မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 17, 2020

အေမ ႏြားနိ႔ေသာက္ ကေလး ေဆး႐ံုေရာက္

 အေမ ႏြားနိ႔ေသာက္ ကေလး ေဆး႐ံုေရာက္

-------------------------------------------------

ဒီမနက္ မိုးလင္းကတည္းက မ်ားလိုက္တဲ့အလုပ္ 

ညမိုးခ်ဳပ္ ၈ နာရီ ထိုးတဲ့အထိ အိမ္ျပန္မေရာက္ဘူးဗ်ာ။


လူနာေတြကလည္းစံုပါ့။ တကိုယ္လံုး ေဆးစစ္တဲ့သူ၊ ဒူးဆစ္အရြတ္

ဒဏ္ရာရတဲ့လူ၊ နားခြဲထားလို႔ ေကာင္းတာ မၾကာေသး …


နားက်ပ္တံ အထိုးေကာင္းတာ အတြင္းနားတေလွ်ာက္နဲ႔ 

နားရြက္ေနာက္မွာ ျပည္လိုက္ေနတဲ့သူ၊


နဖူးအမာရြတ္ခြဲခ်င္တဲ့သူ …. ပလံု ပလံုဂ်ိ အစံု အစံုရွိ ….


ေျပာလိုက္ရတဲ့ စကား ရွင္းလိုက္ရတဲ့ျပႆနာ …. 

ေရငတ္လို႔လွ်ာတန္းလန္းနဲ႔ အယ္ေဇးရွင္းကို ျဖစ္ေရာ ….။


ဒီထဲက စိတ္ဝင္စားစရာေကာင္းတဲ့ကိစၥတစ္ခု ပညာေပးမယ္။


ကိုယ္ေတြလည္း ခရီးထြက္မယ္ဆိုၿပီး ေအာ္ထားတာ ၂ လခြဲရွိၿပီ။


သြားမယ္ျပင္ရင္ အေရးေပၚလူနာ လာရင္နဲ႔ မသြားျဖစ္ပဲ

ကိုယ့္တပည့္ေတာင္မွ ကမ႓ာပတ္ သံုးျဖဳန္းၿပီးၿပီ။


ဒီရက္ပိုင္း ခရီးထြက္မယ္ေပါ့။


ရွိသမွ် လူနာေတြ ရွင္းေနတုန္းကေလးအေမ တေယာက္က 

သူ႔ကေလး မစင္ပံုကို …


ေခ်ာကလက္ကိတ္နဲ႔တူေအာင္ လွလွပပ ဓါတ္ပံု႐ိုက္ၿပီးပို႔လာသဗ်။


ကိုယ့္ေဖ့စ္ဘုတ္မိတ္ေဆြပါပဲ။ ကိုယ္ေတာင္မွ ရက္မွားၿပီး 

ေမြးေန႔ကိတ္ပံု ပို႔လာသလားလို႔ ..


ဒါနဲ႔ေဆးစာေတြ ဆက္ဖတ္ၾကည့္ေတာ့ 

ကေလးက ေသြးဝမ္းသြားတာေပါ့ဗ်ာ။


အသက္က ၁ႏွစ္နဲ႔ ၇လ ရွိၿပီ။ ေမြးၿပီး ၅ လ သမီး

အရြယ္ ကတည္းက စၿပီး ေသြးဝမ္းမည္းေတြသြားတယ္။


သြားရင္လည္း ၂ ရက္ ၃ ရက္ သြားၿပီး ရပ္သြားျပန္ေရာ … တဲ့။


ေသြးဝမ္းသြားလို႔ မ်က္ႏွာျဖဴဖတ္ျဖဴေယာ္ျဖစ္တာက လြဲလို႔ 

အစားအေသာက္ပံုမွန္ပဲတဲ့။


ျမန္မာျပည္က ကေလးေဆးရံုေတြမွာျပတာ စံုလို႔ ..။


ကေလးက ၆လ တခါ ေသြးဝမ္းသြားၿပီးရင္ အေကာင္းပကတိ ….

