သရဲ၀င္ပူးေနတယ္ဟုဆုိကာ ေအာက္လမ္းဆရာက
သံရည္ပူနဲ႔ တံဆိပ္ရုိက္ခဲ့တာေၾကာင့္ ပါးစပ္ေတာင္
ဖြင့္မရေတာ့တဲ့ အိႏိၵယအမိ်ဳးသမီး ...
----------------------------------------------------
ဂ်ာသာဒီဗီးဆုိသူ မိန္းကေလးဟာ ေနမေကာင္းျဖစ္တဲ့အခိ်န္မွာ
သူရဲ႕မိဘေတြက ေအာက္လမ္းဆရာဆီေခၚသြားခဲ့တာပါ၊ သူရဲ႕
အေျခအေနဟာ ေအာက္လမ္းဆရာနဲ႔ ကုသေနခိ်န္မွာ ပိုပိုၿပီး
ဆိုး၀ါးလာခဲ့တာပါ၊ ဂ်ာသာရဲ႕ခင္ပြန္းျဖစ္သူက ေအာက္လမ္းဆရာ
ဂ်ယ္ရမ္ဘတ္ ကုိ ဖမ္းဆီးဖို႔ ရဲကုိအေၾကာင္းၾကားခဲ့တာပါ။
ေအာက္လမ္းဆရာက မေကာင္းဆုိး၀ါး၀င္ပူးေနတယ္ဟုဆုိကာ
သူ႔ရဲ႕လ်ွာကုိ မွိန္းျဖင့္ထိုးကာ တံဆိပ္ရုိက္ႏွိက္ခဲ့တာပါ၊ ဂ်ာသာ ဟာ
အခိ်န္ေတာ္ေတာ္ၾကာ ေနမေကာင္းျဖစ္ေနခဲ့တာပါ၊ သူရဲ႕ခင္ပြန္းျဖစ္သူ
ေန႔စားအလုပ္သမား ကီရွမ္ဂ်က္ က အစုိးရေဆးရံုကုိသြားျပခဲ့ၿပီး
အေျခအေနကလည္း မသက္သာတဲ့အတြက္ ဂ်ာသာရဲ႕အမိ်ဳးေတြက
သရဲ၀င္ပူးေနတာ ျဖစ္ႏုိင္တယ္ဆုိၿပီး ေအာက္လမ္းဆရာဆီ
ေခၚသြားခဲ့တာပါ။ ေအာက္လမ္းဆရာက သူရဲ႕အဖ်ားေပ်ာက္
ေအာင္သံရည္ပူေတြနဲ႔ အသားကုိေလာင္ခံရမည္ျဖစ္ၿပီး
သရဲထြက္သြားေအာင္လုိ႔လည္း အာမခံၿပီး လုပ္ေပးခဲ့တာပါ။
သူရဲ႕မိဘေတြျဖစ္တဲ့ ဘန္၀ါလယ္နဲ႔ ဆန္ဂ်ီနီဒီဗီ တုိ႔ဟာလည္း
ေန႔စားအလုပ္သမားေတြပဲ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့
ဂ်ာသာရဲ႕အေျခအေန ပိုဆုိးသထက္ဆိုးလာခဲ့ၿပီး စကားတစ္ခြန္းေတာင္
ပီပီသသ မေျပာႏုိင္ေတာ့ပဲ နာက်င္စြာနဲ႔ ထိတ္လန္႔ေျခာက္ျခားစြာ
ေအာ္ဟစ္ေနခဲ့ရတာပါ။
သူ႔ကုိဘန္ဂါေဆးရံုကုိ အလ်င္အျမန္ပို႔ခဲ့ရၿပီး ဆရာ၀န္ေတြက
၄ နာရီ ၾကာ စစ္ေဆးခဲ့ၿပီးတဲ့ေနာက္မွာ သူ႔မွာႀကီးႀကီးမားမား
ျပင္းထန္တဲ့ စိတ္ေ၀ဒနာျဖစ္ေနတာကုိ ေတြ႕ရွိခဲ့ရပါတယ္။ ေဆးရံုရဲ႕
စိတ္ပညာဆိုင္ရာေဆြးေႏြးမႈ အတိုင္ပင္ခံေဒါက္တာ ကေတာ့
ဂ်ာသာဟာ စိတ္ေ၀ဒနာတစ္ခုကုိ ျပင္းျပင္းထန္ထန္ခံစားေနရၿပီး
ေသြးေလေခ်ာက္ျခားျခင္း၊ စကားဗလံုးဗေထြးေျပာျခင္း၊ စုိးရိမ္စိတ္
မ်ားျခင္း၊ အာရံုရႈပ္ေထြးျခင္းနဲ႔ အိပ္မေပ်ာ္တဲ့ အေျခအေနေတြကုိလည္း
ေတြ႔ေနရတယ္လုိ႔ ဆိုပါတယ္။ ကံေကာင္းစြာျဖင့္ ဒါကုိကုသလုိ႔ရႏိုင္ၿပီး
