ကိုယ္႔လို အၿဖစ္မ်ိဳး မျဖစ္ေစဖို႔ မိဘမ်ားကို အထူးသတိေပးပါရေစ
.ခ်စ္စရာခေလး.သနားစရာအျဖစ္. ျပန္လည္မွ်ေ၀ျခင္းပါ..
မိဘမ်ားအတြက္ အထူးသတိေပးရတာပါ ကိုယ္လိုမျဖစ္ေစဖို႔အတြက္ပါ
ဘဝနဲ႔ရင္းပီးရလိုက္တဲ့ ေနာင္တတစ္ခုကို ကိုယ္ခ်င္းစာစိတ္နဲ႔ သားေလး
အတြက္ရည္စူးကုသိုလ္အျဖစ္ မွ်ေဝေပးရတာျဖစ္လို႔ အားလံုးဆင္ျခင္
ကာကြယ္လို႔ရေအာင္ Share ေပးၾကပါလို႔ ေမတၱာရပ္ခံပါတယ္
သားက ၂၆ ရက္ေန႔က စဖ်ားလို႔ ညေန (၆း၀၀)နာရီေလာက္က်
အထူးကုနဲ့ ေဆးခန္းစျပျဖစ္ပါတယ္ ဆရာဝန္က ၂ ရက္ေလာက္
ေစာင့္ၾကည့္ဖို႔ေျပာပါတယ္.. အဖ်ားက တက္လိုက္က်လိုက္နဲ႔
ျဖစ္ေနပါတယ္ ဒီလိုနဲ႔ကိုယ္ေတြလဲ စိတ္မခ်လို႔. ၂၇ ရက္ေန႔က်
ကေလးအထူးကုေနာက္တစ္ေယာက္နဲ႔ ထပ္ျပပါတယ္ ကေလးက
သာမန္အဖ်ားလကၡာကလြဲလို႔ ေသြးလြန္တုတ္ေကြးလကၡာမ႐ွိတဲ့အတြက္
ဆရာဝန္ကလဲေနာက္ ၂ ရက္ေစာင့္ၾကည့္မယ္ေျပာပါတယ္…
ဒီလုိနဲ႔ ပထမဆရာဝန္ရက္ခ်ိန္းျပည့္လို႔ျပန္ျပပီး မသကၤာလို႔
ေသြးေဖာက္စစ္ပါတယ္ အဲ့က်မွ ေသြလြန္တုတ္ေကြး႐ွိတာသိရပါတယ္
ကေလးက ေသြးလြန္တုတ္ေကြးလကၡဏာမျပပါပဲနဲ႔ ကေလးလဲ
လန္းေနပါရက္နဲ႔ပါ.. ၂၉ ရက္ေန႔မွာေဆးရံုကိုစတက္ပါတယ္…
ေဆးသြင္းပီး အေျခေနေစာင့္ၾကည့္မယ္ေျပာပါနယ္…
တျခားဘာမွေတာ့မေျပာေတာ့ ကိုယ္ေတြလဲသက္သာလာမယ္
ထင္မိတာေပါ့… ၃၀ ရက္ေန႔မွာအေျခပိုဆိုးလာခဲ့ပီး သားက
၁ ရက္ေန႔ ေန႔လည္ (၁၁း၀၀)မွာဆံုးသြားပါတယ္…
ဆံုးပီးမွလူနာက ေသြးလြန္တုတ္ေကြး ေနာက္ဆံုးအဆင့္နဲ႔
ေဆးရံုကိုေရာက္လာတာလို႔ေျပာပါတယ္… ေစာင့္ၾကည့္ေနတဲ့
အခ်ိန္မွာလဲ ဘာလကၡာတခုမွမျပ ကေလးကမိွႏ္းမေန အန္လဲမအန္
အနီစက္လဲမေပၚပါဘူး ေဆးရံုသြားတဲ့အခ်ိန္ထိ ကေလးက
လန္းလန္းဆန္းဆန္း မုန္႔စားပီးေဆာ့ေနတဲ့ကေလးပါ…
ကိုယ့္လိုမျဖစ္ေအာင္ ကေလးမိဘေတြကို သတိေပးခ်င္တာက
ဘာေၾကာင့္ဖ်ားဖ်ား မသကၤာရင္ ဆရာဝန္ကေစာင့္ၾကည့္မယ္ဆိုေတာင္
ေသြးစစ္ၾကဖို႔ ေသြးစစ္ဖို႔ တိုက္တြန္းဖို႔မွာခ်င္တာပါ မလိုအပ္ပဲ
မျဖစ္သင့္ပဲ ကိုယ့္ရင္ေသြးမဆံုး႐ံႈးရေလေအာင္ ေစတနာစကား
သတိေပးစကားေလး ေျပာေပးရတာပါ…
လူႀကီးေတြလဲ အခု ေသြးလြန္တုတ္ေကြးျဖစ္တယ္လို႔ သိရပါတယ္
အားလံုးပညာသတိနဲ႔ဆင္ျခင္ႏိုင္ၾကပါေစ…
သားေလး လေရာင္ခန္႔(ခ)ဝိုင္းခ်စ္ ေကာင္းရာသုဂတိလားပါေစ
ျပဳျပဳသမွ်ကုသိုလ္အစုစု အမွ်အမွ်အမွ်ပါသားေလးရယ္
ခ်စ္ေသာပါးပါးမားမား, Zaw Lin Htun
source:Myanmar Live
==============================
ကိုယ့်လို အဖြစ်မျိုး မဖြစ်စေဖို့ မိဘများကို အထူးသတိပေးပါရစေ
.
