Official FB အေကာင့္ဖြင့္လိုက္တဲဲ့ မိုရီဆာကီ၀င္း
--------------------------------------------------------
မုိရီဆာကီ၀င္းကေတာ႔ မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးမႈကို
အျပည့္အ၀ အခိုင္အမာ ရရွိထားတဲ့ အနုပညာရွင္ တစ္ေယာက္ပါ။
ပရိသတ္ေတြက သူ႔ကို ခ်စ္ႏိုးနဲ႔ “အ၀င္း” ဆိုၿပီး ေခၚၾကပါတယ္။
ျမန္မာျပည္သားစစ္စစ္ျဖစ္ၿပီး ျမန္မာျပည္မွာ ေမြးခဲ့ေပမယ့္
(၁၀)ႏွစ္သားတည္းက ဂ်ပန္ျပည္ကို ေရာက္ခဲ့သူပါ။
PrizmaX ဆိုတဲ့ ဂ်ပန္ boyband ရဲ႕ အဖြဲ႔၀င္တစ္ေယာက္ပါ။
ဂ်ပန္ – ျမန္မာခ်စ္ၾကည္ေရးပြဲမွာ ဆုိရင္ ႏွစ္စဥ္တုိင္းလိုလို
ပံုမွန္လာေရာက္ ေဖ်ာ္ေျဖတတ္တဲ့ အ၀င္းဟာ ဂ်ပန္ – ျမန္မာ
ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးအေနနဲ႔ ႐ိုက္ကူးမယ့္ “ဇာတိေျမ” ႐ုပ္ရွင္
ဇာတ္ကား စာနယ္ဇင္း မိတ္ဆက္ပြဲ အခမ္းအနားကို လာေရာက္ရင္း
အင္တာဗ်ဴးေတြ ေျဖၾကားရာကေန ပရိသတ္ေတြၾကားမွာ နာမည္ႀကီး
သြားခဲ့ပါတယ္။ ရိုးသားၿပီး ယဥ္ေက်းတဲ့ သူ႔ရဲ႕ စကားေျပာဟန္ေတြ
ေၾကာင့္ ပရိသတ္ေတြက ခ်စ္ခင္ခဲ့ၾကတာပါ။
ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ မုိရီဆာကီ၀င္းကေတာ႔ အရင္က သူ႔ရဲ႕
အႏုပညာလႈပ္ရွားမႈေတြကို Fb မွာဆုိရင္ Priz maX ၊ Instagram
မွာဆိုရင္ေတာ႔ (win_morisaki_official ) မွာတင္ေလ့ရွိပါတယ္။
IG မွာေတာ႔ အမ်ားဆံုး တင္ျဖစ္ပါတယ္။အခုေတာ႔ အ၀င္းက အဖြဲ႔ရဲ႕
နာမည္္နဲ႔ မဟုတ္ပဲ သူ႔ရဲ႕ နာမည္နဲ႔ fb Page ဖြင့္ လိုက္ပါတယ္။
Prizm aX ရဲ႕ fb မွာ ဗီဒီယိုဖိုင္တစ္ခု တင္ၿပီး အသိေပးထားတာပါ။
Follow လုပ္ေပးၾကပါလို႔ လညး္ အ၀င္းက ေျပာထားပါတယ္။
အ၀င္းကေတာ႔ “ဇာတိေျမ” ႐ုပ္ရွင္ ဇာတ္ကားမွာ ရန္ေအာင္၊
ေအာင္ရဲလင္း၊ မိုရီဆာကီ၀င္း၊ ၀တ္မႈံေရႊရည္ တို႔ န႔ဲ အတူ
သရုပ္ေဆာင္ခဲ့ပါတယ္။ အဆုိေတာ္ နီနီခင္ေဇာ္ရဲ႕ “U” album ထဲက
သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ နီနီခင္ေဇာ္ရဲ႕ “Good Kisser” သီခ်င္း Music
Video မွာ ေရႊမႈန္ရတီနဲ႔ အတူတြဲၿပီး သရုပ္ေဆာင္ခဲ့ပါတယ္။
မုိရီဆာကီဝင္းကိုေတာ႔ ေမလ (၂၃)ရက္ေန႔ Fuji Film Myanmar ရဲ႕
Brand Ambassador အျဖစ္ခန္႔အပ္ခဲ့ပါတယ္။အခုလည္း Fuji Film ရဲ႕
ပစၥည္းသစ္မိတ္ဆက္ပြဲ အတြက္ ျမန္မာျပည္ကို ျပန္ေရာက္ေနတာလုိ႔
သိရပါတယ္။
source:shwemom
from မုိရီဆာကီ၀င္း၊PrizmaX၊PrizmaX Myanmar Holics
https://www.facebook.com/winmorisaki/
=========================
