--------------------------------------------------------------
တစ်ဖက်တစ်လမ်းမှ ကူညီ
လုပ်ရပ်နဲ့စာရင် ကျွန်မတို့ရဲု့တုန့်ပြန်မှုက မပြောပလောက်ပါဘူး။
Ref: Sky Thai News
================================
တပ်ဖွဲ့ဝင်တို့၏ ယူနီဖောင်းများကို အခမဲ့လျှော်ဖွပ်ပေး…..
--------------------------------------------------------------
❒ ပျောက်ဆုံးထိုင်းလူငယ်များအား ရှာဖွေပေးနေကြသည့်
တပ်ဖွဲ့ဝင်တို့၏ ယူနီဖောင်းများကို အခမဲ့လျှော်ဖွပ်ပေးခြင်းဖြင့်
တစ်ဖက်တစ်လမ်းမှ ကူညီ
ပျောက်ဆုံးထိုင်းလူငယ်များအား ရှာဖွေပေးနေကြသည့်
တပ်ဖွဲ့ဝင်တို့၏ ယူနီဖောင်းများကို ယင်းဒေသရှိ အမျိုးသမီးတစ်ဦးက
ဦးဆောင်၍ အခမဲ့ လျှော်ဖွတ်ပေးခြင်းဖြင့် ကျေးဇူးတုန့်ပြန်
ကူညီလျှက် ရှိကြောင်းသိရသည်။
ည ၉ နာရီတွင် တစ်နေ့တာဝတ်ဆင်ထားကြသော
တပ်ဖွဲ့ယူနီဖောင်းများအား သွားရောက်သိမ်းဆည်းယူငင်ပြီး
နောက်တစ်နေ့ နံနက် ၃ နာရီတွင် လျှော်ဖွတ်အခြောက်ခံပြီးသော
ယူနီဖောင်းများကို ပြန်လည်ပေးပို့ခြင်းဖြစ်သည်။
”ဂူတွင်းပိတ်မိနေတဲ့ လူငယ်တွေကို ကူညီရှာဖွေပေးနေကြသူတွေရဲ့
လုပ်ရပ်နဲ့စာရင် ကျွန်မတို့ရဲ့ ုတုန့်ပြန်မှုက မပြောပလောက်ပါဘူး။
ထိုင်းနိုင်ငံကိုယ်စား ကျေးဇူးတုန့်ပြန်မှုအနေနဲ့ လုပ်ပေးနေတာပါ”ဟု
ယင်းလျှော်ဖွတ်ပေးခြင်းကို ဦးဆောင်သူ အမျိုးသမီးကပြောသည်။
ယင်းအမျိုးသမီးနှင့်အဖွဲ့အား ပျောက်ဆုံးလူငယ်များအား
ရှာဖွေခြင်းကို နောက်ကွယ်မှ အကူအညီပေးနေကြသူများအဖြစ်
အွန်လိုင်းတွင် ကျေးဇူးတင်ချီးမွမ်းနေကြသည်။…..
source:myanmarnewstoday
Ref: Sky Thai News
အုတ်တစ်ချပ် သဲတစ်ပွင့်ဆိုတာ ဒါပါပဲ...
No comments:
Post a Comment