။
“ ဟေ.. ဟုတ်ပါ့မလား မောင်ရင်လေးရဲ့...”
ကျွန်ုပ်။
“ မင်းကြီးမယုံရင် မကူညီပဲ တစ်နှစ်လောက်သာ ဥပေက္ခာပြုပြီး ထားကြည့် လိုက်ပါလား...”
မင်းကြီး။
“ အဲလိုလုပ်ကြည့်ရင် ဘာဖြစ်မယ်ထင်လဲ...”
ကျွန်ုပ်။
“ ဘာဖြစ်ရမလဲ မင်းကြီးရဲ့.. အဲဒီလိုသာ မကူညီပဲ ထားလိုက်လို့ကတော့... အချိန်ကုန်၊ ငွေကုန်ခံပြီး
ပူဇော်ပသလို့ ဘာအကျိုးမှမရှိတဲ့ မိုးနတ်မင်းကြီးကို ပူဇော်ပသသမှု မပြုရဆိုပြီး သက်ဆိုင်ရာကတောင်
ဥပဒေထုတ်ပြီး တားမြစ်ကြမှာ အသေအချာပေါ့...”
မင်းကြီး။
“ မောင်ရင်လေးတို့ လူသားတွေက အဲလိုလား..”
ကျွန်ုပ်။
“ ပုထုဇဉ်တွေကိုး မင်းကြီးရဲ့”
မင်းကြီး။
“ အင်း မောင်ရင်လေးတက်လာတာ ဒီကိစ္စကြောင့်တော့
မဟုတ်လောက် ဘူးထင်တယ်..”
ကျွန်ုပ်။
“ ထွေထွေထူးထူးကိစ္စ ရှိလို့ရယ်တော့မဟုတ်ပါဘူး... Migun Thermal Massage Bad လေးတွေသုံးဖို့
ကိုယ့်အလှည့်စောင့်နေတုန်းမှာ အတွေးထဲ တွေးမိတာလေးသာ ပြောချင်လို့ပါ..”
မင်းကြီး။
“ မောင်ရင်လေးက ဘာများတွေးမိလို့တုန်း...”
ကျွန်ုပ်။
“ တခြားတော့ မဟုတ်ပါဘူးမင်းကြီး.... တပည့်တော် စက်သုံးဖို့ ကိုယ့် အလှည့် ထိုင်စောင့်နေတုန်းမှာ
တခြားစောင့်နေတဲ့သူတွေနဲ့ ရောပြီးထိုင်နေ ရတာဆိုတော့ ထိုင်နေရင်းအတွေးထဲကို အဘဦးသုခရဲ့
ဘဝသံသရာဆိုတဲ့ သီချင်းလေးကို သတိရမိလိုက်ပြီး... ကိုယ့်ကိုကိုယ် ဘူတာရုံကြီးတစ်ခုထဲမှာ
စီးရမဲ့ ရထားအလာကို ထိုင်စောင့်နေရ သလိုမျိုး ခံစားမိလိုက်တယ်ဆိုရင်ပဲ ပန်းဆိုးတန်း
မီဂန်အခမဲ့ ကျန်းမာရေးစင်တာကြီးဟာ၊ တပည့်တော်အတွက်တော့ ပန်းဆိုးတန်း မီဂန်ဘူတာရုံကြီးအဖြစ်
ပြောင်းလဲသွားရပါတယ် မင်းကြီး...”
မင်းကြီး။
“ အင်း.. မောင်ရင်လေး စိတ်ကူးယဉ်တာက များနေပြီနဲ့တူတယ်...
ဆရာမလေးတွေပြောသလို အိပ်ရေးဝဝ မအိပ်ခဲ့ဘူးနဲ့တူတယ်…
ဘယ့်နှယ့် ကျန်းမာရေးစင်တာက ဘူတာရုံကြီး ဖြစ်သွားရတယ်လို့...”
