အီရန္ရဲ႕ သမိုင္းဝင္ဆား႐ုပ္ႂကြင္းအ႐ုိးစု
သုိ႔မဟုတ္ Salt Mummy ...
--------------------------------------
အီရန္ႏိုင္ငံေျမာက္ဘက္ပိုင္း ဇန္ဂ်န္စီရင္စုက ဟမ္ဇာလီ၊
မယ္ရာဘတ္၊ နဲ႔ ခ်ာရာဘတ္ရြာေတြရဲ႕ မနီးမေ၀းမွာ လိပ္ခံုးပံု
ဆားေတာင္ႀကီး႐ွိတယ္။ ဒီဆားတြင္းႀကီးထဲမွာ လြန္ခဲ့တဲ့ ဘူမိေခတ္
ႏွစ္သန္းေပါင္း အစိတ္ေလာက္ထဲက အနည္ထိုင္စုပံုေနတဲ့ ဂ်စ္ဆင္
လို႔ေခၚတဲ့ ေက်ာက္ပတ္တီးသံံုး ေက်ာက္မႈန္၊ ရႊံ႕နဲ႔ ဆားေက်ာက္
စသျဖင့္ ဖိုးသက္႐ွည္ သဘာဝသယံဇာတေတြ ပါဝင္ေနတယ္။
ထူထပ္သိပ္သည္းတဲ့ ေျမျပင္ေျမသား ဖြဲ႕စည္းမႈမ႐ွိတာေၾကာင့္
ဒီဆားဓာတ္ေတြကို ေျမေအာက္တူးေဖာ္မႈေတြမွာ အျမဲဆံုးရံူး
ရတတ္တယ္။
ဆားေတာင္ႀကီးရဲ႕ အေ႐ွ႕ေတာင္ဘက္မွာ ဆားတြင္းတူးတဲ့မိုင္းေတြ
အမ်ားႀကီး႐ွိၿပီး ေ႐ွးေရာမနဲ႔ ဂရိေခတ္ေတြကတည္းက လုပ္ခဲ့ၾကတဲ့
ဆားသတၱဳတြင္းေတြပါ။ ၾကံဳခ်င္ေတာ့ ၁၉၉၄ မွာ ဆားတြင္းသမား
ေတြဟာ လူ႕ေခါင္းျပတ္ႀကီးတစ္ခုကို အလုပ္လုပ္ေနတုန္း
ေတြ႕လိုက္ရတယ္။ ေတာ္ေတာ္ကို ေ႐ွးက်အိုေဟာင္းေနၿပီ။
ဆားဓာတ္နဲ႔ ေခါင္းကို မံထားသလိုျမင္ရၿပီး အေတာ္တာ႐ွည္ခံ
မပ်က္စီးခဲ့ပံုပါ။ ဘယ္ေလာက္ထိလဲဆို နားေပါက္မွာတပ္ထားတဲ့
ေရႊနားကပ္က တပ္လ်က္သား က်န္ေနဆဲျဖစ္ၿပီး ေခါင္းမွာလည္း
ဆံပင္႐ွည္ေတြ၊ မုတ္ဆိတ္ေမြး ပါးသိုင္းမႊးေတြနဲ႔ပါ။ လုပ္သားေတြဟာ
ဆက္ၿပီးတူးေဖာ္ၾကတဲ့အခါ ေျချပတ္တစ္ခုကိုပါ ထပ္ေတြ႕ရၿပီး
ဒီေျချပတ္မွာပါ သားေရဘြတ္ဖိနပ္ ဝတ္ဆင္ထားျမဲပါ။ ထပ္ၿပီး
သံမဏိဓား ၃ ေခ်ာင္း၊ သိုးေမႊးရက္ထားတဲ့ ေဘာင္းဘီတိုတစ္ထည္၊
ေငြအပ္တစ္ေခ်ာင္း၊ သိုင္းႀကိဳးတစ္ခု၊ သားေရႀကိဳးစေတြ၊
ဓားေသြးေက်ာက္၊ သစ္ၾကားသီး၊ အိုးျခမ္းကြဲစတခ်ိဳ႕နဲ့
အ႐ိုးအစအနေတြ ေတြ႕ခဲ့ရပါတယိ။
၂၀၀၄ မွာ ဆားျဖစ္႐ုပ္ႂကြင္းလို မံမီ႐ုပ္ေတြကို ထပ္ေတြ႕႐ၿပီး
ေနာက္ထပ္ေျခာက္ႏွစ္အတြင္း ႐ုပ္ႂကြင္းေလးခုထပ္ေတြ႕ရပါတယ္။
ပထမဆံုးစေတြ႔႐ွိခဲ့တဲ့ ဆားျဖစ္႐ုပ္ႂကြင္းက ကာဗြန္ ႏွစ္ေပါင္း ၁၇၀၀၊
ဆာေဆနီးယန္း အင္ပါယာ ေခတ္ကပါ။ ဒုတိယေျမာက္အေနနဲ႔
ကာဗြန္ ႏွစ္ေပါင္း ၁၅၀၀ ႐ွိပါၿပီ။ တတိယ၊ စတုတၳ နဲ့ ပဥၥမေျမာက္
ဆားျဖစ္႐ုပ္ႂကြင္းေတြကိုေတာ့ ကာဗြန္ႏွစ္ေပါင္း ၂၂၀၀ ေလာက္၊
ပါ႐ွန္းအင္ပါယာေခတ္မွာ ေတြ႕႐ွိခဲ့တာပါ။ ဒီဆားျဖစ္႐ုပ္ႂကြင္းေတြဟာ
ဂူ႐ုတ္တရက္ၿပိဳက်မႈေတြမွာ ေသဆံုးခဲ့ၾကရပံုပါ။
ဒီမိုင္းထဲကေန ဆက္ၿပီးရ႐ွိခဲ့တဲ့ ႐ုပ္ႂကြင္းအ႐ိုးစု၊ မံမီေတြဟာ
