Monday, August 21, 2017

အိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ Harvard တက္ကသိုလ် သို့ 



အိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ Harvard တက္ကသိုလ် သို့ 
----------------------------------------------------------------

Homeless girl Liz Murray going to Harvard
အိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ Harvard တက္ကသိုလ် သို့ 
- လင်းလင်း " Breaking Night " Novel မှ ဘာသာ ပြန်ဆိုသည် ။


ရည် ရွယ် ချက် ။
ဤ post သည် နာဂစ်မုန်တိုင်း နှင့် ငလျင်ကြောင့် အိုးအိမ်ပျက်စီးခြင်း ခံရသူများ
မိဘများနဲ့ တစ်ကွဲ တစ်ပြား ဝေးနေရသော သားသမီးများ ဒုက္ခရောက်သူများ အတွက်
အားပေးစကားအဖြစ် ရည်ရွယ်ကာ ရေးထားခြင်း ဖြစ်ပါသည် ။

- Liz Murray အား ( New York ) ပြည်နယ် ဘရော်းစ်(Bronx) မြို့တွင် ၁၉၈၀ ၌ မွေဖွားခဲ့ သည်။
သူမ၏ မိဘများမှာ ဆေး၊ ဘိန်းစွဲသူများဖြစ်ပြီး မိသားစုအတွက် ထောက်ပံ့ မည့်အစား ရသမျှ မရှိသလောက်
သော ဝင်ငွေများကို သူတို့  ခဏသာ စိတ်ဖြေရာ အဖြစ်သာ အသုံးပြုသည်။
လိဇ် (Liz) နဲ့ သူမ၏ အမ (Lisa) တို့ နှစ်ဦးမှာ ငတ်တစ်လှည့် ပြတ်တစ်လှည့် အသက်ကို ကြုံရာ
ဆက်နေရရှာသည်။ အဝတ်အစားဝတ်ရန် မရှိသဖြင့်  တစ်ထည်တည်းသော အဝတ်တစ်စုံကို နေ့တိုင်း
ညစ်ပတ်နံစော်နေသည် အထိ ဝတ်သည်။ စတိုးဆိုင်များမှ လွင့်ပစ်သော အစားအစာများကို ကောက်ယူစားရင်း
တစ်နေ့ တာ ဘဝကို မျှော်လင့်ချက်ကင်းမဲ့စွာ ဆက်နေရသည်။ မည်သို့ပင် ခက်ခဲစေကာမူ လိဇ် (Liz) နှင့်
အစ်မဖြစ်သူ အမ (Lisa ) တစ်ယောက် ကျောင်းကို အဆက်မပြတ် တက်နေခဲ့သည်။ သို့ သော် စိတ်ပျက်စရာ
ကောင်းသော သူတို့ မိသားစု ၏ အိမ်ခန်း အခြေအနေ ၊ မိဘနှစ်ပါး ၏ သားသမီးအပေါ် ပြုစုစောင့်ရှောက်မှု
ဝတ္တရား ခေါင်းပါးခြင်း၊ သွန်သင် လမ်းပြမှု လုံးဝ မရှိခြင်းတို့ ကြောင့်  လိဇ် ကျောင်းတက်ချင်စိတ် မရှိပါ။
မိဘ အုပ်ထိန်းမှုအောက်တွင် မှီခို ကျောင်းတက်ရမည့် အရွယ် ၉ နှစ် သမီး လိဇ် တစ်ယောက် ရပ်ကွက်
စတိုးဆိုင်များတွင် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ကာ ဆိုင်နောက်ဘေး အမိုက်သိမ်း သန့် ရှင်း ရေး ၊ စသော
ရရာ အလုပ်ကို လုပ်ခဲ့ သည်။