ပံုမွန္ျပန္ျဖစ္သြားျပန္ေရာ။


ဒါနဲ႔ အကိုလာခ်င္ပါတယ္ ျဖစ္ကေရာ ….. ။


သိေနတယ္ ဒီကလည္း … ဒီကိစၥမ်ိဳးဆိုတာ အမွတ္တမဲ့

ပဒူအံုကို တုတ္နဲ႔ ထိုးမိတာထက္ ဆိုးမယ္ဆိုတာ …. ။


ကိုယ္ေတြကလည္း မအားတာနဲ႔။

ခရီးသြားဖို႔ရွိတယ္လို႔ မတင္မက်ေျပာခဲ့သဗ်။


ဒီလို ကေလးတေယာက္ကို စစ္ေဆးရမယ္ ခြဲစိတ္ရမယ္ဆိုရင္ 

တကယ္ အလုပ္ရႈပ္တာဗ်ား။


ကေလးေတြအတြက္စစ္ေဆးတဲ့ ခြဲစိတ္တဲ့ ေအာက္စီဂ်င္ေပးတဲ့

ပစၥည္းေတြဟာသာမန္သံုးတဲ့ အရြယ္အစားေတြနဲ႔ ဆိုဒ္ခ်င္း ကြဲသဗ်ား။


ကေလးခြဲစိတ္ေတြမွာေတာင္ အသက္ ၃ ႏွစ္အထိဆိုဒ္ေတြပဲ


အမ်ားဆံုးသံုးၾကတာ ကေလးအထူးကုေဆးရံု မဟုတ္ရင္

ဒီ့ထက္ေသးတဲ့ ပစၥည္းဆိုဒ္ေတြ မထားၾကဘူးဗ်ား။


ေဖ့စ္ဘုတ္ေပၚမွာ သူ႔ကေလးပံု တင္ထားတာ

ေတြ႕ေနရေတာ့ သနားလာတာနဲ႔ ကဲ …


လုပ္ေပးလိုက္မွပါဆိုတဲ့စိတ္ ျဖစ္လာတယ္။ ကေလးအေျခအေနက 

ရန္ကုန္မွာ စီတီ႐ိုက္ထားေပမယ့္ အေျဖက အားလံုးေကာင္း ….


ဆရာဝန္ေတြကေတာ့ အူမႀကီးဆိုလား ခြဲရမတဲ့ 

တျခားစစ္ေဆးမႈေတြ တတ္ႏိုင္သမွ်ေတာ့ လုပ္ထားတယ္။


ကေလးကို ကေလးအစာအိမ္အူလမ္းေၾကာင္ဆရာဝန္နဲ႔ျပပါလို႔ 

အၾကံေပးလိုက္ေတာ့ တရက္ ႏွစ္ရက္ေနေတာ့ ေျပာလာတယ္ …. 

အဲဒီမွာ ဆရာဝန္ မရွိဘူးတဲ့။


ကဲ …. ရွိေစေတာ့။ ကေလးအစာအိမ္အူလမ္းေၾကာင္း 

သမားေတာ္ႀကီး တေယာက္ အသိမိတ္ေဆြရွိတယ္ ….


