႐ုပ္သံၿပဳိင္ပြဲတြင္ ေက်ာင္းဆရာဝင္ၿပဳိင္ရာ အႏုိင္ရၿပီး
ခ်က္ခ်င္းလက္ငင္း သန္းႂကြယ္သူေဌးႀကီးျဖစ္သြား...
-----------------------------------------------------------
ၿဗိတိန္တြင္ ထုတ္လႊင့္ျပသသည့္ "ဘယ္သူသန္းႂကြယ္သူေဌးျဖစ္ခ်င္သလဲ"
ဆုိသည့္ ႐ုပ္သံအစီအစဥ္တြင္ သမုိင္းဘာသာရပ္ျပ ေက်ာင္းဆရာတစ္ဦး
ဝင္ၿပဳိင္ရာ ေပါင္တစ္သန္းဆုႀကီးကုိ ဆြတ္ခူးသြားခဲ့ေၾကာင္း သိရသည္။
အထက္ပါ ေက်ာင္းဆရာ၏ အစ္ကုိျဖစ္သူသည္ ၿပီးခဲ့သည့္တစ္ႏွစ္က
ယင္းပြဲတြင္ ဝင္ၿပဳိင္ရာ ေပါင္ ၅၀၀,၀၀၀ ဆြတ္ခူုးသြားခဲ့သည္။ အသက္
၅၇ ႏွစ္အရြယ္ ေဒၚနယ္ဖီးယားသည္ ေမးခြန္းအားလုံးနီးပါးကုိ မိနစ္ ၂၀
အတြင္း တုံ႔ဆုိင္းျခင္းအလ်ဥ္းမရွိ လ်င္ျမန္စြာ ေျဖဆုိႏုိင္ခဲ့သည္။
"ယေန႔ေခတ္တြင္ ေျမာက္ကယ္႐ုိလုိင္းနား ဟုေခၚတြင္သည့္ ကမ္း႐ုိးတန္း
ကမ္းလြန္ပင္လယ္တုိက္ပြဲတြင္ ၁၇၁၈ ခုႏွစ္က ပင္လယ္ဓားျပတစ္ဦး
ေသဆုံးသြားၿပီး ယင္းပင္လယ္ဓားျပသည္ မည္သူနည္း " ဆုိသည့္
ေနာက္ဆုံးအဆင့္ ေမးခြန္းကုိ ၎က လြယ္လင့္တကူပင္ ခ်က္ခ်င္း
ေျဖလုိက္ႏုိင္သည္။ ၎သည္ ပင္လယ္ဓားျပအေၾကာင္းကုိ တစ္ႏွစ္
သင္ၾကားခဲ့ဖူးသည့္အျပင္ ကိန္းဂဏန္းကုိလည္း အတိအက် မွတ္မိ
တတ္သည္။
ဆုေငြ ေပါင္တစ္သန္းအနက္ အနည္းဆုံး ၇၀ ရာခုိင္ႏႈန္းကုိ မိသားစုဝင္
မ်ားအား ခြဲေပးသြားမည္ျဖစ္ၿပီး က်န္ေငြကုိ အၿငိမ္းစား ဘဝအတြက္
သုံးစြဲသြားမည္ဟု ၎က ဆုိသည္။
ခ်ယ္ရီ
credit:pyimyanmar
(DM, 12.9.2020)
link -
============================
ရုပ်သံပြိုင်ပွဲတွင် ကျောင်းဆရာဝင်ပြိုင်ရာ အနိုင်ရပြီး
ချက်ချင်းလက်ငင်း သန်းကြွယ်သူဌေးကြီးဖြစ်သွား...
-----------------------------------------------------------
ဗြိတိန်တွင် ထုတ်လွှင့်ပြသသည့် "ဘယ်သူသန်းကြွယ်သူဌေးဖြစ်ချင်သလဲ"
ဆိုသည့် ရုပ်သံအစီအစဉ်တွင် သမိုင်းဘာသာရပ်ပြ ကျောင်းဆရာတစ်ဦး
ဝင်ပြိုင်ရာ ပေါင်တစ်သန်းဆုကြီးကို ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။
အထက်ပါ ကျောင်းဆရာ၏ အစ်ကိုဖြစ်သူသည် ပြီးခဲ့သည့်တစ်နှစ်က
ယင်းပွဲတွင် ဝင်ပြိုင်ရာ ပေါင် ၅၀၀,၀၀၀ ဆွတ်ခူုးသွားခဲ့သည်။ အသက်
၅၇ နှစ်အရွယ် ဒေါ်နယ်ဖီးယားသည် မေးခွန်းအားလုံးနီးပါးကို မိနစ် ၂၀
အတွင်း တုံ့ဆိုင်းခြင်းအလျဉ်းမရှိ လျင်မြန်စွာ ဖြေဆိုနိုင်ခဲ့သည်။
"ယနေ့ခေတ်တွင် မြောက်ကယ်ရိုလိုင်းနား ဟုခေါ်တွင်သည့် ကမ်းရိုးတန်း
ကမ်းလွန်ပင်လယ်တိုက်ပွဲတွင် ၁၇၁၈ ခုနှစ်က ပင်လယ်ဓားပြတစ်ဦး
သေဆုံးသွားပြီး ယင်းပင်လယ်ဓားပြသည် မည်သူနည်း " ဆိုသည့်
နောက်ဆုံးအဆင့် မေးခွန်းကို ၎င်းက လွယ်လင့်တကူပင် ချက်ချင်း
ဖြေလိုက်နိုင်သည်။ ၎င်းသည် ပင်လယ်ဓားပြအကြောင်းကို တစ်နှစ်
သင်ကြားခဲ့ဖူးသည့်အပြင် ကိန်းဂဏန်းကိုလည်း အတိအကျ မှတ်မိ
တတ်သည်။
ဆုငွေ ပေါင်တစ်သန်းအနက် အနည်းဆုံး ၇၀ ရာခိုင်နှုန်းကို မိသားစုဝင်
များအား ခွဲပေးသွားမည်ဖြစ်ပြီး ကျန်ငွေကို အငြိမ်းစား ဘဝအတွက်
သုံးစွဲသွားမည်ဟု ၎င်းက ဆိုသည်။
ချယ်ရီ
credit:pyimyanmar
(DM, 12.9.2020)
link -
No comments:
Post a Comment