မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 23, 2020

၈ ႏွစ္အရြယ္မွာ တကၠသုိလ္တက္ခြင့္ရသူ

 ဉာဏ္ရည္ထက္လြန္းလုိ႔ ၈ ႏွစ္အရြယ္မွာ 

တကၠသုိလ္တက္ခြင့္ရသူ ...

--------------------------------------------



ပုံမွန္အတုိင္းဆုိရင္ေတာ့ တကၠသုိလ္ တက္ေရာက္ခြင့္ရတဲ့ 

အသက္အရြယ္က ၁၆ ႏွစ္၊ ၁၇ ႏွစ္လုိ႔ ဆုိရမွာပါ။ ဒါေပမဲ့ 

သူမတူေအာင္ ဉာဏ္ရည္ျမင့္လြန္းတဲ့ ေက်ာငး္သားေလး

တစ္ဦးကေတာ့ အသက္ ၈ ႏွစ္အရြယ္မွာပဲ တကၠသုိလ္ 

တက္ေရာက္ခြင့္ရေတာ့မွာပါ။ အဲဒီကေလးနဲ႔ပတ္သက္တဲ့ 

အေၾကာင္းအရာေတြကုိ ေျပာခ်င္လြန္းလုိ႔ 

ပရိသတ္ေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။


ေလာရင့္ဆုိင္မြန္လုိ႔ အမည္ရတဲ့ အဲဒီကေလးငယ္ဟာ 

ဘယ္လ္ဂ်ီယံႏုိင္ငံက ျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံႏုိင္ငံသား ဖခင္နဲ႔ 

