မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 21, 2020

ကေလးမ်ားနဲ႔ ရာဇဝင္တြင္မယ့္ ဇာတ္လမ္း

 လူတုိင္းကေစာင့္ေမွ်ာ္ေနတဲ့ ကေလးမ်ားနဲ႔

ရာဇဝင္တြင္မယ့္ ဇာတ္လမ္း ...

---------------------------------------------



ယိုးဒယားခေလးေတြေပ်ာက္သြားတဲ့ လိႈင္ဂူဟာ ရွမ္းျပည္နယ္

အေရွ့ပိုင္း တာခ်ီလိတ္ျမိဳ႔နယ္ထဲက ျမန္မာျပည္နယ္နိမိတ္နဲ႔ 

အေတာ္နီးနီးကပ္ကပ္ရွိေနတဲ့ လိႈင္ဂူပါပဲ။ လိႈင္ဂူရွိရာ 

ေတာင္တန္းၾကီးရဲ့ အမည္ ကို ျမန္မာလိုဘာသာျပန္ရမယ္ 

ဆုိရင္ “မင္းသမီးလဲေလ်ာင္းေတာင္ “လို႔ပဲဆိုရမယ္။


ဒီနာမည္တြင္ရတဲ့ ဒ႑ာရီဟာလည္း စိတ္ဝင္စားစရာ၊ ဒ႑ာရီအရ 

တ႐ုတ္ျပည္ ဆစ္ေဆာင္ပန္နားေဒသမွာ ဘုရင့္သမီးေတာ္တစ္ပါးနဲ႔ 

ဘုရင့္ျမင္းထိန္းတစ္ဦးတို႔ရဲ႕ အခ်စ္ဇတ္လမ္းပါပဲ။


ဘုရင္သမီး ကိုယ္ေလးလက္ဝန္ရွိလာတဲ့အခါ ဘုရင္ႀကီးသိသြားျပီး

ေဒါသူပုန္ထ၊ ခ်စ္သူႏွစ္ဦးက ေၾကာက္လန္႔ၿပီး ေတာင္ဘက္အရပ္ကို

ထြက္ေျပး၊ ေတာနက္ထဲမွာ မင္းသမီးဆာေလာင္လာလို႔ ခင္ပြန္းက

သူ႔ကိုတစ္ေနရာမွာ တစ္ေယာက္ထဲထားခဲ့ၿပီး အစာထြက္ရွာတယ္ေပါ့။


အဲဒီအခ်ိန္မွာ ေနာက္ကလိုက္လာတဲ့ ဘုရင့္တပ္သားေတြက

မင္းသမီးရဲ႕ခင္ပြန္း ႀကဳိးခ်ည္ထားတဲ့ ျမင္းကိုအရင္ေတြ႕ရာကေန

ျမင္းထိန္းကိုလည္း ေနာက္ဆုံးရွာေတြ႕ျပီး တခါတည္းသတ္ျဖတ္

လုိက္ျကတယ္တဲ့၊ ေနာက္ေတာ့ မင္းသမီးကိုလည္း ရွာေဖြေတြ႕ရွိခဲ့ျပီး

ခမည္းေတာ္ရွိရာ ေနျပည္ေတာ္ကို ဘုရင့္တပ္သားေတြက ျပန္ေခၚဖို႔

ေလွ်ာက္ထားေပမယ့္ သူ႔ခင္ပြန္း အသတ္ခံခဲ့ရတာ သိၿပီးေနာက္

