မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 22, 2020

အိမ္​ျဖဴ​ေတာ္​မွာ​ေနစဥ္​အတြင္​း လုိက္နာရမည့္စည္းကမ္းမ်ား

 အိမ္​ျဖဴ​ေတာ္​မွာ​ေနစဥ္​အတြင္​း သမၼတမိသားစုအတြက္​ 

ဘယ္​လိုစည္​းကမ္​း​ေတြ႐ွိ​ေနသလဲ ...

----------------------------------------------------------



အ​ေမရိကန္​သမၼတျဖစ္​ၿပီဆိုတာနဲ႔ ဘယ္​လိုစည္​းကမ္​း​ေတြနဲ႔အညီ 

အိမ္​ျဖဴ​ေတာ္​မွာ​ေနထိုင္​ရသလဲဆိုတာ ၾကည္​့ၾကပါဦး။ သာမန္​လူ​ေတြနဲ႔ 

တူစရာမ႐ွိတာ​ေတာ့ အ​ေသအခ်ာပဲ။


================================


အိမ်ဖြူတော်မှာနေစဉ်အတွင်း သမ္မတမိသားစုအတွက် 

ဘယ်လိုစည်းကမ်းတွေရှိနေသလဲ ...

----------------------------------------------------------


အမေရိကန်သမ္မတဖြစ်ပြီဆိုတာနဲ့ ဘယ်လိုစည်းကမ်းတွေနဲ့အညီ 

အိမ်ဖြူတော်မှာနေထိုင်ရသလဲဆိုတာ ကြည့်ကြပါဦး။ သာမန်လူတွေနဲ့ 

တူစရာမရှိတာတော့ အသေအချာပဲ။


မိသားစုဈာပနျဖစ္ရင္ သမၼတကိုယ္တိုင္ စီစဥ္ရပါမယ္
႐ိုး႐ိုးသာမန္ ဈာပန လုပ္မလား၊ ေသနတ္အေစာင့္ေတြ ဘင္ခရာေတြနဲ႔ ႀကီးႀကီးမားမား လုပ္မလား ဆိုတာ သမၼတကိုယ္တိုင္ ဆုံးျဖတ္ရမွာပါ။
.
မိသားစုဈာပနဖြစ်ရင် သမ္မတကိုယ်တိုင် စီစဉ်ရပါမယ်
ရိုးရိုးသာမန် ဈာပန လုပ်မလား၊ သေနတ်အစောင့်တွေ ဘင်ခရာတွေနဲ့ ကြီးကြီးမားမား လုပ်မလား ဆိုတာ သမ္မတကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။


ျပတင္​း​ေပါက္​မဖြင္​့ရ
လံုျခံဳ​ေရးအတြက္​ပါ။ အသက္​အႏၱရာယ္​ ကာကြယ္​ဖို႔ျဖစ္​ပါတယ္။ အ​ေရး​ေပၚ အ​ေျခအ​ေန မွာ​ေတာ့ ဖြင္​့လို႔ ရပါတယ္​။ မီ႐ွဲအိုဘားမားရဲ႕သမီး​ေလးဟာ ျပတင္​း​ေပါက္​ကို တစ္​ခါဖြင့္ခဲ့ ဖူးပါတယ္​။ လ်ွိဳ႕ဝွက္ ​​ေစာင္​့ၾကပ္​အဖြဲ႕ က​ေန ခ်က္​ခ်င္​းပဲ သတိ​ေပး အ​ေၾကာင္​းၾကား ခဲ့ရပါတယ္။
.
ပြတင်းပေါက်မဖွင့်ရ
လုံခြုံရေးအတွက်ပါ။ အသက်အန္တရာယ် ကာကွယ်ဖို့ဖြစ်ပါတယ်။ အရေးပေါ် အခြေအနေ မှာတော့ ဖွင့်လို့ ရပါတယ်။ မီရှဲအိုဘားမားရဲ့သမီးလေးဟာ ပြတင်းပေါက်ကို တစ်ခါဖွင့်ခဲ့ ဖူးပါတယ်။ လျှို့ဝှက် စောင့်ကြပ်အဖွဲ့ ကနေ ချက်ချင်းပဲ သတိပေး အကြောင်းကြား ခဲ့ရပါတယ်။


