Wednesday, January 21, 2015

နည်းပညာသုံး ဝတ်ဆင်စရာ (Wearable Tech)

(Wearable Tech)
နည်းပညာသုံး ဝတ်ဆင်စရာ



မဆုမြတ်မွန်...
 “ ကိုသားညွန့်ဦးက နာရီတွေစိတ်ဝင်စားတော့
 စမတ်နာရီတွေ ဝယ်ဝတ်ဖို့ အစီအစဉ် မရှိဘူးလား...”
ကိုသားညွန့်ဦး...
“စိတ်တော့ဝင်စားတယ်ဗျ ဆမ်ဆောင်းကထုတ်တဲ့ Galaxy Gear နာရီကို ဆိုင်မှာတောင်
သွားပြီး ကြည့်ဖြစ်သေးတယ်.ဒါပေမယ့် ကျနော်ကလောလောဆယ် iphone သုံးနေတော့
အဲဒီနာရီဝယ်လဲ သုံးရတာ အဆင်ပြေမှာ မဟုတ်ဘူးလေ.. နောက် နာရီကနေတဆင့်
ဖုန်းပြောရမှာဆိုတော့ ကြောင်နေမှာစိုးလို့လေ...”

မွန်...
“ ဘာမှ မပူနဲ့... အခုဆိုရင် ဘယ်နည်းပညာ ဘလော့ဂ်ကိုပဲ ဖတ်ဖတ် အဲဒီလိုမျိုး စမတ်
နာရီတွေတင်မကဘူး..Wearable Tech လို့ခေါ်တဲ့ အသုံးအဆောင်တဖြစ်လဲ နည်းပညာ
တွေက  ခု ၂၀၁၄ ထဲမှာပိုပြီးတော့ ခေတ်စားလာနိုင်တယ်လို့ ခန့်မှန်းရေးနေကြတာပဲ...”

ဦး...
“ ဖြစ်ပါစေဗျာ... အခုဆို လူတွေက မိုးလင်းမိုးချုပ် သွားလာ လှုပ်ရှားနေကြတဲ့နေရာမှာ
နည်းပညာနဲ့ မကင်းနိုင်ကြတော့ဘူး မဟုတ်လား..။ ကိုယ်ပေါ်မှာ ဝတ်လို့ရတယ်ဆိုရင်
ပိုပြီးတော့တောင်မှ အဆင်ပြေဦးမယ်..”

မွန်...
“ အဲဒါကြောင့်လဲ စမတ်နာရီတွေကို ပိုပြီးတော့ သုံးလာကြလိမ့်မယ်လို့ နည်းပညာကုမ္ပဏီ
တွေကလည်း ခန့်မှန်းပြီးတော့ ထွင်နေတာပေါ့... ဥပမာ ဆမ်ဆောင်းရဲ့ Galaxy Gear
နာရီကိုကြည့်လေ နာရီဆိုပေမယ့် Bluetooth ကနေတဆင့် Galaxy Phone နဲ့ချိတ်ထား
တော့...ဖုန်းမှာလုပ်လို့ရတာတွေ အားလုံး အတော်များများကို နာရီက လုပ်ပေးနိုင်တယ်။
ဥပမာ - ဖုန်းပြောတာတို့၊ အီးမေးလ်တွေ၊ မက်ဆေ့ဂ်ျတွေ စစ်တာတို့၊ ဓာတ်ပုံရိုက်တာ
တို့ကို အိတ်ထဲက ဖုန်းကိုထုတ်စရာမလိုပဲ လုပ်နိုင်တယ်လေ။ တကယ်လို့ Galaxy Note နဲ့
ချိတ်ထားရင်လဲ အတူတူပဲ.. Tablet ကွန်ပျူတာထဲမှာ လုပ်နိုင်တာတွေကို လက်မှာပတ်
ထားတဲ့ နာရီက လုပ်ပေးနိုင်တယ်လေ..”

ဦး...
“ စမတ်နာရီဆိုတာကလဲ ကွန်ပျူတာ အသေးစားလေးတွေပဲဗျ။ Galaxy Gear နာရီမှာ
အားနည်းချက်လေးတွေတော့ ရှိတယ်ဗျ။ သူက ဆမ်ဆောင်းကထုတ်တဲ့ ဖုန်းတွေနဲ့မှ
အလုပ်ဖြစ်မှာ.. နောက် ဈေးကလဲ တစ်ခုကို ဒေါ်လာသုံးရာဆိုတော့ ဈေးက အတော့်ကို
မသေးဘူးဗျ...”

