သြားေလသူဇနီးသည္ကုိ မေမ႔ရက္ႏုိင္သည့္ခင္ပြန္းက
အိမ္ေရွ႕ခန္းတြင္ ဇနီးသည္၏ပုံတူ႐ုပ္တုကုိ ထားရွိ ...
------------------------------------------------------------
အိႏၵိယႏုိင္ငံ တမီလ္နာဒူးျပည္နယ္ မီဒူ႐ုိင္ၿမဳိ႕မွ စီဆီသူရာမန္ လုိ႔
အမည္ရတဲ့ အသက္ ၇၄ ႏွစ္အရြယ္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက
သူ႔ရဲ႕ ကြယ္လြန္သြားေလၿပီျဖစ္တဲ့ ဇနီးျဖစ္သူကုိ မေမ႔ရက္ႏုိင္ျဖစ္ေနတာ
ေၾကာင့္ ဇနီးကြယ္လြန္ၿပီး တစ္လျပည့္သည့္ေန႔မွာပင္ ဇနီးနဲ႔တစ္ပုံစံတည္း
ပုံတူ၊ အရြယ္အစားတူ ႐ုပ္တုတစ္႐ုပ္ကုိ ဧည့္ခန္းမွာ ထားရွိခဲ့တာ
ျဖစ္ပါတယ္။
ဇနီးျဖစ္သူက အသက္ ၆၇ ႏွစ္အရြယ္မွာ ႐ုတ္တရက္ႏွလုံးရပ္ ေသဆုံး
သြားခဲ့တာျဖစ္ၿပီး ဇနီးျဖစ္သူကုိ လြမ္းဆြတ္သတိရမႈနဲ႔ လစ္ဟာမႈကုိ
အနည္းငယ္ေျဖသာ ျဖည့္ဆည္းႏုိင္ေစဖုိ႔ရာအတြက္ ဇနီးရဲ႕ပုံတူ႐ုပ္တုကုိ
အိမ္ေရွ႕ခန္းမွာထားရွိဖုိ႔ ဆုံးျဖတ္ခဲ့တာလုိ႔ စီဆီသူရာမန္ က ဆုိပါတယ္။
ဒီ႐ုပ္တုကုိ ဖုိက္ဘာနဲ႔ ေရာ္ဘာ ေပါင္းစပ္ျပဳလုပ္ထားတာျဖစ္ၿပီး ႐ုပ္တု
ပညာရွင္က ၂၅ ရက္ၾကာ အခ်ိန္ယူဖန္တီး ျပဳလုပ္ခဲ့တာလုိ႔ သိရပါတယ္။
အစုိးရက်န္းမာေရး စစ္ေဆးေရးမွဴးဘဝကေန အလုပ္ထြက္ၿပီး အိမ္ျခံေျမ
လုပ္ငန္းကုိ လုပ္ကုိင္ခဲ့ကာ သူ႔ရဲ႕ ေအာက္ေျခအက်ဆုံးဘဝကေန
လူတန္းေစ႔ ေနထုိင္ႏုိင္တဲ့ဘဝနဲ႔ လုပ္ငန္းရွင္ဘဝထိ ခက္ခဲၾကမ္းတမ္းတဲ့
ဘဝလမ္းခရီးမွာ သူ႔ရဲ႕ဇနီးသည္က သူ႔ေဘးမွာ အျမဲရွိိေနခဲ့ၿပီး အားေပး
ကူညီေဖာ္ မိတ္ေဆြေကာင္းတစ္ဦးအျဖစ္ ေဖးမေပးခဲ့တာလုိ႔ ခင္ပြန္း
ျဖစ္သူ စီဆီသူရာမန္ က ဆုိပါတယ္။
အရင္က တာနာတာကာအေျခစုိက္ လုပ္ငန္းရွင္တစ္ဦးက အိမ္သစ္တက္
ပြဲမွာ ကြယ္လြန္သူဇနီးရဲ႕ ပုံတူဖေယာင္း႐ုပ္တုကုိ ထားရွိခဲ့တယ္ဆုိတဲ့
သတင္းကုိ ၾကားသိခဲ့ၿပီးေနာက္ စီဆီသူရာမန္ ကလည္း အလားတူ
စိတ္ကူးရၿပီး လုိက္လုပ္ခဲ့တာလုိ႔ သိရပါတယ္။
ေအာက္ပါလင့္တြင္ ၾကည့္ပါ -
https://www.facebook.com/moe.natthar.792/posts/2594012817595384
သံသာ
credit:pyimyanmar
(IN, 12.9.2020)
links -
============================
သွားလေသူဇနီးသည်ကို မမေ့ရက်နိုင်သည့်ခင်ပွန်းက
အိမ်ရှေ့ခန်းတွင် ဇနီးသည်၏ပုံတူရုပ်တုကို ထားရှိ ...
