လွ်ပ္စစ္စြမ္းအင္မလိုတဲ့ အဝတ္ေလွ်ာ္စက္ကို
တီထြင္ခဲ့တဲ့ (၉)ႏွစ္အရြယ္ ေက်ာင္းသားေလး
---------------------------------------------------
အိႏိၵယႏိုင္ငံက (၉)ႏွစ္အရြယ္ ေက်ာင္းသားေလးတစ္ဦးဟာ
လွ်ပ္စစ္မီးမလိုဘဲ ေျခနင္းခံုသံုးၿပီး စြမ္းအင္ေပးရတဲ့
အ၀တ္ေလွ်ာ္စက္တစ္မ်ိဳးကို တီထြင္ခဲ့ပါတယ္။ ယခု(၂၀၁၈)ခုႏွစ္ကို
ေရာက္လာေပမယ့္ လွ်ပ္စစ္မီးမရေသးတဲ့ေနရာေတြဟာ ကမာၻ႕ေနရာ
အႏံွ႔အျပားမွာ ရွိေနဆဲပါ။ အိႏိၵယႏိုင္ငံတစ္ႏိုင္ငံထဲမွာတင္ လူသန္းေပါင္း
(၂၄၀)ေလာက္ဟာ လွ်ပ္စစ္စီးမရရွိၾကေၾကာင္း အျပည္ျပည္ဆုိင္ရာ
စြမ္းအင္ေအဂ်င္စီက ဆိုပါတယ္။ အခုဆိုရင္ေတာ့ ႏြမ္းပါးတဲ့လူ
သန္းေပါင္းမ်ားစြာဟာ ေက်ာင္းသားေလးရဲ႕ တီထြင္မႈေကာင္းက်ိဳးကို
ခံစားရေတာ့မွာျဖစ္ပါတယ္။
အ၀တ္ေလွ်ာ္စက္ကို စြန္႔ပစ္ပလတ္စတစ္ပံုးတစ္ပံုးနဲ႔ ျပဳလုပ္ထားပါတယ္။
ပလတ္စတစ္ပံုးကိုေတာ့ စက္ဘီးရဲ႕ခ်ိန္းၾကိဳး၊ ေျခနင္းခံုေတြနဲ႔ ခ်ိတ္ဆက္
ထားပါတယ္။
ေကာင္ေလးက ညစ္ပတ္ေပေရေနတဲ့ အ၀တ္စတစ္စကို ယူလိုက္ပါတယ္။
ၿပီးတဲ့အခါ စက္ဘီးေျခနင္းခံုေပၚတက္နင္းလိုက္ၿပီး သူ႔ရဲ႕အ၀တ္ေလွ်ာ္စက္
သစ္ အလုပ္လုပ္ပံုကို သရုပ္ျပခဲ့ပါတယ္။
အ၀တ္စကို ဆလင္ဒါပံုစံ ပလတ္စတစ္ပံုးထဲ ထည့္လိုက္ၿပီး
တစ္ေအာင့္ၾကာေအာင္ စက္ဘီးနင္းေနခဲ့ပါတယ္။ ၿပီးေနာက္
ပလတ္စတစ္ပံုးထဲက အ၀တ္ကို ထုတ္ျပတဲ့အခါမွာ အ့ံၾသစရာ
ေကာင္းေလာင္ေအာင္ အ၀တ္စဟာ ျဖဴေဖြးသန္႔စင္ေနတာေတြ႔ရပါတယ္။
အခုလိုတီထြင္မႈဟာ ယေန႔ေခတ္မွာမ်ားစြာ အက်ိဳးရွိတဲ့တီထြင္မႈျဖစ္ၿပီး
လွ်ပ္စစ္မီးမရၾကေသးတဲ့ ကမာၻအရပ္ရပ္က မိသားစုေတြ လိုက္လံ
က်င့္သံုးႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
လင္းလင္း (ShweMom)
Ref: goodtimes
==============================
လျှပ်စစ်စွမ်းအင်မလိုတဲ့ အဝတ်လျှော်စက်ကို
တီထွင်ခဲ့တဲ့ (၉)နှစ်အရွယ် ကျောင်းသားလေး
---------------------------------------------------
အိန္ဒိယနိုင်ငံက (၉)နှစ်အရွယ် ကျောင်းသားလေးတစ်ဦးဟာ
လျှပ်စစ်မီးမလိုဘဲ ခြေနင်းခုံသုံးပြီး စွမ်းအင်ပေးရတဲ့
အဝတ်လျှော်စက်တစ်မျိုးကို တီထွင်ခဲ့ပါတယ်။ ယခု(၂၀၁၈)ခုနှစ်ကို
ရောက်လာပေမယ့် လျှပ်စစ်မီးမရသေးတဲ့နေရာတွေဟာ ကမ္ဘာ့နေရာ
အနံှ့အပြားမှာ ရှိနေဆဲပါ။ အိန္ဒိယနိုင်ငံတစ်နိုင်ငံထဲမှာတင် လူသန်းပေါင်း
(၂၄၀)လောက်ဟာ လျှပ်စစ်စီးမရရှိကြကြောင်း အပြည်ပြည်ဆိုင်ရာ
စွမ်းအင်အေဂျင်စီက ဆိုပါတယ်။ အခုဆိုရင်တော့ နွမ်းပါးတဲ့လူ
သန်းပေါင်းများစွာဟာ ကျောင်းသားလေးရဲ့ တီထွင်မှုကောင်းကျိုးကို
ခံစားရတော့မှာဖြစ်ပါတယ်။
အဝတ်လျှော်စက်ကို စွန့်ပစ်ပလတ်စတစ်ပုံးတစ်ပုံးနဲ့ ပြုလုပ်ထားပါတယ်။
ပလတ်စတစ်ပုံးကိုတော့ စက်ဘီးရဲ့ချိန်းကြိုး၊ ခြေနင်းခုံတွေနဲ့ ချိတ်ဆက်
ထားပါတယ်။
ကောင်လေးက ညစ်ပတ်ပေရေနေတဲ့ အဝတ်စတစ်စကို ယူလိုက်ပါတယ်။
ပြီးတဲ့အခါ စက်ဘီးခြေနင်းခုံပေါ်တက်နင်းလိုက်ပြီး သူ့ရဲ့အဝတ်လျှော်စက်
သစ် အလုပ်လုပ်ပုံကို သရုပ်ပြခဲ့ပါတယ်။
အဝတ်စကို ဆလင်ဒါပုံစံ ပလတ်စတစ်ပုံးထဲ ထည့်လိုက်ပြီး
တစ်အောင့်ကြာအောင် စက်ဘီးနင်းနေခဲ့ပါတယ်။ ပြီးနောက်
ပလတ်စတစ်ပုံးထဲက အဝတ်ကို ထုတ်ပြတဲ့အခါမှာ အံ့သြစရာ
ကောင်းလောင်အောင် အဝတ်စဟာ ဖြူဖွေးသန့်စင်နေတာတွေ့ရပါတယ်။
အခုလိုတီထွင်မှုဟာ ယနေ့ခေတ်မှာများစွာ အကျိုးရှိတဲ့တီထွင်မှုဖြစ်ပြီး
လျှပ်စစ်မီးမရကြသေးတဲ့ ကမ္ဘာအရပ်ရပ်က မိသားစုတွေ လိုက်လံ
ကျင့်သုံးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
လင်းလင်း (ShweMom)
Ref: goodtimes
No comments:
Post a Comment