ေဟာလိဝုဒ္က လမ္းမထက္မွာ
------------------------------------
❒ အေမရိကန္ႏုိင္ငံ ကာလီဖုိးနီးယားမွာ အသက္ ၄၉ ႏွစ္အရြယ္
ခႏၶာကုိယ္ ေဆးေရးျခယ္တဲ့ အႏုပညာရွင္ျဖစ္သူ Jen Seidel က
အသက္ ၁၈ ႏွစ္အရြယ္ အမ်ဳိးသမီး Kennedy Walsh ဆိုသူရဲ႕
အကူအညီရယူကာ အသက္ ၂၅ ႏွစ္အရြယ္ အမႊာညီအစ္မ
ႏွစ္ေယာက္ ျဖစ္သူ ဟန္နာ နဲ႔ လီယာ တုိ႔ ကိုယ္ခႏၶာေပၚမွာ
အဝတ္အစားပုံသဏၭာန္ ေဆးေရးျခယ္ေပးခဲ့ၾကပါတယ္။
အမႊာညီအစ္မ ႏွစ္ေယာက္ကုိ တစ္ဦးက အေပၚပုိင္းအတြက္
အမည္းေရာင္ အဝတ္ကုိ ေဆးျခယ္ခဲ့ၿပီး တစ္ဦးကေတာ့
ေအာက္ပုိင္း ဂ်င္းေဘာင္းဘီအတြက္ အျပာေရာင္ေဆးနဲ႔
လက္ရာေျမာက္စြာ ေရးျခယ္ေပးခဲ့တာျဖစ္ပါတယ္။
အဲဒီေနာက္ ေဟာလိဝုဒ္ က ဘူးလ္ဗာ့တ္ လမ္းမႀကီးထက္မွာ
ေလွ်ာက္လွမ္းခဲ့ၾကပါတယ္။ ဒါကုိ လမ္းသြားလမ္းလာ အခ်ဳိ႕က
သူတုိ႔ဝတ္စားထားတာကုိ သတိျပဳမိခဲ့ၾကေပမယ့္ အေတာ္ မ်ားမ်ား
ကေတာ့ သူတုိ႔ ဝတ္စားထားတာကုိ သတိမျပဳမိဘဲ သာမန္ သူလုိ
ငါလုိ လမ္းေလွ်ာက္ေနသူေတြပဲလုိ႔ အမွတ္တမဲ့ပဲ သေဘာထားခဲ့တာပါ။
တခ်ဳိ႕ဆုိ သူတုိ႔ဝတ္စားထားတာကုိ အေသခ်ာ ကုိင္ၾကည့္ၿပီးမွ
အဝတ္မပါဘဲ အေပၚကေန ေဆးနဲ႔ေရးျခယ္ထားမွန္း သိခဲ့ၾကပါတယ္။
အေတာ္မ်ားမ်ား သတိမျပဳမိေလာက္ေအာင္ Jen Seidel နဲ႔
Kennedy Walsh တုိ႔က အမႊာညီအစ္မကုိ လက္ရာေျမာက္စြာနဲ႔
ေသေသသပ္သပ္ ေဆးေရးျခယ္ႏုိင္ခဲ့တယ္လုိ႔ ဆုိရမွာပဲျဖစ္ပါတယ္။
တကယ့္ ဂ်င္းေဘာင္ဘီကုိ ဝတ္ဆင္ထားတဲ့ သူတုိ႔ႏွစ္ေယာက္ရဲ႕
ၾကားမွာ ေဆးေရးျခယ္ထားတဲ့ အမႊာညီအစ္မကုိထားၿပီး ရုိက္ထားတဲ့
ဓာတ္ပုံကုိၾကည့္ရင္ သူတုိ႔ႏွစ္ေယာက္ဝတ္ထားတဲ့ အစစ္နဲ႔ ေဆးျခယ္
သထားတဲ့ သူတုိ႔ရဲ႕လက္ရာဟာ သိမထားရင္ အေတာ္ေလးကုိပဲ
ခြဲျခားရခက္ေလာက္ေအာင္ အစစ္နီးပါး တူေနတာကုိ ေတြ႕ျမင္ရမွာပဲ
ျဖစ္ပါတယ္...။
source:doseng
=============================
ဟောလိဝုဒ်က လမ်းမထက်မှာ
------------------------------------