------------------------------------------------------------
အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် မီဒူရိုင်မြို့မှ စီဆီသူရာမန် လို့
အမည်ရတဲ့ အသက် ၇၄ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက
သူ့ရဲ့ ကွယ်လွန်သွားလေပြီဖြစ်တဲ့ ဇနီးဖြစ်သူကို မမေ့ရက်နိုင်ဖြစ်နေတာ
ကြောင့် ဇနီးကွယ်လွန်ပြီး တစ်လပြည့်သည့်နေ့မှာပင် ဇနီးနဲ့တစ်ပုံစံတည်း
ပုံတူ၊ အရွယ်အစားတူ ရုပ်တုတစ်ရုပ်ကို ဧည့်ခန်းမှာ ထားရှိခဲ့တာ
ဖြစ်ပါတယ်။
ဇနီးဖြစ်သူက အသက် ၆၇ နှစ်အရွယ်မှာ ရုတ်တရက်နှလုံးရပ် သေဆုံး
သွားခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူကို လွမ်းဆွတ်သတိရမှုနဲ့ လစ်ဟာမှုကို
အနည်းငယ်ဖြေသာ ဖြည့်ဆည်းနိုင်စေဖို့ရာအတွက် ဇနီးရဲ့ပုံတူရုပ်တုကို
အိမ်ရှေ့ခန်းမှာထားရှိဖို့ ဆုံးဖြတ်ခဲ့တာလို့ စီဆီသူရာမန် က ဆိုပါတယ်။
ဒီရုပ်တုကို ဖိုက်ဘာနဲ့ ရော်ဘာ ပေါင်းစပ်ပြုလုပ်ထားတာဖြစ်ပြီး ရုပ်တု
ပညာရှင်က ၂၅ ရက်ကြာ အချိန်ယူဖန်တီး ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
အစိုးရကျန်းမာရေး စစ်ဆေးရေးမှူးဘဝကနေ အလုပ်ထွက်ပြီး အိမ်ခြံမြေ
လုပ်ငန်းကို လုပ်ကိုင်ခဲ့ကာ သူ့ရဲ့ အောက်ခြေအကျဆုံးဘဝကနေ
လူတန်းစေ့ နေထိုင်နိုင်တဲ့ဘဝနဲ့ လုပ်ငန်းရှင်ဘဝထိ ခက်ခဲကြမ်းတမ်းတဲ့
ဘဝလမ်းခရီးမှာ သူ့ရဲ့ဇနီးသည်က သူ့ဘေးမှာ အမြဲရှိနေခဲ့ပြီး အားပေး
ကူညီဖော် မိတ်ဆွေကောင်းတစ်ဦးအဖြစ် ဖေးမပေးခဲ့တာလို့ ခင်ပွန်း
ဖြစ်သူ စီဆီသူရာမန် က ဆိုပါတယ်။
အရင်က တာနာတာကာအခြေစိုက် လုပ်ငန်းရှင်တစ်ဦးက အိမ်သစ်တက်
ပွဲမှာ ကွယ်လွန်သူဇနီးရဲ့ ပုံတူဖယောင်းရုပ်တုကို ထားရှိခဲ့တယ်ဆိုတဲ့
သတင်းကို ကြားသိခဲ့ပြီးနောက် စီဆီသူရာမန် ကလည်း အလားတူ
စိတ်ကူးရပြီး လိုက်လုပ်ခဲ့တာလို့ သိရပါတယ်။
အောက်ပါလင့်တွင် ကြည့်ပါ -
https://www.facebook.com/moe.natthar.792/posts/2594012817595384
သံသာ
credit:pyimyanmar
(IN, 12.9.2020)
link -
No comments:
Post a Comment