ကျွန်ုပ်။
“ ဟုတ်ပါတယ်မင်းကြီး စက်သုံးဖို့ ထိုင်စောင့်နေတဲ့အချိန်၊ စင်ပေါ်မှာလဲ ဟောမဲ့ပြောမဲ့သူ
မရှိတဲ့အချိန်၊ အများနဲ့ရောပြီး စောင့်စားနေရတဲ့ အချိန်ဆိုတော့ တပည့်တော် အတွေးရေ ယာဉ်ကြော
မျောရတော့တာပေါ့။ အဲဒီလို မီဂန် ဘူတာရုံကြီး လိုပဲလို့ အတွေးထဲဝင်လာတာနဲ့... မန်နေဂျာ ဦးကျော်ဇင်လတ်ကို
မီဂန်ဘူတာ ရုံပိုင်ကြီးနေရာမှာ ထားကြည့် လိုက်တော့.. လားလား..”
မင်းကြီး။
“ မောင်ရင်လေးကတော့ လုပ်ချလိုက်ပြန်ပြီ... ဒါဆို
မောင်ရင်လေး ပြောတဲ့ ဆရာစော ကိုကိုလင်းကိုကော ဘယ်နေရာ သွားထားတုန်း...”
ကျွန်ုပ်။
“ ဆရာစောကိုကိုလင်းကိုတော့ သူနဲ့အလိုက်ဖက်ဆုံး မီဂန်ရထားကြီးရဲ့ စက်ခေါင်းမောင်းနေရာမှာ
တပည့်တော် ထားကြည့်လိုက်ပါတယ် မင်းကြီး... ဘာလို့ဆိုတော့ သူက တွဲတွေ စက်ခေါင်းတွေပျက်ရင်
ဟိုနှိုက်ဒီနှိုက် ဝါသနာ ပါသလို တစ်ခုခုဆို သူပြင်ရတာဆိုတော့ အဲဒီနေရာက သူနဲ့အလိုက်ဖက်ဆုံးမို့ပါ..”
မင်းကြီး။
“ ထားလိုက်ပါတော့ ဒါဆို ကျန်တဲ့ဆရာမလေးတွေကကော..”
ကျွန်ုပ်။
“ ကျန်တဲ့ဆရာမလေးတွေလဲ သူ့တာဝန်နဲ့ သူပေါ့မင်းကြီး...။ တကယ့် ဘူတာရုံသာဆို ဝင်ဝင်ချင်းတွေ့ရမှာက
လက်မှတ်ရောင်းတဲ့ ကောင်တာပေါ့... မီဂန်ဘူတာရုံကြီးကတော့ ပရဟိတ အခမဲ့ဆိုတော့၊ အဲဒီ ဝင်ဝင်ချင်း
လက်မှတ် ရောင်းတဲ့နေရာ ဖြစ်ရမဲ့နေရာက စီမံခန့်ခွဲ တဲ့ နေရာ ဖြစ်သွားတာပေါ့.... အဲဒီမှာ
ဆရာမလေးတွေဖြစ်တဲ့ မဇာဇာတို့ မနှင်းနုဝါတို့ မခင်ချိုဆက်တို့ တစ်ယောက် မဟုတ် တစ်ယောက်
အားရင်အားသလို ဝင်ပြီး စီမံခန့်ခွဲ နေကြတာပေါ့”
မင်းကြီး။
“ အိမ်း... ဘယ်လိုများ စီမံခန့်ခွဲ ကြတာတုန်း...”