❒ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားမှာ အသက် ၄၉ နှစ်အရွယ်
ခန္ဓာကိုယ် ဆေးရေးခြယ်တဲ့ အနုပညာရှင်ဖြစ်သူ Jen Seidel က
အသက် ၁၈ နှစ်အရွယ် အမျိုးသမီး Kennedy Walsh ဆိုသူရဲ့
အကူအညီရယူကာ အသက် ၂၅ နှစ်အရွယ် အမွှာညီအစ်မ
နှစ်ယောက် ဖြစ်သူ ဟန်နာ နဲ့ လီယာ တို့ ကိုယ်ခန္ဓာပေါ်မှာ
အဝတ်အစားပုံသဏ္ဌာန် ဆေးရေးခြယ်ပေးခဲ့ကြပါတယ်။
အမွှာညီအစ်မ နှစ်ယောက်ကို တစ်ဦးက အပေါ်ပိုင်းအတွက်
အမည်းရောင် အဝတ်ကို ဆေးခြယ်ခဲ့ပြီး တစ်ဦးကတော့
အောက်ပိုင်း ဂျင်းဘောင်းဘီအတွက် အပြာရောင်ဆေးနဲ့
လက်ရာမြောက်စွာ ရေးခြယ်ပေးခဲ့တာဖြစ်ပါတယ်။
0အဲဒီနောက် ဟောလိဝုဒ် က ဘူးလ်ဗာ့တ် လမ်းမကြီးထက်မှာ
လျှောက်လှမ်းခဲ့ကြပါတယ်။ ဒါကို လမ်းသွားလမ်းလာ အချို့က
သူတို့ဝတ်စားထားတာကို သတိပြုမိခဲ့ကြပေမယ့် အတော် များများ
ကတော့ သူတို့ ဝတ်စားထားတာကို သတိမပြုမိဘဲ သာမန် သူလို
ငါလို လမ်းလျှောက်နေသူတွေပဲလို့ အမှတ်တမဲ့ပဲ သဘောထားခဲ့တာပါ။
တချို့ဆို သူတို့ဝတ်စားထားတာကို အသေချာ ကိုင်ကြည့်ပြီးမှ
အဝတ်မပါဘဲ အပေါ်ကနေ ဆေးနဲ့ရေးခြယ်ထားမှန်း သိခဲ့ကြပါတယ်။
အတော်များများ သတိမပြုမိလောက်အောင် Jen Seidel နဲ့
Kennedy Walsh တို့က အမွှာညီအစ်မကို လက်ရာမြောက်စွာနဲ့
သေသေသပ်သပ် ဆေးရေးခြယ်နိုင်ခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။
တကယ့် ဂျင်းဘောင်ဘီကို ဝတ်ဆင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့
ကြားမှာ ဆေးရေးခြယ်ထားတဲ့ အမွှာညီအစ်မကိုထားပြီး ရိုက်ထားတဲ့
ဓာတ်ပုံကိုကြည့်ရင် သူတို့နှစ်ယောက်ဝတ်ထားတဲ့ အစစ်နဲ့ ဆေးခြယ်
သထားတဲ့ သူတို့ရဲ့လက်ရာဟာ သိမထားရင် အတော်လေးကိုပဲ
ခွဲခြားရခက်လောက်အောင် အစစ်နီးပါး တူနေတာကို တွေ့မြင်ရမှာပဲ
ဖြစ်ပါတယ်...။
source:doseng
No comments:
Post a Comment