တစ္​မိသားစုလံုး အိမ္​​ေတာ္​ကို​ ေျပာင္​း​ေရႊ႕​ေနထိုင္​ရမယ္​
က​ေလးက ​ေဘာ္​ဒါ​​ေန၊ ​ေက်ာင္​းအိပ္​​ေက်ာင္​းစား ဆိုရင္​​ေတာ့ ခြၽင္​းခ်က္ ​​ေပးပါတယ္။ သမၼတ ​ေဒၚနယ္​ထရန္​႔ က​ေတာ့ ဒီအခ်က္​ကို ခ်ိဳး​ေဖာက္​ၿပီး ဘာရြန္​ကို ​ေက်ာင္​းျပီးတဲ့အထိ သူ႕ရဲ႕အိမ္​မွာပဲ ​ေနထို္​င္​​ေစပါတယ္​။
.
တစ်မိသားစုလုံး အိမ်တော်ကို ပြောင်းရွှေ့နေထိုင်ရမယ်
ကလေးက ဘော်ဒါနေ၊ ကျောင်းအိပ်ကျောင်းစား ဆိုရင်တော့ ချွင်းချက် ပေးပါတယ်။ သမ္မတ ဒေါ်နယ်ထရန့် ကတော့ ဒီအချက်ကို ချိုးဖောက်ပြီး ဘာရွန်ကို ကျောင်းပြီးတဲ့အထိ သူ့ရဲ့အိမ်မှာပဲ နေထိုင်စေပါတယ်။


အိမ္​​ေျပာင္​းခ်ိန္​
ယခင္​​ေနအိမ္​က​ေန အိမ္​ျဖဴ​ေတာ္​ကို ​ေျပာင္​း​ေရႊ႕ခ်ိန္​မွာ အိမ္​​ေျပာင္​း​ေရႊ႕ ဝန္​​ေဆာင္​မႈ အဖြဲ႕ကုိ ငွါးရမ္​းခြင္​့ ႐ွိ​ေပမယ္​့ အိမ္​ျဖဴ​ေတာ္​ ဝင္​​ေပါက္​အထိသာ လက္​ခံမွာပါ။
.
အိမ်ပြောင်းချိန်
ယခင်နေအိမ်ကနေ အိမ်ဖြူတော်ကို ပြောင်းရွှေ့ချိန်မှာ အိမ်ပြောင်းရွှေ့ ဝန်ဆောင်မှု အဖွဲ့ကို ငှါးရမ်းခွင့် ရှိပေမယ့် အိမ်ဖြူတော် ဝင်ပေါက်အထိသာ လက်ခံမှာပါ။


ကန္​႔သတ္​ခ်က္​
သမၼတျဖစ္​လာလို႔ လုပ္​ခ်င္​တိုင္း​လုပ္​ဖို႔ အခြင္​့႐ွိတာ ​ေတာ့မဟုတ္​ဘူး။ အိမ္​ျဖဴ​ေတာ္​ကို အလွဆင္ ​မြမ္​းမံခြင္ ႐ွိ​ေပမယ္​့ ဘဲဥပံု ရံုးခန္​းနဲ႔ လင္​ကြန္​းအိပ္​ခန္​း​ ေတြက​ေတာ့ ပကတိ ခြၽင္​းခ်က္​ပါ။ သမိုင္​းဝင္​ တန္​ဖိုး႐ွိတာ ​ေၾကာင္​့ပါပဲ။
.
ကန့်သတ်ချက်
သမ္မတဖြစ်လာလို့ လုပ်ချင်တိုင်းလုပ်ဖို့ အခွင့်ရှိတာ တော့မဟုတ်ဘူး။ အိမ်ဖြူတော်ကို အလှဆင် မွမ်းမံခွင် ရှိပေမယ့် ဘဲဥပုံ ရုံးခန်းနဲ့ လင်ကွန်းအိပ်ခန်း တွေကတော့ ပကတိ ချွင်းချက်ပါ။ သမိုင်းဝင် တန်ဖိုးရှိတာ ကြောင့်ပါပဲ။