ကုသမႈဟာလည္း ၆လထက္ မၾကာဘူးလုိ႔ ဆုိပါတယ္။
ဂ်ာသာရဲ႕ဒဏ္ရာေတြ သက္သာလာရင္ ကြ်န္ေတာ္တို႔ ကုသမႈကုိ
စတင္မွာပါ၊ ပံုမွန္ဆုိရင္ေတာ့ ၁၀ ရက္ ၁၅ ရက္ေလာက္လုိအပ္ၿပီး
ကုသမႈစတင္တာကေတာ့ သူ႔ရဲ႕အေျခအေနေပၚမွာ မူတည္တယ္လုိ႔
ဆုိပါတယ္။ ရဲအရာရွိ စီမာသာရမ္ က ဂ်ာသာရဲ႕ေယာက္်ားက
ကြ်န္ေတာ္တို႔ကုိ ဒီျဖစ္ရပ္ လွမ္းအေၾကာင္းၾကားခဲ့ၿပီး ကြ်န္ေတာ္တုိ႔လည္း
လူလႊတ္ၿပီး ဒီေအာက္လမ္းဆရာရဲ႕ ရြာကုိသြားၿပီး ဖမ္းခိုင္းခဲ့တာပါ၊
တခိ်ဳ႕ေသာ အိႏိၵယလူမိ်ဳးေတြဟာ ေအာက္လမ္းဆရာေတြကုိ
ခုထိယံုၾကည္ေနၿပီး သာမန္ရုိးရုိးဖ်ားနာတာ၊ အေအးပတ္တာ၊
ဗုိက္ေအာင့္တာမိ်ဳးျဖစ္ရင္ေတာ့ သူတုိ႔ရဲ႕ကေလးေတြကုိေခၚၿပီး
သြားျပၾကတာပါ၊ ဒါဟာ တရားမ၀င္ျဖစ္ၿပီးေတာ့ တခိ်ဳ႕ေသာကိစၥ
ရပ္ေတြမွာ အသက္အႏၱရာယ္စုိးရိမ္ရတာေတြလည္း ရွိပါတယ္၊
ေအာက္လမ္းဆရာေတြက တံဆိပ္ရုိက္ႏွိပ္ၿပီးကုသျခင္းကုိ
ခုခိ်န္ထိ ျပဳလုပ္ေနၾကတုန္း ျဖစ္ပါတယ္။
သစၥာမြန္ (အကုန္သိသတင္းဌာန)
link -
=============================
သရဲဝင်ပူးနေတယ်ဟုဆိုကာ အောက်လမ်းဆရာက
သံရည်ပူနဲ့ တံဆိပ်ရိုက်ခဲ့တာကြောင့် ပါးစပ်တောင်
ဖွင့်မရတော့တဲ့ အိန္ဒိယအမျိုးသမီး ...
----------------------------------------------------
ဂျာသာဒီဗီးဆိုသူ မိန်းကလေးဟာ နေမကောင်းဖြစ်တဲ့အချိန်မှာ
သူရဲ့မိဘတွေက အောက်လမ်းဆရာဆီခေါ်သွားခဲ့တာပါ၊ သူရဲ့
အခြေအနေဟာ အောက်လမ်းဆရာနဲ့ ကုသနေချိန်မှာ ပိုပိုပြီး
ဆိုးဝါးလာခဲ့တာပါ၊ ဂျာသာရဲ့ခင်ပွန်းဖြစ်သူက အောက်လမ်းဆရာ
ဂျယ်ရမ်ဘတ် ကို ဖမ်းဆီးဖို့ ရဲကိုအကြောင်းကြားခဲ့တာပါ။
အောက်လမ်းဆရာက မကောင်းဆိုးဝါးဝင်ပူးနေတယ်ဟုဆိုကာ
သူ့ရဲ့လျှာကို မှိန်းဖြင့်ထိုးကာ တံဆိပ်ရိုက်နှိက်ခဲ့တာပါ၊ ဂျာသာ ဟာ
အချိန်တော်တော်ကြာ နေမကောင်းဖြစ်နေခဲ့တာပါ၊ သူရဲ့ခင်ပွန်းဖြစ်သူ
နေ့စားအလုပ်သမား ကီရှမ်ဂျက် က အစိုးရဆေးရုံကိုသွားပြခဲ့ပြီး
အခြေအနေကလည်း မသက်သာတဲ့အတွက် ဂျာသာရဲ့အမျိုးတွေက
သရဲဝင်ပူးနေတာ ဖြစ်နိုင်တယ်ဆိုပြီး အောက်လမ်းဆရာဆီ
ခေါ်သွားခဲ့တာပါ။ အောက်လမ်းဆရာက သူရဲ့အဖျားပျောက်
အောင်သံရည်ပူတွေနဲ့ အသားကိုလောင်ခံရမည်ဖြစ်ပြီး