မွန်...
“စမတ်နာရီ အနဲနဲ့အများ အဲဒီလောက်ဈေးတော့ ရှိကြတာပဲ။ ဆိုနီကထုတ်တဲ့ စမတ်နာရီ
ဆိုလို့ရှိရင်လဲ ဒေါ်လာနှစ်ရာကျော်ဝန်းကျင်ပဲ။ အဲဒီ ဆိုနီစမတ်နာရီတွေကတော့ စက်ရုပ်
(Android) ဖုန်းတွေနဲ့ တွဲသုံးနိုင်အောင် လုပ်ထားတာ။ စက်ရုပ်စမတ်ဖုန်းတွေနဲ့ သူကလဲ
ကြိုးမဲ့ ချိတ်ဆက်ပေးတယ်လေ။ အဲဒီတော့ ဖုန်းဆက်လာတာ ဘယ်သူလဲဆိုတာ နာရီရဲ့
ဒိုင်ခွက်ပေါ်မှာ ပြပေးတယ်။ နောက် နာရီပေါ်မှာပဲ အီးမေးလ်စစ်လို့ရတယ်..”

ဦး...
“ သူကလဲ စက်ရုပ်ဖုန်းတွေအတွက်ပဲဆိုတော့ အကန့်အသတ်တော့ ရှိမှာပေါ့... ဘယ်လို
ဖုန်းမျိုးမဆို သုံးနိုင်တဲ့ စမတ်နာရီတွေ မရှိဘူးလားဗျ...”

မွန်...
“ ထွက်တော့မယ်လေ... အဲဒီအကြောင်းလဲ အခု နည်းပညာ Website တွေမှာ တော်
တော်လေး ရေးနေ၊ ပြောနေကြတယ်ရှင့်...။ ဆန်းသစ်တီထွင်မှုတွေကို အားပေးနေတဲ့
kits turtle အဖွဲ့ကို သိတယ်မဟုတ်လား.. သူတို့က အခု bubble လို့ နာမည်ပေးထားတဲ့
စမတ်နာရီတွေကို ဈေးကွက်တင်တော့မယ်။ အဲဒီ bubble စမတ်နာရီက ဒီ အိုင်ဖုန်းနဲ့ဖြစ်
ဖြစ်၊ စက်ရုပ်ဖုန်းနဲ့ပဲဖြစ်ဖြစ် တွဲပြီးတော့ သုံးလို့ရမှာလေ။ စမတ်နာရီဆိုတဲ့အတိုင်း ဖုန်း
ဆက်တာ၊ အီးမေးလ်စစ်တာတွေ လုပ်နိုင်မယ်။ နောက် အဲဒီနာရီနဲ့သုံးနိုင်မဲ့ Mobile
Applications တွေ တော်တော်လေး စုံစုံ ထွင်ထားတယ်ဆိုပဲ။ နောက်ပြီးတော့ ၅-ရက်
ကနေ ၇-ရက်အထိကို အားပြန်သွင်းစရာမလိုပဲ သုံးလို့ရမယ်လို့ တီထွင်တဲ့သူတွေကတော့
ကြော်ငြာထားတာပဲ..”

ဦး...
“ ဈေးကရော ဘယ်လောက်ဖြစ်မှာလဲ၊ ပုံစံကကော ထူးခြားလားဗျ ”

မွန်
“ ပုံစံကတော့ တခြား စမတ်နာရီတွေလိုပါပဲ။ လေးထောင့်ဒိုင်ခွက်မှာ တို့ထိမျက်နှာပြင်နဲ့
e paper နည်းပညာကိုသုံးထားတော့ သူက နေထိုးနေရင်တောင်မှ မျက်နှာပြင်ပေါ်မှာ
ပေါ်နေတဲ့ စာတွေကို သေသေချာချာ မြင်တွေ့ရမယ်..အဲဒါကတော့ တခြားဟာတွေထက်
နည်းနည်း ပိုထူးတယ်လို့ ပြောလို့ရတာပေါ့.. နောက် ရေစိုခံတယ်.. ဖုန်းဒိုင်ခွက်အရောင်နဲ့
လက်ပတ်ကြိုးအရောင်ကိုလဲ စိတ်ကြိုက်ရွေးလို့ရမယ်တဲ့... ဈေးကျတော့ ဆမ်ဆောင်းတို့၊
ဆိုနီတို့ထက်ကို သက်သာတယ်... တစ်ခုကို ဒေါ်လာတစ်ရာ့ငါးဆယ်နဲ့ အခုလကုန်ပိုင်းမှာ
စ ရောင်းမယ်တဲ့..”

ဦး
“ ကိုယ်မှာဝတ်ထားလို့ရတဲ့ အသုံးအဆောင်တဖြစ်လဲ နည်းပညာတွေထဲမှာ  ဂူဂယ်ရဲ့
မျက်မှန်ကလဲ ဆိုင်တွေမှာသာ တင်မရောင်းသေးတာ နည်းပညာဆောင်းပါးရှင်တွေ
ကြားမှာ အတော့်ကို ရေးစရာ၊ ပြောစရာဖြစ်နေတယ်နော်..”