အသက္က ႀကီးလွၿပီ။ ေတာ္ဝင္ကေလးသမားေတာ္ႀကီးမ်ားအဖြဲ႕မွာ

အဖြဲ႕ဝင္ေပါ့။ ေဒါက္တာယံု တဲ့။


ပို႔လာတဲ့ ေဆးမွတ္တမ္းေတြ ဓါတ္ပံုေတြပို႔ၿပီး ကုေပးဖို႕

ေတာင္းပန္ၾကည့္တယ္။ သူဒီေက့စ္ကို မကိုင္ခ်င္ဘူးတဲ့။


ဒါနဲ႔ ကေလးအထူးကုေတြရွာေတာ့ ေဆးရံုတစ္ခုက 

ကေလးသမားေတာ္ ရလာပါေရာ။


လူနာမိသားစု မေန႔ကေရာက္လာၿပီး ဒီမနက္ အဲဒီေဆးရံုကို 

ကိုယ့္အဖြဲ႕ကို ေခၚၿပီးလူနာကေလးအေမနဲ႔ အတူ ယြန္းရပါေလေရာ။


ဟိုေဆးရံုေရာက္ေတာ့ ဆရာဝန္က ေမးတာေပါ့ …


ကေလးဝမ္း ဘယ္လိုသြားလဲ ဘာညာနဲ႔။


ၿပီးေတာ့ နားက်ပ္တခ်က္ေတာင္မွ မေထာက္္ပဲ ေမးတယ္။


ကေလးကို ဘာတိုက္လဲဆိုေတာ့ 

ကေလးအေမက အခုအထိ မိခင္ႏို႔ တိုက္တုန္းပဲတဲ့။


ဆက္ၿပီးေမးရင္းက ကေလးအေမ ႏြားႏို႔ေသာက္လား ဆိုေတာ့ …


ကေလးေမြးကတည္းက ကေလးအားရွိေအာင္အဟာရျဖစ္ေအာင္ 

ကေလးအေမက တေန႔ကို ႏြားႏို႔၅၀ က်ပ္သား ပံုမွန္ေသာက္သတဲ့ဗ်ား။


ကဲ … ဘာမွ မပူနဲေတာ့ အေျဖထြက္လာပါၿပီ။


ကေလးက မိခင္ရဲ႕ႏို႔ကို အထူးျပဳၿပီးကာလၾကာရွည္တိုက္ေကြ်းရင္

ရံဖန္ရံခါဆိုသလို  ကေလးရဲ႕ မစင္မွာေသြးနဲ႔ အခြ်ဲေတြ စအိုတြင္း

ၿပဲၿပီး မစင္မွာပါလာတတ္သလို အူမေယာင္လို႔လည္း 

ေသြးယိုလာပါတယ္။


ကေလး အူမေယာင္ Infant Colitis ေပါ့ဗ်ာ။


ကေလး ဓါတ္မတည့္မႈေၾကာင့္ အျဖစ္မ်ားၿပီး ကေလးေတြကို

တျခား ဘာမွမေကြ်းပဲ မိခင္ႏို႔တိုက္ေကြ်းတာမ်ိဳးဟာ

 ေမြးစကေန ၆ လသားအထိပဲ ေကာင္းပါတယ္။


ဒီေတာ့ ကေလးအူမေယာင္လို႔ ေသြးဆင္း ေသြးဝမ္းသြားရင္

ကေလးအေမဟာ ႏြားႏို႔ ၾကက္ဥ ဒိန္ခ်ဥ္ ဒိန္ခဲ ႏြားႏို႔ခဲ ႏို႔လ်င္တဲ့ 

ႏို႔ထြက္ပစၥည္းစားသံုးေနတာကို ခ်က္ျခင္း ရပ္ရပါမယ္။


ဒီေတာ့ ကေလးႏို႔တိုက္မိခင္ေတြ ႏြားႏို႔လွိမ့္မေသာက္ပါနဲ႔။


ႏို႔မေသာက္ပဲရတဲ့ မိခင္ ႏို႔ရည္ဟာ 

ကေလးအူေယာင္တာကို အျမန္သက္သာေစပါတယ္။


အေျဖရေတာ့ ကေလးရဲ႕ အစာအိမ္နဲ႔အူမႀကီး 

မွန္ေျပာင္း ၾကည့္ရေတာ့မွာကိုး …


မနက္က ေဆးရံုတက္ မနက္ျဖန္ၾကည့္ေပးဖို႔။


ေနာက္ေတာ့အဲဒီေဆးရံုက ဖုန္းဆက္လာတယ္ …


သံုးႏွစ္ေအာက္ကေလးအတြက္ မရွိလို႔ ၾကည့္မရဘူးတဲ့။


လုပ္ၾကပါဦး … အရပ္ကူပါ လူဝိုင္းပါေပါ့ …


တႏွစ္ခြဲ ကေလးမနက္ျဖန္ ေမ့ေဆးေပးၾကည့္မယ္ ဒီညေဆးရံုတင္ …


