မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 23, 2020

ပေရာ္ဖတ္ရွင္နယ္ လုိက္ငုိေပးေနတဲ့ အမ်ိဳးသမီးအဖြဲ႕

 စ်ာပနအခမ္းအနားေတြမွာ ပေရာ္ဖတ္ရွင္နယ္ 

လုိက္ငုိေပးေနတဲ့ အမ်ိဳးသမီးအဖြဲ႕ ...

---------------------------------------------------



လူတစ္ေယာက္ ေသဆုံးသြားတဲ့အခါမွာ က်န္ရစ္သူ ေဆြမ်ိဳးသားခ်င္း

ေတြဟာ ေသဆုံးသူကုိ ေနာက္ဆုံးအေနနဲ႔ ခမ္းခမ္းနားနား ပုိ႔ေဆာင္

ႏႈတ္ဆက္လုိၾကတာ သဘာဝ ၾကပါတယ္။ ႏုိက္ဂ်ီးရီးယား၊ ဘီနင္၊ တုိဂုိ၊

ဂါနာ အစရွိတဲ့ႏုိင္ငံေတြမွာေတာ့ တစ္စုံတစ္ေယာက္ ေသဆုံးသြားတဲ့

အခါမွာ သူ႕ရဲ႕အေလာင္းကိုထမ္းၿပီး ကခုန္ေပ်ာ္ျမဴးတဲ့ အခမ္းအနားမ်ိဳး

ေတြ ျပဳလုပ္ေလ့ရွိပါတယ္။ ဒီနည္းအားျဖင့္ ေသသူဟာ ေနာက္ဆုံး 

စိတ္ေပ်ာ္ရႊင္စြာနဲ႔ လူ႕ေလာကက ထြက္ခြာသြားႏုိင္လိမ့္မယ္လုိ႔ 

ယုံၾကည္ၾကပါတယ္။

ဒီလုိပဲ တ႐ုတ္၊ ေဟာင္ေကာင္ အစရွိတဲ့ ႏုိင္ငံေတြမွာေတာ့ 

အေပ်ာ္တမ္းေမာ္ဒယ္ေတြ၊ အေဖာ္အခၽြတ္အကမယ္ေတြနဲ႔ 

ေသဆုံးသူအေလာင္းကို ဝန္းရံကခုန္ေစၿပီး ခုႏွစ္ရက္ခုႏွစ္လီ 

စ်ာပနအခမ္းအနား က်င္းပတာမ်ိဳးေတြ ရွိသလုိ၊ တစ္ခ်ိဳ႕က 

ပေရာ္ဖတ္ရွင္နယ္ ဧယင္က်ဴးအဖြဲ႕ေတြနဲ႔ ေသဆုံးသူရဲ ဂုဏ္သတင္း

ေတြကုိ ဖြဲ႕ႏြဲငုိျပကာ စ်ာပနကုိ ဆင္ႏႊဲၾကပါတယ္။

အခု ဂါနာႏုိင္ငံက အမ်ိဳးသမီးအဖြဲ႕ကေတာ့ လူတစ္ေယာက္ 

ေသဆုံးၿပီဆုိရင္ သူမတုိ႔ အဖြဲ႕ကုိ သတ္မ်တ္ထားတဲ့ အခေၾကးေငြ 

ေပး႐ုံနဲ႔ လႈိက္လႈိက္လွဲလွဲ မ်က္ရည္တြင္တြင္က်ေအာင္ ငုိျပေပးမွာျဖစ္ၿပီး၊

ေသဆုံးသူအတြက္ မိသားစုေတြကိုယ္စား ဝမ္းနည္းပူေဆြးေၾကာင္းကို 

သက္ေသျပေပးမယ့္အဖြဲ႕လုိ႔ ဆုိပါတယ္။

အဖြဲ႕နာမည္ကေတာ့ The Funeral Contractors Association လုိ႔

အမည္ရၿပီး စ်ာပန မ်က္ႏွာပန္းလွဖုိ႔အတြက္ အဆုိအငိုအေျပာအေသာ

စုံလင္စြာနဲ႔ ဝန္ေဆာင္မႈေပးတဲ့အဖြဲ႕ပါ။ တကယ္လုိ႔ လူအလြန္အမုန္းခံရ