ေဟာ္လန္ႏုိင္ငံသူ မိခင္တုိ႔ကေန ေမြးဖြားလာတာျဖစ္ၿပီး ငယ္ငယ္

ေလးကတည္းက တျခားကေလးေတြနဲ႔ ေပါင္းသင္းဆက္ဆံရာမွာ

အဆင္မေျပမႈေတြ ရွိခဲ့ပါတယ္။ ဥာဏ္ရည္ (IQ)၁၄၅ ရွိတဲ့ 

ေလာရင့္ဆုိင္မြန္ဟာ ပုံမွန္ထက္ ပုိၿပီးရင့္က်က္တည္ၿငိမ္သူျဖစ္ၿပီး 

ကေလးဘဝမွာကတည္းက အ႐ုပ္ေတြကုိ စိတ္မဝင္စားခဲ့သူပါ။ 

ဒါေၾကာင့္လည္း တျခားကေလးေတြနဲ႔ ေဆာ့ကစားတာမ်ဳိး 

နည္းပါးခဲ့ပါတယ္။


ေလာရင့္ဆုိင္မြန္ဟာ ပုံမွန္အတုိင္းဆုိရင္ ေက်ာငး္သား၊ ေက်ာင္းသူ

တစ္ေယာက္ ၆ ႏွစ္ေလာက္ ေလ့လာသင္ယူရမယ့္ စာေတြကုိ 

တစ္ႏွစ္ခြဲတည္းနဲ႔ ေက်ညက္ေအာင္ ေလ့လာႏုိင္ခဲ့တဲ့အတြက္ 

၈ ႏွစ္အရြယ္မွာ အလယ္တန္းေက်ာင္း ၿပီးဆုံးခဲ့ၿပီး အသက္ 

၁၈ ႏွစ္အရြယ္ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔အတူ ဒီပလုိမာ 

ရရွိခဲ့ပါတယ္။ ေက်ာင္းပိတ္ထားလုိ႔ ၂ လ အနားယူၿပီးရင္ေတာ့ 

သူ တကၠသုိလ္ တက္ေတာ့မွာပါ။


ေလာရင့္ဆုိင္မြန္က ”ကၽြန္ေတာ္ စိတ္အဝင္စားဆုံး ဘာသာရပ္ကေတာ့ 

သခ်ၤာပါပဲ။ ဘာလုိ႔လဲဆုိေတာ့ သခ်ၤာပညာက က်ယ္ျပန္႔ၿပီး စာရင္းအင္း

ပညာ၊ ဂ်ီၾသေမႀတီနဲ႔ အကၡခ်ာသခၤ်ာလုိ ဘာသာရပ္အခြဲေတြ ပါဝင္ေနလုိ႔

ပါပဲ”လုိ႔ ဆုိပါတယ္။ ခြဲစိတ္ဆရာဝန္ ဒါမွမဟုတ္ အာကာသယာဥ္မွဴး

ျဖစ္ခ်င္တယ္လုိ႔ ေလာရင့္ဆုိင္မြန္က ဆုိခဲ့ၿပီး ေလာေလာဆယ္ေတာ့ 

ကြန္ပ်ဴတာေတြအေၾကာင္း ေလ့လာသြားမယ္လုိ႔ ဆုိပါတယ္။


ေလာရင့္ဆုိင္မြန္ရဲ႕ ဖခင္ကေတာ့ သူ႔သားေပ်ာ္ရႊင္ဖုိ႔က အဓိကက်ၿပီး 

သူ႔သားသာ ေပ်ာ္မယ္ဆုိရင္ လက္သမားလုပ္ခ်င္တယ္ဆုိလည္း 

မတားပါဘူးလုိ႔ ေျပာပါတယ္။ ေလာရင့္ဆုိင္မြန္လုိပဲ ငယ္ငယ္ရြယ္ရြယ္နဲ႔ 

ထူးခၽြန္တဲ့ တျခားကေလးငယ္ေတြ ရွိပါေသးတယ္။


မႏွစ္တုန္းက ကေနဒါႏုိင္ငံသား ဆယ္ေက်ာ္သက္ ဘက္ရွီဟာ 

အသက္ ၁၃ ႏွစ္အရြယ္မွာတင္ ကမာၻေက်ာ္ IBM ကုမၸဏီရဲ႕ 

မွတ္ဉာဏ္တုလုပ္ငန္းမွာ အလုပ္ရခဲ့ပါတယ္။ လွ်ဳိ႕ဝွက္ကုဒ္ေတြ 

ဘယ္လုိေရးသားမလဲဆုိတဲ့ အေၾကာင္း ပုိ႔ခ်ေနတဲ့ သူ႔ရဲ႕ YouTube

Channel ကုိ အားေပးသူက ၂၀၀၀၀ ေက်ာ္ ရွိပါတယ္။ အခုႏွစ္ 

အေစာပုိင္းမွာ ၾသစေၾတးလ်ႏုိင္ငံ မဲဘုန္းၿမိဳ႕က တေယာပညာရွင္ 

ခရစ္ယာန္လီကလည္း ကမာၻေက်ာ္ ဂီတၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ Yehudi 

Menuhin International ၿပိဳင္ပြဲမွာ ဆုရခဲ့ပါတယ္။ အသက္ ၁၀ ႏွစ္

အရြယ္နဲ႔ ဆုရခဲ့တဲ့ ခရစ္ယာန္လီဟာ အဲဒီၿပိဳင္ပြဲမွာ ဆုရသူေတြအနက္ 

အသက္အငယ္ဆုံးပါပဲ။


source:ဖိုးသူေတာ္

Credit:nanmalgyi

link -

http://www.ladbible.com/news/interesting-eight-year-old-child-genius-is-off-to-university-20180701

=============================


ဉာဏ်ရည်ထက်လွန်းလို့ ၈ နှစ်အရွယ်မှာ 

တက္ကသိုလ်တက်ခွင့်ရသူ ...

--------------------------------------------


ပုံမှန်အတိုင်းဆိုရင်တော့ တက္ကသိုလ် တက်ရောက်ခွင့်ရတဲ့ 

အသက်အရွယ်က ၁၆ နှစ်၊ ၁၇ နှစ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ 

သူမတူအောင် ဉာဏ်ရည်မြင့်လွန်းတဲ့ ကျောင်းသားလေး

တစ်ဦးကတော့ အသက် ၈ နှစ်အရွယ်မှာပဲ တက္ကသိုလ် 

တက်ရောက်ခွင့်ရတော့မှာပါ။ အဲဒီကလေးနဲ့ပတ်သက်တဲ့ 

အကြောင်းအရာတွေကို ပြောချင်လွန်းလို့ 

ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။


လောရင့်ဆိုင်မွန်လို့ အမည်ရတဲ့ အဲဒီကလေးငယ်ဟာ 

ဘယ်လ်ဂျီယံနိုင်ငံက ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံသား ဖခင်နဲ့ 