ကျွန်ုပ်။
“ ဒီလိုမင်းကြီးရဲ့ ဒီမီဂန်ဘူတာရုံကြီးထဲမှာ၊ မီဂန်ရထားကြီးက တစ်နာရီတစ်ကြိမ်လောက်
ဝင်လာလိုက်၊ ထွက်သွားလိုက် လုပ်နေရတာကိုး... တကယ်တမ်းစီးနင်းချိန်ကတော့ မီနစ်လေးဆယ် လျော့လျော့ပေါ့... ဒါလဲ ဆင်းတဲ့ခရီးသည်တွေ တက်တဲ့ ခရီးသည်တွေနဲ့ဆိုတော့ အဲဒါကလဲ ဆယ့်ငါးမိနစ်
လောက်ရှိတော့။ အဲဒါ မနက်ကိုးနာရီကနေ ညနေငါးနာရီလောက်ထိဆိုတော့ တစ်နေ့ကို ရှစ်ခေါက်နဲ့ဆယ်ခေါက်ကြားလောက်တော့
အဝင်အထွက်ရှိတာပေါ့... ပြီးတော့ အဲဒီမီဂန် ရထားကြီးကလဲ တွဲက ဆယ့်လေးတွဲရှိတာမှာ ဆယ်တွဲက
HY-4000 Alpha, ဥပမာ ရိုးရိုးတန်းတွဲလိုပေါ့၊ ကျန်တဲ့လေးတွဲကတော့ HY-7000 ခေါ်တဲ့ အထူးတန်းတွဲတွေပေါ့
မင်းကြီး...”
မင်းကြီး။
“ အလို... ဆယ့်လေးတွဲတောင်ရှိတာလား..”
ကျွန်ုပ်။
“ မှန်ပါ၊ အတိအကျ ပြောရမယ်ဆိုရင်တော့ HY-7000 ဆိုတဲ့ ခေါင်းတွဲတစ်တွဲက ရုံပိုင်ကြီး
ဦးကျော်ဇင်လတ် အခန်းထဲမှာ ရှိပါသေးတယ် မင်းကြီး။ ခါတလေ ခရီးသည်တွေများလို့ တွဲတွေနဲ့ မဆန့်တော့ရင်
မတင်လို့မရတဲ့ စီးနေကြ ခရီးသည်ဖြစ်နေရင်တော့ အဲဒီခေါင်းတွဲပေါ်ကနေ ပေးစီးပါတယ် မင်းကြီး..”
မင်းကြီး။
“ အော်.. ခေါင်းတွဲကလဲ ပေးစီးသေးသကိုး...”
ကျွန်ုပ်။
“ မှန်ပါတယ် မင်းကြီး... တကယ့်ဘူတာရုံကြီးအတိုင်းပါပဲ...။ အဲဒီ မီဂန်ဘူတာရုံကြီးထဲ
ဝင်လိုက်တာနဲ့ ဘယ်ဘက်မှာ စီမံခန့်ခွဲရေးကောင်တာကို တွေ့ရမှာပါ... အဲဒီမှာ တပည့်တော်
စောစောကပြောတဲ့ ဆရာမလေးတွေက ခရီးသည်တွေကို ကြည့်ပြီးတော့၊ လူသစ်လား၊ လူဟောင်းလားကြည့်...
ပြီးရင် ရိုးရိုးတွဲတင်ပေးရမဲ့သူကို HY-4000 Alpha လက်မှတ်တွေလေးတွေ ထုတ်ပေး၊ အထူးတန်းတွဲ
ပေးစီးသင့်တဲ့ ပုဂ္ဂိုလ်တွေဆို HY-7000 အထူးတွဲလက်မှတ်တွေ သင့်သလိုပေးပြီး နေရာချကြရတာပေါ့...။
အဲဒီကပြီးသွားလို့ ခရီးသည်တွေ တွဲပေါ်တက်လာရင် ကျန်တဲ့ ဆရာမလေးတွေဖြစ်တဲ့ မသန္တာ၊ မမေဇင်သက်၊
မတင်နီလာဇော်နဲ့ မချစ်ချစ်တို့က ခရီးသည်တွေ သက်သောင့်သက်သာ စီးနင်းနိုင်အောင် နေရာထိုင်ခင်းလေးတွေ
စီစဉ်ပေးကြရပါတယ်မင်းကြီး...။ ထိုင်စရာ လျောင်းစရာ အခင်း အကျင်းလေးတွေ မပါလာဘူးဆိုရင်တော့
မချစ်ချစ်ဆီ ပြေးကပ်ကြရတာပေါ့။ အဲဒါ လိုက်ပါမယ့် ခရီးသည်တွေ နေရာတကျ ပြင်ဆင်ပြီးပြီ
ဆိုတာနဲ့ မိနစ်လေးဆယ် မရှိတရှိခရီးကို စပြီးထွက်ခွါကြရပါတယ်..”
