မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 15, 2020

လူေပ်ာက္ရွာေပးမယ့္ “Lynq”

 အင္တာနက္ အသုံးျပဳစရာ မလိုဘဲ 

လူေပ်ာက္ရွာေပးမယ့္ “Lynq” စက္

----------------------------------------

လူထူထပ္တဲ့ ပြဲေတာ္ေတြ၊ လူသူအေရာက္ေပါက္နည္းတဲ့ ခရီးလမ္းေတြ 

သြားလာတဲ့အခါ အဓိက ျပႆနာတခုက လူစု ကြဲသြားတတ္တာပါ။ 


နည္းပညာ တိုးတက္လာတဲ့ေခတ္မွာ လူစုကြဲသြားရင္ တေယာက္နဲ႔ 

တေယာက္ အင္တာနက္ Connection (ကြန္နက္ရွင္) ၊ ဆယ္လူလာ 

ကြန္နက္ရွင္ေတြသုံးၿပီး လူျပန္ရွာႏိုင္ေပမယ့္ အဆိုပါ ကြန္နက္ရွင္ေတြ 

တခုမွ မရွိတဲ့ ေနရာမ်ိဳး၊ အခ်ိန္မ်ိဳးမွာဆိုရင္ေတာ့ အခက္အခဲ 

ေတြ႕တတ္ပါတယ္။


Indiegogo Campaign ကေန စတင္ Pre-Order မွာယူလို႔ ရေနၿပီ

ျဖစ္တဲ့ “Lynq” စက္ေလးကေတာ့ အင္တာနက္ ကြန္နက္ရွင္ေတြ၊ 

ေျမပုံေတြ၊ App ေတြ ဘာတခုမွ သုံးစရာမလိုဘဲ တည္ေနရာ

ျပန္ရွာေပးႏိုင္တဲ့ စက္ေလး ျဖစ္ပါတယ္။


လက္ဖဝါး အ႐ြယ္ခန႔္သာ ရွိတဲ့ Lynq စက္ေလးဟာ အသုံးျပဳရတာ 

အလြန္႐ိုးရွင္း လြယ္ကူၿပီး၊ ကေလးငယ္ေတြေတာင္ အခက္အခဲမရွိ 

အသုံးျပဳႏိုင္မယ့္ စက္ေလးျဖစ္ပါတယ္။ ႏွိပ္စရာ ခလုတ္တခုသာ ပါရွိၿပီး၊ 

ဒီ Gadget ေလးရဲ႕ အဓိက လုပ္ေဆာင္ခ်က္က ကိုယ့္အဖြဲ႕ထဲက 

လူေတြရဲ႕ တည္ေနရာနဲ႔ အကြာအေဝးကို စက္ဝိုင္းပုံ Screen ေလးမွာ 

ေဖာ္ျပေပးႏိုင္တာ ျဖစ္ပါတယ္။


ပါဝါသုံးစြဲမႈနည္းတဲ့ Long-range Frequency ထုတ္ေပးတဲ့ 

ကိုယ္ပိုင္အင္တာနာ စနစ္နဲ႔ GPS စနစ္တို႔ကို ေပါင္းစပ္ အသုံးျပဳထား

တာေၾကာင့္ ဖုန္းေတြ၊ Wi-Fi ေတြ၊ အင္တာနက္ ကြန္နက္ရွင္ေတြ 

လုံးဝ မလိုဘဲ ေတာႀကီး မ်က္မည္း ထဲမွာေတာင္ အဆင္ေျပေျပ 

အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဘက္ထရီသက္တမ္းက ၃ ရက္တိတိ 

ခံတာေၾကာင့္ ရက္ရွည္ခရီး ထြက္တဲ့လူေတြအတြက္လည္း 

အဆင္ေျပမွာပါ။


Lynq စက္ေပါင္း ၁၂ ခုအထိ အတူတကြ ခ်ိတ္ဆက္ အသုံးျပဳႏိုင္ၿပီး၊ 

စက္တခုခ်င္းစီကိုလည္း နာမည္တခုစီ ေပးထား ႏိုင္ပါတယ္။ 

ကိုယ္ရွာခ်င္တဲ့ လူနာမည္ကို ခလုတ္ႏွိပ္ ေျပာင္းလိုက္တာနဲ႔ 

Screen က ဘယ္ေလာက္ အကြာအေဝး၊ ဘယ္တည္ေနရာဘက္မွာ 

ရွိေနတယ္ဆိုတာကို ေျပာျပႏိုင္တာေၾကာင့္ စက္ကိုၾကည့္ၿပီး 

လိုက္သြား႐ုံပါပဲ။


အကြာအေဝး ၃ မိုင္အထိ ခ်ိတ္ဆက္ အသုံးျပဳနိင္သလို၊ “Safe Zone” 

