Project K အဖြဲ႕ ေတာင္ကိုရီးယားသို႔ ေရာက္ရွိ
-----------------------------------------------------
ျမန္မာႏိုင္ငံမွ လူငယ္ေတးဂီတအဖြဲ႕တစ္ဖြဲ႕ျဖစ္သည့္ Project K အဖြဲ႕သည္
ေလ့က်င့္သင္ၾကား မႈမ်ားႏွင့္ ေဖ်ာ္ေျဖမႈမ်ားျပဳလုပ္ႏိုင္ရန္ ကိုရီးယားသမၼတ
ႏိုင္ငံ၊ အင္ခြၽန္းအျပည္ျပည္ ဆိုင္ရာေလဆိပ္သို႔ ကိုရီးယားေလေၾကာင္းလိုင္း
(KE) ျဖင့္ ယေန႔ စက္တင္ဘာလ ၁၅ ရက္ နံ နက္ပိုင္းက ေရာက္ရွိခဲ့ၾက
ေၾကာင္း ဆိုးလ္ၿမိဳ႕ ျမန္မာသံ႐ုံးက သိရသည္။
ၿပီးခဲ့သည့္၂၀၁၉ ခုႏွစ္၊ ႏိုဝင္ ဘာလကက်င္းပျပဳလုပ္ခဲ့သည့္ အာဆီယံ-
ကိုရီးယားေဆြးေႏြးဖက္ဆက္ဆံေရး ထိပ္သီးအစည္းအေဝး ကာလအတြင္း
ႏွစ္ႏိုင္ငံအႀကီးအကဲမ်ား၏ ေဆြးေႏြး ညႇိႏႈိင္းခဲ့ေၾကာင္း၊ ယင္းေၾကာင့္ ျမန္မာ
ႏိုင္ငံမွ လူငယ္ေတးဂီတအဖြဲ႕တစ္ဖြဲ႕ျဖစ္သည့္ Project K အဖြဲ႕အေနျဖင့္
ျမန္မာႏိုင္ငံႏွင့္ ကိုရီးယားသမၼတ ႏိုင္ငံတို႔အၾကား ယဥ္ေက်းမႈက႑
ပူးေပါင္း ေဆာင္႐ြက္မႈမ်ား ပိုမိုျမႇင့္တင္ႏိုင္ရန္အတြက္ ေရာက္ရွိလာၾကျခင္း
ျဖစ္ေၾကာင္း သိရသည္။
ဆိုးလ္ၿမိဳ႕၊ ဂန္နမ္ရွိ SL Studio တြင္ K-pop Music ႏွင့္ပတ္သက္၍
ရက္သတၱပတ္(၃)ပတ္ၾကာ ေလ့က်င့္ သင္ၾကားၿပီးေနာက္ ေအာက္တိုဘာ
လ ၉ ရက္ ႏွင့္ ၁၀ ရက္တြင္ Gyeongsangbuk-do ျပည္နယ္၊ Gyeongju
ၿမိဳ႕၌ က်င္းပမည့္ အာရွ သီခ်င္းေဖ်ာ္ေျဖေရးပြဲေတာ္ (Asia Song Festival)
အတြင္း သီဆိုကျပ ေဖ်ာ္ေျဖေပးၾကမည္ ျဖစ္ေၾကာင္းလည္း သိရသည္။
via:pyimyanmar
ဓာတ္ပုံ-ျမန္မာသံ႐ုံး(ဆိုးလ္) & Project K
===============================
Project K အဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိ
-----------------------------------------------------
မြန်မာနိုင်ငံမှ လူငယ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Project K အဖွဲ့သည်
လေ့ကျင့်သင်ကြား မှုများနှင့် ဖျော်ဖြေမှုများပြုလုပ်နိုင်ရန် ကိုရီးယားသမ္မတ
နိုင်ငံ၊ အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ကိုရီးယားလေကြောင်းလိုင်း
(KE) ဖြင့် ယနေ့ စက်တင်ဘာလ ၁၅ ရက် နံ နက်ပိုင်းက ရောက်ရှိခဲ့ကြ
ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးက သိရသည်။
ပြီးခဲ့သည့်၂၀၁၉ ခုနှစ်၊ နိုဝင် ဘာလကကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-
ကိုရီးယားဆွေးနွေးဖက်ဆက်ဆံရေး ထိပ်သီးအစည်းအဝေး ကာလအတွင်း
နှစ်နိုင်ငံအကြီးအကဲများ၏ ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း၊ ယင်းကြောင့် မြန်မာ
နိုင်ငံမှ လူငယ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Project K အဖွဲ့အနေဖြင့်
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့အကြား ယဉ်ကျေးမှုကဏ္ဍ
ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ရောက်ရှိလာကြခြင်း
ဖြစ်ကြောင်း သိရသည်။
ဆိုးလ်မြို့၊ ဂန်နမ်ရှိ SL Studio တွင် K-pop Music နှင့်ပတ်သက်၍
ရက်သတ္တပတ်(၃)ပတ်ကြာ လေ့ကျင့် သင်ကြားပြီးနောက် အောက်တိုဘာ
လ ၉ ရက် နှင့် ၁၀ ရက်တွင် Gyeongsangbuk-do ပြည်နယ်၊ Gyeongju
မြို့၌ ကျင်းပမည့် အာရှ သီချင်းဖျော်ဖြေရေးပွဲတော် (Asia Song Festival)
အတွင်း သီဆိုကပြ ဖျော်ဖြေပေးကြမည် ဖြစ်ကြောင်းလည်း သိရသည်။
via:pyimyanmar
ဓာတ်ပုံ-မြန်မာသံရုံး(ဆိုးလ်) & Project K
No comments:
Post a Comment