ဘုရားသခင္ကုိ ေစာ္ကားေျပာဆုိခဲ့မႈေၾကာင့္
ဖိလစ္ပုိင္သမၼတအေပၚ ေဒါသထြက္
--------------------------------------------
ဖိလစ္ပိုင္သမၼတ ရုိဒရီဂုိ ဒူတာေတးက ဘုရားသခင္ကို “ငတံုး” ဟု
ေခၚဆုိခဲ့ေသာေၾကာင့္ ကတ္သလစ္ဘာသာဝင္အမ်ားဆံုးျဖစ္သည့့္
၄င္း၏ျပည္သူေတြကို ေဒါသထြက္ေစခဲ့ေၾကာင္းသိရသည္။
မစားရန္တားျမစ္ထားေသာ မာရ္နတ္အသီးကို အာဒံႏွင့္ဧဝတို႔
ခိုးစားခဲ့ေသာေၾကာင့္ ေကာင္းကင္က ႏွင္ထုတ္ခံခဲ့ရသည္ဟူေသာ
ခရစ္ယာန္ဘာသာ၀င္တိုင္း ယံုၾကည္လက္ခံသည့္ က်မ္းစာလာ
အယူအဆကို တီဗီ အစီအစဥ္တစ္ခုတြင္ ၄င္းက အစဆြဲထုတ္
ေျပာခဲ့ေၾကာင္းသိရသည္။
သူက “ အဲဒီ ဘုရားသခင္ဆိုတဲ့ ငတံုးကဘယ္သူလဲ။ အေကာင္းဆံုး
ဆိုတာကို ဖန္ဆင္းၿပီး အဲဒီအရာက သူမႀကိဳက္တာ တစ္ခုခုလုပ္လိုက္
တာနဲ႕ အဲဒီအေကာင္းဆံုးဆိုတဲ့ သူ႕လက္ရာကို ဖ်က္စီးပစ္တာပဲလား။
သင္ေတာင္မေမြးေသးဘူး။ အျပစ္ကပါေနျပီဆိုေတာ့။ အဲဒါက ဘာ
ဘာသာတရားလည္း က်ဳပ္ေတာ့လက္မခံႏုိင္ဘူး ” ဟု ေျပာခဲ့သည္။
သမၼတက ယင္းသုိ ့မွတ္ခ်က္ျပဳေျပာဆုိခဲ့မႈအေပၚ ဖိလစ္ပိုင္
ေဒသဆုိင္ရာ ကက္သလစ္ဘုန္ေတာ္ႀကီးက သမၼတအား
“ မိုက္မဲသူ ” ဟုေခၚဆုိခဲ့ၿပီး ဘုရားတရားကို ေစာ္ကားေျပာဆိုျပီး
အာဏာရွင္ဆန္လြန္းသည့္ ဒူတာေတးအတြက္ ဆုေတာင္းေပးရန္
အမ်ားျပည္သူအား တုိက္တြန္းခဲ့သည္။
ဒူတာေတး၏ ေျပာေရးဆိုခြင့္ရွိသူ ဟယ္ရီ ရုိေကြး က ဒူတာေတးသည္
ငယ္ရြယ္စဥ္ ကက္သလစ္ ဘုရားေက်ာင္းတြင္ ပညာသင္ၾကားစဥ္
အခ်ိန္က ဘုန္းေတာ္ႀကီး၏ ႏွိပ္စက္ညွင္းပန္းမ်ားကို ခံခဲ့ရေသာေၾကာင့္
ယခုလို ေျပာရျခင္းေၾကာင္းႏွင့္ ပုဂၢဳိလ္ေရး မေက်နပ္မႈစိတ္အခံေၾကာင့္
ေျပာဆုိခဲ့ျခင္းျဖစ္္ေၾကာင္း ကာကြယ္ေျပာဆိုခဲ့သည္ဟု သိရသည္။
သို႕ေသာ္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ ၄င္း၏ ေျပာဆုိခဲ့မႈႏွင့္
ပတ္သက္၍ ေ၀ဖန္ေျပာဆုိမႈမ်ား ရွိေနေၾကာင္း သိရသည္။
မုိင္ (အကုန္သိသတင္းဌာန)
source:akonthi
links -
https://edition.cnn.com/2018/06/26/asia/duterte-catholic-criticisms-intl/index.html
https://www.bbc.com/news/world-asia-44610872
https://www.nytimes.com/2018/06/26/world/asia/duterte-god-philippines.html