သရဲထွက်သွားအောင်လို့လည်း အာမခံပြီး လုပ်ပေးခဲ့တာပါ။
သူရဲ့မိဘတွေဖြစ်တဲ့ ဘန်ဝါလယ်နဲ့ ဆန်ဂျီနီဒီဗီ တို့ဟာလည်း
နေ့စားအလုပ်သမားတွေပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့
ဂျာသာရဲ့အခြေအနေ ပိုဆိုးသထက်ဆိုးလာခဲ့ပြီး စကားတစ်ခွန်းတောင်
ပီပီသသ မပြောနိုင်တော့ပဲ နာကျင်စွာနဲ့ ထိတ်လန့်ခြောက်ခြားစွာ
အော်ဟစ်နေခဲ့ရတာပါ။
သူ့ကိုဘန်ဂါဆေးရုံကို အလျင်အမြန်ပို့ခဲ့ရပြီး ဆရာဝန်တွေက
၄ နာရီ ကြာ စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ သူ့မှာကြီးကြီးမားမား
ပြင်းထန်တဲ့ စိတ်ဝေဒနာဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဆေးရုံရဲ့
စိတ်ပညာဆိုင်ရာဆွေးနွေးမှု အတိုင်ပင်ခံဒေါက်တာ ကတော့
ဂျာသာဟာ စိတ်ဝေဒနာတစ်ခုကို ပြင်းပြင်းထန်ထန်ခံစားနေရပြီး
သွေးလေချောက်ခြားခြင်း၊ စကားဗလုံးဗထွေးပြောခြင်း၊ စိုးရိမ်စိတ်
များခြင်း၊ အာရုံရှုပ်ထွေးခြင်းနဲ့ အိပ်မပျော်တဲ့ အခြေအနေတွေကိုလည်း
တွေ့နေရတယ်လို့ ဆိုပါတယ်။ ကံကောင်းစွာဖြင့် ဒါကိုကုသလို့ရနိုင်ပြီး
ကုသမှုဟာလည်း ၆လထက် မကြာဘူးလို့ ဆိုပါတယ်။
ဂျာသာရဲ့ဒဏ်ရာတွေ သက်သာလာရင် ကျွန်တော်တို့ ကုသမှုကို
စတင်မှာပါ၊ ပုံမှန်ဆိုရင်တော့ ၁၀ ရက် ၁၅ ရက်လောက်လိုအပ်ပြီး
ကုသမှုစတင်တာကတော့ သူ့ရဲ့အခြေအနေပေါ်မှာ မူတည်တယ်လို့
ဆိုပါတယ်။ ရဲအရာရှိ စီမာသာရမ် က ဂျာသာရဲ့ယောက်ျားက
ကျွန်တော်တို့ကို ဒီဖြစ်ရပ် လှမ်းအကြောင်းကြားခဲ့ပြီး ကျွန်တော်တို့လည်း
လူလွှတ်ပြီး ဒီအောက်လမ်းဆရာရဲ့ ရွာကိုသွားပြီး ဖမ်းခိုင်းခဲ့တာပါ၊
တချို့သော အိန္ဒိယလူမျိုးတွေဟာ အောက်လမ်းဆရာတွေကို
ခုထိယုံကြည်နေပြီး သာမန်ရိုးရိုးဖျားနာတာ၊ အအေးပတ်တာ၊
ဗိုက်အောင့်တာမျိုးဖြစ်ရင်တော့ သူတို့ရဲ့ကလေးတွေကိုခေါ်ပြီး
သွားပြကြတာပါ၊ ဒါဟာ တရားမဝင်ဖြစ်ပြီးတော့ တချို့သောကိစ္စ
ရပ်တွေမှာ အသက်အန္တရာယ်စိုးရိမ်ရတာတွေလည်း ရှိပါတယ်၊
အောက်လမ်းဆရာတွေက တံဆိပ်ရိုက်နှိပ်ပြီးကုသခြင်းကို
ခုချိန်ထိ ပြုလုပ်နေကြတုန်း ဖြစ်ပါတယ်။
သစ္စာမွန် (အကုန်သိသတင်းဌာန)
link -
No comments:
Post a Comment