မင်းကြီး။
“ မောင်ရင်လေးပြောပုံအရဆို တကယ်လဲ မီဂန်ဘူတာရုံလေးနဲ့
တူနေတာကိုး...”
ကျွန်ုပ်။
“ မတူပဲနဲ့တော့ တပည့်တော်က မင်းကြီးကိုပြောပါ့မလား မင်းကြီးရယ်... အဲလို ခရီးနှင်နေတုန်း
ရှေ့ဘူတာမှာ တက်ပြီးစီးဘို့ စောင့်နေတဲ့ခရီးသည်တွေကို ဆရာမလေးတွေက အလှည့်ကျ စည်းကမ်းတကျ
နေထိုင်ကြဘို့ ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် ဘယ်နည်းဘယ်ပုံ နေထိုင် စားသောက်ကြရမယ်
ဆိုတာတွေ လမ်းညွှန်အကြံပေးရတာပေါ့... တကယ့်ဘူတာရုံသာဆိုရင်တော့ ရထားစီးနေတုန်း လက်မထုတ်ရ၊
ခေါင်းမပြူရတို့ အမှိုက်တွေ စည်းကမ်းမဲ့မပစ်ကြဘို့ ပြောသလိုပဲပေါ့ မင်းကြီး... အဲတူတာတစ်ခုကတော့
အိမ်သာကို အများအတွက်ငဲ့ညှာပြီး သန့်သန့် ရှင်းရှင်း သုံးကြဘို့ကိုလဲ ထည့်ပြောရသေးတာပေါ့...”
မင်းကြီး။
“ အဲဒါလဲ ပြောရသေးတာပဲလား...”
ကျွန်ုပ်။
“ မှန်ပါ၊ အများနဲ့ဆိုတော့လဲ ရံဖန်ရံခါဆိုသလို ပြောပေးရပါတယ်...။ အချိန်တန်လို့ ဘူတာထဲ
ရထားကြီး ဝင်လာပြီဆိုတာနဲ့ ဆင်းတဲ့သူတွေဆင်းပေါ့... ပြီးရင်နောက်တစ်ဘူတာ လိုက်မယ့်ခရီးသည်တွေက
တက်နဲ့ပေါ့..”
မင်းကြီး။
“ ဒါဖြင့် ခရီးစဉ်တစ်ခုကို ဆယ့်လေးငါးယောက်
စီးကြတာလား...”
ကျွန်ုပ်။
“ မှန်ပါ၊ ဒါလဲ တိတိကျကျတော့ မဟုတ်သေးဘူးမင်းကြီး.။ ကတ်သီး ကတ်သတ်စီးပြီး လိုက်တဲ့သူတွေပါ
ထည့်တွက်ရင် ဆယ့်ခုနစ်ယောက် လောက်တော့ ရှိပါတယ်မင်းကြီး”
မင်းကြီး။
“ အလို... အဲလို ကတ်သီးကတ်သတ် တိုးလို့တွဲလောင်း
စီးတဲ့သူတွေက ရှိသေးတယ်လား...”
ကျွန်ုပ်။
“ တပည့်တော်အမြင် ပြောရရင်တော့ တွယ်စီးရတာထက်တောင် ခက်ပါ သေးတယ်မင်းကြီး...”
မင်းကြီး။
“ တွယ်စီးတာထက်ခက်ရအောင် ဘယ်လိုစီးကြလို့တုန်း...”
