ေလထုထဲက တိတ္တဆိတ္လူသတ္သမား
-------------------------------------------------
ေလထုညစ္ညမ္းတာဟာ ပတ္ဝန္းက်င္ညစ္ညမ္းပ်က္စီးမႈေတြထဲမွာမွ
အထင္ရွားအသိသာဆံုးနဲ႕ အႏၱရာယ္အမ်ားဆံုးလို႕ ဆိုပါတယ္။
နဂိုကတည္းက ေလထုဟာ ညစ္ညမ္းေနၿပီးသားဆိုေပမယ့္ ဒီတစ္ခါမွာ
ေတာ့ မီးခိုးေငြ႕ေတြေၾကာင့္ ပိုၿပီးသိသာ ျမင္သာလာတယ္ ဆိုရပါမယ္။
.
ေလထုညစ္ညမ္းတယ္ဆိုရာမွာ ႏွစ္ပိုင္းရွိပါတယ္။ အိမ္တြင္းေလထု
ညစ္ညမ္းတာ (Indoor Air Pollution) နဲ႕ ျပင္ပေလထု ညစ္ညမ္းတာ
(Outdoor Air Pollution) ဆိုၿပီး ခြဲေျပာရပါတယ္။
အိမ္တြင္းေလထု ညစ္ညမ္းရတဲ့အေၾကာင္းရင္းေတြကေတာ့
ထင္း၊ မီးေသြး၊ စိုက္ပ်ိဳးေရးသံုး ေျမၾသဇာ အၾကြင္းအက်န္ အစရွိတဲ့
ေလာင္စာေတြနဲ႕ ခ်က္ျပဳတ္တာ၊ ျခင္ေဆးထြန္းတာ၊ ေဆးျဖန္း
ေဆးမႈတ္တာ၊ ေဆးလိပ္ေသာက္တာ၊ လူဦးေရထူထပ္သိပ္သည္းတာ၊
ေလဝင္ေလထြက္မရွိတာ၊ ေလေကာင္းေလသန္႕မရတာ၊ အိမ္ပတ္ဝန္း
က်င္မွာ အမိႈက္သရိုက္ေတြနဲ႔ သန္႔ရွင္းမႈမရွိတာေတြေၾကာင့္ ျဖစ္ပါတယ္။
.
ဒီလို အိမ္တြင္းေလထုညစ္ညမ္းတာေၾကာင့္ ၅ ႏွစ္ေအာက္ကေလး
ငယ္ေတြမွာ အဆုတ္နဲ႕ ေလျပြန္လမ္းေၾကာင္း ေရာဂါေတြဝင္တာေတြ
အမ်ားႀကီးျဖစ္လာႏိုင္သလို လူႀကီးေတြမွာလည္း အဆုတ္ေလျပြန္
က်ဥ္းတာ၊ အဆုတ္ကင္ဆာ စတာေတြ ျဖစ္လာႏိုင္ပါတယ္။
၂၀၁၂ ခုႏွစ္မွာ အိမ္တြင္းေလထုညစ္ညမ္းတာေတြေၾကာင့္
ကမာၻတစ္ဝန္းမွာ လူဦးေရ ေလးဒႆမသံုးသန္း ေသဆံုးခဲ့ရပါတယ္။
အဲဒီထဲမွာမွ ငါးသိန္းေက်ာ္ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ အိမ္တြင္း
ေလထုညစ္ညမ္းမႈကို လ်စ္လ်ဴျပဳထားလို႕မရေတာ့ပါဘူး။
ကေလးငယ္ေတြရဲ႕ သက္တမ္းကို ရန္မူေနတဲ့ အႀကီးမားဆံုးရန္သူ
ေတြထဲမွာပါ ပါတယ္။
.
အထူးသျဖင့္ အလယ္လတ္တန္းစားနဲ႕ ဆင္းရဲတဲ့ႏိုင္ငံေလးေတြမွာ
ပိုေတြ႕ႀကံဳရတယ္။ ေလဝင္ေလထြက္မေကာင္းတဲ့ အိမ္ေတြမွာဆိုရင္
ေလထုထဲမွာရွိတဲ့ အမႈန္အမႊားေလးေတြဟာ လက္ခံႏိုင္တဲ့ပမာဏထက္
အဆတစ္ရာ ပိုမ်ားေနတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္မို႕ အိမ္မွာ
အေနမ်ားတဲ့ အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြ၊ လူႀကီးသူမေတြက
ဒီဆိုးက်ိဳးကို ပိုခံရေလ့ရွိပါတယ္။
ျပင္ပေလထုညစ္ညမ္းတာကလည္း တျဖည္းျဖည္းႀကီးမားလာတဲ့
ျပႆနာတစ္ခုပါပဲ။ ခ်က္ျပဳတ္တဲ့မီးခိုးေတြအျပင္ စက္ရံုအလုပ္ရံုေတြ
ကထြက္တဲ့ ဓာတုပစၥည္းေတြပါတဲ့ ဓာတ္ေငြ႕ေတြ၊ ပလက္စတစ္ေတြကို
ေလာင္ကၽြမ္းရာကထြက္လာတဲ့ မီးခိုးေငြ႕ေတြ၊ ေတာမီးေလာင္ရာက
ထြက္တဲ့ မီးခိုးေတြ၊ ကား အစရွိတဲ့ ယာဥ္အမ်ိဳးမ်ိဳးကထြက္တဲ့
ဓာတ္ေငြ႕ေတြ စတာေတြဟာ ေခတ္စနစ္ရဲ႕တိုးတက္မႈျပယုဂ္ျဖစ္သလို
လူ႕သက္တမ္းနဲ႕ ေျမကမာၻကိုၿခိမ္းေျခာက္ေနတဲ့ အေၾကာင္းရင္းလည္း
ျဖစ္ေနပါတယ္။
.
