မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Showing posts with label သိပ္ပံနဲ့နည်းပညာ. Show all posts
Showing posts with label သိပ္ပံနဲ့နည်းပညာ. Show all posts

Sunday, September 20, 2020

Bird Drones တွေ တီိထွင်လိုက်တဲ့တရုတ်နိုင်ငံ

 ရာဇဝတ်မှုပပျောက်ရေးအတွက် Bird Drones တွေ 

တီိထွင်လိုက်တဲ့တရုတ်နိုင်ငံ ...

-------------------------------------------------------


Tuesday, September 15, 2020

လူပျောက်ရှာပေးမယ့် “Lynq”

 အင်တာနက် အသုံးပြုစရာ မလိုဘဲ 

လူပျောက်ရှာပေးမယ့် “Lynq” စက်

----------------------------------------

လူထူထပ်တဲ့ ပွဲတော်တွေ၊ လူသူအရောက်ပေါက်နည်းတဲ့ ခရီးလမ်းတွေ 

သွားလာတဲ့အခါ အဓိက ပြဿနာတခုက လူစု ကွဲသွားတတ်တာပါ။ 

Wednesday, September 9, 2020

မိမိရင်သွေးအား နို့တိုက်နေပုံကို စောင့်ကြည့်ခံခဲ့ရတဲ့ မိခင်

 မိမိရင်သွေးအား နို့တိုက်နေပုံကို စောင့်ကြည့်ခံခဲ့ရတဲ့ မိခင်

------------------------------------------------------------------


Sunday, August 20, 2017

ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း ( Radiation)



ဓာတ်ရောင်ခြည်ဖြာထွက်ခြင်း ( Radiation)


ကျွန်တော်တို့ရဲ့ ရှေးမြန်မာလူကြီးတွေက သိပ္ပံပညာကို လောကဓာတ်ပညာလို့ ခေါ်ကြတယ်ဗျ။ အဲဒီတော့ ရူပဗေဒပညာကိုလည်း လောကဓာတ်ပညာ လို့ ခေါ်နိုင်ပါတယ် ။ လောကဓာတ်ပညာလို့  ဘာကြောင့် ခေါ်ကြသလဲ ဆိုတော့ လောကထဲမှာ ရှိရှိသမျှ အရာအားလုံးကို (ပထဝီ၊ တေဇော၊ အာဘော ၊ ဝါယော ) ဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ ပါဝင် ဖွဲ့ စည်းထားခြင်းကြောင့် ဖြစ်ပါတယ် ။

Saturday, August 19, 2017

သိပ္ပံဘိုးဘိုးအောင်


သိပ္ပံဘိုးဘိုးအောင်
---------------------------


ကျမတို့ငယ်ငယ်က ဘိုးဘိုးအောင်ရဲ့ တန်ခိုးတွေကို တစ်ပိုင်းတစ်စ ကြားခဲ့ရပါတယ်။ သူ့ကိုနှောက်ယှက်တဲ့သူတွေကို ဘိုးဘိုးအောင်က ဝလုံး တစ်လုံးရေးပြပြီး၊ သူ့ကို မဖျက်ဆီးခင် ဒီ ဝလုံးကို အရင်ဖျက်အုံးလို့ ပြောခဲ့တယ်တဲ့။ အဲ့ဒီ ဝလုံးက ဖျက်လိုက်တာနဲ့ နှစ်လုံးဖြစ်သွားတယ်။ နှစ်လုံးကို ဖျက်လိုက်တော့
လေးလုံးဖြစ်သွားတယ်။ အဲ့ဒီလို နှစ်ဆ နှစ်ဆဖြစ်သွားလို့ ဖျက်တဲ့သူတွေလည်း လက်လျော့လိုက်ရတယ် ဆိုတာပါပဲ။

Friday, April 17, 2015

အလင်းထက်မြန်အောင် သွားနိုင်ပြီလား..

အလင်းထက်မြန်အောင် သွားနိုင်ပြီလား..
------------------------------------------


     အလင်းရဲ့ အလျင်ထက်မြန်တဲ့ အမှုန်ကို တိုင်းတာလို့ ရတယ်ဆိုတဲ့ ကြေငြာချက်ဟာ
၂၀၁၁ခုနှစ် နှစ်ကုန်ခါနီးမှာ ထွက်လာတာမို့ နှစ်ပေါင်း တရာကျော် သိပ္ပံဆိုင်ရာ တီထွင်
မှုတွေအတွက် အခြေခံထားရတဲ့ ပညာရှင် အိုင်စတိုင်းရဲ့ အလင်းထက် ဘယ်အရာမှ
ပိုမြန်အောင် မသွားနိုင်ဘူးဆိုတဲ့ အယူအဆ မှားများနေပြီလားလို့ မေးခွန်းတွေ
ထုတ်လာကြသလို ခေါင်းတွေပါ ရှုပ်ကုန်ကြတာကို ပြောပြမှာပါ။

