ဖုန္းျပဳတ္က်တဲ့အခါ အလိုအေလ်ာက္
ထြက္လာမယ့္ “Mobile Airbag” Case
---------------------------------------------
ဖုန္း ထိခိုက္ပ်က္စီးရတဲ့ အေၾကာင္းရင္းေတြထဲမွာ မေတာ္တဆ
ျပဳတ္က်၊ လြတ္က်ျခင္းက အဓိက အေၾကာင္းအရာ တခု ျဖစ္ပါတယ္။
စာေရးသူကိုယ္တိုင္ ဖုန္းလြတ္က်လို့ မွန္ကြဲ၊ ေဘာင္ပြန္း ျဖစ္ရတဲ့
အႀကိမ္ေပါင္း မနည္းေတာ့ပါဘူး။ လူတိုင္းနီးပါး ျကံုေတြ့ဖူးမယ့္ ဒီလို
ျပႆနာေတြကို ေျဖရွင္းေပးဖို့အတြက္ ဂ်ာမနီလူမ်ိုး အင္ဂ်င္နီယာ
ေက်ာင္းသား တေယာက္ဟာ “Mobile Airbag” လို့ ေခၚတဲ့ ဖုန္း
Cover Case တမ်ိုးကို တီထြင္လိုက္ပါျပီ။
Philip Frenzel အမည္ရ ဂ်ာမနီေက်ာင္းသားတီထြင္ထားတဲ့
“Mobile Airbag” Case ဟာ ဖုန္းျပုတ္က်သြားျပီ ဆိုတာနဲ့
Sensor ကေန အလိုလို သိရွိျပီး၊ ခ်က္ခ်င္းဆိုသလို စပရိန္
ေျခေထာက္ေတြ ထုတ္ေပးကာ ဖုန္းကို ကာကြယ္ေပးနိုင္မွာ
ျဖစ္ပါတယ္။
ဖုန္း case ထဲကေန ထြက္လာတဲ့ စပရိန္ေျခေထာက္ေတြဟာ
ေအာက္ခံအရာဝတၳုနဲ့ ထိတာနဲ့ ဖုန္းကို ျပန္ခုန္ထြက္လာေစျပီး၊
ဖုန္းကိုယ္ထည္ထိခိုက္မႈေတြ မျဖစ္ေအာင္ ကာကြယ္ေပးမွာပါ။
အဆိုပါ စပရိန္ ေျခေထာက္ေတြကို ဖုန္းကိုယ္ထည္ထဲ အလြယ္တကူ
ျပန္ထိုးထည့္ထားနိုင္ျပီး၊ ေနာက္တခါ ျပုတ္က်ရင္ အလိုလို ျပန္ထြက္
လာေပးမွာ ျဖစ္ပါတယ္။
အသက္ ၂၅ နွစ္အရြယ္ Philip Frenzel ဟာ ဖုန္းထည့္ထားတဲ့ဂ်ာကင္ကို
ေလွကားလက္ရန္းတိုင္ေပၚကို အမွတ္တမဲ့ ပစ္တင္မိရင္း ဖုန္းလြတ္က်
ပ်က္စီးသြားရာကေန ဒီလိုဖုန္း Case မ်ိုး တီထြင္ဖို့ အျကံရခဲ့တာ
ျဖစ္တယ္လို့ ဆိုပါတယ္။ Frenzel ဟာ လက္ရွိေဈးကြက္ထဲမွာ ရွိျပီးသား
ဖုန္း Case ေတြလိုမ်ိုး ျကီးမားထူထဲတဲ့ ဖုန္းေက့စ္မ်ိုးအစား ေသးငယ္ျပီး
နည္းပညာ ပိုျမင့္မားတဲ့ ဖုန္းေက့စ္မ်ိုးကို တီထြင္ဖို့ ျကိုးစားခဲ့တာ
ျဖစ္တယ္လို့ သိရပါတယ္။
“Mobile AirBag” ဟာ Frenzel ရဲ့ ေလးနွစ္တာျကိုးစားတီထြင္မႈ
ရလဒ္ျဖစ္ျပီး၊ ဒီတီထြင္မႈအတြက္ ၂၀၁၈ ခုနွစ္ အတြက္ German
Society of Mechatronics က ေပးအပ္တဲ့ Mechatronics Prize
ဆုတံဆိပ္ကိုလည္း ရရွိခဲ့ပါတယ္။ Frezel ဟာ အခု ဖုန္းေက့စ္အတြက္
မူပိုင္ခြင့္လည္း ရရွိထားျပီ ျဖစ္ျပီး၊ မျကာခင္ ေဈးကြက္တင္ ေရာင္းခ်
နိုင္ဖို့အတြက္ Kickstarter မွာ ရန္ပံုေငြ ရွာေဖြလ်က္ ရွိပါတယ္။
source:myanbnews
link -
https://www.boredpanda.com/mobile-airbag-phone-drop-protection-philip-frenzel/
=============================
ဖုန်းပြုတ်ကျတဲ့အခါ အလိုအလျောက်