Official FB အကောင့်ဖွင့်လိုက်တဲ့ မိုရီဆာကီဝင်း
--------------------------------------------------------
မိုရီဆာကီဝင်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို
အပြည့်အ၀ အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင် တစ်ယောက်ပါ။
ပရိသတ်တွေက သူ့ကို ချစ်နိုးနဲ့ “အဝင်း” ဆိုပြီး ခေါ်ကြပါတယ်။
မြန်မာပြည်သားစစ်စစ်ဖြစ်ပြီး မြန်မာပြည်မှာ မွေးခဲ့ပေမယ့်
(၁၀)နှစ်သားတည်းက ဂျပန်ပြည်ကို ရောက်ခဲ့သူပါ။
PrizmaX ဆိုတဲ့ ဂျပန် boyband ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။
ဂျပန် – မြန်မာချစ်ကြည်ရေးပွဲမှာ ဆိုရင် နှစ်စဉ်တိုင်းလိုလို
ပုံမှန်လာရောက် ဖျော်ဖြေတတ်တဲ့ အဝင်းဟာ ဂျပန် – မြန်မာ
နှစ်နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ ရိုက်ကူးမယ့် “ဇာတိမြေ” ရုပ်ရှင်
ဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို လာရောက်ရင်း
အင်တာဗျူးတွေ ဖြေကြားရာကနေ ပရိသတ်တွေကြားမှာ နာမည်ကြီး
သွားခဲ့ပါတယ်။ ရိုးသားပြီး ယဉ်ကျေးတဲ့ သူ့ရဲ့ စကားပြောဟန်တွေ
ကြောင့် ပရိသတ်တွေက ချစ်ခင်ခဲ့ကြတာပါ။
ပရိသတ်တွေရဲ့ အချစ်တော် မိုရီဆာကီဝင်းကတော့ အရင်က သူ့ရဲ့
အနုပညာလှုပ်ရှားမှုတွေကို Fb မှာဆိုရင် Priz maX ၊ Instagram
မှာဆိုရင်တော့ (win_morisaki_official ) မှာတင်လေ့ရှိပါတယ်။
IG မှာတော့ အများဆုံး တင်ဖြစ်ပါတယ်။အခုတော့ အဝင်းက အဖွဲ့ရဲ့
နာမည်နဲ့ မဟုတ်ပဲ သူ့ရဲ့ နာမည်နဲ့ fb Page ဖွင့် လိုက်ပါတယ်။
Prizm aX ရဲ့ fb မှာ ဗီဒီယိုဖိုင်တစ်ခု တင်ပြီး အသိပေးထားတာပါ။
Follow လုပ်ပေးကြပါလို့ လည်း အဝင်းက ပြောထားပါတယ်။
အဝင်းကတော့ “ဇာတိမြေ” ရုပ်ရှင် ဇာတ်ကားမှာ ရန်အောင်၊
အောင်ရဲလင်း၊ မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည် တို့ နဲ့ အတူ
သရုပ်ဆောင်ခဲ့ပါတယ်။ အဆိုတော် နီနီခင်ဇော်ရဲ့ “U” album ထဲက
သီချင်းတစ်ပုဒ်ဖြစ်တဲ့ နီနီခင်ဇော်ရဲ့ “Good Kisser” သီချင်း Music
Video မှာ ရွှေမှုန်ရတီနဲ့ အတူတွဲပြီး သရုပ်ဆောင်ခဲ့ပါတယ်။
မိုရီဆာကီဝင်းကိုတော့ မေလ (၂၃)ရက်နေ့ Fuji Film Myanmar ရဲ့
Brand Ambassador အဖြစ်ခန့်အပ်ခဲ့ပါတယ်။အခုလည်း Fuji Film ရဲ့
ပစ္စည်းသစ်မိတ်ဆက်ပွဲ အတွက် မြန်မာပြည်ကို ပြန်ရောက်နေတာလို့
သိရပါတယ်။
source:shwemom
from မိုရီဆာကီဝင်း၊PrizmaX၊PrizmaX Myanmar Holics
No comments:
Post a Comment