ဒီအေငြ႕ေတြထဲမွာ ဆာလ္ဖာဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႕ေတြလည္း
ပါဝင္ေနၿပီး ကမာၻႀကီးကိုပူေႏြးေစတဲ့ Global Warming Effect ကို
ျဖစ္ေပၚေစပါတယ္။ ဒါေၾကာင့္ အက္စစ္မိုးေတြ ရြာသြန္းတာ၊
အပူခ်ိန္ျမင့္တာ၊ မိုးေခါင္ေရရွားတာနဲ႕ မိုးမမွန္တာေတြ ျဖစ္လာၿပီး
သက္ရွိေတြရွင္သန္ရပ္တည္ဖို႕ ခက္ခဲလာေစပါတယ္။ ၿပီးေတာ့
အိုဇုန္းလႊာကို ေပါက္ေစတာေၾကာင့္ ေနေရာင္ျခည္မွာပါဝင္တဲ့
ခရမ္းလြန္ေရာင္ျခည္ေတြကို စစ္မယူထားႏိုင္တဲ့အတြက္
အေရျပားကင္ဆာေတြ ပိုျဖစ္ေစပါတယ္။
ေလထုပ်က္စီးတာေၾကာင့္ ကမာၻမွာ ႏွစ္စဥ္ ၆ ဒႆမ ၄ သန္း
ေသဆံုးေနပါတယ္။ လူကိုးေယာက္မွာ တစ္ေယာက္ႏႈန္းေပါ့။
ေအအိုင္ဒီအက္စ္၊ ငွက္ဖ်ား၊ တီဘီေရာဂါေတြေၾကာင့္ ေသဆံုးသူ
အားလံုးေပါင္းရဲ႕ သံုးဆရွိပါတယ္။ ႏွလံုးေရာဂါ၊ အဆုတ္နဲ႕
ေလျပြန္ေရာဂါ၊ ဆီးခ်ိဳေရာဂါ ရွိတဲ့သူေတြ၊ ကေလးငယ္ေတြ၊
လူႀကီးသူမေတြဟာ ပိုၿပီးထိခိုက္လြယ္တဲ့ အုပ္စုထဲမွာပါပါတယ္။
ႏွလံုးေသြးေၾကာေရာဂါ၊ ပန္းနာရင္ၾကပ္ေရာဂါ၊ အဆုတ္နဲ႕ေလျပြန္
ေရာဂါ၊ ကင္ဆာေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။ ၿပီးေတာ့ အိုင္က်ဴ
နိမ့္တာ၊ ေအာ္တစ္ဇင္၊ ဆီးခ်ိဳ စတဲ့ေရာဂါေတြ နဲ႕ ေပါင္မျပည့္
လမေစ့တဲ့ကေလးေမြဖြားဖို႕ ျဖစ္ႏိုင္ေျခနဲ႕ အမ်ားႀကီးဆက္စပ္မႈ
ရွိေနတယ္လို႕လည္း ဆိုပါတယ္။
အဓိကအားျဖင့္ ေလထုထဲမွာ ဘလက္ကာဗြန္ဓာတ္ေတြ၊
ႏိုက္ထရိုဂ်င္၊ အိုဇုန္းဓာတ္ေငြ႕နဲ႕ ဆာလ္ဖာဒိုင္ေအာက္ဆိုဒ္
ဓာတ္ေငြ႕ေတြ မ်ားျပားေနတာပါ။
.
✿ ဘလက္ကာဗြန္ဓာတ္ (Black carbon)
ဘလက္ကာဗြန္ဟာ ဒီဇယ္၊ ထင္း၊ ေက်ာက္မီးေသြး စတဲ့
ေလာင္စာေတြေလာင္ကၽြမ္းရာကေန ထြက္တဲ့အေငြ႕ေတြထဲမွာ
ပါဝင္ပါတယ္။ ဒါေတြကို ထိေတြ႕ရႈရႈိက္တာ မ်ားလာတဲ့အခါ
ႏွလံုးေဖာက္တာ heart attacks ၊ ေလျဖတ္တာေတြ ျဖစ္ႏိုင္ၿပီး
ေသြးတိုး၊ ပန္းနာရင္ၾကပ္၊ ေလျပြန္က်ဥ္းတာ၊ ေလျပြန္ေရာင္တာနဲ႕
အမ်ိဳးမ်ိဳးေသာ ကင္ဆာေရာဂါေတြနဲ႕ ဆက္စပ္ေနပါတယ္။
.
✿ ႏိုက္ထရိုဂ်င္ ေအာက္ဆိုဒ္
(Nitrogen oxide (NO) and Nitrogen dioxide (NO2)
ဓာတ္ေငြ႕ေတြဟာ မ်ားေသာအားျဖင့္ သယ္ယူပို႕ေဆာင္တဲ့
ယာဥ္ေတြကေန ထြက္ပါတယ္။ ဒါေၾကာင့္ ကားလမ္းတစ္ေလွ်ာက္
ပတ္ဝန္းက်င္ေတြမွာ ပိုမ်ားေနတတ္ပါတယ္။ ဒီဓာတ္ေငြ႕ေတြဟာ
ပန္းနာရင္က်ပ္ကို ပိုးဆိုးရြားေစၿပီး ေလျပြန္ေရာင္ရမ္းတာနဲ႕
ႏွလံုးေရာဂါျဖစ္ဖို႕ ဦးတည္ေစပါတယ္။
.
✿ အိုဇုန္းဓာတ္ေငြ႕ (O3)
အိုဇုန္းဓာတ္ေငြ႕ဟာ ေလထုထဲမွာ အမ်ားႀကီးရွိေနတဲ့အခါ
ခရမ္းလြန္ေရာင္ျခည္ေတြ ကမာၻ႕မ်က္ႏွာျပင္ေပၚကို
မက်ေရာက္ေအာင္ ကာကြယ္ေပးပါတယ္။ ဒါေပမယ့္
ကမာၻ႕မ်က္ႏွာျပင္မွာ ရွိေနတဲ့အခါမွာေတာ့ အဆုတ္နဲ႕
ေလျပြန္လမ္းေၾကာင္းကို သြားဆြတဲ့အရာ ျဖစ္ေနေတာ့တာပဲ။
အိုဇုန္းဓာတ္ေငြ႕က ေက်ာက္ျဖစ္ရုပ္ၾကြင္းေတြ ေလာင္ကၽြမ္းရာက
ထြက္တဲ့ရည္ေငြ႕ပ်ံလြယ္တဲ့ ျဒပ္ေပါင္းေတြ၊ ႏိုက္ထရိုဂ်င္
ေအာက္ဆိုဒ္ေတြ ဓာတ္ျပဳရာက ျဖစ္ေပၚလာတာပါ။ ေခတၱခဏေလး
ထိေတြ႕ရွႈရႈိက္ရံုနဲ႕ ရင္ဘတ္ေအာင့္တာ၊ ေခ်ာင္းဆိုးတာ၊
လည္ေခ်ာင္းကို ဆြသလိုျဖစ္တာ ေတြႀကံဳရပါတယ္။ ေရရွည္မွာေတာ့
အဆုတ္ရဲ႕စြမ္းေဆာင္ႏိုင္စြမ္းေတြက်ဆင္းၿပီး ေလျပြန္လမ္းေၾကာင္း
က်ဥ္းတာ၊ ပိတ္ဆို႕တာေတြ ျဖစ္ႏိုင္ပါတယ္။
.