ျပန္​လည္​အလွဆင္​စရိတ္​
အ​ေမရိကန္ ကြ​န္​ဂရက္​က​ေန ထုတ္​​ေပးတဲ့ အိမ္​ျပင္​စရိတ္နဲ့ ကိုယ္​့စိတ္​ၾကဳိက္ ​အလွဆင္​ခြင္ ​့႐ွိပါတယ္။ အိမ္​ျဖဴ​ေတာ္​က ႀကီးမားလြန္​းတာ​ေၾကာင္​့ အတြင္​းပိုင္​း မြမ္​းမံစရိတ္​ ကတင္​ ​အ​ေတာ္​​ေထာင္​း လွတာပါ။ သတ္​မွတ္​ စရိတ္​​ေက်ာ္​ရင္​ ကိုယ္​့အိတ္​ထဲက ကိုယ္​စိုက္​​ေပါ့​ေလ။
.
ပြန်လည်အလှဆင်စရိတ်
အမေရိကန် ကွန်ဂရက်ကနေ ထုတ်ပေးတဲ့ အိမ်ပြင်စရိတ်နဲ့ ကိုယ့်စိတ်ကြိုက် အလှဆင်ခွင့်ရှိပါတယ်။ အိမ်ဖြူတော်က ကြီးမားလွန်းတာကြောင့် အတွင်းပိုင်း မွမ်းမံစရိတ် ကတင် အတော်ထောင်း လှတာပါ။ သတ်မှတ် စရိတ်ကျော်ရင် ကိုယ့်အိတ်ထဲက ကိုယ်စိုက်ပေါ့လေ။


ဇန္​န၀ါရီ ၂၀
သမၼတ​ေဟာင္​းက ဇန္​န၀ါရီ ၁၉ ရက္​​ေန႔အထိ အိမ္​ျဖဴ​ေတာ္မွာ ​ေနထိုင္​ခြင္​့ ႐ွိပါတယ္​။ ၂၀ ရက္​​ေန႔မွသာ သမၼတသစ္​ကို တရားဝင္​ လက္​ခံတာပါ။ ႀကိဳတင္​ပစၥည္​း လာပို႔ ထားတာမ​်ိဳး လက္​မခံပါဘူး။ လံုျခံဳ​ေရး​ေၾကာင္​့ ၁၂ နာရီၾကာ ကာလအတြင္​း အျပ​ီးသတ္​ ​ေျပာင္​း​ေရႊ႕​ ေနထိုင္​ရမွာပါ။
.
ဇန်နဝါရီ ၂၀
သမ္မတဟောင်းက ဇန်နဝါရီ ၁၉ ရက်နေ့အထိ အိမ်ဖြူတော်မှာ နေထိုင်ခွင့် ရှိပါတယ်။ ၂၀ ရက်နေ့မှသာ သမ္မတသစ်ကို တရားဝင် လက်ခံတာပါ။ ကြိုတင်ပစ္စည်း လာပို့ ထားတာမျိုး လက်မခံပါဘူး။ လုံခြုံရေးကြောင့် ၁၂ နာရီကြာ ကာလအတွင်း အပြီးသတ် ပြောင်းရွှေ့ နေထိုင်ရမှာပါ။