မင္းသမီးဟာလည္း သူ႔ဆံထုံးမွာထိုးထားတဲ့ ဆံထိုးကိုဆြဲႏႈတ္ၿပီးေတာ့ 

သူ႔လည္ပင္းထဲကို ထိုးစိုက္ၿပီး ဘုရင့္ရဲမက္ေတြေရွ႕မွာပဲ 

သတ္ေသခဲ့တယ္။


မင္းသမီးကိုယ္က စီးထြက္သြားတဲ့ ေသြးဟာ ေခ်ာင္းေရအျဖစ္ 

ေျပာင္းသြားခဲ့ၿပီးေတာ့ အခုေခတ္ တာခ်ီလိတ္- မယ္ဆိုင္ၿမိဳ႕အၾကား

စီးဆင္းေနတဲ့ နယ္စပ္မ်ဥ္းေပၚကမယ္ဆိုင္ေခ်ာင္းျဖစ္ပါသတဲ့။

သူလဲက်သြားခဲ့တဲ့ေနရာဟာ ျမန္မာလို “မင္းသမီးလဲေလ်ာင္းေတာင္”လို႔

အဓိပၸါယ္ရတဲ့ ဒြိဳင္နန္းေနာင္း ေတာင္တန္းႀကီးျဖစ္သြားပါသတဲ့။

အဲဒီေတာင္ရဲ့ေအာက္ေျခမွာရွိတဲ့ လိႈင္ဂူျကီးကေတာ့ မင္းသမီးရဲ့ 

ေမြးလမ္းေၾကာင္းျဖစ္ပါသတဲ့။


ျမန္မာေတြအသိမ်ားတဲ့ ဘုရင္မပန္းျခံရွိရာ ဒိြဳင္တုံး ေတာင္ကေတာ့ 

မင္းသမီးရဲ့ ကိုယ္ဝန္ဗိုက္ျကီးျဖစ္ပါသတဲ့ ။


အခု ယိုးဒယားခေလးေတြ ေပ်ာက္သြားတဲ့ေနရာဟာ မင္းသမီးရဲ့

ေမြးလမ္းေျကာင္းလို႔ ေျပာတဲ့လိႈင္ဂူထဲမွာပဲ။ ဟုတ္ေသာ္ရွိမဟုတ္ေသာ္ရွိ 

ေဒသခံေတြကေတာ့ သူတို႔ခေလးေတြကိုျပန္ေပးဖို႔ အဲမင္းသမီးကို 

ေတာင္းပန္ေနျကျပီ။ လူေတြစိတ္ဝင္စားတဲ့သတင္းေနာက္ကြယ္က 

ဒ႑ာရီဇတ္လမ္းေလးတစ္ပုဒ္ေပါ့။ ယုံျကည္တာ မယုံျကည္တာကေတာ့

တစ္ဦးခ်င္းစီနဲ႔ဆိုင္တဲ့ ကိုယ္ပိုင္လြတ္လပ္ခြင့္ပါေလ။


မွတ္ခ်က္

ဒီကေန႔ 30.6.2018 ..9 am ထိ မေတြ႕ေသးပါဘူး

.

Credit - ဗဟုသုတ

source:thutasar

============================


လူတိုင်းကစောင့်မျှော်နေတဲ့ ကလေးများနဲ့

ရာဇဝင်တွင်မယ့် ဇာတ်လမ်း ...