✿ ဆာလ္ဖာဒိုင္ေအာက္ဆိုဒ္ (SO2)
ဆာလ္ဖာဒိုင္ေအာက္ဆိုဒ္ဟာ ဆာလ္ဖာပါတဲ့ေက်ာက္ျဖစ္ရုပ္ၾကြင္း
ေတြ ေလာင္ကၽြမ္းတဲ့အခါ ျဖစ္ေပၚလာတာပါ။ ေက်ာက္မီးေသြး၊
သတၱဳထုတ္လုပ္ေရး၊ သေဘၤာအင္ဂ်င္ေတြနဲ႕ ဆာလ္ဖာပါဝင္တဲ့
ေလာင္စာေတြ ေလာင္ကၽြမ္းတဲ့အခါ ေလထုထဲကို ဒီဓာတ္ေငြ႕
ေရာက္လာပါတယ္။ ဆာလ္ဖာဒိုင္ေအာက္ဆိုဒ္ေၾကာင့္ မ်က္စိစပ္တာ၊
ယားတာ၊ ပန္းနာရင္က်ပ္ပိုဆိုးတာ၊ အဆုတ္နဲ႕ အသက္ရွဴလမ္းေၾကာင္း
ေရာဂါပိုးဝင္လြယ္တာ၊ ႏွလံုးေသြးေၾကာေတြအေပၚ သက္ေရာက္မႈ
ရွိတာေတြ ျဖစ္ေစပါတယ္။ ဒီဓာတ္ေငြ႕ဟာ ေရနဲ႕ေပါင္းမိတဲ့အခါ
အက္စစ္မိုးေတြျဖစ္လာၿပီး ေတာျပဳန္းတာ၊ သက္ရွိေတြ
ေသေၾကပ်က္စီးတာေတြ ျဖစ္လာပါေတာ့တယ္။
.
အမိႈက္ပံုႀကီးမီးေလာင္တဲ့အခါ အနီးဝန္းက်င္ကလူေတြ၊
မီးသတ္တပ္ဖြဲ႕ဝင္ေတြ ဘာေတြျဖစ္လာႏိုင္လဲ။
အမိႈက္ပံုႀကီးမီးေလာင္တဲ့အခါမွာေတာ့ ရာဘာ၊ ပလက္စတစ္၊
စြန္႕ပစ္ပစၥည္းေပါင္းေသာင္းေျပာင္းေရာေနမွာမို႕ ဒီဓာတ္ေငြ႕ေတြ
အားလံုး အျပင္ ကာဗြန္မိုႏိုေအာက္ဆိုဒ္၊ ဆာရာႏိုက္ စတာေတြပါ
ပါကို ပါေနမွာေသခ်ာပါတယ္။ ဒီေတာ့ ပိုၿပီးေၾကာက္ဖို႕ေကာင္းတယ္
ဆုိရမွာေပါ့။ အတိအက်ေျပာရရင္ အဆိပ္ရွိတဲ့ ဓာတုဓာတ္ေတြဟာ
အမ်ိဳးေပါင္း ၁၈၇ မ်ိဳးေလာက္ ေလထုထဲမွာ ျပန္႕ေနတယ္လို႔ ဆိုပါတယ္။
ဒါေတြအားလံုးဟာ က်မတို႕ေတြ သတိမျပဳမိေပမယ့္ က်မတို႕
က်န္းမားေရးကို တေျမ႕ေျမ႕တိုက္စားၿပီး သက္တမ္းတိုေစတဲ့
တိတ္တဆိတ္ လူသတ္သမား၊ ေလထုထဲက လူသတ္သမားေတြပါပဲ။
ဒီဓာတုဓာတ္ေတြဟာ အသက္ရွဴလမ္းေၾကာင္းနဲ႕ အဆုတ္ကို
ထိခိုက္ေစတာမို႕ ဖူးေရာင္လာၿပီး လမ္းေၾကာင္းပိတ္ဆို႕ေစပါတယ္။
ၿပီးေတာ့ ေသြးထဲကို ေအာက္ဆီဂ်င္ မေရာက္ရွိေအာင္လည္း ပိတ္
ထားပါတယ္။ ဒါေၾကာင့္ အသက္ရွဴတဲ့လုပ္္ငန္းစဥ္ (စြမ္းအင္ထုတ္တဲ့
လုပ္ငန္းစဥ္ေတြ) မလုပ္ႏိုင္ေတာ့ပါဘူး။
.
ေၾကာက္ရတာကေတာ့
✿ Carbomonoxide Poisoning အဆိပ္သင့္တာပါပဲ။
ေခါင္းမူး၊ ေခါင္းကိုက္တာ၊ ပ်ိဳ႕အန္တာ၊ တုပ္ေကြးဖ်ားနာလို
ကိုယ္လက္ကိုက္ခဲၿပီး ႏံႈးခ်ိေနတာ၊ ေမာပန္းလြယ္တ၊
စိတ္ရႈပ္ေထြးေနာက္က်ိၿပီး စိတ္က်လာတာ၊ ကေယာင္ကတမ္းေတြ
ျဖစ္တာ၊ ခက္ထန္လာတာ၊ ငိုက္မ်ဥ္းလာတာ၊ ဗိုက္ေအာင့္တာ၊
မူးလဲတာ၊ တက္တာ၊ အျမင္အာရံုေျပာင္းလဲလာတာ၊ မွတ္ဥာဏ္ေတြ
ထိခိုက္လာတာ၊ လမ္းေလွ်ာက္ရ ခက္ခဲလာတာ ေတြ၊ အသားအေရ
ခ်ယ္ရီပန္းေသြးေရာင္ ေျပာင္းလာေတြဟာ Carbomonoxide ဆိပ္
သင့္တဲ့ လကၡဏာေတြပါပဲ။
.
စက္မႈလုပ္ငန္းက အလုပ္သမားေတြ၊ ထရပ္ကားေနာက္ခန္းမွာ
အလံုပိတ္စီးတတ္တဲ့သူေတြနဲ႕ မီးေလာင္ျပင္တဝိုက္ ေနထိုင္လုပ္ကိုင္
ေနတဲ့သူေတြ၊ မီးဖိုေတြ၊ ဂ်န္နေရတာေတြနဲ႕ နီးနီးကပ္ကပ္ လုပ္ကိုင္
ေနရသူေတြမွာ ပိုႀကံဳေတြ႕ရပါတယ္။ ဒီအဆိပ္ဟာ ေရရွည္ထိေတြ႕
ေနရသူေတြကို က်န္းမာေရးတျဖည္းျဖည္း ထိခိုက္ၿပီးမွ
အသက္အႏၱရာယ္ကို ထိခိုက္ေစတာမ်ိဳးပါ။
.
Carbomonoxide ဆိပ္သင့္ၿပီဆိုရင္ ဒီမီးခိုးေငြ႕ေတြနဲ႕ ေဝးရာ
ကင္းလြတ္ရာကို အရင္ေရြ႕ပါ။ ကိုယ့္နည္း ကိုယ့္ဟန္ အိမ္တြင္း
ကုထံုးေတြနဲ႕ ကုလို႕မရတဲ့အတြက္ ေဆးရံုကို အျမန္ဆံုးပို႕ဖို႕
အေရးႀကီးပါတယ္။ ေရရွည္မွာ ဦးေႏွာက္ကို ထိခိုက္ၿပီး
အသက္ေသဆံုးေစပါတယ္။ ေအာက္ဆီဂ်င္ အမ်ားႀကီးေပးတာ၊
အသက္ကယ္အိတ္ေတြ အသံုးျပဳၿပီး အသက္ရွဴေစတာေတြ
လုပ္ေပးရမွာမို႕ မီးေလာင္ျပင္အနီးမွာ ဒါေတြ စီစဥ္ေပးထားရင္
ပိုေကာင္းပါမယ္။ လိုအပ္ရင္လိုအပ္သလို ေအာက္ဆီဂ်င္မ်ားမ်ား
ေပးလို႕ရေအာင္ hyperbaric pressure chamber ေတြ သံုးသင့္ရင္
သံုးရပါမယ္။ တာဝန္ရွိသူေတြကလည္း ဒီအဆိပ္ဓာတ္ေငြ႕လာတဲ့
အရင္းျမစ္ကုိ အျမန္ဆံုးဖယ္ရွားပစ္ႏိုင္ဖို႕ကလည္း အေရးႀကီးတာေပါ့။
.