- Sandwich တစ်ခုမျှသာ ဝယ်ရန် လုံလောက်သော တစ်နေ့စာ လုပ်ခကိုပင် မိခင် ဖြစ်သူက လုယူကာ
ဆေးဝယ် သုံးစွဲပစ်သည်။ မိခင်ဖြစ်သူက သားသမီးများကို စောင့်ရှောက်မည့်အစား သူမ၏ သမီး လိဇ် ကသာ
မိခင်အား ကလေးတစ်ယောက်ပမာ စောင့် ရှောက် ခဲ့ သည်။ တစ်လ သုံးရက်ခန့် သာ ကျောင်းတက်ဖြစ်သော
လိဇ် မှာ အတန်းထဲတွင် အခြားကျောင်းသား ကျောင်းသူများ၏ ပြောင်လှောင်ခြင်းကိုလည်း နေ့ တိုင်း
ခံခဲ့ ရသည်။ သူမ ၏ ညစ်ပတ်သော အဝတ်အစား နဲ့  ဖရိုဖရဲသော ဆံပင်များကြောင့် သူငယ်ချင်း ဟူ၍လည်း
မရှိပါ။ သူငယ်ချင်း အသိုင်းအဝိုင်း မှ စွန့်ပစ်ခြင်းကို ခံရသူလည်းဖြစ်သည်။ လိဇ် အမေတွင် အေအိုင်ဒီအက်စ်
(AIDS) နဲ့ တီဘီ ရောဂါရှိကြောင်း သူမအမေကိုယ်တိုင်ပြောပြ၍ လိဇ် အသက်ဆယ်နှစ် အရွယ်တွင်သိခဲ့ရသည်။
သို့ သော် မိခင်ဖြစ်သူ ဆေးစွဲ သူသည် သူမ ကျောင်းမတက်ခဲ့ သောကြောင့်  ဤ ကဲ့ သို့ သောဘဝ ရောက်ခဲ့ ရ
ကြောင်း လိဇ် အား နေ့တိုင်းပြောကာ ကျောင်းပြန်တက်ရန် လိဇ် အား တိုက်တွန်း ခဲ့ သည်။ AIDS ရောဂါဖြင့် 
လိဇ် အသက် ဆယ့်ငါးနှစ် အရွယ်တွင် လိဇ်၏ မိခင် ဆုံးသွားခဲ့ ပြီး ဖခင်ဖြစ်သူ သည်လည်း အိမ်ခန်းငှားခ
မပေးနိုင်သောကြောင့်  အိမ်ယာမဲ့ သူတို့  ခိုလှုံရာ ဒုက္ခသည် ဇရပ် သို့  ပြောင်းရွေးခြင်း ခံရသည်။

