Monday, September 21, 2020

အကေကာင္းလုိ႔ ဒဏ္ေငြေဆာင္ခဲ့ရတဲ့ အမ်ဳိးသမီးႏွစ္ဦး

 မေလး႐ွား Sabah mosque ေ႐ွ႔မွာ မေလးမစားကျပေနတဲ့ 

အမ်ဳိးသမီးႏွစ္ေယာက္ ဒဏ္ေငြ ၈.၅ဝ ေဒၚလာေဆာင္ခဲ့ရ ...

--------------------------------------------------------------------

အေနထိုင္မတတ္ေတာ့ ေပ်ာ္ရမယ့္ခရီးမွာ 

ဒဏ္ေငြေဆာင္ျပီး အိမ္ျပန္လာရတာေပါ့... :3


အသက္ ၃၇ႏွစ္ Wan Han နဲ႔ ၂၅ႏွစ္ Zhang Na တို႔ဟာ 

တ႐ုတ္ႏုိင္ငံမွ မေလး႐ွားႏုိင္ငံသို႔ အလည္ပတ္ေရာက္လာၾကတာျဖစ္ျပီး

မေလး႐ွားက အထင္ကရေနရာတစ္ခုျဖစ္တဲ့  Sabah mosque ေ႐ွ႔က 

လက္ရန္းေဘာင္ေပၚ တက္ကေနတာေၾကာင့္ ဒဏ္ေငြ (ေဒၚလာ ၈.၅ဝ) 

ေဆာင္လိုက္ရပါတယ္။ 


ျဖစ္စဥ္ကေတာ့ ျပီးခဲ့တဲ့ ၂၃ ရက္ေန႔ ညေန ၄နာရီခဲြအခ်ိန္မွာ 

႐ုတ္တရက္ထျပီး ကေနၾကတာျဖစ္ပါတယ္။ သူတို႔ဒဏ္ေငြ 

မေပးေဆာင္ႏုိင္ဘူးဆိုရင္ေတာ့ အခ်ဳပ္ထဲမွာ (၇)ရက္ေနရမယ္လို႔ 

သိရပါတယ္။ သူတို႔ကိုဖမ္းတာေတာင္ ဘာအတြက္ဖမ္းမွန္းအစက 

ေသခ်ာေတာင္ နားမလည္ဘူးျဖစ္ေနၾကပါတယ္။ 


သူတို႔ ဒဏ္ေငြေဆာင္ျပီးတာနဲ႔ တ႐ုတ္ႏုိင္ငံသို႔ျပန္ရမယ္လုိ႔ 

အမိန္႔ထုတ္ထားပါတယ္။ သူတို႕ကေနတဲ့ ဗီဒီယုိဟာ 

အင္တာနက္မွာေတာ့ ေတာ္ေတာ္လူေျပာမ်ားေနပါတယ္။ 

လတ္တေလာေတာ့ ထုိေနရာကို တာဝန္႐ွိသူေတြက 

ခဏပိတ္ထားပါတယ္။ 

Hnin aye hlaing

source:buzzy

link - 

https://www.straitstimes.com/asia/se-asia/chinese-tourists-fined-850-each-for-disrespectful-dance-in-front-of-malaysia-mosque

(ကမာၻႀကီးဟာ ရြာႀကီးတစ္ရြာလုိ ျဖစ္လာတဲ့ ဒီကေန႔ေခတ္မွာ

အေၾကာင္းကိစၥ အမ်ဳိးမ်ဳိးေၾကာင့္ ႏုိင္ငံတကာကုိ အိမ္ဦးနဲ႔ၾကမ္းျပင္လုိ

ဥဒဟုိ သြားလာေနၾကရမယ့္သူေတြ ပုိၿပီး သတိထားၾကရမွာပါ။

ကုိယ္သြားမယ့္ႏုိင္ငံရဲ႕ ယဥ္ေက်းမႈဓေလ့စရုိက္နဲ႔ ျပဌာန္းထားတဲ့

ဥပေဒေတြကုိေတာ့ မျဖစ္မေန ေလ့လာၾကရမွာျဖစ္ၿပီး 

အဲဒီႏုိင္ငံေတြက ျပဌာန္းထားတဲ့ ဥပေဒေတြကုိ မခ်ဳိးေဖာက္မိေအာင္

ေလးစားလိုက္နာၾကရမွာပဲ ျဖစ္ပါတယ္။ ဘယ္မွ မသြားရင္ေတာ့

ကုိယ့္လက္ထဲကုိင္ထားတဲ့ သံပုရာသီးတစ္လုံးက ဘာမွမျဖစ္ေပမယ့္

အခ်ဳိ႕ေသာ ႏုိင္ငံတကာ ေလဆိပ္ေတြမွာေတာ့ ျပႆနာေကာင္းေကာင္း

တက္သြားႏုိင္တယ္ဆုိတာမ်ဳိးက သတိျပဳစရာပါ....။)