✿ စိုးရိမ္ရတဲ့အေျခေနက ??
ကိုယ့္ရဲ႕ အသံေတြေျပာင္းလာမယ္၊ အသက္ရွဴရခက္ခဲလာမယ္၊
ေခ်ာင္းဆိုးတာကလည္း မရပ္ေတာ့ဘူး၊ မူးလဲတာ၊ တက္တာ၊
အာရံုေနာက္က်ိလာတာေတြ ျဖစ္ၿပီဆိုရင္ ေဆးရံု၊ ေဆးခန္း
သြားကို သြားရပါမယ္။
.
မီးေလာင္တဲ့အရင္းျမစ္က ႀကီးရင္ႀကီးသေလာက္၊ ထိေတြ႕ခ်ိန္
ၾကာရင္ ၾကာသေလာက္ လကၡဏာေတြ ျဖစ္ေပၚခံစားရပါတယ္။
- အပူဒဏ္ေၾကာင့္ အသက္ရွဴလမ္းေၾကာင္း ထိခိုက္တာ၊
လည္ေခ်ာင္းနာတာ၊ အသံၾသတာ၊ အသက္ရွဴရင္ တရႊီရႊီျမည္တာနဲ႕
အပူေလာင္တာ၊ မီးဟပ္တဲ့ဒဏ္ရာေတြ ခံစားရႏိုင္ပါတယ္။
- ေရွ႕မွာေရးခဲ့တဲ့အတိုင္း (ေလျပြန္က်ဥ္းတာေၾကာင့္) ေခ်ာင္းဆိုးတာ၊
အသက္ရွဴက်ပ္တာ၊ အခြ်ဲေတြထြက္တာ၊ ရင္ဘတ္ေအာင့္တာ၊
ပန္းနာရင္ၾကပ္ထတာ
- ေခါင္းကိုက္တာ၊ ဗိုက္ေအာင့္တာ၊ ပ်ိဳ႕တာ
- မ်က္စိစပ္တာ၊ အျမင္အာရံု(မ်က္ၾကည္လႊာ) ထိခိုက္ ေဝဝါးတာ
- မူးလဲတာ
- မီးခိုးၾကပ္ခိုးေငြ႕ေတြက လည္ေခ်ာင္းနဲ႕
အသက္ရွဴလမ္းေၾကာင္းမွာ စုေဝးတာေတြ ႀကံဳရႏိုင္ပါတယ္။
.
ေရာဂါျဖစ္တဲ့အေျခေနမ်ိဳးဆိုရင္ေတာ့ ဒါကို ေသခ်ာေအာင္
စစ္ေဆးမႈေတြ လုပ္ရပါမယ္။ ရင္ဘတ္ဓာတ္မွန္ရိုက္တာ၊
ေသြးစစ္တာ၊ မွန္ေျပာင္းၾကည့္တာ၊ အဆုတ္စြမ္းရည္စစ္တာ
စသျဖင့္ေပါ့ေလ။
.
ၿပီးရင္ ကုသမႈအပိုင္းမွာက ရွဴရွိက္မိတဲ့ ဓာတ္ေငြ႔အေပၚမူတည္ၿပီး
ေျဖေဆးတစ္ခုခုေပးမယ္၊ ေလျပြန္ျပန္က်ယ္လာေအာင္ albuterol လို
ေဆးေတြ ေပးရွဴမယ္၊ အသက္ရွဴက်ပ္ေနတာေတြ သက္သာေအာင္
စတီးရိြက္ေဆးေတြေပးမယ္။ ေရာဂါပိုးဝင္တာမ်ိဳးေတြ အထိ ျဖစ္လာ
ရင္ေတာ့ ပိုးသက္ေဆးေတြေပးမယ္။ ဖ်ားနာတာ၊ ေရာင္ရမ္းတာ၊
နာက်င္တာေတြအတြက္ အကိုက္ခဲေပ်ာက္ေဆးေတြ ေပးမယ္။
ဒီနည္းေတြနဲ႕ ျပန္လည္ ကုသမႈေပးႏိုင္ပါတယ္။
.
မီးခိုးေငြ႕ေတြ မရွဴရွိက္မေအာင္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႕
ကိုယ့္အိမ္တြင္း၊ ရံုးတြင္းမွာ ေလဝင္ေလထြက္ေကာင္းေအာင္ ထားပါ။
ပန္ကာ၊ အဲကြန္း၊ အိတ္ေဇာဖန္ စတာေတြ ဖြင့္ထားပါ။ လိုအပ္ရင္
mask ေတြသံုးပါ။ အနီးဝန္းက်င္မွာ သစ္ပင္၊ ပန္းပင္ေတြရွိရင္
ပိုေကာင္းပါတယ္။ အပူဒဏ္ကို ခံႏိုင္ေစဖို႕ ေရဓာတ္ျပည့္ေအာင္
စားေသာက္ေနထိုင္ပါ။ ေရမ်ားမ်ားေသာက္တာ၊ အရည္ရႊမ္းတဲ့
သစ္သီးေတြစားတာ၊ အရိပ္ထဲမွာ ေနတာ၊ မလိုအပ္ဘဲ အျပင္
သိပ္မထြက္တာ၊ အပူဒဏ္ကာဖို႕ ေနေရာင္ကာခရမ္သံုးတာ၊
အစိုဓာတ္ထိန္း ခရမ္လိမ္းတာေတြ လုပ္ပါ။
.
ႀကိဳတင္ကာကြယ္ေရးလမ္းစဥ္ထဲမွာ ေလထုညစ္ညမ္းပ်က္စီးတာကို
Energy Saving နည္းနဲ႔ လူတစ္ေယာက္ခ်င္းစီ ကစလို႔ တစ္ကမာၻလံုး
အေနထားထိ ေလ်ာ့ခ်ဖို ့လည္းပါ ပါတယ္။ ဥပမာ ေမာ္ေတာ္ယာဥ္ေတြ
အမ်ားႀကီးနဲ႕ သြားမယ့္ အစား စုေပါင္းဖယ္ရီစီးတာမ်ိဳး၊ ဘတ္စ္ကားနဲ႕
သြားတာမ်ိဳး၊ လမ္းေလွ်ာက္သြားလို႕ရတဲ့ ခရီးကို ကားအသံုးမျပဳ ဘဲ
သြားတာမ်ိဳး၊ ထင္း၊ မီးေသြးအစား လွ်ပ္စစ္မီးဖို၊ ဂတ္စ္မီးဖို သံုးတာမ်ိဳး၊
ကားအင္ဂ်င္ေတြကို သန္႕ေနေအာင္ အၿမဲစစ္ေဆးထိန္းသိမ္းထားတာမ်ိဳး
(ကာဗြန္လႊတ္ထုတ္ႏႈန္းကို ေလ်ာ့နည္းေစ) ေတြလုပ္ဖို႕ တိုက္တြန္း
ထားပါတယ္။ သစ္ပင္ေတြဟာ အဆိပ္ရွိတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္
ဓာတ္ေငြ ့ေတြကို စုပ္ယူေပးတာေၾကာင့္ သစ္ေတာ သစ္ပင္ေတြ
ထိန္းသိမ္းစိုက္ပ်ိဳးပါ။ မိမိေနအိမ္ေတြကို ေလဝင္ေလထြက္
ေကာင္းေအာင္ စီမံပါ။
.
