စပိန္မွာ ဆရာ၀န္တစ္ဦး ကေလးေတြခိုးလုိ႔ တရားစြဲခံရ
------------------------------------------------------------
၁၉၃၈ ခုႏွစ္ကေန ၁၉၇၃ ခုႏွစ္အထိ အုပ္ခ်ဳပ္ခဲ့တဲ့ စပိန္အာဏာရွင္
Franco အစိုးရ လက္ထက္မွာ ေမြးကင္းစကေလးေတြခိုးယူမႈနဲ႔
ဆရာ၀န္တစ္ဦးကို ပထမဆံုးတရားစြဲဆိုခဲ့တယ္လုိ႔ သိရပါတယ္။
အသက္(၈၅)ႏွစ္အရြယ္ ေဒါက္တာ Eduardo Vela ကို ေမြးစာရင္း
အတုျပဳလုပ္မႈနဲ႔ Ines Madrigal ဆိုသူ အမ်ိဳးသမီးက တရားစြဲဆိုခဲ့
တာျဖစ္ပါတယ္။ Ines ဟာ ကေလးေတြအခုိးခံရတဲ့ ေဆာင္းပါးကို
ဖတ္ၿပီးတဲ့ေနာက္ သူမရဲ႕ေမြးစာရင္းကို စံုစမ္းခဲ့တာပဲျဖစ္ပါတယ္။
Eduardo Vela က သူမရဲ႕ေမြးစာရင္းကို အတုလုပ္ၿပီး ေမြးစားအေမကို
ေပးခဲ့တာပါ။သူမရဲ႕ ေမြးစားအေမဟာ ကေလးတစ္ခါမွ မေမြးဖူးတဲ့
အမ်ဳိးသမီးတစ္ဦးျဖစ္တယ္လုိ႔ Ines က ေျပာပါတယ္။
ဖရန္ကုိအစိုးရ အာဏာရွိစဥ္တုန္းက ကေလး(၃)ေသာင္းခန္႔
ခိုးယူခံခဲ့ရၿပီး အဲ့ဒီကေလးေတြကို Franco အစိုးရနဲ႔ပတ္သက္တဲ့
မိသားစုေတြကို ေပးခဲ့တယ္လုိ႔ စပိန္တရားသူႀကီးတစ္ဦးက
မွတ္တမ္းတင္ထားခဲ့ပါတယ္။ ေဒါက္တာ Vela denies ကေတာ့
စြပ္စြဲမႈေတြကို ျငင္းဆိုထားၿပီး ေမြးစာရင္းေပၚက လက္မွတ္ဟာ
သူ႔ရဲ႕လက္မွတ္မဟုတ္ဘူးလို႔ ေျပာေၾကာင္း ႐ိုက္တာသတင္းမွာ
ေဖာ္ျပထားပါတယ္။
source:One News Myanmar
links -
https://af.reuters.com/article/worldNews/idAFKBN1JM101
https://www.bbc.com/news/world-europe-44614732
===========================
စပိန်မှာ ဆရာဝန်တစ်ဦး ကလေးတွေခိုးလို့ တရားစွဲခံရ
------------------------------------------------------------
၁၉၃၈ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ စပိန်အာဏာရှင်
Franco အစိုးရ လက်ထက်မှာ မွေးကင်းစကလေးတွေခိုးယူမှုနဲ့
ဆရာဝန်တစ်ဦးကို ပထမဆုံးတရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
အသက်(၈၅)နှစ်အရွယ် ဒေါက်တာ Eduardo Vela ကို မွေးစာရင်း
အတုပြုလုပ်မှုနဲ့ Ines Madrigal ဆိုသူ အမျိုးသမီးက တရားစွဲဆိုခဲ့
တာဖြစ်ပါတယ်။ Ines ဟာ ကလေးတွေအခိုးခံရတဲ့ ဆောင်းပါးကို
ဖတ်ပြီးတဲ့နောက် သူမရဲ့မွေးစာရင်းကို စုံစမ်းခဲ့တာပဲဖြစ်ပါတယ်။
Eduardo Vela က သူမရဲ့မွေးစာရင်းကို အတုလုပ်ပြီး မွေးစားအမေကို
ပေးခဲ့တာပါ။သူမရဲ့ မွေးစားအမေဟာ ကလေးတစ်ခါမှ မမွေးဖူးတဲ့
အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ Ines က ပြောပါတယ်။
ဖရန်ကိုအစိုးရ အာဏာရှိစဉ်တုန်းက ကလေး(၃)သောင်းခန့်
ခိုးယူခံခဲ့ရပြီး အဲ့ဒီကလေးတွေကို Franco အစိုးရနဲ့ပတ်သက်တဲ့
မိသားစုတွေကို ပေးခဲ့တယ်လို့ စပိန်တရားသူကြီးတစ်ဦးက
မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒေါက်တာ Vela denies ကတော့
စွပ်စွဲမှုတွေကို ငြင်းဆိုထားပြီး မွေးစာရင်းပေါ်က လက်မှတ်ဟာ
သူ့ရဲ့လက်မှတ်မဟုတ်ဘူးလို့ ပြောကြောင်း ရိုက်တာသတင်းမှာ
ဖော်ပြထားပါတယ်။
source:One News Myanmar
No comments:
Post a Comment