အခုဟိုတယ္ျပန္ အဝတ္အစား အထုတ္အပိုး အားလံုး 

အဆင္သင့္ျဖစ္လို႔ ေစာင့္ေနၾကၿပီ။


ကိုယ္ေတြမွာေတာ့ ေဆးရံုရွာတာ ျပာယာခတ္။


လူနာရွင္ေတြအေဖာ္လိုက္သူေတြကေတာ့ မ်က္ႏွာပ်က္ေနေလာက္ၿပီ။


ကဲ … ေနာက္ဆံုး ကေလး အစာအိမ္နဲ႔အူလမ္းေၾကာင္း

သမားေတာ္ႀကီး ေဒါက္တာယံုကို ျပန္ဆက္သြယ္ၿပီးဆရာႀကီးပဲ 

ေက့စ္လာၾကည့္ေပးပါ။


ၿပီးရင္ နာမည္ေက်ာ္ခ်ဴလာေလာင္ကြန္ 

ကေလးေဆးရံုႀကီးကို လႊဲေပးပါဆိုၿပီး


ေတာင္းဆိုမွ ဆရာႀကီး လာၾကည့္ၿပီး သူတပည့္ဌာနမႈးကို 

ဖုန္းဆက္စာေရး လက္ခံေပးခိုင္းရသေပါ့ဗ်ား။


လူနာရွင္ေတြကေတာ့ ကိုယ့္မွာဘယ္လို ႐ုန္းကန္လႈပ္ရွားရတယ္


ဒီေဆးရံုဆိုတာ သူတို႔ ထိုင္းလူမ်ိဳးအခ်င္းခ်င္းေတာင္ 

ေဆးရံုတက္ခြင့္ရဖို႔ လခ်ီေစာင့္ရတယ္ဆိုတာ သိမယ့္ပံုမေပၚ။


မနက္ျဖန္ေတာ့ ဒီဘက္ေဆးရံု နာမည္ခံ အာမခံေပးၿပီး


ခ်ဴလာေလာင္ကြန္းတကၠသိုလ္ ကေလးေဆးရံုႀကီးမွာ


ကုသေပးမယ္ေပါ့ဗ်ာ။ အဲဒီေဆးရံုက သမားေတာ္ႀကီး


ကိုယ္တိုင္ ေထာက္ခံေပးထားေတာ့ အဆင္ေျပမွာေပါ့။


ေက်းဇူး မတင္ခ်င္ေန … ဒီေလာက္အထိ အဖြဲ႕လိုက္


လုပ္ေပးရတာပါလားဆိုတာ သိရင္ ေက်နပ္ၿပီ။


ဒါ …. ဒီေန႔လုပ္ရတာေတြထဲက တခုရယ္။


(ေမြးေန႔ကိတ္ပံု ကေလးေခ်းပံုပါ တင္လိုက္ရ ေကာင္းမလား။


ကိုေဇာ္ ဟင္းပြဲေတြခ်ည္းပဲ ဗိုက္ဆာေအာင္ တင္တယ္ဆိုလို႔)


အေဟးေဟး


ကိုေဇာ္


ဘန္ေကာက္


၂၃:၅၈


၁၂/၀၆/၂၀၁၈

fb link -

https://www.facebook.com/moe.natthar.792/posts/2500428200287180

==============================


အမေ နွားနိ့သောက် ကလေး ဆေးရုံရောက်

-------------------------------------------------


ဒီမနက် မိုးလင်းကတည်းက များလိုက်တဲ့အလုပ် 

ညမိုးချုပ် ၈ နာရီ ထိုးတဲ့အထိ အိမ်ပြန်မရောက်ဘူးဗျာ။


လူနာတွေကလည်းစုံပါ့။ တကိုယ်လုံး ဆေးစစ်တဲ့သူ၊ ဒူးဆစ်အရွတ်

ဒဏ်ရာရတဲ့လူ၊ နားခွဲထားလို့ ကောင်းတာ မကြာသေး …


နားကျပ်တံ အထိုးကောင်းတာ အတွင်းနားတလျှောက်နဲ့ 

နားရွက်နောက်မှာ ပြည်လိုက်နေတဲ့သူ၊


နဖူးအမာရွတ်ခွဲချင်တဲ့သူ …. ပလုံ ပလုံဂျိ အစုံ အစုံရှိ ….


ပြောလိုက်ရတဲ့ စကား ရှင်းလိုက်ရတဲ့ပြဿနာ …. 