ေနာင္ကို အလားတူျဖစ္ရပ္ေတြ ေလ်ာ့ခ်ႏိုင္ဖို ့ ပတ္ဝန္းက်င္ကို
ခ်စ္ျမတ္ႏိုးကာကြယ္စိတ္ေလးကို ေမြးျမဴၿပီး အေကာင္ထည္ေဖာ္
ဖို ့လည္း အေရးႀကီးတယ္ဆိုတာေလးပါ ထပ္ေလာင္းေျပာပါရေစ။
.
.ေဒါက္တာစိမ့္ (For Your Health For Your Beauty)
---- (အကုန္သိ သတင္းဌာန) -----
💛 For Your Health For Your Beauty By Dr.SEiNT
source:akonthi
==============================
လေထုထဲက တိတ်တဆိတ်လူသတ်သမား
--------------------------------------------------
လေထုညစ်ညမ်းတာဟာ ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးမှုတွေထဲမှာမှ
အထင်ရှားအသိသာဆုံးနဲ့ အန္တရာယ်အများဆုံးလို့ ဆိုပါတယ်။
နဂိုကတည်းက လေထုဟာ ညစ်ညမ်းနေပြီးသားဆိုပေမယ့် ဒီတစ်ခါမှာ
တော့ မီးခိုးငွေ့တွေကြောင့် ပိုပြီးသိသာ မြင်သာလာတယ် ဆိုရပါမယ်။
.
လေထုညစ်ညမ်းတယ်ဆိုရာမှာ နှစ်ပိုင်းရှိပါတယ်။ အိမ်တွင်းလေထု
ညစ်ညမ်းတာ (Indoor Air Pollution) နဲ့ ပြင်ပလေထု ညစ်ညမ်းတာ
(Outdoor Air Pollution) ဆိုပြီး ခွဲပြောရပါတယ်။
အိမ်တွင်းလေထု ညစ်ညမ်းရတဲ့အကြောင်းရင်းတွေကတော့
ထင်း၊ မီးသွေး၊ စိုက်ပျိုးရေးသုံး မြေသြဇာ အကြွင်းအကျန် အစရှိတဲ့
လောင်စာတွေနဲ့ ချက်ပြုတ်တာ၊ ခြင်ဆေးထွန်းတာ၊ ဆေးဖြန်း
ဆေးမှုတ်တာ၊ ဆေးလိပ်သောက်တာ၊ လူဦးရေထူထပ်သိပ်သည်းတာ၊
လေဝင်လေထွက်မရှိတာ၊ လေကောင်းလေသန့်မရတာ၊ အိမ်ပတ်ဝန်း
ကျင်မှာ အမှိုက်သရိုက်တွေနဲ့ သန့်ရှင်းမှုမရှိတာတွေကြောင့် ဖြစ်ပါတယ်။
.
ဒီလို အိမ်တွင်းလေထုညစ်ညမ်းတာကြောင့် ၅ နှစ်အောက်ကလေး
ငယ်တွေမှာ အဆုတ်နဲ့ လေပြွန်လမ်းကြောင်း ရောဂါတွေဝင်တာတွေ
အများကြီးဖြစ်လာနိုင်သလို လူကြီးတွေမှာလည်း အဆုတ်လေပြွန်
ကျဉ်းတာ၊ အဆုတ်ကင်ဆာ စတာတွေ ဖြစ်လာနိုင်ပါတယ်။
၂၀၁၂ ခုနှစ်မှာ အိမ်တွင်းလေထုညစ်ညမ်းတာတွေကြောင့်
ကမ္ဘာတစ်ဝန်းမှာ လူဦးရေ လေးဒဿမသုံးသန်း သေဆုံးခဲ့ရပါတယ်။
အဲဒီထဲမှာမှ ငါးသိန်းကျော် ပါဝင်နေပါတယ်။ ဒါကြောင့် အိမ်တွင်း
လေထုညစ်ညမ်းမှုကို လျစ်လျူပြုထားလို့မရတော့ပါဘူး။
ကလေးငယ်တွေရဲ့ သက်တမ်းကို ရန်မူနေတဲ့ အကြီးမားဆုံးရန်သူ
တွေထဲမှာပါ ပါတယ်။
.
အထူးသဖြင့် အလယ်လတ်တန်းစားနဲ့ ဆင်းရဲတဲ့နိုင်ငံလေးတွေမှာ
ပိုတွေ့ကြုံရတယ်။ လေဝင်လေထွက်မကောင်းတဲ့ အိမ်တွေမှာဆိုရင်
လေထုထဲမှာရှိတဲ့ အမှုန်အမွှားလေးတွေဟာ လက်ခံနိုင်တဲ့ပမာဏထက်
အဆတစ်ရာ ပိုများနေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ အိမ်မှာ
အနေများတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ လူကြီးသူမတွေက
ဒီဆိုးကျိုးကို ပိုခံရလေ့ရှိပါတယ်။
.
ပြင်ပလေထုညစ်ညမ်းတာကလည်း တဖြည်းဖြည်းကြီးမားလာတဲ့
ပြဿနာတစ်ခုပါပဲ။ ချက်ပြုတ်တဲ့မီးခိုးတွေအပြင် စက်ရုံအလုပ်ရုံတွေ
ကထွက်တဲ့ ဓာတုပစ္စည်းတွေပါတဲ့ ဓာတ်ငွေ့တွေ၊ ပလက်စတစ်တွေကို
လောင်ကျွမ်းရာကထွက်လာတဲ့ မီးခိုးငွေ့တွေ၊ တောမီးလောင်ရာက
ထွက်တဲ့ မီးခိုးတွေ၊ ကား အစရှိတဲ့ ယာဉ်အမျိုးမျိုးကထွက်တဲ့
ဓာတ်ငွေ့တွေ စတာတွေဟာ ခေတ်စနစ်ရဲ့တိုးတက်မှုပြယုဂ်ဖြစ်သလို
လူ့သက်တမ်းနဲ့ မြေကမ္ဘာကိုခြိမ်းခြောက်နေတဲ့ အကြောင်းရင်းလည်း
ဖြစ်နေပါတယ်။
.
