မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Monday, November 17, 2014

သူတို့မြင်တဲ့ ကိုယ်တို့ပုံရိပ်...



ဒီ Video Clip လေး စတင်ကတည်းက သဘောကျလို့ ခဏခဏ ကြည့်ပါတယ်။ Artist Thomas Leveritt က Ultra Violet ခရမ်းလွန်ရောင်ခြည်သုံး Camera နဲ့ ပန်းခြံတစ်ခုမှာ ဖြတ်သွား ဖြတ်လာတဲ့ လူတွေကို အမှတ်တမဲ့ မှတ်တမ်းတင်ကြည့်တာလို့ ပြောပါတယ်။ ခရမ်းလွန်ရောင်ခြည် Camera က ကျနော်တို့တွေ သာမန်မမြင်ရနိုင်တဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ တင်းတိပ်လို အကွက်အပြောက်လေးတွေ၊ အခြားအရာတွေ အားလုံးကို ဖော်ထုတ်နိုင်စွမ်းပါတယ်။ မွေးစကလေးငယ်ရဲ့ ကျန်းမာသန်စွမ်းတဲ့ အရေပြားနဲ့ အသက်အရွှယ်တဖြည်းဖြည်း ကြီးရင့်လာတဲ့အခါ ပြောင်းလဲသွားတဲ့ ပုံကိုလည်း စိတ်ဝင်တစားတွေ့ရပါတယ် ။ ခရမ်းလွန်ရောင်ခြည် အောက်မှာတော့ ကျန်းမာသန်စွမ်းတဲ့ အသားအရေက ဘယ်လို ဆိုတာကိုလည်း ချက်ချင်းပြောပြနိုင်ပါတယ် ။ UV protection ဖြစ်တဲ့ နေကာမျက်မှန်တွေ ဘာလို့ လူတွေရွှေးချယ် တပ်ဆင်ကြတယ်။ makeup တို့ Sun block lotion တို့ ဘာကြောင့် လိမ်းခြယ် သုံးစွဲကြတယ် ဆိုတာကို ဒီVideo လေးကြည့်ပီးမှ ပိုသဘောပေါက်သွားတော့တယ်။ အသားအရေ
ဂရုစိုက်တတ်တဲ့သူတိုင်း ဒီ Video လေးက အကျိုးရှိမယ် ထင်ပါတယ် ။
အချိန်ရရင် ကြည့်စေချင်ပါတယ်။

မူရင်းဆိုက်လေးကို မမှတ်မိတော့လို့ Credit မပေးနိုင်တာကို နားလည်ပေးစေလိုပါသည်။

=====================================

Sunday, November 16, 2014

သွေးကြောများထဲ သွေးမခဲစေရန် စားသင့်သည့် အစားအသောက်များ




သကြားပါဝင်မှုများသော အချိုရည်များ သောက်သုံးမှုကြောင့် ကမ္ဘာတစ်ဝန်း တစ်နှစ်လျှင် လူပေါင်း ၁၈၀,၀၀၀ သေဆုံးနေပြီး ၎င်းတို့အနက် လူပေါင်း၄၅၀၀၀ခန့်မှာ နှလုံးရောဂါကြောင့်
 သေဆုံးသူများ ဖြစ်သည်။ အချိုရည်များစွာ သောက်ခြင်းကြောင့် ကိုယ်အလေးချိန် တိုးလာနိုင်ပြီး ဆီးချိုရောဂါ ဖြစ်လာနိုင်ကာ နှလုံးသွေးကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်သည်။

နေပြည်တော်အမြန်လမ်း ကားတာယာ ဘာကြောင့်ပွင့်

သတိပြုစေချင်ပါသည်...