ချစ်စရာခလေး.သနားစရာအဖြစ်. ပြန်လည်မျှဝေခြင်းပါ..
မိဘများအတွက် အထူးသတိပေးရတာပါ ကိုယ်လိုမဖြစ်စေဖို့အတွက်ပါ
ဘဝနဲ့ရင်းပီးရလိုက်တဲ့ နောင်တတစ်ခုကို ကိုယ်ချင်းစာစိတ်နဲ့ သားလေး
အတွက်ရည်စူးကုသိုလ်အဖြစ် မျှဝေပေးရတာဖြစ်လို့ အားလုံးဆင်ခြင်
ကာကွယ်လို့ရအောင် Share ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်
.
သားက ၂၆ ရက်နေ့က စဖျားလို့ ညနေ (၆း၀၀)နာရီလောက်ကျ
အထူးကုနဲ့ ဆေးခန်းစပြဖြစ်ပါတယ် ဆရာဝန်က ၂ ရက်လောက်
စောင့်ကြည့်ဖို့ပြောပါတယ်.. အဖျားက တက်လိုက်ကျလိုက်နဲ့
ဖြစ်နေပါတယ် ဒီလိုနဲ့ကိုယ်တွေလဲ စိတ်မချလို့. ၂၇ ရက်နေ့ကျ
ကလေးအထူးကုနောက်တစ်ယောက်နဲ့ ထပ်ပြပါတယ် ကလေးက
သာမန်အဖျားလက္ခာကလွဲလို့ သွေးလွန်တုတ်ကွေးလက္ခာမရှိတဲ့အတွက်
ဆရာဝန်ကလဲနောက် ၂ ရက်စောင့်ကြည့်မယ်ပြောပါတယ်…
ဒီလိုနဲ့ ပထမဆရာဝန်ရက်ချိန်းပြည့်လို့ပြန်ပြပီး မသင်္ကာလို့
သွေးဖောက်စစ်ပါတယ် အဲ့ကျမှ သွေလွန်တုတ်ကွေးရှိတာသိရပါတယ်
ကလေးက သွေးလွန်တုတ်ကွေးလက္ခဏာမပြပါပဲနဲ့ ကလေးလဲ
လန်းနေပါရက်နဲ့ပါ.. ၂၉ ရက်နေ့မှာဆေးရုံကိုစတက်ပါတယ်…
ဆေးသွင်းပီး အခြေနေစောင့်ကြည့်မယ်ပြောပါနယ်…
တခြားဘာမှတော့မပြောတော့ ကိုယ်တွေလဲသက်သာလာမယ်
ထင်မိတာပေါ့… ၃၀ ရက်နေ့မှာအခြေပိုဆိုးလာခဲ့ပီး သားက
၁ ရက်နေ့ နေ့လည် (၁၁း၀၀)မှာဆုံးသွားပါတယ်…
ဆုံးပီးမှလူနာက သွေးလွန်တုတ်ကွေး နောက်ဆုံးအဆင့်နဲ့
ဆေးရုံကိုရောက်လာတာလို့ပြောပါတယ်… စောင့်ကြည့်နေတဲ့
အချိန်မှာလဲ ဘာလက္ခာတခုမှမပြ ကလေးကမှိန်းမနေ အန်လဲမအန်
အနီစက်လဲမပေါ်ပါဘူး ဆေးရုံသွားတဲ့အချိန်ထိ ကလေးက
လန်းလန်းဆန်းဆန်း မုန့်စားပီးဆော့နေတဲ့ကလေးပါ…
ကိုယ့်လိုမဖြစ်အောင် ကလေးမိဘတွေကို သတိပေးချင်တာက
ဘာကြောင့်ဖျားဖျား မသင်္ကာရင် ဆရာဝန်ကစောင့်ကြည့်မယ်ဆိုတောင်
သွေးစစ်ကြဖို့ သွေးစစ်ဖို့ တိုက်တွန်းဖို့မှာချင်တာပါ မလိုအပ်ပဲ
မဖြစ်သင့်ပဲ ကိုယ့်ရင်သွေးမဆုံးရှုံးရလေအောင် စေတနာစကား
သတိပေးစကားလေး ပြောပေးရတာပါ…
လူကြီးတွေလဲအခုသွေးလွန်တုတ်ကွေးဖြစ်တယ်လို့သိရပါတယ်
အားလုံးပညာသတိနဲ့ဆင်ချင်နိုင်ကြပါစေ…
သားလေး လရောင်ခန့်(ခ)ဝိုင်းချစ် ကောင်းရာသုဂတိလားပါစေ
ပြုပြုသမျှကုသိုလ်အစုစု အမျှအမျှအမျှပါသားလေးရယ်
ချစ်သောပါးပါးမားမား, Zaw Lin Htun
source:Myanmar Live
No comments:
Post a Comment