Sunday, September 20, 2020

Bird Drones ေတြ တီိထြင္လုုိက္တဲ့တ႐ုတ္နိုင္ငံ

 ရာဇဝတ္မႈပေပ်ာက္ေရးအတြက္ Bird Drones ေတြ 

တီိထြင္လုုိက္တဲ့တ႐ုတ္နိုင္ငံ ...

-------------------------------------------------------



❒  ဒီလိုနည္းပညာေတြ တိုးတက္ထြန္းကားလာတဲ့ ေခတ္ၾကီးမွာ 

အမ်ိဳးစံုျဖစ္ေနတတ္တဲ့ ရာဇဝတ္မႈေတြ ပေပ်ာက္ေရးအတြက္ကုိေတာ့ 

နုိင္ငံတုိင္းက ၾကိဳးစားေနၾက ရတုန္းပါပဲ။ ရာဇဝတ္မႈကင္းစင္နယ္ေျမ

ဆိုုတာကေတာ့ မရွိသေလာက္ နည္းပါးေနဆဲပဲ မဟုတ္လား။ လူဦးေရ

အထူထပ္ဆံုးနုိင္ငံေတြထဲမွာ ထိပ္ဆံုးကရပ္တည္ေနတဲ့ တရုတ္ကေတာ့

သူတိို႔ရဲ႕ရာဇဝတ္မႈပေပ်ာက္ေရးနဲ႔ အခ်ဳပ္အခ်ာအာဏာ တည္တံံ့ခိုင္ျမဲေရး

ၾကိဳးစားလုပ္ေဆာင္မႈကုိ နည္းပညာအကူအညီနဲ႔ တစ္ဆင့္ျမွင့္လိုက္ျပီလုိ႔ 

ဆိုရမွာပါ။ အဲ့ဒါကေတာ့ငွက္နဲ႔အလားသ႑ာန္တူညီတဲ့ Bird Drones 

ေတြ တီထြင္အသံုးျပဳေနျခင္းပါပဲ။

ေနာက္တစ္ခုက BirdDrones ေတြဟာ ေတာ္ေတာ္ေလး တိတ္ဆိတ္

ျငိမ္သက္စြာ ပ်ံသန္းနိုင္ပါတယ္။ အသံဗလံ တစ္စံုတစ္ခုၾကားရင္ေတာင္ 

လန္႔ေျပးတတ္တဲ့ သုိးအုပ္လုိ အေကာင္္ေတြေပၚကေန BirdDrones ကုိ

ျဖတ္ပ်ံေစတာေတာင္ ဘာသံမွမထြက္တဲ့အတြက္ ဒီလိုနားပါးျပီး 

အင္မတန္ sensitive ျဖစ္တဲ့ သတၱဝါေတြေတာင္ သတိမထားမိတာ

လူေတြအေနနဲ႔ သတိထားမိဖို႔ကေတာ့ ခက္ခဲမွာပါပဲ။ 

ဒါ့အျပင္Bird Drones ေတြရဲ႕ ထူးျခားတဲ့စြမ္းရည္ကေတာ့ 

လူေတြဖန္တီးထားတဲ့ radar ေတြမွာ မေပၚေအာင္ ေရွာင္တိမ္းနိုင္တယ္

ဆိုတာပါပဲ။ ဒီလို Bird Drones ေတြကုိ အစိုးရက ရာဇဝတ္မႈေတြ 

ပေပ်ာက္္ေရးအတြက္ သံုးေနလို႔သာေပါ့၊ မသမာသူေတြလက္ထဲသာ

ေရာက္သြားရင္ ျမင္းကို အေတာင္ပံ တပ္ေပးလိုက္သလို ျဖစ္သြားမွာ

အမွန္ပဲ။


San Wadi Hnin

source:buzzy

links -

http://www.scmp.com/news/china/society/article/2152027/china-takes-surveillance-new-heights-flock-robotic-doves-do-they

https://www.mirror.co.uk/tech/china-launches-robotic-surveillance-drones-12785671

================================


ရာဇဝတ်မှုပပျောက်ရေးအတွက် Bird Drones တွေ 

တီထွင်လိုက်တဲ့တရုတ်နိုင်ငံ ...

-------------------------------------------------------


❒  ဒီလိုနည်းပညာတွေ တိုးတက်ထွန်းကားလာတဲ့ ခေတ်ကြီးမှာ 

အမျိုးစုံဖြစ်နေတတ်တဲ့ ရာဇဝတ်မှုတွေ ပပျောက်ရေးအတွက်ကိုတော့ 

နိုင်ငံတိုင်းက ကြိုးစားနေကြ ရတုန်းပါပဲ။ ရာဇဝတ်မှုကင်းစင်နယ်မြေ

ဆိုတာကတော့ မရှိသလောက် နည်းပါးနေဆဲပဲ မဟုတ်လား။ လူဦးရေ

အထူထပ်ဆုံးနိုင်ငံတွေထဲမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ တရုတ်ကတော့

သူတို့ရဲ့ရာဇဝတ်မှုပပျောက်ရေးနဲ့ အချုပ်အချာအာဏာ တည်တံံ့ခိုင်မြဲရေး

ကြိုးစားလုပ်ဆောင်မှုကို နည်းပညာအကူအညီနဲ့ တစ်ဆင့်မြှင့်လိုက်ပြီလို့ 

ဆိုရမှာပါ။ အဲ့ဒါကတော့ငှက်နဲ့အလားသဏ္ဍာန်တူညီတဲ့ Bird Drones 

တွေ တီထွင်အသုံးပြုနေခြင်းပါပဲ။


နောက်တစ်ခုက BirdDrones တွေဟာ တော်တော်လေး တိတ်ဆိတ်

ငြိမ်သက်စွာ ပျံသန်းနိုင်ပါတယ်။ အသံဗလံ တစ်စုံတစ်ခုကြားရင်တောင် 

လန့်ပြေးတတ်တဲ့ သိုးအုပ်လို အကောင်တွေပေါ်ကနေ BirdDrones ကို

ဖြတ်ပျံစေတာတောင် ဘာသံမှမထွက်တဲ့အတွက် ဒီလိုနားပါးပြီး 

အင်မတန် sensitive ဖြစ်တဲ့ သတ္တဝါတွေတောင် သတိမထားမိတာ

လူတွေအနေနဲ့ သတိထားမိဖို့ကတော့ ခက်ခဲမှာပါပဲ။ 

ဒါ့အပြင်Bird Drones တွေရဲ့ ထူးခြားတဲ့စွမ်းရည်ကတော့ 

လူတွေဖန်တီးထားတဲ့ radar တွေမှာ မပေါ်အောင် ရှောင်တိမ်းနိုင်တယ်

ဆိုတာပါပဲ။ ဒီလို Bird Drones တွေကို အစိုးရက ရာဇဝတ်မှုတွေ 

ပပျောက်ရေးအတွက် သုံးနေလို့သာပေါ့၊ မသမာသူတွေလက်ထဲသာ

ရောက်သွားရင် မြင်းကို အတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားမှာ

အမှန်ပဲ။


San Wadi Hnin

source:buzzy

links -

http://www.scmp.com/news/china/society/article/2152027/china-takes-surveillance-new-heights-flock-robotic-doves-do-they

https://www.mirror.co.uk/tech/china-launches-robotic-surveillance-drones-12785671


No comments:

Post a Comment