ကျွန်ုပ်။
“ တပည့်တော်တို့ဆီက ရထားတွဲတွေ အရှင်မင်းကြီးလဲ မြင်ဖူးမှာပါ... တစ်တွဲနဲ့တစ်တွဲ ချိတ်ဆက်ဖို့ရာ
အဲဒီတွဲတွေမှာ ရှေ့ချိတ်တစ်ခုနဲ့ နောက်ချိတ်တစ်ခု ပါတယ်လေ။ တွဲချင်းဆက်တဲ့နေရာမှာ သုံးတဲ့
ချိတ်လေး တွေပေါ့... အဲဒါတွေကို မီဂန်စင်တာမှာတော့ နှစ်လုံးဘုတွေလို့ ခေါ်တာပေါ့ မင်းကြီး...
တပည့်တော်အတွက်ကတော့ အဲဒီဘုလေးတွေက ရထားတွဲချင်း ချိတ်တဲ့ ချိတ်ပေါ်က ဘုလေးတွေပေါ်မှာ
ထိုင်စီးပြီးလိုက်ရသလိုမျိုး စီးကြတဲ့သူလဲ တစ်ယောက်စ နှစ်ယောက်စ ပါသေးတော့ကာ ခရီးစဉ်တစ်ခုမှာ
ခရီးသည် ဆယ့်ခြောက်ယောက်၊ ဆယ့်ခုနှစ်ယောက် လောက်တော့ လိုက်ပါစီးနင်းနိုင်ကြ ပါတယ်မင်းကြီး...”
မင်းကြီး။
“ အင်း... လိုရာခရီးရောက်ဘို့အတွက်သာ အဓိကဆိုတော့လဲ၊
သက်သောင့်သက်သာ မရှိလဲပဲ ကြုံသလိုစီးကြရတာနေမှာပေါ့... မောင်ရင်လေး ကော အဲလိုမျိုး
စီးဖူးသွားပြီလား...”
ကျွန်ုပ်။
“ တပည့်တော်ကတော့ ကတ်သီးကတ်သတ် မစီးတတ်တာမို့ အဲဒီပေါ် တော့ဖြင့် မလိုက်ပါရစေနဲ့လို့
မေတ္တာရပ်ခံ ထားရပါတယ်မင်းကြီး...။ အဲဒီမီဂန် ရထားကြီးဟာ တစ်နေ့ကို လူများရင် ကိုးဘူတာ၊
ဆယ်ဘူတာလောက်... လူနည်းရင်တော့ ခုနစ်ဘူတာ၊ ရှစ်ဘူတာလောက်ကို တစ်ပါတ်မှာ ခြောက်ရက်လောက် မရပ်မနား ပြေးဆွဲပေးနေရပါတယ်မင်းကြီး”
မင်းကြီး။
“ ဆရာ၊ ဆရာမလေးတွေလဲ အတော်ပင်ပန်းကြမှာပဲ...
ညနေ ခရီးစဉ်ဆုံးမှ နားကြရတယ်ထင်ပါရဲ့...”
ကျွန်ုပ်။
“ ဘယ်နားရပါ့ဦးမလဲ မင်းကြီး..”
မင်းကြီး။
“ ဟင် ခရီးစဉ်ပြီးတာတောင် မနားရသေးဘူးလား...”
ကျွန်ုပ်။
“ တစ်နေ့တာအတွက်သာ ပြီးတာလေ မင်းကြီးရဲ့။ တပည့်တော်လဲ သေချာတော့မသိပါဘူး.. နားစွန်နားဖျား
ကြားမိတာလေး ပြောရရင်တော့ တစ်နေ့တာခရီးစဉ်က ပြီးသွားပေမဲ့လဲ... အဲဒီတစ်နေ့တာ ခရီးစဉ်အတွင်းမှာ
ထူးခြားဖြစ်စဉ်ရှိ၊ မရှိ၊ လိုအပ်ချက်တွေရှိ၊ မရှိ ဆိုတာကို ရုံပိုင်ကြီးရုံးခန်းထဲဝင်ပြီး
အစီရင်ခံကြရဦးမယ်ထင်တာပဲ... ဒါမှလဲ ရုံပိုင်ကြီးက မီဂန်ဘူတာရုံကြီးအတွက် လိုအပ် တာတွေ၊
ပြင်ဆင်စရာရှိတာတွေ ရှိခဲ့မယ်ဆိုရင် နောက်ရက်တွေအတွက် စီမံဆောင်ရွက်ပေးနိုင်မှာပေါ့။
ပြီးတော့ အများနဲ့ဆက်ဆံရတဲ့ ဆရာ၊ ဆရာမ လေးတွေကိုလဲ လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေး အသိပညာတွေကအစ
လိုအပ် မယ်ထင်တာတွေကို သင်ပြပြောဆို ညွှန်ကြားပေးဦးမှာပဲလေ.... အဲဒါတွေ ပြီးလို့ ရုံပိုင်ကြီးက
ပြန်နိုင်ပြီဆိုမှပဲ ဆရာ၊ ဆရာမတွေ အိတ်ကလေးတွေ ကိုယ်စီဆွဲပြီး ဘတ်စ်ကား ဂိတ်ကို ပြေးကြရမယ်ထင်ပါတယ်...