================================


မလေးရှား Sabah mosque ရှေ့မှာ မလေးမစားကပြနေတဲ့ 

အမျိုးသမီးနှစ်ယောက် ဒဏ်ငွေ ၈.၅ဝ ဒေါ်လာဆောင်ခဲ့ရ ...

--------------------------------------------------------------------


အနေထိုင်မတတ်တော့ ပျော်ရမယ့်ခရီးမှာ 

ဒဏ်ငွေဆောင်ပြီး အိမ်ပြန်လာရတာပေါ့... :3


အသက် ၃၇နှစ် Wan Han နဲ့ ၂၅နှစ် Zhang Na တို့ဟာ 

တရုတ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ အလည်ပတ်ရောက်လာကြတာဖြစ်ပြီး

မလေးရှားက အထင်ကရနေရာတစ်ခုဖြစ်တဲ့  Sabah mosque ရှေ့က 

လက်ရန်းဘောင်ပေါ် တက်ကနေတာကြောင့် ဒဏ်ငွေ (ဒေါ်လာ ၈.၅ဝ) 

ဆောင်လိုက်ရပါတယ်။ 


ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ၂၃ ရက်နေ့ ညနေ ၄နာရီခွဲအချိန်မှာ 

ရုတ်တရက်ထပြီး ကနေကြတာဖြစ်ပါတယ်။ သူတို့ဒဏ်ငွေ 

မပေးဆောင်နိုင်ဘူးဆိုရင်တော့ အချုပ်ထဲမှာ (၇)ရက်နေရမယ်လို့ 

သိရပါတယ်။ သူတို့ကိုဖမ်းတာတောင် ဘာအတွက်ဖမ်းမှန်းအစက 

သေချာတောင် နားမလည်ဘူးဖြစ်နေကြပါတယ်။ 


သူတို့ ဒဏ်ငွေဆောင်ပြီးတာနဲ့ တရုတ်နိုင်ငံသို့ပြန်ရမယ်လို့ 

အမိန့်ထုတ်ထားပါတယ်။ သူတို့ကနေတဲ့ ဗီဒီယိုဟာ 

အင်တာနက်မှာတော့ တော်တော်လူပြောများနေပါတယ်။ 

လတ်တလောတော့ ထိုနေရာကို တာဝန်ရှိသူတွေက 

ခဏပိတ်ထားပါတယ်။ 

Hnin aye hlaing

source:buzzy

link - 

https://www.straitstimes.com/asia/se-asia/chinese-tourists-fined-850-each-for-disrespectful-dance-in-front-of-malaysia-mosque

(ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလို ဖြစ်လာတဲ့ ဒီကနေ့ခေတ်မှာ

အကြောင်းကိစ္စ အမျိုးမျိုးကြောင့် နိုင်ငံတကာကို အိမ်ဦးနဲ့ကြမ်းပြင်လို

ဥဒဟို သွားလာနေကြရမယ့်သူတွေ ပိုပြီး သတိထားကြရမှာပါ။

ကိုယ်သွားမယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်နဲ့ ပြဌာန်းထားတဲ့

ဥပဒေတွေကိုတော့ မဖြစ်မနေ လေ့လာကြရမှာဖြစ်ပြီး 

အဲဒီနိုင်ငံတွေက ပြဌာန်းထားတဲ့ ဥပဒေတွေကို မချိုးဖောက်မိအောင်

လေးစားလိုက်နာကြရမှာပဲ ဖြစ်ပါတယ်။ ဘယ်မှ မသွားရင်တော့

ကိုယ့်လက်ထဲကိုင်ထားတဲ့ သံပုရာသီးတစ်လုံးက ဘာမှမဖြစ်ပေမယ့်

အချို့သော နိုင်ငံတကာ လေဆိပ်တွေမှာတော့ ပြဿနာကောင်းကောင်း

တက်သွားနိုင်တယ်ဆိုတာမျိုးက သတိပြုစရာပါ....။)

No comments:

Post a Comment