မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Saturday, September 19, 2020
သဘာဝ ဖြစ်စဉ် ( ၁၀ ) ခု
------------------------------------------
ကြည့်လိုက်ရအောင် ။
.
=================================
သိပ္ပံပညာနည်းနဲ့မဖြေရှင်းနိုင်သေးသော 
သဘာဝ ဖြစ်စဉ် ( ၁၀ ) ခု
------------------------------------------
အဖြေမရှိသေးတဲ့ဖြစ်ရပ်တွေအကြောင်းသင်ကြားဖူးလား ။ 
ကောင်းကင်ကနေ သတ္တဝါတွေပြုတ်ကျလာတာမျိုး , 
Giza ပိရစ်မစ်ထဲမှာတွေ့ရတဲ့ ဘယ်ကထွက်နေမှန်းမသိတဲ့
အပူလိုမျိုးအရာတွေပေါ့ ။ တစ်ချို့ဖြစ်ရပ်တွေမှာတော့ 
အဖြေတွေ့ရှိခဲ့ရပေမယ့် အခုဖော်ပြမယ့် ဖြစ်ရပ်တွေကတော့ 
သိပ္ပံနည်းက အဖြေမရှိသေးတဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ် ။ 
သိပ္ပံနည်းကျမဖြေရှင်းနိုင်သေးတဲ့ သဘာဝဖြစ်စဉ် ၁၀ ခုကို
ကြည့်လိုက်ရအောင် ။
1. Mammatus တိမ်
.
1. Mammatus တိမ်
Mammatus တိမ်ဆိုတာကတော့ တိမ်အလွှာ တွေရဲ့အောက်မှာ ဖြစ်ပေါ်နေတဲ့ အဖုအခွက် တွေပါပဲ ။ သူတို့ဟာ မိုးတိမ်တွေထက် လေးလံ ကြပြီးတော့ ပြင်းထန်တဲ့ ရာသီဥတု မျိုးနဲ့ ဆက်စပ် နေပါတယ် ။ မုန်တိုင်း မတိုက်ခင်နဲ့ တိုက်ပြီးအချိန် မျိုးတွေမှာ ဆိုရင် ဒီတိမ်တွေကို ကောင်းကင်ပေါ်မှာ တွေ့ရလေ့ ရှိပါတယ် ။
.
2. Giza ပိရမစ်အတွင်းမှ အပူရှိန်
သိပ္ပံညာရှင်တွေဟာ ကမ္ဘာ့အံ့ဖွယ် ၇ ခုထဲမှာ ပါဝင်တဲ့ မဟာ Giza ပိရမစ် ကြီးကို လေ့လာတဲ့ အချိန်မှာ ထူးဆန်းတဲ့ အပူချိန် တစ်ခုကို ခံစား ရပါတယ် ။ ဒါပေမယ့် ဒီအပူချိန်ဟာ ဘယ်ကနေ ထွက်ရှိ လာတာလဲ ဆိုတာကတော့ ထူးဆန်းမှုတစ်ခု ဖြစ်နေတုန်းပါပဲ ။
3. Oakville Blobs
.
3. Oakville Blobs
၁၉၉၄ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ Oakville မြို့မှာ မုန်တိုင်းတိုက် ပြီးတဲ့နောက် မှာတော့ ကောင်းကင်ပေါ် ကနေ ကြည်လင်ပြီး ပျော့စိတဲ့ အရာတွေ ကျလာခဲ့ပါတယ် ။ ဒီပျော့စိ တွေဟာ ဘာတွေလဲ ဆိုတာကိုတော့ လေ့လာနေကြ တုန်းပါပဲ ။
4. Hillier ရေကန်
.
4. Hillier ရေကန်
သြစတေးသျမှာရှိတဲ့ ပန်းရောင် ရေကန်တွေ ထဲက တစ်ခု ဖြစ်ပါတယ် ။ အလယ်ပိုင်း ကျွန်းပေါ်မှာ တည်ရှိပြီးတော့ ရေကန်ထဲက ရေရဲ့ အရောင်ဟာ ပီကေလို ပန်းရောင်မျိုး ဖြစ်တဲ့အတွက် လူသိများ ပါတယ် ။ မီတာ ၆၀၀ လောက် ရှည်လျားပြီးတော့ ကမ်းခြေမှာလည်း သဲတွေ ရှိတဲ့အပြင် ထင်းရူးပင် လေးတွေလည်း ပေါက်ရောက်နေ တဲ့အတွက်  ။ ဒီပန်းရောင် ရေကန်ဟာ သိပ္ပံပညာရှင်တွေ အတွက်တော့ အံ့သြစရာနဲ့ ရင်သပ် ရှုမောစရာလေး တစ်ခု ဖြစ်နေပါတယ် ။
5. Socotra ကျွန်း
.