အဲဒါဟာ သူတို့ တစ်တွေရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်ပါပဲ မင်းကြီး... ”
မင်းကြီး။
“ ဟော ပြောရင်းဆိုရင်းကနေ မောင်ရင်လေးခေါင်းပေါ်က
ခလုတ် လေးမှာ OF လို့ပေါ်လာ ပါလား...”
ကျွန်ုပ်။
“ မှန်ပါ အဲဒါ တပည့်တော် ဆင်းရမဲ့ဘူတာ ရောက်နေပြီလို့ အချက်ပြတာပါ မင်းကြီး”
မင်းကြီး။
“ မောင်ရင်းလေးပြောတော့ နတ်မြင်းပျံဆို၊ ခု
နတ်ရထား ဖြစ်သွား ပြန်ပြီလား...”
ကျွန်ုပ်။
“ အဲဒါပြောတာပေါ့ မင်းကြီး... တခြားဟာတွေတော့ မသိဘူး... Migun အစွမ်းကတော့ အံ့မခန်းပါပဲ။
အဲဒါကြောင့်လဲ ပုဂ္ဂိုလ်တစ်ပါးပါးက ဖန်ဆင်းပေးလိုက်တာ သေချာတယ်လို့ တပည့်တော်ပြောတာပေါ့...
အဲဒီ စီးတော်ယာဉ်လေးတွေမှာ လိုရာရွေးလို့ရတဲ့ အစီအစဉ် ခုနှစ်မျိုးတောင် ထည့်ပေး ထားပါတယ်မင်းကြီး...
အတိုကောက်တော့ P1 ကနေ P7 ဆိုပြီးတော့ ကိုယ်ဆန္ဒ ရှိရာ ရွေးစီးနိုင်အောင်ကို လုပ်ထားပေးတာလေ...
နတ်မြင်းပျံစီးမလား နတ်ရထား စီးမလား မှော်ကုတင်လေးလုပ်ဦးမလား.. ခလုပ်လေးတစ်ချက်နှိပ်လိုက်ရုံပါပဲ...
အဲဒီထဲမှာ ကော်ဇောပျံ ပရိုဂရမ်တောင် ပါသေးတယ်မင်းကြီး... တစ်နေ့က ဆရာမတွေ အဲဒီပေါ်တက်
မှောက်ရက်ကြီးတွေ တန်းစီပြီး စီးနေတာတွေ့တယ်.. အဲဒါ ကော်ဇောပျံပရိုဂရမ်ပဲပေါ့...မချစ်ချစ်လဲ
အဲဒီကော်ဇောပျံပရိုဂရမ်နဲ့ ခဏ ခဏစီးနေတာတော့ တပည့်တော်အတွေ့သား.. P5 လား P6 လား တစ်ခုခုပဲ။
ပထမတော့ မေးကြည့်မယ် စိတ်ကူးရပေမယ့် နောက်တော့ တပည့်တော်မှ သူတို့လိုမှောက်ရက်ကြီး
မစီးတတ်တာ မမေးဖြစ်တော့ပါဘူး... နောက်ပြီး အဲဒီလိုစီးနေကြတာကိုကြည့်ပြီး ကြံကြံဖန်ဖန် အတွေးတစ်ခုကလဲ ဝင်လာလိုက်သေးတယ်မင်းကြီး..”