ရန်ကုန် နေပြည်တော် အမြန်လမ်းမကြီးမှာ ကားတာယာတွေ ခဏခဏပွင့်ကြောင်း ကြားမိတာကြာပါပြီ
အစကတော့ လမ်းက ကွန်ကရစ်လမ်းဖြစ်ခြင်းကြောင့်လို့ အလွယ်ပဲထင်မိပါတယ်. နောက်မှကျွန်တော့်ကား
တာယာလဲစဉ်က ဖတ်မိတာကိုသတိရပြီး သူငယ်ချင်းတို့လဲ သတိထားမိအောင် share ပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ နဂါးမောက်သီး



ကိုယ်ဝန်ဆောင်နေတဲ့ ကာလမှာ သစ်သီးတွေ စားတာဟာ မိခင်ကျန်းမာရေး အတွက်သာမက ကလေးဖွံ့ဖြိုးမှုကိုပါ အကူအညီ ပေးပါတယ်။ အရောင်စုံတဲ့ အသီးတွေစားရင် အမျိုးစုံတဲ့ အာဟာရ ဓာတ်တွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် အရောင်အသွေးလည်းစုံပြီး အာဟာရ ဖြစ်စေတဲ့ နဂါးမောက်သီးနဲ့ ကိုယ်ဝန် ဆောင်မိခင်တွေရဲ့ ကျန်းမာရေးက ဘယ်လို ဆက်စပ်နေလဲဆိုတာ လေ့လာကြည့် ရအောင်။ နဂါးမောက်သီးဟာ မွတ်ညက်နေတဲ့ အသားနဲ့ အစက်အပြောက်လေးတွေ ပါတဲ့ အသီးဖြစ်ပြီး အရသာက ကီဝီသီး နဲ့ ဆင်ပါတယ်။ အနီရောင်ဖျော့ဖျော့ သို့မဟုတ် ပန်းရောင်အပြင် အခြား အရောင်တွေကလည်း တစ်မျိုးစီ အာဟာရ ဓာတ်တွေ ကြွယ်ဝနေတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေကို အမျှင်ဓာတ်တွေ အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

ဆေးဖက်ဝင် နဂါးမောက်သီးပင်အကြောင်း သိကောင်းစရာ



နဂါးမောက်သီး ပင်များကို ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံမှ ပျိုးပင်များ တင်သွင်းခြင်း ဖြစ်သည်။ စိုက်ပျိုးရေး ဦးစီးဌာန လက်အောက်ရှိ ဥယျာဉ်ခြံ များဖြစ်သော ပုပ္ပားနှင့် ရန်ကုန် ဥယျာဉ်ခြံတွင် စတင်စမ်းသပ် စိုက်ပျိုးဖြစ် ထွန်းနိုင်သော သီးနှံ တစ်မျိုးဖြစ်သည်။ တွယ်ကပ်ပင်နှင့် မြေပေါ် တွား၍ပေါက်သော ရေငတ် ခံနိုင်သည့် ရှားစောင်း မျိုးနွယ်ပင်ဖြစ်သည်။ သို့သော် စီးပွားဖြစ် စိုက်ပျိုးပါက လိုအပ်သော အချိန်တွင် ရေပေးသွင်းရန် လိုအပ်သည်။ ပြုစုစောင့်ရှောက်မှု ကောင်းမှသာ သီးထွက် ရရှိမှု ကောင်းမွန်သည်။ နဂါး မောက်ပင်၏ အမြစ်သည် မြေအနက် ၈ လက်မခန့်သာ အမြစ်ဝင် သဖြင့် ပေါင်းမြက်ကြောက်သော သီးနှံပင်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် စီးပွားဖြစ်စိုက်ပျိုးပါက ပေါင်းမြောက် ရှင်းရန် အထူးလိုအပ်သည်။ အပင်ကြီးအရွယ်တွင် ပင်လုံးဖြန့်ပေါင်းသတ်ဆေး အသုံးပြု၍ ရှင်းလင်းရ မည်။ ပေါက်ပြား အသုံးပြုပါက 
အမြစ်များ ထိခိုက်နိုင်သည်။