မွန်
“ ဖြစ်တာပေါ့.. ဂူဂယ်မျက်မှန်လို့ပြောပေမယ့် ပုံမှန် သမရိုးကျ မျက်မှန်မျိုး မဟုတ်ဘူးလေ.
မျက်စိတစ်ဖက်ရှေ့မှာ မှန်ခပ်သေးသေးလေး တစ်ခုက မျက်မှန်ကိုင်း သေးသေးလေးနဲ့
ဆက်နေတာ..။ အဲဒီ မျက်စိရှေ့မှာ ပေါ်နေတဲ့မှန်ကကျတော့ ဒီ ရုပ်မြင်သံကြား ဖန်သား
ပြင်လိုမျိုး မြင်နေရတယ်လို့ စမ်းတပ်ဖူးတဲ့လူတွေက ပြောနေကြတယ်.. နောက်ပြီေးတာ့
အသံနဲ့ထိန်းချုပ် စေခိုင်းလို့ရတယ်။ ပြီးတော့ တစ်ခုခုလုပ်ချင်ရင် လက်ကို သုံးစရာ မလို
တော့ဘူး။ ဥပမာ - ကိုယ်က ဗွီအိုအေအကြောင်း သိချင်တယ်ဆိုပါတော့ မျက်မှန်ကို ဒီ
ဗွီအိုအေအကြောင်း ရှာပေးပါလို့ နှုတ်ကနေပြောပြီး စေခိုင်းလိုက်လို့ရှိရင် မျက်စိရှေ့မှာ
မြင်ရတဲ့ဖန်သားပြင်မှာ ဗွီအိုအေနဲ့ပတ်သက်တာတွေကို ဂူဂယ်ကရှာပြီးတော့ အချက်
အလက်တွေကို ပြပေးတယ်။ လမ်းညွှန်ခိုင်းလို့ရတယ်၊ ဘာသာပြန်ခိုင်းလို့ရတယ်၊ နောက်
ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကိုလဲ မျက်မှန်ထဲမှာပါတဲ့ ကင်မရာကနေပြီး ရိုက်လို့ရသေးတာ..”

ဦး
“ ဂူဂယ်ကလဲ တော်တော့်ကို ထွင်တော့ ထွင်နေတာပဲနော်...”

မွန်
“ ထွင်လို့ မပြီးသေးလို့ ဆိုင်တွေမှာ မရောင်းသေးတာပေါ့။ နောက်ဆုံး ထွင်တဲ့အတိုင်းဆိုရင်
ဒီ ဓာတ်ပုံရိုက်ချင်ရင်တောင်မှ အသံနဲ့ ခိုင်းစရာမလိုတော့ဘူးတဲ့.. မျက်စပစ်ရုံနဲ့တောင်
ခိုင်းလို့ရတယ်ဆိုပဲ...”

ဦး
“ ကျနော် သိပ်နားမလည်တာက ဆိုင်တွေမှာ မရောင်းသေးဘူးလဲပြောတယ် အဲဒီ ဂူဂယ်
မျက်မှန်အကြောင်းလဲ တော်တော် ပြောကြ၊ ဆွေးနွေးကြတယ်ဆိုတော့ ဘယ်လိုလဲဗျာ ”

မွန်
“ ဒီလိုလေ... ဂူဂယ်က သူ့ရဲ့မျက်မှန်တွေကို ထုတ်မရောင်းသေးဘူး... ဒါပေမယ့် ဝယ်ချင်
လို့ရှိရင် သူ့ဆီမှာ စာရင်းပေးထားလို့ရတယ်.. အဲ ကိုယ့်အလှည့် ရောက်ပြီဆိုရင် သူက
ရောင်းပေးတယ်ဆိုတော့ အရင်ထဲက စာရင်းပေးထားတဲ့သူ တချို့ကတော့ ဂူဂယ်မျက်မှန်
တွေ ပိုင်နေပြီပေါ့..”

ဦး
“ သြော် အဲဒါကြောင့်မို့လို့ တပ်ဖူးတဲ့သူတချို့က
ကောင်းတယ်၊ မကောင်းဘူး ရေးနေကြတာကိုးဗျ”

မွန်
“ ဂူဂယ်မျက်မှန်ပဲဖြစ်ဖြစ်၊ စမတ်နာရီပဲဖြစ်ဖြစ် အခုနှစ်ကတော့ ဒီ အသုံးအဆောင်
တဖြစ်လဲ နည်းပညာ (Wearable Tech) တွေကို လူတွေက ပိုပြီး စိတ်ဝင်စားလာမယ်လို့
နည်းပညာဘလော့ဂ်တွေမှာ ကြိုတင်တွက်ပြီးတော့ ရေးနေကြတာရှိသလို အဲဒီ အသုံး
အဆောင်တွေအနေနဲ့ ခုလက်ရှိထွင်ထားတာတွေထက်ကို အများကြီး ပိုပြီးတော့ အသုံး
ဝင်အောင် ထွင်နိုင်တော့မှ လူတွေက ပိုပြီးတော့ ဝယ်သုံးလာကြလိမ့်မယ်လို့ ထောက်ပြ
ရေးနေကြတာတွေကိုလဲ ဖတ်ရပါတယ်ရှင်...”

Source:VOA News

No comments:

Post a Comment