မင်းကြီး။ “ ဆိုပါဦး သူတို့ကိုကြည့်ပြီး ဘာတွေ ကြံဖန်တွေးမိပြန်တာလဲ...”
ကျွန်ုပ်။ “ တခြားဟုတ်ပါရိုးလား... တပည့်တော်တို့အမျိုးသားတွေ ကျောပူတာမမှုသလို၊ အင်း.. သူတို့လိုအမျိုးသမီးတွေ ကြတော့လဲ ဗိုက်ပူတာ မှုကြမှာမဟုတ်ပါဘူးလေ.. လို့ပေါ့မင်းကြီး..”
မင်းကြီး။ “ အင်း မောင်ရင်လေးကတော့ ကြံကြံဖန်ဖန်အတွေး တော်တော်တွေးတတ်တာကိုး.၊ အဲဒီလို မောင်ရင်လေးတွေးမိတာကိုများ ဆရာမလေးတွေ သိသွားလို့ ကတော့ မောင်ရင်လေးကို ဘာလုပ်မယ်ထင်သလဲ...”
ကျွန်ုပ်။ “ တပည့်တော်ကို နှစ်လုံဘုပေါ်တင်ပြီး တစို့ထိုး မီးကင်ကြမယ်ထင်တာပါပဲ မင်းကြီး...။ ခုတော့ တပည့်တော် ဆင်းရတော့မှာမို့ အဲဒီအကြောင်းတွေ
နောက်ကြုံတဲ့အခါ ပြောပြပါဦးမယ်... တပည့်တော်ကို ခွင့်ပြုပါဦးမင်းကြီး...”
မင်းကြီး။
“ အင်း ကြွပေဦးတော့ မောင်ရင်လေး..”
မိုးနတ်မင်းကြီးအား ဂါရဝပြု ၍ မီဂန်နတ်ရထားလေးပေါ်မှ ဆင်းပြီး သကာလ... ဘူတာရုံထဲ ခြေချလိုက်သည်နှင့် နောက်ဘူတာ
ဆက်စီးမည့် ခရီးသည်များမှာ လွတ်သွားသော ရထားတွဲ များပေါ်သို့ ကိုယ်စီ တက်နေကြပါပြီ။
ကျနော်လဲ
မီဂန်ဘူတာရုံကအထွက် အပေါက်ဝနားမှ လက်မှတ်ရုံ ကလေးကို လှမ်းကြည့်မိသည် တွင် မြင်နေကျထုံးစံအတိုင်း
လက်မှတ်ကောင်တာ နောက်တွင် ဖုန်းပြောနေသော ဆရာမလေး ဇာဇာကို မြင်လိုက်၍ မင်္ဂလာပါဟု နှုတ်ဆက်ဦးမှဟု
စိတ်ကူးရလိုက်ပါသော်လည်း မိုးနတ်မင်း ကြီးနှင့် ပြောဆိုခဲ့သည်များကို ပြန်သတိရပြီး မလုံမလဲဖြစ်လာပါသော်လည်း ဟန်ကိုယ့်ဘို့ ဟုသဘောပိုက်ကာ အပြစ်ကင်းစင်သော မျက်နှာပေးလေးဖြင့် ဆရာမလေး ဇာဇာအား နီရဲနေသော သွားများ မပေါ်ရလေအောင် ပြုံးရုံလေးပြုံးပြကာ အသာနှုတ်ပိတ်၍ မီဂန်ဘူတာရုံကြီးမှ ပြန်လည် ထွက်ခွါ လာခဲ့ရပါလေတော့သတည်း...။
ခုလို ဝင်ရောက်ဖတ်ရှုအားပေးတာကို ကျေးဇူးတင်ပါတယ်...
ReplyDelete