ရေငတ်လို့လျှာတန်းလန်းနဲ့ အယ်ဇေးရှင်းကို ဖြစ်ရော ….။


ဒီထဲက စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတစ်ခု ပညာပေးမယ်။


ကိုယ်တွေလည်း ခရီးထွက်မယ်ဆိုပြီး အော်ထားတာ ၂ လခွဲရှိပြီ။


သွားမယ်ပြင်ရင် အရေးပေါ်လူနာ လာရင်နဲ့ မသွားဖြစ်ပဲ

ကိုယ့်တပည့်တောင်မှ ကမ္ဘာပတ် သုံးဖြုန်းပြီးပြီ။


ဒီရက်ပိုင်း ခရီးထွက်မယ်ပေါ့။


ရှိသမျှ လူနာတွေ ရှင်းနေတုန်းကလေးအမေ တယောက်က 

သူ့ကလေး မစင်ပုံကို …


ချောကလက်ကိတ်နဲ့တူအောင် လှလှပပ ဓါတ်ပုံရိုက်ပြီးပို့လာသဗျ။


ကိုယ့်ဖေ့စ်ဘုတ်မိတ်ဆွေပါပဲ။ ကိုယ်တောင်မှ ရက်မှားပြီး 

မွေးနေ့ကိတ်ပုံ ပို့လာသလားလို့ ..


ဒါနဲ့ဆေးစာတွေ ဆက်ဖတ်ကြည့်တော့ 

ကလေးက သွေးဝမ်းသွားတာပေါ့ဗျာ။


အသက်က ၁နှစ်နဲ့ ၇လ ရှိပြီ။ မွေးပြီး ၅ လ သမီး

အရွယ် ကတည်းက စပြီး သွေးဝမ်းမည်းတွေသွားတယ်။


သွားရင်လည်း ၂ ရက် ၃ ရက် သွားပြီး ရပ်သွားပြန်ရော … တဲ့။


သွေးဝမ်းသွားလို့ မျက်နှာဖြူဖတ်ဖြူယော်ဖြစ်တာက လွဲလို့ 

အစားအသောက်ပုံမှန်ပဲတဲ့။


မြန်မာပြည်က ကလေးဆေးရုံတွေမှာပြတာ စုံလို့ ..။


ကလေးက ၆လ တခါ သွေးဝမ်းသွားပြီးရင် အကောင်းပကတိ ….

ပုံမှန်ပြန်ဖြစ်သွားပြန်ရော။


ဒါနဲ့ အကိုလာချင်ပါတယ် ဖြစ်ကရော ….. ။


သိနေတယ် ဒီကလည်း … ဒီကိစ္စမျိုးဆိုတာ အမှတ်တမဲ့

ပဒူအုံကို တုတ်နဲ့ ထိုးမိတာထက် ဆိုးမယ်ဆိုတာ …. ။


ကိုယ်တွေကလည်း မအားတာနဲ့။

ခရီးသွားဖို့ရှိတယ်လို့ မတင်မကျပြောခဲ့သဗျ။


ဒီလို ကလေးတယောက်ကို စစ်ဆေးရမယ် ခွဲစိတ်ရမယ်ဆိုရင် 

တကယ် အလုပ်ရှုပ်တာဗျား။


ကလေးတွေအတွက်စစ်ဆေးတဲ့ ခွဲစိတ်တဲ့ အောက်စီဂျင်ပေးတဲ့

ပစ္စည်းတွေဟာသာမန်သုံးတဲ့ အရွယ်အစားတွေနဲ့ ဆိုဒ်ချင်း ကွဲသဗျား။


ကလေးခွဲစိတ်တွေမှာတောင် အသက် ၃ နှစ်အထိဆိုဒ်တွေပဲ


အများဆုံးသုံးကြတာ ကလေးအထူးကုဆေးရုံ မဟုတ်ရင်

ဒီ့ထက်သေးတဲ့ ပစ္စည်းဆိုဒ်တွေ မထားကြဘူးဗျား။


ဖေ့စ်ဘုတ်ပေါ်မှာ သူ့ကလေးပုံ တင်ထားတာ

တွေ့နေရတော့ သနားလာတာနဲ့ ကဲ …


လုပ်ပေးလိုက်မှပါဆိုတဲ့စိတ် ဖြစ်လာတယ်။ ကလေးအခြေအနေက 

ရန်ကုန်မှာ စီတီရိုက်ထားပေမယ့် အဖြေက အားလုံးကောင်း ….