သူတစ္ေယာက္ ျဖစ္ေနရင္ေတာင္ အဲဒီလူ ေသဆုံးသြားတဲ့အခါမွာ 

ငုိတဲ့သူေတာင္ မရွိဘူးဆုိတာ မျဖစ္ေစရဘူးလုိ႔ ယင္းအမ်ိဳးသမီးအဖြဲ႕က 

အာမခံပါတယ္တဲ့။


သူတုိ႔အဖြဲ႕ကုိ ဦးေဆာင္သူကေတာ့ Ami Dokli ျဖစ္ၿပီး၊ သူမတုိ႔ကုိ 

ငွားရမ္းလာပါက ေသဆုံးသူ ျဖဴတာမည္းတာ၊ ပုတာရွည္တာ၊ 

ပိန္တာဝတာ၊ ဆုိးတာေကာင္းတာ သူမတုိ႔အဖြဲ႕က စိတ္မဝင္စားေၾကာင္း၊

ဒါေပမယ့္ ငွားၿပီးဆုိတာနဲ႔ အားရပါးရ အူလိႈက္သည္းလႈိက္၊ ပဋာေျမလူး၊ 

ဆပ္ျပာသည္လင္ေပ်ာက္ စတဲ့ပုံစံအမ်ိဳးမ်ိဳးနဲ႔ ငုိေပးဖုိ႔အတြက္ေတာ့ 

ေသခ်ာပါတယ္လုိ႔ ဆုိပါတယ္။


သတ္မွတ္ထားတဲ့ ေစ်းႏႈန္းကေတာ့ အေျခအေနနဲ႔၊ ငိုေပးရမယ့္ 

ၾကာခ်ိန္ေပၚမူတည္ၿပီး ေတာင္းခံပါတယ္။ ငုိေၾကာရွည္ေလ ပုိက္ဆံ

ရေလအဖြဲ႕ ျဖစ္ပါတယ္။ အခုတေလာမွာေတာ့ Ami ဦးေဆာင္တဲ့ 

The Funeral Contractors Association အဖြဲ႕ဟာ အေတာ္ေလး

နာမည္ရေနၿပီး လုပ္ရကိုင္ရလည္း အေတာ္ေလး ပြဲခ်ီဆက္လာၿပီလုိ႔ 

သူမက ဆုိပါတယ္။


နတ္စည္ေတာ္ (MyanmarNote)

source : metro.co.uk

https://metro.co.uk/2018/07/02/women-will-cry-funeral-pay-7675863/

==============================


ဈာပနအခမ်းအနားတွေမှာ ပရော်ဖတ်ရှင်နယ် 

လိုက်ငိုပေးနေတဲ့ အမျိုးသမီးအဖွဲ့ ...

---------------------------------------------------


လူတစ်ယောက် သေဆုံးသွားတဲ့အခါမှာ ကျန်ရစ်သူ ဆွေမျိုးသားချင်း

တွေဟာ သေဆုံးသူကို နောက်ဆုံးအနေနဲ့ ခမ်းခမ်းနားနား ပို့ဆောင်

နှုတ်ဆက်လိုကြတာ သဘာဝ ကြပါတယ်။ နိုက်ဂျီးရီးယား၊ ဘီနင်၊ တိုဂို၊

ဂါနာ အစရှိတဲ့နိုင်ငံတွေမှာတော့ တစ်စုံတစ်ယောက် သေဆုံးသွားတဲ့

အခါမှာ သူ့ရဲ့အလောင်းကိုထမ်းပြီး ကခုန်ပျော်မြူးတဲ့ အခမ်းအနားမျိုး

တွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီနည်းအားဖြင့် သေသူဟာ နောက်ဆုံး 