အျဖစ္ အကြာအေဝးတခု သတ္မွတ္ထားကာ အဆိုပါ အကြာအေဝးက

ေန တေယာက ္ေက်ာ္လြန္သြားတာနဲ႔ တုန္ခါသတိေပး စနစ္ေတြလည္း

ပါဝင္တာေၾကာင့္ မိသားစုလိုက္ ခရီးၾကမ္းထြက္တဲ့ လူေတြအတြက္ 

အသုံးဝင္မယ့္ စက္တခု ျဖစ္ပါတယ္။


“Lynq” ကို ခရီးၾကမ္းထြက္တာမ်ိဳး၊ ႏွင္းေလ်ာစီးတာမ်ိဳးလို ေနရာမ်ိဳးမွာ 

အသုံးျပဳႏိုင္႐ုံတင္ မကဘဲ၊ လူထူထပ္တဲ့ ပြဲေတာ္လို ေနရာမ်ိဳးေတြမွာ

လည္း တေယာက္နဲ႔ တေယာက္ မေပ်ာက္သြားရေအာင္ အသုံးျပဳ

ႏိုင္ပါတယ္။


Lynq စက္ေလးတခုကို အေမရိကန္ ေဒၚလာ ၈၉ ေဒၚလာနဲ႔ မွာယူ 

ဝယ္ႏိုင္ၿပီး၊ မိသားစု တခုစာ ၃ ခုဆိုရင္ ၂၅၅ ေဒၚလာနဲ႔ ဝယ္ယူႏိုင္

တာေၾကာင့္ ေဈးကေတာ့ မဆိုးဘူးလို႔ ေျပာလို႔ ရပါတယ္။


ဗီဒီယုိၾကည့္လုိပါက - (2:15)

LynQ Location Tracking


source:lwinpyin

link -

https://www.indiegogo.com/projects/lynq-location-tracking-even-when-cell-phones-fail-family-kids

