မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 22, 2020

ရွိသမွ်ေဒတာေတြကို တေနရာတည္းမွာ သိမ္းထားႏုိင္ေတာ့မည္

 ရွိသမွ်ေဒတာေတြကို တေနရာတည္းမွာ

သိမ္းထားနိုင္မယ့္ 128TB ဆံ့ SD ကတ္

---------------------------------------------

❒  မၾကာမီအခ်ိန္အတြင္း SD ကတ္ေသးေသးေလး တခုတည္းမွာပဲ 

သင္ နွစ္ရွည္လမ်ားစုေဆာင္းထားတဲ့ ရုပ္ရွင္ကား၊ သီခ်င္း၊ ဓာတ္ပံုစတဲ့ 

မ်ားျပားလွတဲ့ ေဒတာေတြအားလံုးကို သိမ္းဆည္းထားနိုင္ေတာ့မွာ

ျဖစ္ပါတယ္။ 


မမ္မိုရီကတ္စံနႈန္းေတြကို ေဖာ္ေဆာင္တဲ့ SD Association အဖြဲ့အစည္း

ဟာ SD Card စံနႈန္းအသစ္တခုျဖစ္တဲ့ SD 7.0 Specification အသစ္ကို 

မိတ္ဆက္လိုက္ျပီျဖစ္ပါတယ္။ ယခု Specification အသစ္မွာ SD Express

နဲ့ SD Ultra Capacity (SDUC) ဆိုတဲ့ Feature အသစ္နွစ္မ်ိုးပါဝင္လာျပီ

ျဖစ္ပါတယ္။ SD Express feature ဟာ လက္ရွိ SSD ေတြမွာ အသံုးျပဳ

ေနတဲ့ ျမန္နႈန္းျမင့္ PCIe interface နဲ့ NVMe protocol တို့ကို ထည့္သြင္း

အသံုးျပုသြားမွာျဖစ္ျပီး၊ ေဒတာကူးေျပာင္းမႈျမန္နႈန္း တစကၠန့္ ကို 985MP 

အထိ ရွိမွာျဖစ္ပါတယ္။


ဒီလို အံ့ၾသဖြယ္ရာျမန္နႈန္းေၾကာင့္ SD 7.0 Specification သံုးထားတဲ့ 

SD ကတ္ေတြကို removalbe SSD ေတြပံုစံမ်ိုးပါ အသံုးျပုလာနိုင္မွာပါ။ 

SD 7.0 ရဲ့ ေနာက္ထပ္ Feature တခုျဖစ္တဲ့ SDUC မွာေတာ့ ေဒတာ

သိုေလွာင္နိုင္မႈပမာဏကို အဆေပါင္းမ်ားစြာ ျမွင့္တင္လိုက္ျပီး၊ အမ်ားဆံုး

အေနနဲ့ 128TB အထိ သိုေလွာင္နိုင္မွာျဖစ္ပါတယ္။ 2TB အထိပဲ 

အမ်ားဆံုးသိုေလွာင္နိုင္တဲ့ လက္ရွိ SDXC Card ေတြထက္ Storage 

အမ်ားႀကီးပိုလာတာပါ။ 128TB အထိ မ်ားျပားတဲ့ပမာဏေၾကာင့္ SD 

Express ကတ္တကတ္မွာ Full HD ရုပ္ရွင္ကားေတြခ်ည္း ထည့္သိမ္း 

မယ္ဆိုရင္ေတာင္ ဇာတ္ကားေပါင္း ၂၉,ဝ၀ဝ ေလာက္ဆံ့ျပီး၊ တပုဒ္ကို 

8MB ေလာက္ရွိတဲ့ သီခ်င္းေတြသိမ္းမယ္ဆိုရင္ ပုဒ္ေရ ၁၆ သန္းအထိ 

သိမ္းထားနိုင္မွာျဖစ္ပါတယ္။ ဒီ့အျပင္ Transfer Rate က 985MB/s 

ဆိုေတာ့ ကင္မရာေတြအေနနဲ့ Resolution အျမင့္စား Super-Slow-

motion ဗီဒီယိုေတြကို ရိုက္လာနိုင္မွာျဖစ္ျပီး၊ 8K Video ရိုက္ကူးမႈေတြ၊ 

360-video ရိုက္ကူးမႈေတြမွာလည္း ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို

ရရွိလာမွာပါ။ 

“SD Express” ကတ္လို့ပဲ နာမည္ေပးထားတဲ့ ယခု 

SD ကတ္အသစ္ေတြမွာ Pins ေနာက္တတန္း အသစ္ပါလာေပမယ့္၊ 

Backward Compatibility ျဖစ္တာေၾကာင့္ လက္ရွိေဈးကြက္ထဲမွာ

ရွိျပီးသား SD Hosts (SD Card Reader, Camera) စတဲ့ Device

ေပါင္းသန္းခ်ီမွာလည္း ျပန္လည္အသံုးျပုနိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ 

မိမိလက္ပ္ေတာ့၊ Camera စတဲ့ Device ေတြကလည္း SD Express 

နည္းပညာအသံုးျပုနိုင္မွ တစကၠန့္ 985MB ျမန္နႈန္းရရွိမွာျဖစ္ျပီး၊ 

မဟုတ္ရင္ေတာ့ ပံုမွန္ျမန္နႈန္းျဖစ္တဲ့ 50MB/s ကေန 100MB/s ၾကားပဲ 

သြားပါလိမ့္မယ္။ 


” SD Express ကတ္ေတြဟာ ပိုမိုျမန္ဆန္တဲ့ Protocols ေတြ

အသံုးျပုထားတဲ့ မမ္မိုရီကတ္ေတြျဖစ္ျပီး၊ Removable SSD ေတြအျဖစ္

အသံုးျပုလာနိုင္မွာပါ” “ဆန္းသစ္တီထြင္မႈအေျမာက္အမ်ား အသံုးျပဳ

ထားတဲ့ SD 7.0 အသစ္ဟာ အနာဂတ္မွာထြက္လာမယ့္ Speed နဲ့ 

Capacity အရမ္းလိုအပ္တဲ့ Applications ေတြ၊ Devices အသစ္ေတြရဲ့ 

လိုအပ္ခ်က္ကိုလည္း ျဖည့္ဆည္းေပးနိုင္မွာလည္းျဖစ္ပါတယ္” လို႔

SD Association ရဲ့ ဥကၠဌျဖစ္သူ Hiroyuki Sakamoto က

ေျပာၾကားခဲ့ပါတယ္။ 


source:myanbnews

links -

https://www.anandtech.com/show/13028/sd-association-announces-sd-70-spec-sd-express-interface-up-to-985-mbs

https://www.slashgear.com/new-sd-7-0-specification-ushers-in-128tb-card-capacity-28536126/

=============================


ရှိသမျှဒေတာတွေကို တနေရာတည်းမှာ 

သိမ်းထားနိုင်မယ့် 128TB ဆံ့ SD ကတ်

---------------------------------------------


❒  မကြာမီအချိန်အတွင်း SD ကတ်သေးသေးလေး တခုတည်းမှာပဲ 

သင် နှစ်ရှည်လများစုဆောင်းထားတဲ့ ရုပ်ရှင်ကား၊ သီချင်း၊ ဓာတ်ပုံစတဲ့ 

များပြားလှတဲ့ ဒေတာတွေအားလုံးကို သိမ်းဆည်းထားနိုင်တော့မှာ

ဖြစ်ပါတယ်။ 


မမ်မိုရီကတ်စံနှုန်းတွေကို ဖော်ဆောင်တဲ့ SD Association အဖွဲ့အစည်း

ဟာ SD Card စံနှုန်းအသစ်တခုဖြစ်တဲ့ SD 7.0 Specification အသစ်ကို 

မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ယခု Specification အသစ်မှာ SD Express