---------------------------------------------


ယိုးဒယားခလေးတွေပျောက်သွားတဲ့ လှိုင်ဂူဟာ ရှမ်းပြည်နယ်

အရှေ့ပိုင်း တာချီလိတ်မြို့နယ်ထဲက မြန်မာပြည်နယ်နိမိတ်နဲ့ 

အတော်နီးနီးကပ်ကပ်ရှိနေတဲ့ လှိုင်ဂူပါပဲ။ လှိုင်ဂူရှိရာ 

တောင်တန်းကြီးရဲ့ အမည် ကို မြန်မာလိုဘာသာပြန်ရမယ် 

ဆိုရင် “မင်းသမီးလဲလျောင်းတောင် “လို့ပဲဆိုရမယ်။


ဒီနာမည်တွင်ရတဲ့ ဒဏ္ဍာရီဟာလည်း စိတ်ဝင်စားစရာ၊ ဒဏ္ဍာရီအရ 

တရုတ်ပြည် ဆစ်ဆောင်ပန်နားဒေသမှာ ဘုရင့်သမီးတော်တစ်ပါးနဲ့ 

ဘုရင့်မြင်းထိန်းတစ်ဦးတို့ရဲ့ အချစ်ဇတ်လမ်းပါပဲ။


ဘုရင်သမီး ကိုယ်လေးလက်ဝန်ရှိလာတဲ့အခါ ဘုရင်ကြီးသိသွားပြီး

ဒေါသူပုန်ထ၊ ချစ်သူနှစ်ဦးက ကြောက်လန့်ပြီး တောင်ဘက်အရပ်ကို

ထွက်ပြေး၊ တောနက်ထဲမှာ မင်းသမီးဆာလောင်လာလို့ ခင်ပွန်းက

သူ့ကိုတစ်နေရာမှာ တစ်ယောက်ထဲထားခဲ့ပြီး အစာထွက်ရှာတယ်ပေါ့။


အဲဒီအချိန်မှာ နောက်ကလိုက်လာတဲ့ ဘုရင့်တပ်သားတွေက

မင်းသမီးရဲ့ခင်ပွန်း ကြိုးချည်ထားတဲ့ မြင်းကိုအရင်တွေ့ရာကနေ

မြင်းထိန်းကိုလည်း နောက်ဆုံးရှာတွေ့ပြီး တခါတည်းသတ်ဖြတ်

လိုက်ကြတယ်တဲ့၊ နောက်တော့ မင်းသမီးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး

ခမည်းတော်ရှိရာ နေပြည်တော်ကို ဘုရင့်တပ်သားတွေက ပြန်ခေါ်ဖို့

လျှောက်ထားပေမယ့် သူ့ခင်ပွန်း အသတ်ခံခဲ့ရတာ သိပြီးနောက်

မင်းသမီးဟာလည်း သူ့ဆံထုံးမှာထိုးထားတဲ့ ဆံထိုးကိုဆွဲနှုတ်ပြီးတော့ 

သူ့လည်ပင်းထဲကို ထိုးစိုက်ပြီး ဘုရင့်ရဲမက်တွေရှေ့မှာပဲ 

သတ်သေခဲ့တယ်။


မင်းသမီးကိုယ်က စီးထွက်သွားတဲ့ သွေးဟာ ချောင်းရေအဖြစ် 

ပြောင်းသွားခဲ့ပြီးတော့ အခုခေတ် တာချီလိတ်- မယ်ဆိုင်မြို့အကြား

စီးဆင်းနေတဲ့ နယ်စပ်မျဉ်းပေါ်ကမယ်ဆိုင်ချောင်းဖြစ်ပါသတဲ့။

သူလဲကျသွားခဲ့တဲ့နေရာဟာ မြန်မာလို “မင်းသမီးလဲလျောင်းတောင်”လို့

အဓိပ္ပါယ်ရတဲ့ ဒွိုင်နန်းနောင်း တောင်တန်းကြီးဖြစ်သွားပါသတဲ့။

အဲဒီတောင်ရဲ့အောက်ခြေမှာရှိတဲ့ လှိုင်ဂူကြီးကတော့ မင်းသမီးရဲ့ 

မွေးလမ်းကြောင်းဖြစ်ပါသတဲ့။


မြန်မာတွေအသိများတဲ့ ဘုရင်မပန်းခြံရှိရာ ဒွိုင်တုံး တောင်ကတော့ 

မင်းသမီးရဲ့ ကိုယ်ဝန်ဗိုက်ကြီးဖြစ်ပါသတဲ့ ။


အခု ယိုးဒယားခလေးတွေ ပျောက်သွားတဲ့နေရာဟာ မင်းသမီးရဲ့

မွေးလမ်းကြောင်းလို့ ပြောတဲ့လှိုင်ဂူထဲမှာပဲ။ ဟုတ်သော်ရှိမဟုတ်သော်ရှိ 

ဒေသခံတွေကတော့ သူတို့ခလေးတွေကိုပြန်ပေးဖို့ အဲမင်းသမီးကို 

တောင်းပန်နေကြပြီ။ လူတွေစိတ်ဝင်စားတဲ့သတင်းနောက်ကွယ်က 

ဒဏ္ဍာရီဇတ်လမ်းလေးတစ်ပုဒ်ပေါ့။ ယုံကြည်တာ မယုံကြည်တာကတော့

တစ်ဦးချင်းစီနဲ့ဆိုင်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါလေ။


မှတ်ချက်

ဒီကနေ့ 30.6.2018 ..9 am ထိ မတွေ့သေးပါဘူး

.

Credit - ဗဟုသုတ

source:thutasar

No comments:

Post a Comment