Reuters:people angry for duterte insult god
=============================
ဘုရားသခင်ကို စော်ကားပြောဆိုခဲ့မှုကြောင့်
ဖိလစ်ပိုင်သမ္မတအပေါ် ဒေါသထွက်
--------------------------------------------
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ဘုရားသခင်ကို “ငတုံး” ဟု
ခေါ်ဆိုခဲ့သောကြောင့် ကတ်သလစ်ဘာသာဝင်အများဆုံးဖြစ်သည့်
၎င်း၏ပြည်သူတွေကို ဒေါသထွက်စေခဲ့ကြောင်းသိရသည်။
မစားရန်တားမြစ်ထားသော မာရ်နတ်အသီးကို အာဒံနှင့်ဧဝတို့
ခိုးစားခဲ့သောကြောင့် ကောင်းကင်က နှင်ထုတ်ခံခဲ့ရသည်ဟူသော
ခရစ်ယာန်ဘာသာဝင်တိုင်း ယုံကြည်လက်ခံသည့် ကျမ်းစာလာ
အယူအဆကို တီဗီ အစီအစဉ်တစ်ခုတွင် ၎င်းက အစဆွဲထုတ်
ပြောခဲ့ကြောင်းသိရသည်။
သူက “ အဲဒီ ဘုရားသခင်ဆိုတဲ့ ငတုံးကဘယ်သူလဲ။ အကောင်းဆုံး
ဆိုတာကို ဖန်ဆင်းပြီး အဲဒီအရာက သူမကြိုက်တာ တစ်ခုခုလုပ်လိုက်
တာနဲ့ အဲဒီအကောင်းဆုံးဆိုတဲ့ သူ့လက်ရာကို ဖျက်စီးပစ်တာပဲလား။
သင်တောင်မမွေးသေးဘူး။ အပြစ်ကပါနေပြီဆိုတော့။ အဲဒါက ဘာ
ဘာသာတရားလည်း ကျုပ်တော့လက်မခံနိုင်ဘူး ” ဟု ပြောခဲ့သည်။
သမ္မတက ယင်းသို့မှတ်ချက်ပြုပြောဆိုခဲ့မှုအပေါ် ဖိလစ်ပိုင်
ဒေသဆိုင်ရာ ကက်သလစ်ဘုန်တော်ကြီးက သမ္မတအား
“ မိုက်မဲသူ ” ဟုခေါ်ဆိုခဲ့ပြီး ဘုရားတရားကို စော်ကားပြောဆိုပြီး
အာဏာရှင်ဆန်လွန်းသည့် ဒူတာတေးအတွက် ဆုတောင်းပေးရန်
အများပြည်သူအား တိုက်တွန်းခဲ့သည်။
ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီ ရိုကွေး က ဒူတာတေးသည်
ငယ်ရွယ်စဉ် ကက်သလစ် ဘုရားကျောင်းတွင် ပညာသင်ကြားစဉ်
အချိန်က ဘုန်းတော်ကြီး၏ နှိပ်စက်ညှင်းပန်းများကို ခံခဲ့ရသောကြောင့်
ယခုလို ပြောရခြင်းကြောင်းနှင့် ပုဂ္ဂိုလ်ရေး မကျေနပ်မှုစိတ်အခံကြောင့်
ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်ဟု သိရသည်။
သို့သော် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ၎င်း၏ ပြောဆိုခဲ့မှုနှင့်
ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။
မိုင် (အကုန်သိသတင်းဌာန)
No comments:
Post a Comment