ဒီအငွေ့တွေထဲမှာ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေလည်း
ပါဝင်နေပြီး ကမ္ဘာကြီးကိုပူနွေးစေတဲ့ Global Warming Effect ကို
ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အက်စစ်မိုးတွေ ရွာသွန်းတာ၊
အပူချိန်မြင့်တာ၊ မိုးခေါင်ရေရှားတာနဲ့ မိုးမမှန်တာတွေ ဖြစ်လာပြီး
သက်ရှိတွေရှင်သန်ရပ်တည်ဖို့ ခက်ခဲလာစေပါတယ်။ ပြီးတော့
အိုဇုန်းလွှာကို ပေါက်စေတာကြောင့် နေရောင်ခြည်မှာပါဝင်တဲ့
ခရမ်းလွန်ရောင်ခြည်တွေကို စစ်မယူထားနိုင်တဲ့အတွက်
အရေပြားကင်ဆာတွေ ပိုဖြစ်စေပါတယ်။
.
လေထုပျက်စီးတာကြောင့် ကမ္ဘာမှာ နှစ်စဉ် ၆ ဒဿမ ၄ သန်း
သေဆုံးနေပါတယ်။ လူကိုးယောက်မှာ တစ်ယောက်နှုန်းပေါ့။
အေအိုင်ဒီအက်စ်၊ ငှက်ဖျား၊ တီဘီရောဂါတွေကြောင့် သေဆုံးသူ
အားလုံးပေါင်းရဲ့ သုံးဆရှိပါတယ်။ နှလုံးရောဂါ၊ အဆုတ်နဲ့
လေပြွန်ရောဂါ၊ ဆီးချိုရောဂါ ရှိတဲ့သူတွေ၊ ကလေးငယ်တွေ၊
လူကြီးသူမတွေဟာ ပိုပြီးထိခိုက်လွယ်တဲ့ အုပ်စုထဲမှာပါပါတယ်။
နှလုံးသွေးကြောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်နဲ့လေပြွန်
ရောဂါ၊ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ အိုင်ကျူ
နိမ့်တာ၊ အော်တစ်ဇင်၊ ဆီးချို စတဲ့ရောဂါတွေ နဲ့ ပေါင်မပြည့်
လမစေ့တဲ့ကလေးမွေဖွားဖို့ ဖြစ်နိုင်ခြေနဲ့ အများကြီးဆက်စပ်မှု
ရှိနေတယ်လို့လည်း ဆိုပါတယ်။
.
အဓိကအားဖြင့် လေထုထဲမှာ ဘလက်ကာဗွန်ဓာတ်တွေ၊
နိုက်ထရိုဂျင်၊ အိုဇုန်းဓာတ်ငွေ့နဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်
ဓာတ်ငွေ့တွေ များပြားနေတာပါ။
.
✿ ဘလက်ကာဗွန်ဓာတ် (Black carbon)
ဘလက်ကာဗွန်ဟာ ဒီဇယ်၊ ထင်း၊ ကျောက်မီးသွေး စတဲ့
လောင်စာတွေလောင်ကျွမ်းရာကနေ ထွက်တဲ့အငွေ့တွေထဲမှာ
ပါဝင်ပါတယ်။ ဒါတွေကို ထိတွေ့ရှုရှိုက်တာ များလာတဲ့အခါ
နှလုံးဖောက်တာ heart attacks ၊ လေဖြတ်တာတွေ ဖြစ်နိုင်ပြီး
သွေးတိုး၊ ပန်းနာရင်ကြပ်၊ လေပြွန်ကျဉ်းတာ၊ လေပြွန်ရောင်တာနဲ့
အမျိုးမျိုးသော ကင်ဆာရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။
.
✿ နိုက်ထရိုဂျင် အောက်ဆိုဒ်
(Nitrogen oxide (NO) and Nitrogen dioxide (NO2)
ဓာတ်ငွေ့တွေဟာ များသောအားဖြင့် သယ်ယူပို့ဆောင်တဲ့
ယာဉ်တွေကနေ ထွက်ပါတယ်။ ဒါကြောင့် ကားလမ်းတစ်လျှောက်
ပတ်ဝန်းကျင်တွေမှာ ပိုများနေတတ်ပါတယ်။ ဒီဓာတ်ငွေ့တွေဟာ
ပန်းနာရင်ကျပ်ကို ပိုးဆိုးရွားစေပြီး လေပြွန်ရောင်ရမ်းတာနဲ့
နှလုံးရောဂါဖြစ်ဖို့ ဦးတည်စေပါတယ်။
.
✿ အိုဇုန်းဓာတ်ငွေ့ (O3)
အိုဇုန်းဓာတ်ငွေ့ဟာ လေထုထဲမှာ အများကြီးရှိနေတဲ့အခါ
ခရမ်းလွန်ရောင်ခြည်တွေ ကမ္ဘာ့မျက်နှာပြင်ပေါ်ကို
မကျရောက်အောင် ကာကွယ်ပေးပါတယ်။ ဒါပေမယ့်
ကမ္ဘာ့မျက်နှာပြင်မှာ ရှိနေတဲ့အခါမှာတော့ အဆုတ်နဲ့
လေပြွန်လမ်းကြောင်းကို သွားဆွတဲ့အရာ ဖြစ်နေတော့တာပဲ။
အိုဇုန်းဓာတ်ငွေ့က ကျောက်ဖြစ်ရုပ်ကြွင်းတွေ လောင်ကျွမ်းရာက
ထွက်တဲ့ရည်ငွေ့ပျံလွယ်တဲ့ ဒြပ်ပေါင်းတွေ၊ နိုက်ထရိုဂျင်
အောက်ဆိုဒ်တွေ ဓာတ်ပြုရာက ဖြစ်ပေါ်လာတာပါ။ ခေတ္တခဏလေး
ထိတွေ့ရှှုရှိုက်ရုံနဲ့ ရင်ဘတ်အောင့်တာ၊ ချောင်းဆိုးတာ၊
လည်ချောင်းကို ဆွသလိုဖြစ်တာ တွေကြုံရပါတယ်။ ရေရှည်မှာတော့
အဆုတ်ရဲ့စွမ်းဆောင်နိုင်စွမ်းတွေကျဆင်းပြီး လေပြွန်လမ်းကြောင်း
ကျဉ်းတာ၊ ပိတ်ဆို့တာတွေ ဖြစ်နိုင်ပါတယ်။
.
