မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Thursday, September 17, 2020
စွန့်ပစ်ခဲ့တဲ့သူကို ကိုက်ဖို့ လမ်းလျှောက်ပြန်လာခဲ့တဲ့ခွေးလေး
---------------------------------------------------
ခွေးတွေဟာ အတော်ကိုသစ္စာရှိတဲ့သတ္တ၀ါတွေပါ။ အရမ်းလည်း 
တွေ့ခဲ့ရပါတယ်။
Gabriel
Ref : Buzzfeed
link -
==========================
စွန့်ပစ်ခဲ့တဲ့သူကို ကိုက်ဖို့ ၁၀၀ ကီလိုမီတာခရီးကို 
လမ်းလျှောက်ပြန်လာခဲ့တဲ့ခွေးလေး ...
---------------------------------------------------
ခွေးတွေဟာ အတေ်ာကိုသစ္စာရှိတဲ့သတ္တဝါတွေပါ။ အရမ်းလည်း 
ဉာဏ်ကောင်းကြပါတယ်။ မိုင်ပေါင်း ၂၀၀ ကျော်ကျော်မှာရှိတဲ့ 
အိမ်ကိုတောင် မှတ်မိနိုင်တယ်လို့ဆိုကြတယ်။ ခွေးလေးတွေနဲ့
ပတ်သက်ပြီး ကျွန်တော်တို့ကြားဖူးတာတွေက သခင်နဲ့တွေ့ဖို့အတွက် 
မိုင်ပေါင်းများစွာကို လမ်းလျှောက်လာခဲ့တဲ့ခွေးကလေးတွေပဲရှိပါတယ်။ 
ကီလိုမီတာ ၁၀၀ ကျော်ခရီးကို လမ်းလျှောက်လာပြီး သခင်ကိုပြန်ကိုက်
ခဲ့တဲ့ခွေးအကြောင်းတော့မကြားသေးပါဘူး။
ဘို့လ် ( Bolt ) ဟာ ရွှေဝါရောင်အမွှေးနဲ့ Golden Retriever 
အမျိုးအစားခွေးကလေးပါ။ သူ့ရဲ့ပိုင်ရှင်ဖြစ်သူ ဆန်တီယာဂို 
မာတီနက်ဇ် ဟာ နယူးမက္ကဆီကိုကနေ ကီလို ၁၀၀ အကွာအဝေး
မှာရှိတဲ့ Albuquerque ကိုနှစ်တိုင်းအပန်းဖြေဖို့အတွက်သွားရောက်
လေ့ရှိတယ်။ ဒီနှစ်မှာတော့ သူဟာအပန်းဖြေခရီးမှာ ဘို့လ် ကို
တစ်ကောင်တည်းချန်ထားခဲ့ပြီး အိမ်ကိုပြန်သွားခဲ့ပါတယ်။ 
ကိုးရက်မြောက်တဲ့နေ့မှာတော့ နယူးမက္ကဆီကို ကကမ်းခြေတစ်ခုမှာ 
ဘို့လ် နဲ့ဆင်တူတဲ့ခွေးကလေးတစ်ကောင်တွေ့ခဲ့တယ်လို့ 
မိတ်ဆွေက ဖုန်းဆက်ပြောတဲ့အတွက် ဆန်တီယေဂို ကသွားကြည့်
တဲ့အခါမှာတော့ သူ့ရဲ့ခွေးကလေး ဘို့လ် ဖြစ်နေတာကို 
တွေ့ခဲ့ရပါတယ်။
ဘို့လ်ဟာ ကီလိုမီတာ ၁၀၀ လောက်ရှိတဲ့ခရီးကို လမ်းလျှောက်ပြီး
ပြန်လာခဲ့ရတာပါ။ ဆန်တီယေဂို ဟာ ဘို့လ် ကိုပွေ့ဖက်လိုက်တဲ့
အခါမှာတော့ ဘို့လ် ဟာသူ့ရဲ့လက်ကိုကိုက်ပြီး ထွက်ပြေးသွားခဲ့
ပါတယ်။ ကိုက်တဲ့ဒဏ်ရာကပြင်းထန်ခြင်းမရှိပေမယ့် သူ့ရဲ့
ညာဘက်လက်မှာ အနည်းငယ်ပေါက်ပြီး သွေးထွက်သွားခဲ့ပါတယ်။ 
ခွေးရူးရောဂါ နဲ့ တခြားပိုးတွေဝင်မှာစိုးတဲ့အတွက် ဆေးခန်းမှာ
ကုသမှုခံယူခဲ့ရပြီး ထွက်ပြေးသွားတဲ့ ဘို့လ် ကိုတော့ 
ရှာလို့မတွေ့တော့ဘူးလို့ဆိုပါတယ်။
Gabriel
Ref : Buzzfeed
link -
https://thereisnews.com/dog-travels-more-than-100-km-to-bite-its-owner-after-being-abandoned/
No comments:
Post a Comment