ထွက်လာမယ့် “Mobile Airbag” Case
---------------------------------------------
ဖုန်း ထိခိုက်ပျက်စီးရတဲ့ အကြောင်းရင်းတွေထဲမှာ မတော်တဆ
ပြုတ်ကျ၊ လွတ်ကျခြင်းက အဓိက အကြောင်းအရာ တခု ဖြစ်ပါတယ်။
စာရေးသူကိုယ်တိုင် ဖုန်းလွတ်ကျလို့ မှန်ကွဲ၊ ဘောင်ပွန်း ဖြစ်ရတဲ့
အကြိမ်ပေါင်း မနည်းတော့ပါဘူး။ လူတိုင်းနီးပါး ကြုံတွေ့ဖူးမယ့် ဒီလို
ပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် ဂျာမနီလူမျိုး အင်ဂျင်နီယာ
ကျောင်းသား တယောက်ဟာ “Mobile Airbag” လို့ ခေါ်တဲ့ ဖုန်း
Cover Case တမျိုးကို တီထွင်လိုက်ပါပြီ။
Philip Frenzel အမည်ရ ဂျာမနီကျောင်းသားတီထွင်ထားတဲ့
“Mobile Airbag” Case ဟာ ဖုန်းပြုတ်ကျသွားပြီ ဆိုတာနဲ့
Sensor ကနေ အလိုလို သိရှိပြီး၊ ချက်ချင်းဆိုသလို စပရိန်
ခြေထောက်တွေ ထုတ်ပေးကာ ဖုန်းကို ကာကွယ်ပေးနိုင်မှာ
ဖြစ်ပါတယ်။
ဖုန်း case ထဲကနေ ထွက်လာတဲ့ စပရိန်ခြေထောက်တွေဟာ
အောက်ခံအရာဝတ္ထုနဲ့ ထိတာနဲ့ ဖုန်းကို ပြန်ခုန်ထွက်လာစေပြီး၊
ဖုန်းကိုယ်ထည်ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးမှာပါ။
အဆိုပါ စပရိန် ခြေထောက်တွေကို ဖုန်းကိုယ်ထည်ထဲ အလွယ်တကူ
ပြန်ထိုးထည့်ထားနိုင်ပြီး၊ နောက်တခါ ပြုတ်ကျရင် အလိုလို ပြန်ထွက်
လာပေးမှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် Philip Frenzel ဟာ ဖုန်းထည့်ထားတဲ့ဂျာကင်ကို
လှေကားလက်ရန်းတိုင်ပေါ်ကို အမှတ်တမဲ့ ပစ်တင်မိရင်း ဖုန်းလွတ်ကျ
ပျက်စီးသွားရာကနေ ဒီလိုဖုန်း Case မျိုး တီထွင်ဖို့ အကြံရခဲ့တာ
ဖြစ်တယ်လို့ ဆိုပါတယ်။ Frenzel ဟာ လက်ရှိဈေးကွက်ထဲမှာ ရှိပြီးသား
ဖုန်း Case တွေလိုမျိုး ကြီးမားထူထဲတဲ့ ဖုန်းကေ့စ်မျိုးအစား သေးငယ်ပြီး
နည်းပညာ ပိုမြင့်မားတဲ့ ဖုန်းကေ့စ်မျိုးကို တီထွင်ဖို့ ကြိုးစားခဲ့တာ
ဖြစ်တယ်လို့ သိရပါတယ်။
“Mobile AirBag” ဟာ Frenzel ရဲ့ လေးနှစ်တာကြိုးစားတီထွင်မှု
ရလဒ်ဖြစ်ပြီး၊ ဒီတီထွင်မှုအတွက် ၂၀၁၈ ခုနှစ် အတွက် German
Society of Mechatronics က ပေးအပ်တဲ့ Mechatronics Prize
ဆုတံဆိပ်ကိုလည်း ရရှိခဲ့ပါတယ်။ Frezel ဟာ အခု ဖုန်းကေ့စ်အတွက်
မူပိုင်ခွင့်လည်း ရရှိထားပြီ ဖြစ်ပြီး၊ မကြာခင် ဈေးကွက်တင် ရောင်းချ
နိုင်ဖို့အတွက် Kickstarter မှာ ရန်ပုံငွေ ရှာဖွေလျက် ရှိပါတယ်။
source:myanbnews
link -
https://www.boredpanda.com/mobile-airbag-phone-drop-protection-philip-frenzel/
No comments:
Post a Comment