ဖုန္​းလိုင္​း
သမၼတရဲ႕ အဝင္​အထြက္ ​ဖုန္​း​ေကာလ္​​ေတြကို ၾကားလူ ခိုးျဖတ္​ နား​ေထာင္​လို႔ မရ​ေအာင္​ လံုျခံဳ​ေရး အျပည္​့​နဲ႔ အဆင္႔ျမင္႔ ​​ကြန္​ပ်ဴတာ စနစ္​နဲ႔ ထိန္​းခ်ဳပ္​ ထားပါတယ္​။
.
ဖုန်းလိုင်း
သမ္မတရဲ့ အဝင်အထွက် ဖုန်းကောလ်တွေကို ကြားလူ ခိုးဖြတ် နားထောင်လို့ မရအောင် လုံခြုံရေး အပြည့်နဲ့ အဆင့်မြင့် ကွန်ပျူတာ စနစ်နဲ့ ထိန်းချုပ် ထားပါတယ်။


ျပည္​ပလုပ္​ ဝိုင္​​ေသာက္​ခြင္​့မ႐ွိ
သမၼတျဖစ္​တဲ့အတြက္​  စားခ်င္​တာစား၊ ​ေသာက္​ခ်င္​တာ​ေသာက္​၊ အလြယ္​တကူပဲ မွာလို႔ရတယ္​ ဆိုတာ ​ေျပာစရာ​ေတာင္​ မလိုဘူးပဲ။ ကန္​႔သတ္​ခ်က္​ တစ္​ခုက ဝိုင္​​ေသာက္​သံုး ခ်င္​ရင္​ ျပည္​ပက တင္​သြင္​းလာတဲ့ ဝိုင္​ကို ​ေသာက္​ခြင္​့ မ႐ွိပါဘူး။ ျပည္​တြင္​း ဝိုင္​ကိုသာ ​ျငင္​းပယ္​ခြင္​့မ႐ွိ ​​ေသာက္​ရမွာပါပဲ။
.
ပြည်ပလုပ် ဝိုင်သောက်ခွင့်မရှိ
သမ္မတဖြစ်တဲ့အတွက်  စားချင်တာစား၊ သောက်ချင်တာသောက်၊ အလွယ်တကူပဲ မှာလို့ရတယ် ဆိုတာ ပြောစရာတောင် မလိုဘူးပဲ။ ကန့်သတ်ချက် တစ်ခုက ဝိုင်သောက်သုံး ချင်ရင် ပြည်ပက တင်သွင်းလာတဲ့ ဝိုင်ကို သောက်ခွင့် မရှိပါဘူး။ ပြည်တွင်း ဝိုင်ကိုသာ ငြင်းပယ်ခွင့်မရှိ သောက်ရမှာပါပဲ။


စားစရိတ္​
သမၼတျဖစ္​လို႔ အလကား တင္​​ေကြၽးထားမွာ မဟုတ္​ပါဘူး။ စားစရိတ္​က ကိုယ္​တိုင္ ​႐ွင္​းရမွာပါ။ ကိုယ္​့ပိုက္​ဆံနဲ႔ ကိုယ္​ပါပဲ။
.
စားစရိတ်
သမ္မတဖြစ်လို့ အလကား တင်ကျွေးထားမှာ မဟုတ်ပါဘူး။ စားစရိတ်က ကိုယ်တိုင် ရှင်းရမှာပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပါပဲ။