စိတ်ပျော်ရွှင်စွာနဲ့ လူ့လောကက ထွက်ခွာသွားနိုင်လိမ့်မယ်လို့ 

ယုံကြည်ကြပါတယ်။


ဒီလိုပဲ တရုတ်၊ ဟောင်ကောင် အစရှိတဲ့ နိုင်ငံတွေမှာတော့ 

အပျော်တမ်းမော်ဒယ်တွေ၊ အဖော်အချွတ်အကမယ်တွေနဲ့ 

သေဆုံးသူအလောင်းကို ဝန်းရံကခုန်စေပြီး ခုနှစ်ရက်ခုနှစ်လီ 

ဈာပနအခမ်းအနား ကျင်းပတာမျိုးတွေ ရှိသလို၊ တစ်ချို့က 

ပရော်ဖတ်ရှင်နယ် ဧယင်ကျူးအဖွဲ့တွေနဲ့ သေဆုံးသူရဲ ဂုဏ်သတင်း

တွေကို ဖွဲ့နွဲငိုပြကာ ဈာပနကို ဆင်နွှဲကြပါတယ်။


အခု ဂါနာနိုင်ငံက အမျိုးသမီးအဖွဲ့ကတော့ လူတစ်ယောက် 

သေဆုံးပြီဆိုရင် သူမတို့ အဖွဲ့ကို သတ်မျတ်ထားတဲ့ အခကြေးငွေ 

ပေးရုံနဲ့ လှိုက်လှိုက်လှဲလှဲ မျက်ရည်တွင်တွင်ကျအောင် ငိုပြပေးမှာဖြစ်ပြီး၊

သေဆုံးသူအတွက် မိသားစုတွေကိုယ်စား ဝမ်းနည်းပူဆွေးကြောင်းကို 

သက်သေပြပေးမယ့်အဖွဲ့လို့ ဆိုပါတယ်။


အဖွဲ့နာမည်ကတော့ The Funeral Contractors Association လို့

အမည်ရပြီး ဈာပန မျက်နှာပန်းလှဖို့အတွက် အဆိုအငိုအပြောအသော

စုံလင်စွာနဲ့ ဝန်ဆောင်မှုပေးတဲ့အဖွဲ့ပါ။ တကယ်လို့ လူအလွန်အမုန်းခံရ

သူတစ်ယောက် ဖြစ်နေရင်တောင် အဲဒီလူ သေဆုံးသွားတဲ့အခါမှာ 

ငိုတဲ့သူတောင် မရှိဘူးဆိုတာ မဖြစ်စေရဘူးလို့ ယင်းအမျိုးသမီးအဖွဲ့က 

အာမခံပါတယ်တဲ့။


သူတို့အဖွဲ့ကို ဦးဆောင်သူကတော့ Ami Dokli ဖြစ်ပြီး၊ သူမတို့ကို 

ငှားရမ်းလာပါက သေဆုံးသူ ဖြူတာမည်းတာ၊ ပုတာရှည်တာ၊ 

ပိန်တာဝတာ၊ ဆိုးတာကောင်းတာ သူမတို့အဖွဲ့က စိတ်မဝင်စားကြောင်း၊

ဒါပေမယ့် ငှားပြီးဆိုတာနဲ့ အားရပါးရ အူလှိုက်သည်းလှိုက်၊ ပဋာမြေလူး၊ 

ဆပ်ပြာသည်လင်ပျောက် စတဲ့ပုံစံအမျိုးမျိုးနဲ့ ငိုပေးဖို့အတွက်တော့ 

သေချာပါတယ်လို့ ဆိုပါတယ်။


သတ်မှတ်ထားတဲ့ ဈေးနှုန်းကတော့ အခြေအနေနဲ့၊ ငိုပေးရမယ့် 

ကြာချိန်ပေါ်မူတည်ပြီး တောင်းခံပါတယ်။ ငိုကြောရှည်လေ ပိုက်ဆံ

ရလေအဖွဲ့ ဖြစ်ပါတယ်။ အခုတလောမှာတော့ Ami ဦးဆောင်တဲ့ 

The Funeral Contractors Association အဖွဲ့ဟာ အတော်လေး

နာမည်ရနေပြီး လုပ်ရကိုင်ရလည်း အတော်လေး ပွဲချီဆက်လာပြီလို့ 

သူမက ဆိုပါတယ်။


နတ်စည်တော် (MyanmarNote)

source : metro.co.uk

https://metro.co.uk/2018/07/02/women-will-cry-funeral-pay-7675863/


No comments:

Post a Comment