- ထို အချိန်မှ စ၍ လိဇ် သည် အတောင်မစုံသော ငှက်ငယ်လေးပမာ လေလွင့် ရာ စုန်၊ ဆန် မျောရင်း
နားခိုရာမဲ့  လမ်းဘေးဘဝသို့  ရောက်ခဲ့ ရကာ ခွက်လက်စွဲ တောင်းစား ရတော့ သည်။ အပျိုပေါက် စ အရွယ်
ဖြစ်သော်လည်း သူတစ်ပါးများနဲ့ မတူ သူမ ဘဝသည် ခြားနား လွန်းလှသည်။ Subway ၊ ရထား ၊ အဆောက်
အအုံ ဟောင်း စသော နေရာများ တွင် ကြုံ ရာ အိပ်ရလေသည်။ သူမ အတွက် မနက်ဖြန် ဘယ်နေရာတွင်
အိပ်ရမည်ဆိုသည်မှာ သေချာသော အဖြေ လုံးဝ မရှိချေ။
သို့ သော် သူမအတွက် လမ်းဘေးရောက် သူတောင်းစားဘဝမှ လွတ်မြောက်ရန် ထွက်ပေါက်လမ်းစ တစ်လမ်း
ဤ ကမ္ဘာတွင် ရှိရမည်ဟု သူမ ခိုင်မာစွာ ယုံကြည်ထားသည်။ ထို ယုံကြည်ချက်မှာ ကျောင်းပြန်တက်ရန်
ဖြစ်သည် ။ မည်သို့ပင် လိဇ် ၏ဘဝ ခက်ခဲ ကြမ်းတမ်းစေကာမူ ရောက်ရာ နေရာတိုင်းတွင် သူမ နဲ့ အတူ
စွယ်စုံကျမ်းများကို သယ်ဆောင်သွားကာ အချိန်ရှိတိုင်း ဖတ်သည်။ လိဇ် ၏ မိခင်တွင် ဆိုးဝါးစက်ဆုတ်
ရွံရှာဖွယ်ကောင်းသော ရောဂါများ ခံစားရသည်မှာ ကျောင်း မတက် အသိပညာ ကင်းမဲ့မှုများကြောင့် 
ထိုကဲ့ သို့ သော ရောဂါများဖြင့် ခံစား သေဆုံးရခြင်း ဖြစ်သည် ဟူသော မေ့ မရသည့် ကြောက်လန့် ဖွယ်
ဖြစ်ရပ်တစ်ခုသည် လိဇ် အတွက် အကောင်းဆုံး သင်ခန်းစာ သက်သေ တစ်ခုပင်ဖြစ်သည်။
ထို့ နောက် ကျောင်းပြန်တက်ရန် ဆုံးဖြတ်ချက်ချကာ ကျောင်းတစ်ကျောင်းတွင် နာမည်စာရင်းသွင်းခဲ့သည်။
သူမ၏ နေရပ်လိပ်စာ နဲ့  ဖုန်းနံပါတ် ပေးစရာမရှိသောကြောင့်  သူငယ်ချင်း တစ်ယောက်ထံမှ လိပ်စာအတုကို
တောင်းကာ သူမ၏ လိပ်စာဖြစ်ကြောင်း ကျောင်းတွင် လိမ်ပေးခဲ့သည်။

- လိဇ် သည် တစ်ခြား ကျောင်းသား/ကျောင်းသူ များထက် အသက်ကြီးမှ အထက်တန်းကျောင်း တက်ရသည်။
အစာကို ကျောင်းတွင်စား၍ ကျောင်းမတက်သော နေ့ များတွင် တစ်ရက် တစ်နပ်သာ အစာစားသည်။
ကျောင်းတက်ရင်း တစ်အိမ်ဝင် တစ်အိမ်ထွက် ပုဂံဆေး ၊ ကြမ်းတိုက် ၊ သတင်းစာ ၊ ဂျာနယ်များကို ရောင်းရင်း
နားနေရာ လမ်းဘေး သစ်ပင်များအောက်တွင် စာကျက်သည်။ လိဇ် သည် အိပ်ချိန်ပင် လုံးဝ မရှိဟု ပြောရ
လောက်အောင် ရှိသမျှ အချိန်များကို ကျောင်းစာ ကျက်မှတ်ခြင်းဖြင့်  အချိန်ကုန်စေသည်။ ထိုသို့  အိပ်ရေးပျက်
အပင်ပန်းခံ ကြိုးစားခြင်းသည် လမ်းဘေးတွင် လက်ဖြန့်  တောင်းစားခြင်း နှင့်  နိုင်းယှဉ်လျှင် မိုးနဲ့မြေ ကဲ့သို့ ပင်
ကွာဟသောကြောင့်  ဆင်းရဲဒုက္ခ ပင်ပန်းခြင်းကို တစ်ခါမျှ မညည်းညူခဲ့ သူလည်း ဖြစ်သည်။
လိဇ် သည် ၄ နှစ် သင်ရသော အထက် တန်းကျောင်း ကို ၂ နှစ်အတွင်း ပြီးစေသည် သာမက ဘာသာရပ်
တိုင်းတွင် အမှတ် ၉၅ ရာခိုင်နှုန်းဖြင့်  အောင်မြင်ခဲ့သည်။ အမှတ် အကောင်းဆုံး အတော်ဆုံး ကျောင်းသား
ကျောင်းသူ ဆယ်ယောက် ( Liz) (လိဇ် အပါဝင်)တို့ အား ကျောင်းအုပ်ဆရာကြီးက ပညာတော်သင်ဆု
အနေဖြင့် Harvard University ( America တွင် နာမည်အကြီးဆုံး တက္ကသိုလ်ထဲမှ တစ်ခု) တက္ကသိုလ်တွင်
အခမဲ့ခရီး လည်ပတ်စေသည်။