✿ ဆာလ်ဖာဒိုင်အောက်ဆိုဒ် (SO2)
ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဟာ ဆာလ်ဖာပါတဲ့ကျောက်ဖြစ်ရုပ်ကြွင်း
တွေ လောင်ကျွမ်းတဲ့အခါ ဖြစ်ပေါ်လာတာပါ။ ကျောက်မီးသွေး၊
သတ္တုထုတ်လုပ်ရေး၊ သင်္ဘောအင်ဂျင်တွေနဲ့ ဆာလ်ဖာပါဝင်တဲ့
လောင်စာတွေ လောင်ကျွမ်းတဲ့အခါ လေထုထဲကို ဒီဓာတ်ငွေ့
ရောက်လာပါတယ်။ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ကြောင့် မျက်စိစပ်တာ၊
ယားတာ၊ ပန်းနာရင်ကျပ်ပိုဆိုးတာ၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း
ရောဂါပိုးဝင်လွယ်တာ၊ နှလုံးသွေးကြောတွေအပေါ် သက်ရောက်မှု
ရှိတာတွေ ဖြစ်စေပါတယ်။ ဒီဓာတ်ငွေ့ဟာ ရေနဲ့ပေါင်းမိတဲ့အခါ
အက်စစ်မိုးတွေဖြစ်လာပြီး တောပြုန်းတာ၊ သက်ရှိတွေ
သေကြေပျက်စီးတာတွေ ဖြစ်လာပါတော့တယ်။
.
အမှိုက်ပုံကြီးမီးလောင်တဲ့အခါ အနီးဝန်းကျင်ကလူတွေ၊
မီးသတ်တပ်ဖွဲ့ဝင်တွေ ဘာတွေဖြစ်လာနိုင်လဲ။
အမှိုက်ပုံကြီးမီးလောင်တဲ့အခါမှာတော့ ရာဘာ၊ ပလက်စတစ်၊
စွန့်ပစ်ပစ္စည်းပေါင်းသောင်းပြောင်းရောနေမှာမို့ ဒီဓာတ်ငွေ့တွေ
အားလုံး အပြင် ကာဗွန်မိုနိုအောက်ဆိုဒ်၊ ဆာရာနိုက် စတာတွေပါ
ပါကို ပါနေမှာသေချာပါတယ်။ ဒီတော့ ပိုပြီးကြောက်ဖို့ကောင်းတယ်
ဆိုရမှာပေါ့။ အတိအကျပြောရရင် အဆိပ်ရှိတဲ့ ဓာတုဓာတ်တွေဟာ
အမျိုးပေါင်း ၁၈၇ မျိုးလောက် လေထုထဲမှာ ပြန့်နေတယ်လို့ ဆိုပါတယ်။
ဒါတွေအားလုံးဟာ ကျမတို့တွေ သတိမပြုမိပေမယ့် ကျမတို့
ကျန်းမားရေးကို တမြေ့မြေ့တိုက်စားပြီး သက်တမ်းတိုစေတဲ့
တိတ်တဆိတ် လူသတ်သမား၊ လေထုထဲက လူသတ်သမားတွေပါပဲ။
ဒီဓာတုဓာတ်တွေဟာ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ကို
ထိခိုက်စေတာမို့ ဖူးရောင်လာပြီး လမ်းကြောင်းပိတ်ဆို့စေပါတယ်။
ပြီးတော့ သွေးထဲကို အောက်ဆီဂျင် မရောက်ရှိအောင်လည်း ပိတ်
ထားပါတယ်။ ဒါကြောင့် အသက်ရှူတဲ့လုပ်ငန်းစဉ် (စွမ်းအင်ထုတ်တဲ့
လုပ်ငန်းစဉ်တွေ) မလုပ်နိုင်တော့ပါဘူး။
.
ကြောက်ရတာကတော့
✿ Carbomonoxide Poisoning အဆိပ်သင့်တာပါပဲ။
ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ တုပ်ကွေးဖျားနာလို
ကိုယ်လက်ကိုက်ခဲပြီး နှုံးချိနေတာ၊ မောပန်းလွယ်တ၊
စိတ်ရှုပ်ထွေးနောက်ကျိပြီး စိတ်ကျလာတာ၊ ကယောင်ကတမ်းတွေ
ဖြစ်တာ၊ ခက်ထန်လာတာ၊ ငိုက်မျဉ်းလာတာ၊ ဗိုက်အောင့်တာ၊
မူးလဲတာ၊ တက်တာ၊ အမြင်အာရုံပြောင်းလဲလာတာ၊ မှတ်ဉာဏ်တွေ
ထိခိုက်လာတာ၊ လမ်းလျှောက်ရ ခက်ခဲလာတာ တွေ၊ အသားအရေ
ချယ်ရီပန်းသွေးရောင် ပြောင်းလာတွေဟာ Carbomonoxide ဆိပ်
သင့်တဲ့ လက္ခဏာတွေပါပဲ။
.
စက်မှုလုပ်ငန်းက အလုပ်သမားတွေ၊ ထရပ်ကားနောက်ခန်းမှာ
အလုံပိတ်စီးတတ်တဲ့သူတွေနဲ့ မီးလောင်ပြင်တဝိုက် နေထိုင်လုပ်ကိုင်
နေတဲ့သူတွေ၊ မီးဖိုတွေ၊ ဂျန်နရေတာတွေနဲ့ နီးနီးကပ်ကပ် လုပ်ကိုင်
နေရသူတွေမှာ ပိုကြုံတွေ့ရပါတယ်။ ဒီအဆိပ်ဟာ ရေရှည်ထိတွေ့
နေရသူတွေကို ကျန်းမာရေးတဖြည်းဖြည်း ထိခိုက်ပြီးမှ
အသက်အန္တရာယ်ကို ထိခိုက်စေတာမျိုးပါ။
.
Carbomonoxide ဆိပ်သင့်ပြီဆိုရင် ဒီမီးခိုးငွေ့တွေနဲ့ ဝေးရာ
ကင်းလွတ်ရာကို အရင်ရွေ့ပါ။ ကိုယ့်နည်း ကိုယ့်ဟန် အိမ်တွင်း
ကုထုံးတွေနဲ့ ကုလို့မရတဲ့အတွက် ဆေးရုံကို အမြန်ဆုံးပို့ဖို့
အရေးကြီးပါတယ်။ ရေရှည်မှာ ဦးနှောက်ကို ထိခိုက်ပြီး
အသက်သေဆုံးစေပါတယ်။ အောက်ဆီဂျင် အများကြီးပေးတာ၊
အသက်ကယ်အိတ်တွေ အသုံးပြုပြီး အသက်ရှူစေတာတွေ
လုပ်ပေးရမှာမို့ မီးလောင်ပြင်အနီးမှာ ဒါတွေ စီစဉ်ပေးထားရင်
ပိုကောင်းပါမယ်။ လိုအပ်ရင်လိုအပ်သလို အောက်ဆီဂျင်များများ
ပေးလို့ရအောင် hyperbaric pressure chamber တွေ သုံးသင့်ရင်
သုံးရပါမယ်။ တာဝန်ရှိသူတွေကလည်း ဒီအဆိပ်ဓာတ်ငွေ့လာတဲ့
အရင်းမြစ်ကို အမြန်ဆုံးဖယ်ရှားပစ်နိုင်ဖို့ကလည်း အရေးကြီးတာပေါ့။
.
✿ စိုးရိမ်ရတဲ့အခြေနေက ??