===========================


အင်တာနက် အသုံးပြုစရာ မလိုဘဲ 

လူပျောက်ရှာပေးမယ့် “Lynq” စက်

----------------------------------------

လူထူထပ်တဲ့ ပွဲတော်တွေ၊ လူသူအရောက်ပေါက်နည်းတဲ့ ခရီးလမ်းတွေ 

သွားလာတဲ့အခါ အဓိက ပြဿနာတခုက လူစု ကွဲသွားတတ်တာပါ။ 

နည်းပညာ တိုးတက်လာတဲ့ခေတ်မှာ လူစုကွဲသွားရင် တယောက်နဲ့ 

တယောက် အင်တာနက် Connection (ကွန်နက်ရှင်) ၊ ဆယ်လူလာ 

ကွန်နက်ရှင်တွေသုံးပြီး လူပြန်ရှာနိုင်ပေမယ့် အဆိုပါ ကွန်နက်ရှင်တွေ 

တခုမှ မရှိတဲ့ နေရာမျိုး၊ အချိန်မျိုးမှာဆိုရင်တော့ အခက်အခဲ 

တွေ့တတ်ပါတယ်။


Indiegogo Campaign ကနေ စတင် Pre-Order မှာယူလို့ ရနေပြီ

ဖြစ်တဲ့ “Lynq” စက်လေးကတော့ အင်တာနက် ကွန်နက်ရှင်တွေ၊ 

မြေပုံတွေ၊ App တွေ ဘာတခုမှ သုံးစရာမလိုဘဲ တည်နေရာ

ပြန်ရှာပေးနိုင်တဲ့ စက်လေး ဖြစ်ပါတယ်။


လက်ဖဝါး အရွယ်ခန့်သာ ရှိတဲ့ Lynq စက်လေးဟာ အသုံးပြုရတာ 

အလွန်ရိုးရှင်း လွယ်ကူပြီး၊ ကလေးငယ်တွေတောင် အခက်အခဲမရှိ 

အသုံးပြုနိုင်မယ့် စက်လေးဖြစ်ပါတယ်။ နှိပ်စရာ ခလုတ်တခုသာ ပါရှိပြီး၊ 

ဒီ Gadget လေးရဲ့ အဓိက လုပ်ဆောင်ချက်က ကိုယ့်အဖွဲ့ထဲက 

လူတွေရဲ့ တည်နေရာနဲ့ အကွာအဝေးကို စက်ဝိုင်းပုံ Screen လေးမှာ 

ဖော်ပြပေးနိုင်တာ ဖြစ်ပါတယ်။


ပါဝါသုံးစွဲမှုနည်းတဲ့ Long-range Frequency ထုတ်ပေးတဲ့ 

ကိုယ်ပိုင်အင်တာနာ စနစ်နဲ့ GPS စနစ်တို့ကို ပေါင်းစပ် အသုံးပြုထား

တာကြောင့် ဖုန်းတွေ၊ Wi-Fi တွေ၊ အင်တာနက် ကွန်နက်ရှင်တွေ 

လုံးဝ မလိုဘဲ တောကြီး မျက်မည်း ထဲမှာတောင် အဆင်ပြေပြေ 

အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းက ၃ ရက်တိတိ 

ခံတာကြောင့် ရက်ရှည်ခရီး ထွက်တဲ့လူတွေအတွက်လည်း 

အဆင်ပြေမှာပါ။


Lynq စက်ပေါင်း ၁၂ ခုအထိ အတူတကွ ချိတ်ဆက် အသုံးပြုနိုင်ပြီး၊ 

စက်တခုချင်းစီကိုလည်း နာမည်တခုစီ ပေးထား နိုင်ပါတယ်။ 

ကိုယ်ရှာချင်တဲ့ လူနာမည်ကို ခလုတ်နှိပ် ပြောင်းလိုက်တာနဲ့ 

Screen က ဘယ်လောက် အကွာအဝေး၊ ဘယ်တည်နေရာဘက်မှာ 

ရှိနေတယ်ဆိုတာကို ပြောပြနိုင်တာကြောင့် စက်ကိုကြည့်ပြီး 

လိုက်သွားရုံပါပဲ။


အကွာအဝေး ၃ မိုင်အထိ ချိတ်ဆက် အသုံးပြုနိင်သလို၊ “Safe Zone” 

အဖြစ် အကွာအဝေးတခု သတ်မှတ်ထားကာ အဆိုပါ အကွာအဝေးက

နေ တယောက ်ကျော်လွန်သွားတာနဲ့ တုန်ခါသတိပေး စနစ်တွေလည်း

ပါဝင်တာကြောင့် မိသားစုလိုက် ခရီးကြမ်းထွက်တဲ့ လူတွေအတွက် 

အသုံးဝင်မယ့် စက်တခု ဖြစ်ပါတယ်။


“Lynq” ကို ခရီးကြမ်းထွက်တာမျိုး၊ နှင်းလျောစီးတာမျိုးလို နေရာမျိုးမှာ 

အသုံးပြုနိုင်ရုံတင် မကဘဲ၊ လူထူထပ်တဲ့ ပွဲတော်လို နေရာမျိုးတွေမှာ

လည်း တယောက်နဲ့ တယောက် မပျောက်သွားရအောင် အသုံးပြု

နိုင်ပါတယ်။


Lynq စက်လေးတခုကို အမေရိကန် ဒေါ်လာ ၈၉ ဒေါ်လာနဲ့ မှာယူ 

ဝယ်နိုင်ပြီး၊ မိသားစု တခုစာ ၃ ခုဆိုရင် ၂၅၅ ဒေါ်လာနဲ့ ဝယ်ယူနိုင်

တာကြောင့် ဈေးကတော့ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။


source:lwinpyin

link -

https://www.indiegogo.com/projects/lynq-location-tracking-even-when-cell-phones-fail-family-kids


No comments:

Post a Comment