မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 19, 2020

ေက်ာင္းဆရာမတစ္ဦးရဲ႕ ေနာက္ဆုံးဆႏၵ

 ေက်ာင္းဆရာမတစ္ဦးက သူမရဲ႕နာေရး

လာမယ့္သူေတြအတြက္ ေတာင္းဆိုခဲ့တဲ့ေနာက္ဆံုးဆႏၵ

------------------------------------------------------------

အေေမရိကန္ႏိုင္ငံ ေဂ်ာ္ဂ်ီယာျပည္နယ္က ေက်ာင္းဆရာမ

တစ္ေယာက္ဟာ ကြယ္လြန္သြားခ်ိန္မွာေတာင္ ဆရာပီသစြာ

ေက်ာင္းသူေက်ာင္းသားေတြကို ကူညီဖို႔ နည္းလမ္းရွာေဖြခဲ့ပါတယ္။ 

တမ္မီ၀ယ္ဒယ္ အမည္ရွိတဲ့ ဆရာမတစ္ဦးဟာ ဇြန္လ(၉)ရက္ေန႔ 

အသက္(၅၈)ႏွစ္အရြယ္မွာ နာတာရွည္ေရာဂါနဲ႔ ကြယ္လြန္ခဲ့ပါတယ္။


ဆရာမတမ္မီဟာ သူမေသဆံုးတဲ့အခါ အသုဘလာေရာက္သူေတြကို 

သူမဖို႔ပန္းေတြအစား စာေရးကိရိယာေတြ အျပည့္အစံုထည့္ထားတဲ့ 

ေက်ာပိုးအိတ္ေတြကို ယူေဆာင္လာၾကဖို႔ ေမတၱာရပ္ခံခဲ့ပါတယ္။ 

ထိုေက်ာပိုးအိတ္ေတြဟာ စာေရးကိရိယာေတြ မ၀ယ္ႏုိင္ရွာတဲ့ 

ႏြမ္းပါးတဲ့ ကေလးငယ္ေတြအတြက္လို႔ သိရပါတယ္။

ဒါေၾကာင့္ ဇြန္လ(၁၂)ရက္ေန႔ သူမနာေရးက်င္းပတဲ့ ေနရာမွာ 

ေက်ာပိုးအိတ္ ဒါဇင္ေပါင္းမ်ားစြာနဲ႔ လူေတြဟာ ဘုရားေက်ာင္းထဲမွာ

တန္းစီေနတာကို ေတြ႔ရမွာပါ။ စာသင္ႏွစ္(၄၀)ေလာက္ ရွိခဲ့ၿပီျဖစ္တဲ့

ဆရာမတမ္မီဟာ အၿငိမ္းစားယူဖို႔ အခ်ိန္မတိုင္ခင္ေလးမွာ 

ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

တမ္မီဟာ ေဖာဆစ္သ္ေကာင္တီေက်ာင္းေတြမွာ မူလတန္းျပ

ဆရာမတစ္ဦး အေနနဲ႔ တာ၀န္ထမ္းေဆာင္ေနတာ ျဖစ္ပါတယ္။

စာသင္ၾကားမႈမွာ ၀ါသနာပါသူျဖစ္ၿပီး ကေလးတိုင္း ပညာသင္ခြင့္

ရွိရမယ္လို႔ ယံုၾကည္ထားသူလည္း ျဖစ္ပါတယ္။ သူမရဲ႕နာေရး

ဖိတ္ၾကားလႊာထဲမွာ ေသသူအတြက္ ရည္စူးၿပီးေပးတဲ့ ပန္းေတြအစား 

ေက်ာင္းသံုးပစၥည္းေတြ အျပည့္ထည့္ထားတဲ့ ေက်ာပိုးအိတ္ေလးေတြ 

သယ္လာေပးၾကပါဆိုၿပီး ေရးသားထားပါတယ္။

ဒါေၾကာင့္ ေသဆံုးသူရဲ႕ျမင့္ျမတ္တဲ့ ဆႏၵကိုျဖည့္ဆည္းေပးဖို႔အတြက္ 

နာေရးလာသူေတြဟာ ေက်ာပိုးအိတ္ေတြကို သယ္လာခဲ့ၾကတာ

ျဖစ္ပါတယ္။ တမ္မီနဲ႔ ႏွစ္ေပါင္းမ်ားစြာ အတူတကြ အလုပ္လုပ္လာ

ခဲ့ၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း အလွဴခံလို႔ ရလာတဲ့ 

ေက်ာပိုးအိတ္ေတြကို အသုဘအခမ္းအနား ၿပီးတဲ့အခါ ဘုရားေက်ာင္း

ကေန စာသင္ေက်ာင္းကိုလွဴဖို႔ ျပန္သယ္လာ ေပးၾကပါတယ္။ 

ေသဆံုးသြားခဲ့ေပမယ့္ ခ်ိဳ႕တဲ့ႏြမ္းပါးတဲ့ ေက်ာင္းသူေက်ာင္းသားေတြ

အတြက္ တတ္ႏိုင္သေလာက္ လံု႔လစုိက္သြားခဲ့တဲ့တမ္မီရဲ႕ မြန္ျမတ္တဲ့

ေစတနာကို အားလံုးက အသိအမွတ္ျပဳ ခ်ီးမြမ္းခဲ့ၾကတယ္လို႔ 

သိရပါတယ္။


လင္းလင္း (ShweMom)