နဲ့ SD Ultra Capacity (SDUC) ဆိုတဲ့ Feature အသစ်နှစ်မျိုးပါဝင်လာပြီ

ဖြစ်ပါတယ်။ SD Express feature ဟာ လက်ရှိ SSD တွေမှာ အသုံးပြု

နေတဲ့ မြန်နှုန်းမြင့် PCIe interface နဲ့ NVMe protocol တို့ကို ထည့်သွင်း

အသုံးပြုသွားမှာဖြစ်ပြီး၊ ဒေတာကူးပြောင်းမှုမြန်နှုန်း တစက္ကန့် ကို 985MP 

အထိ ရှိမှာဖြစ်ပါတယ်။


ဒီလို အံ့သြဖွယ်ရာမြန်နှုန်းကြောင့် SD 7.0 Specification သုံးထားတဲ့ 

SD ကတ်တွေကို removalbe SSD တွေပုံစံမျိုးပါ အသုံးပြုလာနိုင်မှာပါ။ 

SD 7.0 ရဲ့ နောက်ထပ် Feature တခုဖြစ်တဲ့ SDUC မှာတော့ ဒေတာ

သိုလှောင်နိုင်မှုပမာဏကို အဆပေါင်းများစွာ မြှင့်တင်လိုက်ပြီး၊ အများဆုံး

အနေနဲ့ 128TB အထိ သိုလှောင်နိုင်မှာဖြစ်ပါတယ်။ 2TB အထိပဲ 

အများဆုံးသိုလှောင်နိုင်တဲ့ လက်ရှိ SDXC Card တွေထက် Storage 

အများကြီးပိုလာတာပါ။ 128TB အထိ များပြားတဲ့ပမာဏကြောင့် SD 

Express ကတ်တကတ်မှာ Full HD ရုပ်ရှင်ကားတွေချည်း ထည့်သိမ်း 

မယ်ဆိုရင်တောင် ဇာတ်ကားပေါင်း ၂၉,ဝဝဝ လောက်ဆံ့ပြီး၊ တပုဒ်ကို 

8MB လောက်ရှိတဲ့ သီချင်းတွေသိမ်းမယ်ဆိုရင် ပုဒ်ရေ ၁၆ သန်းအထိ 

သိမ်းထားနိုင်မှာဖြစ်ပါတယ်။ ဒီ့အပြင် Transfer Rate က 985MB/s 

ဆိုတော့ ကင်မရာတွေအနေနဲ့ Resolution အမြင့်စား Super-Slow-

motion ဗီဒီယိုတွေကို ရိုက်လာနိုင်မှာဖြစ်ပြီး၊ 8K Video ရိုက်ကူးမှုတွေ၊ 

360-video ရိုက်ကူးမှုတွေမှာလည်း ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို

ရရှိလာမှာပါ။ 


“SD Express” ကတ်လို့ပဲ နာမည်ပေးထားတဲ့ ယခု 

SD ကတ်အသစ်တွေမှာ Pins နောက်တတန်း အသစ်ပါလာပေမယ့်၊ 

Backward Compatibility ဖြစ်တာကြောင့် လက်ရှိဈေးကွက်ထဲမှာ

ရှိပြီးသား SD Hosts (SD Card Reader, Camera) စတဲ့ Device

ပေါင်းသန်းချီမှာလည်း ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် 

မိမိလက်ပ်တော့၊ Camera စတဲ့ Device တွေကလည်း SD Express 

နည်းပညာအသုံးပြုနိုင်မှ တစက္ကန့် 985MB မြန်နှုန်းရရှိမှာဖြစ်ပြီး၊ 

မဟုတ်ရင်တော့ ပုံမှန်မြန်နှုန်းဖြစ်တဲ့ 50MB/s ကနေ 100MB/s ကြားပဲ 

သွားပါလိမ့်မယ်။ 


” SD Express ကတ်တွေဟာ ပိုမိုမြန်ဆန်တဲ့ Protocols တွေ

အသုံးပြုထားတဲ့ မမ်မိုရီကတ်တွေဖြစ်ပြီး၊ Removable SSD တွေအဖြစ်

အသုံးပြုလာနိုင်မှာပါ” “ဆန်းသစ်တီထွင်မှုအမြောက်အများ အသုံးပြု

ထားတဲ့ SD 7.0 အသစ်ဟာ အနာဂတ်မှာထွက်လာမယ့် Speed နဲ့ 

Capacity အရမ်းလိုအပ်တဲ့ Applications တွေ၊ Devices အသစ်တွေရဲ့ 

လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မှာလည်းဖြစ်ပါတယ်” လို့

SD Association ရဲ့ ဥက္ကဌဖြစ်သူ Hiroyuki Sakamoto က

ပြောကြားခဲ့ပါတယ်။ 


source:myanbnews

links -

https://www.anandtech.com/show/13028/sd-association-announces-sd-70-spec-sd-express-interface-up-to-985-mbs

https://www.slashgear.com/new-sd-7-0-specification-ushers-in-128tb-card-capacity-28536126/


No comments:

Post a Comment