Sunday, February 22, 2015

ဖန်လုံအိမ်ဓာတ်ငွေ့ကို အာကာသထဲသို့ စွန့်ပစ်မည့် နည်းပညာသစ်

ဖန်လုံအိမ်ဓာတ်ငွေ့ကို အာကာသထဲသို့ စွန့်ပစ်မည့် နည်းပညာသစ်

ကမ္ဘာ့လေထုအတွင်း များပြားလာပြီး ညစ်ညမ်းစေတဲ့အပြင် ကမ္ဘာကြီး ပူနွေးလာစေအောင်၊
ရာသီဥတု ပြောင်းလဲ ဆိုးရွားလာစေအောင် ဖန်တီးနေတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်
ဓာတ်ငွေ့ CO2 တွေ လျှော့ချရေးအတွက် အစီအစဉ် အမျိုးမျိုးကို ယခုအခါ သိပ္ပံပညာရှင်
တွေက ရှာဖွေ တင်ပြလာကြပါတယ်။ ဒီဇယ်ဆီစတဲ့ တွင်းထွက်လောင်စာတွေကို အသုံး
မပြုကြဖို့၊ သယ်ယူပို့ဆောင်ရေးမှာ လျှပ်စစ်ကားတွေ အသုံးပြုကြဖို့ စတဲ့ အစီအစဉ်တွေ
ကအစ အာကာသအတွင်း နေရဲ့အလင်းရောင်ကို ကာဆီးနိုင်တဲ့ ဧရာမ ထီးတန်းကြီးတွေ
ထားရှိဖို့နဲ့ ပင်လယ်ရေအတွင်း မျောနေတဲ့ ရေမှော်ပင် Algae တွေကို သံသတ္တုဓာတ်ပါတဲ့
မြေသြဇာတွေ ထည့်ပေးပြီး ပွားများအောင် လုပ်ကာ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့
အမြောက်အမြား စုပ်ယူတဲ့ နည်းလမ်းတွေအထိ တင်ပြခဲ့ကြပါတယ်။ အဲဒီ အစီအစဉ်
အချို့ဟာ ကောင်းပေမယ့် တချို့အစီအစဉ်တွေဟာ တခြားဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့
အတွက် လက်တွေ့ အကောင်အထည်ဖော်ဖို့ ခက်ခဲတာ တွေ့ရပါတယ်။

Tuesday, February 10, 2015

God particles

အခြေခံအမှုန်  Higgs Boson (ဒေါက်တာဦးခင်မောင်မောင်)


  ကမ္ဘာကြီးနဲ့တကွ စကြာဝဠာကြီးကို ဖြစ်ပေါ်လာစေတဲ့ အခြေခံအမှုန် ရှိတယ်ဆိုတာကို
တင်ပြခဲ့တဲ့ သိပံပညာရှင် ၂ ဦးကို ၂၀၁၃ ခုနှစ်အတွက် ရူပဗေဒ နိုဘယ်လ်ဆု ချီးမြှင့်လိုက်
ပါတယ်။ ဘယ်လ်ဂျီယံ တက္ကသိုလ်က François Englert နဲ့ ဗြိတိန်နိုင်ငံ Edinburgh
တက္ကသိုလ်က Peter W. Higgs တို့ကို ချီးမြှင့်လိုက်တာပါ။

Saturday, January 31, 2015

ဧရာမ ဟတ်ဒရွန်တိုက်စက်

Large Hadron Collider ( LHC )

Discovery Channel မှ ရုပ်သံတင်ဆက်သူ
ပရော်ဖက်ဆာ ဘရိုင်ယန်ကော့စ် ၏ Big Bang Theory
ရှင်းလင်းတင်ပြချက်များ


 ဧရာမ ဟတ်ဒရွန် တိုက်စက် (Large Hadron Collider) ဆိုသည်မှာ ကမ္ဘာပေါ်တွင်
အကြီးဆုံးနှင့် စွမ်းအင် အများဆုံးဖြစ်ပြီး အမှုန်အမွှားများကို အရှိန်မြှင့် စမ်းသပ်ရန်

Thursday, January 22, 2015

မော်တော်ယာဉ်သုံး လေသန့်ကိရိယာ



                                                   
                                                        youtube ဗီဒီယို

ကားအတွင်းခန်းသုံး လေသန့်ကိရိယာလေးက ကားတွင်းမှာပါတဲ့ ဆေးလိပ်မီးညှိတဲ့
နေရာကနေ ချိတ်သုံးနိုင်အောင် ပြုလုပ်ထားပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းနေတဲ့

Wednesday, January 21, 2015

နည်းပညာသုံး ဝတ်ဆင်စရာ (Wearable Tech)