Ref: Dailymail, buzzfeed

http://www.dailymail.co.uk/femail/article-5884201/Georgia-teacher-Tammy-Waddell-requests-donated-backpacks-obituary.html

===============================


ကျောင်းဆရာမတစ်ဦးက သူမရဲ့နာရေး

လာမယ့်သူတွေအတွက် တောင်းဆိုခဲ့တဲ့နောက်ဆုံးဆန္ဒ

------------------------------------------------------------


အေမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က ကျောင်းဆရာမ

တစ်ယောက်ဟာ ကွယ်လွန်သွားချိန်မှာတောင် ဆရာပီသစွာ

ကျောင်းသူကျောင်းသားတွေကို ကူညီဖို့ နည်းလမ်းရှာဖွေခဲ့ပါတယ်။ 

တမ်မီဝယ်ဒယ် အမည်ရှိတဲ့ ဆရာမတစ်ဦးဟာ ဇွန်လ(၉)ရက်နေ့ 

အသက်(၅၈)နှစ်အရွယ်မှာ နာတာရှည်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။


ဆရာမတမ်မီဟာ သူမသေဆုံးတဲ့အခါ အသုဘလာရောက်သူတွေကို 

သူမဖို့ပန်းတွေအစား စာရေးကိရိယာတွေ အပြည့်အစုံထည့်ထားတဲ့ 

ကျောပိုးအိတ်တွေကို ယူဆောင်လာကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ 

ထိုကျောပိုးအိတ်တွေဟာ စာရေးကိရိယာတွေ မဝယ်နိုင်ရှာတဲ့ 

နွမ်းပါးတဲ့ ကလေးငယ်တွေအတွက်လို့ သိရပါတယ်။


ဒါကြောင့် ဇွန်လ(၁၂)ရက်နေ့ သူမနာရေးကျင်းပတဲ့ နေရာမှာ 

ကျောပိုးအိတ် ဒါဇင်ပေါင်းများစွာနဲ့ လူတွေဟာ ဘုရားကျောင်းထဲမှာ

တန်းစီနေတာကို တွေ့ရမှာပါ။ စာသင်နှစ်(၄၀)လောက် ရှိခဲ့ပြီဖြစ်တဲ့

ဆရာမတမ်မီဟာ အငြိမ်းစားယူဖို့ အချိန်မတိုင်ခင်လေးမှာ 

ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။


တမ်မီဟာ ဖောဆစ်သ်ကောင်တီကျောင်းတွေမှာ မူလတန်းပြ

ဆရာမတစ်ဦး အနေနဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

စာသင်ကြားမှုမှာ ဝါသနာပါသူဖြစ်ပြီး ကလေးတိုင်း ပညာသင်ခွင့်

ရှိရမယ်လို့ ယုံကြည်ထားသူလည်း ဖြစ်ပါတယ်။ သူမရဲ့နာရေး

ဖိတ်ကြားလွှာထဲမှာ သေသူအတွက် ရည်စူးပြီးပေးတဲ့ ပန်းတွေအစား 

ကျောင်းသုံးပစ္စည်းတွေ အပြည့်ထည့်ထားတဲ့ ကျောပိုးအိတ်လေးတွေ 

သယ်လာပေးကြပါဆိုပြီး ရေးသားထားပါတယ်။


ဒါကြောင့် သေဆုံးသူရဲ့မြင့်မြတ်တဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက် 

နာရေးလာသူတွေဟာ ကျောပိုးအိတ်တွေကို သယ်လာခဲ့ကြတာ

ဖြစ်ပါတယ်။ တမ်မီနဲ့ နှစ်ပေါင်းများစွာ အတူတကွ အလုပ်လုပ်လာ

ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း အလှူခံလို့ ရလာတဲ့ 

ကျောပိုးအိတ်တွေကို အသုဘအခမ်းအနား ပြီးတဲ့အခါ ဘုရားကျောင်း

ကနေ စာသင်ကျောင်းကိုလှူဖို့ ပြန်သယ်လာ ပေးကြပါတယ်။ 

သေဆုံးသွားခဲ့ပေမယ့် ချို့တဲ့နွမ်းပါးတဲ့ ကျောင်းသူကျောင်းသားတွေ

အတွက် တတ်နိုင်သလောက် လုံ့လစိုက်သွားခဲ့တဲ့တမ်မီရဲ့ မွန်မြတ်တဲ့

စေတနာကို အားလုံးက အသိအမှတ်ပြု ချီးမွမ်းခဲ့ကြတယ်လို့ 

သိရပါတယ်။


လင်းလင်း (ShweMom)

Ref: Dailymail, buzzfeed

http://www.dailymail.co.uk/femail/article-5884201/Georgia-teacher-Tammy-Waddell-requests-donated-backpacks-obituary.html


No comments:

Post a Comment