- ထို တက္ကသိုလ်တွင် ပညာသင်ကြားနေသူ အများစုမှာ ချမ်းသာသော မိဘ အသိုင်း အဝိုင်း မှ သားသမီးများ
ဖြစ်ကြသည်ကို လိဇ် မြင်သောအခါတွင် သူမ ၏ ဘဝ နှင့်  ဆီ နဲ့ ရေကဲ့သို့  ကွာခြားနေသည်ကို သိရသဖြင့် 
မိမိ ကိုယ်ကို စိတ်အား သိမ်ငယ်နေခဲ့ ရရှာသည်။ သို့ သော် လိဇ် အား ထိုတက္ကသိုလ်တွင် လျှောက်ကြည့်ရန်
ကျောင်းအုပ် ဆရာကြီးက တိုက်တွန်းခဲ့သည်။ အထက်တန်းကျောင်းကို အမှတ် ကောင်းစွာဖြင့် အောင်ခဲ့ သော်
ငြားလည်း ကောလိပ် ဆက်တက်ရန် ပိုက်ဆံမရှိသော သူမ၏ ဘဝအတွက် အထောက် အပံ့ဆိုသည် မှာ
အကယ်စင်စစ်ပင် လိုအပ်နေသော အချိန် ဖြစ်သည့်အားလျော်စွာ မမျှော်လင့်ပဲ သတင်းစာ ကြော်ငြာ တစ်ခုကို
သူမ ဖတ်မိသည်။ ထို သတင်းစာမှာ New York မြို့ အတွင်းမှ အခက်ခဲရှိသူများ၊ မိဘဝင်ငွေနည်း သားသမီး
များအတွက် ထောက်ပံ့ ကြေးငွေ (scholarship) လျောက်နိုင်ကြောင်း New York Time မဂ္ဂဇင်း မှ
သတင်းကြော်ငြာစာ ဖြစ်လေသည်။ လိဇ် သည် အထက်တန်း ကျောင်းတက်ခဲ့ သော အချိန်တွင် သူမသည်
အိမ်ယာမဲ့  လမ်းဘေးက တစ်ကောင်ကြွက်ဘဝ မှ တစ်ယောက်ဖြစ်ကြောင်း မည်သူ တစ်ဦး တစ်ယောက်ကိုမျှ
သိခွင့် မရှိအောင် ဖုံးကွယ်ခဲ့သော်လည်း သူမ၏ နောင် ရှေ့ရေးဘဝအတွက် သူမ ဖွင့်ပြောရန် အချိန်ရောက်
လေပြီ။