အိမ္​တြင္​းပစၥည္​း​ေတြကို မပ်က္​စီး​ေစရ
သမိုင္​းဝင္​ အိမ္​ျဖဴ​ေတာ္ ​ျဖစ္​တာ​ေၾကာင္​့ သမိုင္​းတန္​ဖိုး ႐ွိပါတယ္။ သတိနဲ႔​ ေနထိုင္​ ရမွာပါ။ အႏုပညာ လက္​ရာ၊ ပန္​းခ်ီကား၊ နဲ႔ အႏုသုခုမ ပစၥည္​း​ေပါင္​း မ်ားစြာ ႐ွိ​ေနတာပါ။ ပီယာႏို​ ေဟာင္​းႀကီးတစ္​လံုး ႐ွိ​ေန​ေသးၿပီး သမၼတ မိသားစုကို တီးခတ္​ခြင္​့​ ေပးထားပါတယ္။ ထိခိုက္​ ပ်က္​စီး​ ေစလို႔​ေတာ့ မရပါဘူး။
.
အိမ်တွင်းပစ္စည်းတွေကို မပျက်စီးစေရ
သမိုင်းဝင် အိမ်ဖြူတော် ဖြစ်တာကြောင့် သမိုင်းတန်ဖိုး ရှိပါတယ်။ သတိနဲ့ နေထိုင် ရမှာပါ။ အနုပညာ လက်ရာ၊ ပန်းချီကား၊ နဲ့ အနုသုခုမ ပစ္စည်းပေါင်း များစွာ ရှိနေတာပါ။ ပီယာနို ဟောင်းကြီးတစ်လုံး ရှိနေသေးပြီး သမ္မတ မိသားစုကို တီးခတ်ခွင့် ပေးထားပါတယ်။ ထိခိုက် ပျက်စီး စေလို့တော့ မရပါဘူး။


အမိုးဖြင္​့ကားစီးခြင္​့မ႐ွိ
သမၼတ က​ေနဒီ အသတ္​ခံ ခဲ့ရတဲ့ ျဖစ္​ရပ္​ကို ဆင္​ျခင္​ ထားတာပါ။ သမၼတရဲ႕ ကားကို အထူး လံုျခံဳ​​ေရး အဖြဲ႕ကသာ ​ေမာင္​းႏွင္​ၿပီး က်ည္​မ​ေပါက္​၊ မီး​ေလာင္​မႈ မ႐ွိ၊ ထုႏွက္​ ႐ိုက္​ခြဲမႈဒဏ္​ ခံႏိုင္​တဲ့ ကားကိုသာ အထူးတလည္​ စီးရတာပါ။ သမၼတ သက္​တမ္​း​ ေလးႏွစ္​အတြင္း ​ျပတင္း​ေပါက္​​​ ေလတျဖဴးျဖဴးနဲ႔ ဇိမ္​ခံစီးဖို႔ မ​ေမ်ွာ္​လင္ ပါနဲ႔​ေတာ့ပဲ။
ဒီအရာေတြအျပင္ အျခားေသာ စည္းကမ္းခ်က္ မ်ားစြာ ရွိပါေသးတယ္။ ဥပမာ - ေက်းဇူးေတာ္ေန႔ ေရာက္တုိင္း ၾကက္ဆင္ကုိ သတ္မစားဘဲ ေဘးမဲ့ေပးရ တာမ်ဳိးေတြေပါ႔။
.
အမိုးဖွင့်ကားစီးခွင့်မရှိ
သမ္မတ ကနေဒီ အသတ်ခံ ခဲ့ရတဲ့ ဖြစ်ရပ်ကို ဆင်ခြင် ထားတာပါ။ သမ္မတရဲ့ ကားကို အထူး လုံခြုံရေး အဖွဲ့ကသာ မောင်းနှင်ပြီး ကျည်မပေါက်၊ မီးလောင်မှု မရှိ၊ ထုနှက် ရိုက်ခွဲမှုဒဏ် ခံနိုင်တဲ့ ကားကိုသာ အထူးတလည် စီးရတာပါ။ သမ္မတ သက်တမ်း လေးနှစ်အတွင်း ပြတင်းပေါက် လေတဖြူးဖြူးနဲ့ ဇိမ်ခံစီးဖို့ မမျှော်လင် ပါနဲ့တော့ပဲ။
ဒီအရာတွေအပြင် အခြားသော စည်းကမ်းချက် များစွာ ရှိပါသေးတယ်။ ဥပမာ - ကျေးဇူးတော်နေ့ ရောက်တိုင်း ကြက်ဆင်ကို သတ်မစားဘဲ ဘေးမဲ့ပေးရ တာမျိုးတွေပေါ့။

source:nanmalgyi





No comments:

Post a Comment