ဆရာဝန်တွေကတော့ အူမကြီးဆိုလား ခွဲရမတဲ့ 

တခြားစစ်ဆေးမှုတွေ တတ်နိုင်သမျှတော့ လုပ်ထားတယ်။


ကလေးကို ကလေးအစာအိမ်အူလမ်းကြောင်ဆရာဝန်နဲ့ပြပါလို့ 

အကြံပေးလိုက်တော့ တရက် နှစ်ရက်နေတော့ ပြောလာတယ် …. 

အဲဒီမှာ ဆရာဝန် မရှိဘူးတဲ့။


ကဲ …. ရှိစေတော့။ ကလေးအစာအိမ်အူလမ်းကြောင်း 

သမားတော်ကြီး တယောက် အသိမိတ်ဆွေရှိတယ် ….


အသက်က ကြီးလှပြီ။ တော်ဝင်ကလေးသမားတော်ကြီးများအဖွဲ့မှာ

အဖွဲ့ဝင်ပေါ့။ ဒေါက်တာယုံ တဲ့။


ပို့လာတဲ့ ဆေးမှတ်တမ်းတွေ ဓါတ်ပုံတွေပို့ပြီး ကုပေးဖို့

တောင်းပန်ကြည့်တယ်။ သူဒီကေ့စ်ကို မကိုင်ချင်ဘူးတဲ့။


ဒါနဲ့ ကလေးအထူးကုတွေရှာတော့ ဆေးရုံတစ်ခုက 

ကလေးသမားတော် ရလာပါရော။


လူနာမိသားစု မနေ့ကရောက်လာပြီး ဒီမနက် အဲဒီဆေးရုံကို 

ကိုယ့်အဖွဲ့ကို ခေါ်ပြီးလူနာကလေးအမေနဲ့ အတူ ယွန်းရပါလေရော။


ဟိုဆေးရုံရောက်တော့ ဆရာဝန်က မေးတာပေါ့ …


ကလေးဝမ်း ဘယ်လိုသွားလဲ ဘာညာနဲ့။


ပြီးတော့ နားကျပ်တချက်တောင်မှ မထောက်ပဲ မေးတယ်။


ကလေးကို ဘာတိုက်လဲဆိုတော့ 

ကလေးအမေက အခုအထိ မိခင်နို့ တိုက်တုန်းပဲတဲ့။


ဆက်ပြီးမေးရင်းက ကလေးအမေ နွားနို့သောက်လား ဆိုတော့ …


ကလေးမွေးကတည်းက ကလေးအားရှိအောင်အဟာရဖြစ်အောင် 

ကလေးအမေက တနေ့ကို နွားနို့၅၀ ကျပ်သား ပုံမှန်သောက်သတဲ့ဗျား။


ကဲ … ဘာမှ မပူနဲတော့ အဖြေထွက်လာပါပြီ။


ကလေးက မိခင်ရဲ့နို့ကို အထူးပြုပြီးကာလကြာရှည်တိုက်ကျွေးရင်

ရံဖန်ရံခါဆိုသလို  ကလေးရဲ့ မစင်မှာသွေးနဲ့ အချွဲတွေ စအိုတွင်း

ပြဲပြီး မစင်မှာပါလာတတ်သလို အူမယောင်လို့လည်း 

သွေးယိုလာပါတယ်။


ကလေး အူမယောင် Infant Colitis ပေါ့ဗျာ။


ကလေး ဓါတ်မတည့်မှုကြောင့် အဖြစ်များပြီး ကလေးတွေကို

တခြား ဘာမှမကျွေးပဲ မိခင်နို့တိုက်ကျွေးတာမျိုးဟာ

 မွေးစကနေ ၆ လသားအထိပဲ ကောင်းပါတယ်။


ဒီတော့ ကလေးအူမယောင်လို့ သွေးဆင်း သွေးဝမ်းသွားရင်

ကလေးအမေဟာ နွားနို့ ကြက်ဥ ဒိန်ချဉ် ဒိန်ခဲ နွားနို့ခဲ နို့လျင်တဲ့ 

နို့ထွက်ပစ္စည်းစားသုံးနေတာကို ချက်ခြင်း ရပ်ရပါမယ်။