- လိဇ် မည်ကဲ့သို့  လမ်းဘေး ပလက်ဖောင်းကို ခေါင်းအုံးအဖြစ် အသုံးပြုကာ တွေ့သမျှ အရိပ်ကို မိမိအိမ်အသွင်
သက်မှတ်ကာ တစ်နေ့စာအတွက် မည်ကဲ့ သို့ ခက်ခဲကြမ်းတမ်းစွာ ရှာခဲ့ရပုံများမှာ စိတ်ကူးယဉ် ဆန်လှသည်ဟု
ပြောရလောက်အောင် သနားဖွယ်ကောင်းသော သူမ၏အကြောင်းကို မျက်ရည်စက်များ နဲ့ အတူ ရေးကာ
တင်ထားသော သူမ၏ လျောက်လွှာအား New York Time မဂ္ဂဇင်း မှ လှိုက်လှိုက်လှဲလှဲ ပင် ကြိုဆိုလက်ခံ
အတည်ပြုခဲ့လေသည်။ New York Time မဂ္ဂဇင်း မှ လိဇ် အား ကျောင်းလခ တစ်နှစ်လျှင် ဒေါ်လာငွေ
တစ်သောင်းနှစ်ထောင်ဖြင့် ကူညီမည်ဟု ဂတိပေးသည်သာမက လိဇ် အား ဂုဏ်ပြုသည့်အနေဖြင့်  New York
Time ၏ ညီလာခံပွဲတော်ကြီးတွင် လိဇ် အား ကျေးဇူးတင်စကားပြောရန် နှင့် သူမ၏ ဘဝအကြောင်း တစ်စိတ်
တစ်ဒေသ ပြောပြရန် တောင်းဆိုခဲ့သည်။ ညီလာခံ ပွဲတော်ကြီးအပြီးတွင် လူအုပ်ကြီး၏ လက်ခုပ်သံများနှင့်အတူ
နတ်သမီးအလား ရုတ်တရက် ဆိုသကဲ့သို့  လိဇ် အတွက် အဝတ်အစား ဝယ်ပေးမည့်သူ၊ အိမ်ခန်း ငှားပေး
မည့်သူ၊ ကျန်းမာရေးအတွက် ကုန်ကျစားရိတ် အာမခံပေးမည့်သူ၊ စားနပ်ရိက္ခာ ဝယ်ပေးမည့်သူ၊ စာအုပ်စာတမ်း
ဝယ်ပေးမည့်သူ၊ ကား ဝယ်ပေးမည့်သူ အစရှိသည်ဖြင့်  လိုလေသေး မရှိအောင် အလှုရှင်များ တစ်ယောက်ပြီး
တစ်ယောက် ပေါ်လာသည်။ ထို အချိန်မှ စ၍ လိဇ် ၏ ဘဝ ပျော်ရွင် ကြည်နှုးခြင်းများ နဲ့အတူ လူ့ လောက
အလယ်တွင် လူတစ်ယောက်နှင့်တူသော အခွင့် အရေးများ ပိုင်ဆိုင်ထားပြီး တက္ကသိုလ်ကျောင်းသူ ဘဝအဖြစ်
(Harvard University) တွင် စတင် တက်ခဲ့လေသည်။ 2009 ခု နှစ် တွင် psychology ဖြင့်  ဟားရ်ဗာတ် မှ
ဘွဲ့ရခဲ့ ပြီး မဟာဘွဲ့ယူရန် ဆက်တက်နေသည်။ psychology ဖြင့်  ဒေါက်တာဘွဲ့ အထိ ရယူရန် ရည်ရွယ်ချက်
ရှိသူလည်း ဖြစ်သည်။

- ဂုဏ်ပြုဆု မြောက်များစွာကို လက်ခံရရှိ၍ လူသိရှင်ကြား ကျော်ကြားသူ သာမက ယခု အချိန်တွင် လိဇ် သည်
အမေရိကန်နိုင်ငံ အပြင် အခြားသော နိုင်ငံများတွင် ကျင်းပသော ညီလာခံများ ၌ သွားရောက်လည်ပတ်
မိန်းခွန်းပြောရန် ငွေကြေးဖြင့်  အငှားခေါ်ကြသည်။ လိဇ် သည် အမေရိကန်နိုင်ငံ သမ္မတ အဖြစ် ပါဝင်ယှဉ်ပြိုင်
မဲဆွယ်ရန်လည်း ရည်ရွယ်ချက် ရှိနေသူလည်း ဖြစ်ပါသည်။

Posted by Peter Lin ( လင်းလင်း )
https://www.facebook.com/lizmurraybreakingnight
http://www.theguardian.com/world/2010/sep/26/liz-murray-bronx-harvard
Video
Liz Murray: Homeless to Harvard - YouTube 3:29
www.youtube.com/watch?v=O2ytgAGVClM

facebook link :
https://www.facebook.com/permalink.php?story_fbid=1627407637540865&id=100008149329661

No comments:

Post a Comment