ဟော်လန်နိုင်ငံသူ မိခင်တို့ကနေ မွေးဖွားလာတာဖြစ်ပြီး ငယ်ငယ်

လေးကတည်းက တခြားကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ

အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။ ဉာဏ်ရည် (IQ)၁၄၅ ရှိတဲ့ 

လောရင့်ဆိုင်မွန်ဟာ ပုံမှန်ထက် ပိုပြီးရင့်ကျက်တည်ငြိမ်သူဖြစ်ပြီး 

ကလေးဘဝမှာကတည်းက အရုပ်တွေကို စိတ်မဝင်စားခဲ့သူပါ။ 

ဒါကြောင့်လည်း တခြားကလေးတွေနဲ့ ဆော့ကစားတာမျိုး 

နည်းပါးခဲ့ပါတယ်။


လောရင့်ဆိုင်မွန်ဟာ ပုံမှန်အတိုင်းဆိုရင် ကျောင်းသား၊ ကျောင်းသူ

တစ်ယောက် ၆ နှစ်လောက် လေ့လာသင်ယူရမယ့် စာတွေကို 

တစ်နှစ်ခွဲတည်းနဲ့ ကျေညက်အောင် လေ့လာနိုင်ခဲ့တဲ့အတွက် 

၈ နှစ်အရွယ်မှာ အလယ်တန်းကျောင်း ပြီးဆုံးခဲ့ပြီး အသက် 

၁၈ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ ဒီပလိုမာ 

ရရှိခဲ့ပါတယ်။ ကျောင်းပိတ်ထားလို့ ၂ လ အနားယူပြီးရင်တော့ 

သူ တက္ကသိုလ် တက်တော့မှာပါ။


လောရင့်ဆိုင်မွန်က ”ကျွန်တော် စိတ်အဝင်စားဆုံး ဘာသာရပ်ကတော့ 

သင်္ချာပါပဲ။ ဘာလို့လဲဆိုတော့ သင်္ချာပညာက ကျယ်ပြန့်ပြီး စာရင်းအင်း

ပညာ၊ ဂျီသြမေတြီနဲ့ အက္ခချာသင်္ချာလို ဘာသာရပ်အခွဲတွေ ပါဝင်နေလို့

ပါပဲ”လို့ ဆိုပါတယ်။ ခွဲစိတ်ဆရာဝန် ဒါမှမဟုတ် အာကာသယာဉ်မှူး

ဖြစ်ချင်တယ်လို့ လောရင့်ဆိုင်မွန်က ဆိုခဲ့ပြီး လောလောဆယ်တော့ 

ကွန်ပျူတာတွေအကြောင်း လေ့လာသွားမယ်လို့ ဆိုပါတယ်။


လောရင့်ဆိုင်မွန်ရဲ့ ဖခင်ကတော့ သူ့သားပျော်ရွှင်ဖို့က အဓိကကျပြီး 

သူ့သားသာ ပျော်မယ်ဆိုရင် လက်သမားလုပ်ချင်တယ်ဆိုလည်း 

မတားပါဘူးလို့ ပြောပါတယ်။ လောရင့်ဆိုင်မွန်လိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ 

ထူးချွန်တဲ့ တခြားကလေးငယ်တွေ ရှိပါသေးတယ်။


မနှစ်တုန်းက ကနေဒါနိုင်ငံသား ဆယ်ကျော်သက် ဘက်ရှီဟာ 

အသက် ၁၃ နှစ်အရွယ်မှာတင် ကမ္ဘာကျော် IBM ကုမ္ပဏီရဲ့ 

မှတ်ဉာဏ်တုလုပ်ငန်းမှာ အလုပ်ရခဲ့ပါတယ်။ လျှို့ဝှက်ကုဒ်တွေ 

ဘယ်လိုရေးသားမလဲဆိုတဲ့ အကြောင်း ပို့ချနေတဲ့ သူ့ရဲ့ YouTube

Channel ကို အားပေးသူက ၂၀၀၀၀ ကျော် ရှိပါတယ်။ အခုနှစ် 

အစောပိုင်းမှာ သြစတြေးလျနိုင်ငံ မဲဘုန်းမြို့က တယောပညာရှင် 

ခရစ်ယာန်လီကလည်း ကမ္ဘာကျော် ဂီတပြိုင်ပွဲတစ်ခုဖြစ်တဲ့ Yehudi 

Menuhin International ပြိုင်ပွဲမှာ ဆုရခဲ့ပါတယ်။ အသက် ၁၀ နှစ်

အရွယ်နဲ့ ဆုရခဲ့တဲ့ ခရစ်ယာန်လီဟာ အဲဒီပြိုင်ပွဲမှာ ဆုရသူတွေအနက် 

အသက်အငယ်ဆုံးပါပဲ။


source:ဖိုးသူတော်

Credit:nanmalgyi

link -

http://www.ladbible.com/news/interesting-eight-year-old-child-genius-is-off-to-university-20180701


No comments:

Post a Comment