ကိုယ့်ရဲ့ အသံတွေပြောင်းလာမယ်၊ အသက်ရှူရခက်ခဲလာမယ်၊
ချောင်းဆိုးတာကလည်း မရပ်တော့ဘူး၊ မူးလဲတာ၊ တက်တာ၊
အာရုံနောက်ကျိလာတာတွေ ဖြစ်ပြီဆိုရင် ဆေးရုံ၊ ဆေးခန်း
သွားကို သွားရပါမယ်။
.
မီးလောင်တဲ့အရင်းမြစ်က ကြီးရင်ကြီးသလောက်၊ ထိတွေ့ချိန်
ကြာရင် ကြာသလောက် လက္ခဏာတွေ ဖြစ်ပေါ်ခံစားရပါတယ်။
- အပူဒဏ်ကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက်တာ၊
လည်ချောင်းနာတာ၊ အသံသြတာ၊ အသက်ရှူရင် တရွှီရွှီမြည်တာနဲ့
အပူလောင်တာ၊ မီးဟပ်တဲ့ဒဏ်ရာတွေ ခံစားရနိုင်ပါတယ်။
- ရှေ့မှာရေးခဲ့တဲ့အတိုင်း (လေပြွန်ကျဉ်းတာကြောင့်) ချောင်းဆိုးတာ၊
အသက်ရှူကျပ်တာ၊ အချွဲတွေထွက်တာ၊ ရင်ဘတ်အောင့်တာ၊
ပန်းနာရင်ကြပ်ထတာ
- ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ပျို့တာ
- မျက်စိစပ်တာ၊ အမြင်အာရုံ(မျက်ကြည်လွှာ) ထိခိုက် ဝေဝါးတာ
- မူးလဲတာ
- မီးခိုးကြပ်ခိုးငွေ့တွေက လည်ချောင်းနဲ့
အသက်ရှူလမ်းကြောင်းမှာ စုဝေးတာတွေ ကြုံရနိုင်ပါတယ်။
.
ရောဂါဖြစ်တဲ့အခြေနေမျိုးဆိုရင်တော့ ဒါကို သေချာအောင်
စစ်ဆေးမှုတွေ လုပ်ရပါမယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်တာ၊
သွေးစစ်တာ၊ မှန်ပြောင်းကြည့်တာ၊ အဆုတ်စွမ်းရည်စစ်တာ
စသဖြင့်ပေါ့လေ။
.
ပြီးရင် ကုသမှုအပိုင်းမှာက ရှူရှိက်မိတဲ့ ဓာတ်ငွေ့အပေါ်မူတည်ပြီး
ဖြေဆေးတစ်ခုခုပေးမယ်၊ လေပြွန်ပြန်ကျယ်လာအောင် albuterol လို
ဆေးတွေ ပေးရှူမယ်၊ အသက်ရှူကျပ်နေတာတွေ သက်သာအောင်
စတီးရွိက်ဆေးတွေပေးမယ်။ ရောဂါပိုးဝင်တာမျိုးတွေ အထိ ဖြစ်လာ
ရင်တော့ ပိုးသက်ဆေးတွေပေးမယ်။ ဖျားနာတာ၊ ရောင်ရမ်းတာ၊
နာကျင်တာတွေအတွက် အကိုက်ခဲပျောက်ဆေးတွေ ပေးမယ်။
ဒီနည်းတွေနဲ့ ပြန်လည် ကုသမှုပေးနိုင်ပါတယ်။
.
မီးခိုးငွေ့တွေ မရှူရှိက်မအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့
ကိုယ့်အိမ်တွင်း၊ ရုံးတွင်းမှာ လေဝင်လေထွက်ကောင်းအောင် ထားပါ။
ပန်ကာ၊ အဲကွန်း၊ အိတ်ဇောဖန် စတာတွေ ဖွင့်ထားပါ။ လိုအပ်ရင်
mask တွေသုံးပါ။ အနီးဝန်းကျင်မှာ သစ်ပင်၊ ပန်းပင်တွေရှိရင်
ပိုကောင်းပါတယ်။ အပူဒဏ်ကို ခံနိုင်စေဖို့ ရေဓာတ်ပြည့်အောင်
စားသောက်နေထိုင်ပါ။ ရေများများသောက်တာ၊ အရည်ရွှမ်းတဲ့
သစ်သီးတွေစားတာ၊ အရိပ်ထဲမှာ နေတာ၊ မလိုအပ်ဘဲ အပြင်
သိပ်မထွက်တာ၊ အပူဒဏ်ကာဖို့ နေရောင်ကာခရမ်သုံးတာ၊
အစိုဓာတ်ထိန်း ခရမ်လိမ်းတာတွေ လုပ်ပါ။
.
ကြိုတင်ကာကွယ်ရေးလမ်းစဉ်ထဲမှာ လေထုညစ်ညမ်းပျက်စီးတာကို
Energy Saving နည်းနဲ့ လူတစ်ယောက်ချင်းစီ ကစလို့ တစ်ကမ္ဘာလုံး
အနေထားထိ လျော့ချဖို့လည်းပါ ပါတယ်။ ဥပမာ မော်တော်ယာဉ်တွေ
အများကြီးနဲ့ သွားမယ့် အစား စုပေါင်းဖယ်ရီစီးတာမျိုး၊ ဘတ်စ်ကားနဲ့
သွားတာမျိုး၊ လမ်းလျှောက်သွားလို့ရတဲ့ ခရီးကို ကားအသုံးမပြု ဘဲ
သွားတာမျိုး၊ ထင်း၊ မီးသွေးအစား လျှပ်စစ်မီးဖို၊ ဂတ်စ်မီးဖို သုံးတာမျိုး၊
ကားအင်ဂျင်တွေကို သန့်နေအောင် အမြဲစစ်ဆေးထိန်းသိမ်းထားတာမျိုး
(ကာဗွန်လွှတ်ထုတ်နှုန်းကို လျော့နည်းစေ) တွေလုပ်ဖို့ တိုက်တွန်း
ထားပါတယ်။ သစ်ပင်တွေဟာ အဆိပ်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်
ဓာတ်ငွေ့တွေကို စုပ်ယူပေးတာကြောင့် သစ်တော သစ်ပင်တွေ
ထိန်းသိမ်းစိုက်ပျိုးပါ။ မိမိနေအိမ်တွေကို လေဝင်လေထွက်
ကောင်းအောင် စီမံပါ။
.
နောင်ကို အလားတူဖြစ်ရပ်တွေ လျော့ချနိုင်ဖို့ ပတ်ဝန်းကျင်ကို
ချစ်မြတ်နိုးကာကွယ်စိတ်လေးကို မွေးမြူပြီး အကောင်ထည်ဖော်
ဖို့လည်း အရေးကြီးတယ်ဆိုတာလေးပါ ထပ်လောင်းပြောပါရစေ။
.
.ဒေါက်တာစိမ့် (For Your Health For Your Beauty)
---- (အကုန်သိ သတင်းဌာန) -----
💛 For Your Health For Your Beauty By Dr.SEiNT
source:akonthi
No comments:
Post a Comment