(Wearable Tech)
နည်းပညာသုံး ဝတ်ဆင်စရာ



မဆုမြတ်မွန်...
 “ ကိုသားညွန့်ဦးက နာရီတွေစိတ်ဝင်စားတော့
 စမတ်နာရီတွေ ဝယ်ဝတ်ဖို့ အစီအစဉ် မရှိဘူးလား...”

iPhone နဲ့ မိုက်ခရိုစကုပ်

iPhone နဲ့ မိုက်ခရိုစကုပ်

 Apple ကုမ္ပဏီထုတ် iPhone တွေကို ဖုံးဆက်တဲ့နေရာမှာတင်မကပဲ 
ဓာတ်ပုံရိုက်တာနဲ့ video ရိုက်ဖို့ပါ သုံးနိုင်တဲ့အပြင်  ကစားနည်း မျိုးစုံလည်း
သူ့ကိုသုံးပြီး ကစားနိုင်ပါတယ်လို့ သိပ္ပံပညာရှင်တွေကတော့ သူ့ကိုဆိုပါတယ်။
ဘာ့ကြောင့် ဒီလို ပြောနိုင်တယ်ဆိုတာ ကြည့်ရအောင်ပါ။

ရေစိုခံ ဘက်စုံသုံး ကြိုးမဲ့နားကြပ် ဈေးကွက်တင်မည်


အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လက်စ်ဗီးဂတ်မြို့တွင် ယခု လဆန်းပိုင်းက ကျင်းပခဲ့သော CES 2015 ကုန်စည်ပြပွဲတွင် ဂျာမဏီ နည်းပညာကုမ္ပနီသည် ရေစိုခံဘက်စုံသုံး ကြိုးမဲ့နားကြပ်ကို မိတ်ဆက်ခဲ့ပြီး

AEROSOL


ကမ္ဘာ့လေထုအမြင့်ထဲမှာ ရောက်နေတဲ့ အမှုန်ကလေးတွေတွေဟာ နဂို
ထင်ထားတာထက် ကမ္ဘာ့ ဥတုရာသီအပေါ် အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို
မကြာခင်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။

Wednesday, November 26, 2014

သုဝဏ္ဏသာမဇတ်တော်ကြီးနဲ့ သိပ္ပံပညာ...



 မြန်မာဗုဒ္ဓဘာသာတိုင်းကြားဖူးကြတဲ့ ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက သုဝဏ္ဏသာမဇတ်တော်ကြီးမှာ
သုဝဏ္ဏသာမ၏ဖခင်ဖြစ်သူနဲ့ မိခင်တို့ တောထွက်တရားအားထုတ်ကြရာ အကြင်လင်မယားအဖြစ် မနေထိုင်ကြခြေ ။ မကြာခင် မိခင်ဖခင်တို့မျက်စိကန်းပြီး ဒုက္ခရောက်ကြမည်ကိုသိသော သိကြားမင်းက ၎င်းတို့အားပြုစုရန် ကလေးမွေးရန်ပြောဆိုသော်လည်း ၎င်းတို့စောင့်နေသောသီလကို မဖျက်လို ကြကြောင်းသိရသဖြင့် သီလဖျက်ရန်မလိုသောနည်းဖြင့် သားသမီးရစေရန် နည်းပေးခဲ့ပါတယ်။

Wednesday, November 12, 2014

အဆုံးစွန်အထိ ခရီးဆက်နေဦးမည့် Voyager ၁ နှင့် ၂

Voyager ၁ နှင့် ၂



          ကျွန်တော်ငယ်ငယ်တုန်းက လမင်းကြီးရယ်၊  မှိတ်တုတ် မှိတ်တုတ် လက်နေတဲ့ ကောင်းကင်က ကြယ်လေးတွေကို လသာတဲ့ ညဖက်ဆိုရင် မော့ကြည့်ပြီး အများကြီး စဉ်းစားခဲ့ဖူးတယ်။ ဒီ ကြယ်လေးတွေ က ဘယ်လောက်ဝေးလဲ?  ဘယ်နေမှာ ရှိနေတာလဲ?  ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို ရောက်မလာ တာလဲ?  ကျောင်းရောက်တော့လည်း ဆရာမက ကျွန်တော်တို့ကမ္ဘာကြီးကနေကို လှည့်ပတ်နေပြီးတော့ သူ့မှာ မိသားစု ဂြိုလ်ပေါင်း ကမ္ဘာအပါအဝင် ကိုးလုံး ရှိတယ်လို့ဆိုပြန်တယ်။  နောက်ပြီး ကျွန်တော် တို့ နေမိသားစုဟာ နဂါးငွေ့တန်း ဂလက်ဆီဆိုတဲ့ အရာကြီးထဲက အစိတ်အပိုင်းလေး တစ်ခုတဲ့။ အဲ့ဒီ နဂါးငွေ့တန်းဆိုတဲ့ ဟာကြီးကလည်း စကြဝဋ္ဌာပင်လယ်ကြီးထဲမှာ မျောချင်ရာမျောနေသတဲ့။