ဒီတော့ ကလေးနို့တိုက်မိခင်တွေ နွားနို့လှိမ့်မသောက်ပါနဲ့။


နို့မသောက်ပဲရတဲ့ မိခင် နို့ရည်ဟာ 

ကလေးအူယောင်တာကို အမြန်သက်သာစေပါတယ်။


အဖြေရတော့ ကလေးရဲ့ အစာအိမ်နဲ့အူမကြီး 

မှန်ပြောင်း ကြည့်ရတော့မှာကိုး …


မနက်က ဆေးရုံတက် မနက်ဖြန်ကြည့်ပေးဖို့။


နောက်တော့အဲဒီဆေးရုံက ဖုန်းဆက်လာတယ် …


သုံးနှစ်အောက်ကလေးအတွက် မရှိလို့ ကြည့်မရဘူးတဲ့။


လုပ်ကြပါဦး … အရပ်ကူပါ လူဝိုင်းပါပေါ့ …


တနှစ်ခွဲ ကလေးမနက်ဖြန် မေ့ဆေးပေးကြည့်မယ် ဒီညဆေးရုံတင် …


အခုဟိုတယ်ပြန် အဝတ်အစား အထုတ်အပိုး အားလုံး 

အဆင်သင့်ဖြစ်လို့ စောင့်နေကြပြီ။


ကိုယ်တွေမှာတော့ ဆေးရုံရှာတာ ပြာယာခတ်။


လူနာရှင်တွေအဖော်လိုက်သူတွေကတော့ မျက်နှာပျက်နေလောက်ပြီ။


ကဲ … နောက်ဆုံး ကလေး အစာအိမ်နဲ့အူလမ်းကြောင်း

သမားတော်ကြီး ဒေါက်တာယုံကို ပြန်ဆက်သွယ်ပြီးဆရာကြီးပဲ 

ကေ့စ်လာကြည့်ပေးပါ။


ပြီးရင် နာမည်ကျော်ချူလာလောင်ကွန် 

ကလေးဆေးရုံကြီးကို လွှဲပေးပါဆိုပြီး


တောင်းဆိုမှ ဆရာကြီး လာကြည့်ပြီး သူတပည့်ဌာနမှုးကို 

ဖုန်းဆက်စာရေး လက်ခံပေးခိုင်းရသပေါ့ဗျား။


လူနာရှင်တွေကတော့ ကိုယ့်မှာဘယ်လို ရုန်းကန်လှုပ်ရှားရတယ်


ဒီဆေးရုံဆိုတာ သူတို့ ထိုင်းလူမျိုးအချင်းချင်းတောင် 

ဆေးရုံတက်ခွင့်ရဖို့ လချီစောင့်ရတယ်ဆိုတာ သိမယ့်ပုံမပေါ်။


မနက်ဖြန်တော့ ဒီဘက်ဆေးရုံ နာမည်ခံ အာမခံပေးပြီး


ချူလာလောင်ကွန်းတက္ကသိုလ် ကလေးဆေးရုံကြီးမှာ


ကုသပေးမယ်ပေါ့ဗျာ။ အဲဒီဆေးရုံက သမားတော်ကြီး


ကိုယ်တိုင် ထောက်ခံပေးထားတော့ အဆင်ပြေမှာပေါ့။


ကျေးဇူး မတင်ချင်နေ … ဒီလောက်အထိ အဖွဲ့လိုက်


လုပ်ပေးရတာပါလားဆိုတာ သိရင် ကျေနပ်ပြီ။


ဒါ …. ဒီနေ့လုပ်ရတာတွေထဲက တခုရယ်။


(မွေးနေ့ကိတ်ပုံ ကလေးချေးပုံပါ တင်လိုက်ရ ကောင်းမလား။


ကိုဇော် ဟင်းပွဲတွေချည်းပဲ ဗိုက်ဆာအောင် တင်တယ်ဆိုလို့)


အဟေးဟေး


ကိုဇော်


ဘန်ကောက်


၂၃:၅၈


၁၂/၀၆/၂၀၁၈

No comments:

Post a Comment