5. Socotra ကျွန်း
သင်တခြားကမ္ဘာတစ်ခုကို သွားလည် ရသလိုမျိုး ခံစားချင်လား ။ ဒါဆိုရင်တော့ Socotra ကျွန်းကို သွားလည်ပတ် လိုက်ပါ။
ဒီကျွန်းဟာ ကမ္ဘာပေါ်က နေရာတစ်ခုလို့ မထင်ရ လောက်အောင်ပါပဲ ။ ကျွန်းပေါ်က အပူချိန်နဲ့ ပက်ကြားအက် တွေကြောင့် ပျောက်ဆုံးနေတဲ့ ကမ္ဘာတစ်ခု လို့တောင် ခေါ်ရမလိုပဲ ။ ဒီကျွန်းပေါ်မှာ ပန်းမျိုးစိတ်ပေါင်း ၈၀၀ ကျော်ရှိနေပြီး ပန်းအမျိုး ၃၀၀ လောက်ကတော့ ကမ္ဘာပေါ်က ဘယ်နေရာမှာမှ မရှိပါဘူး ။
6.Kelimutu
.
6.Kelimutu
Kelimutu မီးတောင်ဟာ အင်ဒိုနီးရှားနိုင်ငံ Flores မှာ တည်ရှိတာ ဖြစ်ပါတယ် ။ ဒီမီးတောင်ဟာ ချော်ကန်သုံးခု ရှိပြီးတော့ ဒီကန်တွေရဲ့ အရောင်ဟာ အချိန်နဲ့အမျှ ပြောင်းလဲ နေပါတယ် ။ ဒါကြောင့်ပဲ စိတ်ဝင်စားစရာ ကောင်းနေပြီး လေ့လာ ချင်တဲ့သူတွေ များပြားနေတာပဲ ဖြစ်ပါတယ် .
.
7. ခေါင်းဒဏ်ရာရမှုကြောင့် သင်္ချာပညာရှင်ဖြစ်သွားတဲ့သူ
၂၀၀၂ ခုနှစ်မှာ ဦးခေါင်းဒဏ်ရာ ရခဲ့တဲ့ Jason Padgett ဆိုတဲ့သူဟာ အခုဆိုရင် ကမ္ဘာကြီးကို သချာၤအမြင် တစ်ခုနဲ့ မြင်နေပါတယ် ။ ဒီထိခိုက်မှုဟာ ကမ္ဘာပေါ်က အရာရာကို သင်္ချာသဘော တရားနဲ့ မြင်နိုင်စေတဲ့ ခေါင်းထဲက အကန့် တစ်ခုကို ဖွင့်ပေးလိုက်တာ ဖြစ်နိုင်ပါတယ် ။
8. Stonehenge
.
8. Stonehenge
နှစ်ရာချီကြာအောင် သမိုင်း ပညာရှင်တွေ သမိုင်း သုတေသီတွေ အတွက် ခေါင်းကိုက်စရာ ပေးနေတာကတော့ Stonehenge ပါပဲ ။ ခေတ်သစ် ဆောက်လုပ်ရေး ပညာရှင်တွေဟာ ဒီကျောက်တုံးတွေ ပုံစံအတိုင်း တည်ဆောက် မယ်ဆိုရင် နှစ်ပေါင်း ၁၅၀၀ လောက် ကြာမြင့်သွားမှာ ဖြစ်ပါတယ် ။ ဒါတွေဟာ အင်္ဂလန် တောင်ပိုင်းမှာ တည်ရှိပြီးတော့ ထုထည် ကြီးမားတဲ့ ကျောက်တုံးပေါင်း ၁၀၀ လောက်ကို စက်ဝိုင်းပုံစံ စီထားတာပဲ ဖြစ်ပါတယ် ။
.
9. အကောင်ပလောင်မိုးရွာသွန်းခြင်း
သမိုင်းတစ်လျောက်လုံးမှာ အကောင်မိုး ရွာတယ်ဆိုတာဟာ သမိုင်း တစ်လျောက်လုံးမှာ ဖြစ်ပျက်ခဲ့ ဖူးပါတယ် ။ ပထမဆုံးအကြိမ် ဖြစ်ခဲ့တဲ့ အချိန်ကတော့ AD ၁ ရာစု လောက်မှာပါပဲ ။ ရောမ သဘာဝဗေဒ ပညာရှင် တစ်ယောက်ဟာ ငါးတွေနဲ့ ခွေးတွေ ကောင်းကင်ပေါ်က ကျလာတဲ့ အကြောင်းကို သမိုင်းထဲမှာ ရေးသား ထားခဲ့ပါတယ် ။
10.Tsingy de Bermaraha Medagascar
.
ဒါကတော့ မီဒါဂတ်စကာ အနောက် မြောက်ပိုင်းမှာရှိတဲ့ Melaky နယ်မြေထဲက အမျိုးသား ဥယျာဉ် တစ်ခုပဲ ဖြစ်ပါတယ် ။
Tsingy ဆိုတဲ့ အဓိပ္ပါယ် ကတော့ ဘယ်သူမှ ခြေဗလာနဲ့ လမ်းလျောက်လို့ မရဘူးလို့ ပြောချင်တာပါ ။ ဒီနေရာဟာ ဇီဝမျိုးကွဲတွေ ဖြစ်ပေါ်လေ့ ရှိတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ် ။
.
Writer – Min Thu (Daily Hot News)
No comments:
Post a Comment