Monday, September 21, 2020

ေဘာလံုးကစားခဲ့တဲ့ ရုရွားသမၼတ ပူတင္

 ေဘာလံုးေလာကရဲ႕ နာမည္ေက်ာ္ေတြနဲ႔အတူ 

ေဘာလံုးကစားခဲ့တဲ့ ရုရွားသမၼတ ပူတင္ ...

------------------------------------------------



ရုရွားသမၼတ ပူတင္ Putin ဟာ ဖီဖာဥကၠဌ အင္ဖန္တီႏို Infantino 

အပါအဝင္ ဂႏၳဝင္ကစားသမားေတြနဲ႔ အေပ်ာ္တမ္း ေဘာလံုးပြဲတစ္ပြဲကို 

ဆင္ႏြဲခဲ့ပါတယ္။ ဖီဖာဥကၠဌ အင္ဖန္တီႏို Infantino နဲ႔အတူ ဘရာဇီးလ္ 

ဂႏၳဝင္တိုက္စစ္မွဴး ေရာ္နယ္လ္ဒို Ronaldo၊ ဂ်ာမနီ ဂႏၳဝင္ကြင္းလယ္လူ 

လိုသာမားသီးယပ္စ္ Lothar Matthaus၊ စပိန္ ဂႏၳဝင္ေနာက္ခံလူ 

ပူးယိုးလ္ Puyol၊ ဆိုဗီယက္ ဂႏၳဝင္ကြင္းလယ္လူ စမာတင္ Smertin တို႔နဲ႔

တြဲဖက္ၿပီး အေပ်ာ္တမ္း ေဘာလံုးပြဲတစ္ပြဲကို ကစားခဲ့တာျဖစ္ပါတယ္။ 

ကမၻာ႔ဖလားၿပိဳင္ပြဲကို လက္ခံက်င္းပခြင့္ရတဲ့ အထိမ္းအမွတ္အေနနဲ႔ 

ရုရွားႏိုင္ငံရဲ႕ နာမည္ေက်ာ္ ရင္ျပင္နီမွာ က်င္းပျပဳလုပ္ခဲ့တဲ့ လူငယ္

အေပ်ာ္တမ္း ေဘာလံုးပြဲကို သမၼတ ပူတင္ Putin နဲ႔အတူ 

ေဘာလံုးေလာကရဲ႕ နာမည္ေက်ာ္ေတြပါ ပါဝင္ဆင္ႏြဲခဲ့ၾကပါတယ္။

အေပ်ာ္တမ္းၿပိဳင္ပြဲမွာ ပါဝင္တဲ့ ကေလးငယ္တခ်ိဳ႕နဲ႔ ပူးေပါင္းၿပီး 

သမၼတ ပူတင္ Putin အပါအဝင္ ေဘာလံုးေလာကရဲ႕ နာမည္ေက်ာ္

ေတြဟာ (၅)ေယာက္ တစ္သင္းခြဲကာ ကစားခဲ့ၾကၿပီး သရုပ္ျပ 

ပယ္နယ္တီကန္သြင္းမႈေတြပါ ျပဳလုပ္ခဲ့ၾကပါတယ္။ သရုပ္ျပပြဲအၿပီး 

သမၼတပူတင္ Putin နဲ႔ နာမည္ေက်ာ္ ကစားသမားေတြ ရင္းႏွီးစြာ 

အျပန္အလွန္ ႏႈတ္ဆက္ခဲ့ၾကၿပီး ဒီပြဲစဥ္မွာ ပါဝင္ခဲ့သူေတြအားလံုး 

အမွတ္တရအျဖစ္ စုေပါင္းကာ မွတ္တမ္းတင္ ဓာတ္ပံုရိုက္ကူးခဲ့ပါတယ္။



Aung Kyaw Wai (Akhayar)

REF:The Sun

Photo:The Sun

https://www.thesun.co.uk/world-cup-2018/6657444/vladimir-putin-football-ronaldo-matthaus-puyol/

=============================


ဘောလုံးလောကရဲ့ နာမည်ကျော်တွေနဲ့အတူ 

ဘောလုံးကစားခဲ့တဲ့ ရုရှားသမ္မတ ပူတင် ...

------------------------------------------------


ရုရှားသမ္မတ ပူတင် Putin ဟာ ဖီဖာဥက္ကဌ အင်ဖန်တီနို Infantino 

အပါအဝင် ဂန္ထဝင်ကစားသမားတွေနဲ့ အပျော်တမ်း ဘောလုံးပွဲတစ်ပွဲကို 

ဆင်နွဲခဲ့ပါတယ်။ ဖီဖာဥက္ကဌ အင်ဖန်တီနို Infantino နဲ့အတူ ဘရာဇီးလ် 

ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို Ronaldo၊ ဂျာမနီ ဂန္ထဝင်ကွင်းလယ်လူ 

လိုသာမားသီးယပ်စ် Lothar Matthaus၊ စပိန် ဂန္ထဝင်နောက်ခံလူ 

ပူးယိုးလ် Puyol၊ ဆိုဗီယက် ဂန္ထဝင်ကွင်းလယ်လူ စမာတင် Smertin တို့နဲ့

တွဲဖက်ပြီး အပျော်တမ်း ဘောလုံးပွဲတစ်ပွဲကို ကစားခဲ့တာဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရတဲ့ အထိမ်းအမှတ်အနေနဲ့ 

ရုရှားနိုင်ငံရဲ့ နာမည်ကျော် ရင်ပြင်နီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လူငယ်

အပျော်တမ်း ဘောလုံးပွဲကို သမ္မတ ပူတင် Putin နဲ့အတူ 

ဘောလုံးလောကရဲ့ နာမည်ကျော်တွေပါ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။


အပျော်တမ်းပြိုင်ပွဲမှာ ပါဝင်တဲ့ ကလေးငယ်တချို့နဲ့ ပူးပေါင်းပြီး 

သမ္မတ ပူတင် Putin အပါအဝင် ဘောလုံးလောကရဲ့ နာမည်ကျော်

တွေဟာ (၅)ယောက် တစ်သင်းခွဲကာ ကစားခဲ့ကြပြီး သရုပ်ပြ 

ပယ်နယ်တီကန်သွင်းမှုတွေပါ ပြုလုပ်ခဲ့ကြပါတယ်။ သရုပ်ပြပွဲအပြီး 

သမ္မတပူတင် Putin နဲ့ နာမည်ကျော် ကစားသမားတွေ ရင်းနှီးစွာ 

အပြန်အလှန် နှုတ်ဆက်ခဲ့ကြပြီး ဒီပွဲစဉ်မှာ ပါဝင်ခဲ့သူတွေအားလုံး 

အမှတ်တရအဖြစ် စုပေါင်းကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။


Aung Kyaw Wai (Akhayar)

REF:The Sun

Photo:The Sun

https://www.thesun.co.uk/world-cup-2018/6657444/vladimir-putin-football-ronaldo-matthaus-puyol/


No comments:

Post a Comment