ေ႐ွးေဟာင္းသုေတသနပညာ႐ွင္ေတြ နဲ႔ သိပၸံပညာ႐ွင္ေတြအတြက္
သမိုင္းအေထာက္အထားေတြအျဖစ္ ေတာ္ေတာ္ေလးအက်ိဳးျပဳခဲ့ပါတယ္။
ေ႐ွးပေဝသဏီေခတ္က စားေသာက္ေနထိုင္က်င့္ေတြကို ေလ့လာ
မွတ္တမ္းျပဳခြင့္ ရခဲ့တာကိုးေလ။ ဥပမာအေနနဲ႔ ႏွစ္ေပါင္း ၂၂၀၀
႐ုပ္ႂကြင္းအ႐ိုးစုတစ္ခုရဲ႕အူတြင္းထဲမွာ သန္ေကာင္၊ တုတ္ေကာင္ေတြကို
ေတြ႕ခဲ့တယ္။ ဆိုလိုတာက အသားစိမ္းငါးစိမ္းေတြကို စားေသာက္
ေနထိုင္ခဲ့ၾကရတဲ့ပံုပါ။ ေ႐ွးေခတ္အီရန္သားေတြေပါ့ေလ။ အထက္က
ဆိုခဲ့တဲ့ ေရႊနားကပ္တို႔၊ သားေရဘြတ္ဖိနပ္တို႔ ဝတ္ဆင္ထားတာ
ၾကည့္ျခင္းအားျဖင့္လည္း အဆင့္အတန္း႐ွိ လူတစ္ေယာက္ဆိုတာ
သိသာေစပါတယ္။ အသတ္ခံခဲ့ရသလား။ အေလာင္းကိုပဲ
လာပစ္ထားသလား။ စသျဖင့္ေတာ့ ဒိြဟမ်ားစြာနဲ႔ပါ။
source:nanmalgyi
link -
http://www.amusingplanet.com/2018/06/the-ancient-iranian-salt-mummies.html
==================================
အီရန်ရဲ့ သမိုင်းဝင်ဆားရုပ်ကြွင်းအရိုးစု
သို့မဟုတ် Salt Mummy ...
--------------------------------------
အီရန်နိုင်ငံမြောက်ဘက်ပိုင်း ဇန်ဂျန်စီရင်စုက ဟမ်ဇာလီ၊
မယ်ရာဘတ်၊ နဲ့ ချာရာဘတ်ရွာတွေရဲ့ မနီးမဝေးမှာ လိပ်ခုံးပုံ
ဆားတောင်ကြီးရှိတယ်။ ဒီဆားတွင်းကြီးထဲမှာ လွန်ခဲ့တဲ့ ဘူမိခေတ်
နှစ်သန်းပေါင်း အစိတ်လောက်ထဲက အနည်ထိုင်စုပုံနေတဲ့ ဂျစ်ဆင်
လို့ခေါ်တဲ့ ကျောက်ပတ်တီးသံုံး ကျောက်မှုန်၊ ရွှံ့နဲ့ ဆားကျောက်
စသဖြင့် ဖိုးသက်ရှည် သဘာဝသယံဇာတတွေ ပါဝင်နေတယ်။
ထူထပ်သိပ်သည်းတဲ့ မြေပြင်မြေသား ဖွဲ့စည်းမှုမရှိတာကြောင့်
ဒီဆားဓာတ်တွေကို မြေအောက်တူးဖော်မှုတွေမှာ အမြဲဆုံးရူံး
ရတတ်တယ်။
ဆားတောင်ကြီးရဲ့ အရှေ့တောင်ဘက်မှာ ဆားတွင်းတူးတဲ့မိုင်းတွေ
အများကြီးရှိပြီး ရှေးရောမနဲ့ ဂရိခေတ်တွေကတည်းက လုပ်ခဲ့ကြတဲ့
ဆားသတ္တုတွင်းတွေပါ။ ကြုံချင်တော့ ၁၉၉၄ မှာ ဆားတွင်းသမား
တွေဟာ လူ့ခေါင်းပြတ်ကြီးတစ်ခုကို အလုပ်လုပ်နေတုန်း
တွေ့လိုက်ရတယ်။ တော်တော်ကို ရှေးကျအိုဟောင်းနေပြီ။
ဆားဓာတ်နဲ့ ခေါင်းကို မံထားသလိုမြင်ရပြီး အတော်တာရှည်ခံ
မပျက်စီးခဲ့ပုံပါ။ ဘယ်လောက်ထိလဲဆို နားပေါက်မှာတပ်ထားတဲ့
ရွှေနားကပ်က တပ်လျက်သား ကျန်နေဆဲဖြစ်ပြီး ခေါင်းမှာလည်း
ဆံပင်ရှည်တွေ၊ မုတ်ဆိတ်မွေး ပါးသိုင်းမွှးတွေနဲ့ပါ။ လုပ်သားတွေဟာ
ဆက်ပြီးတူးဖော်ကြတဲ့အခါ ခြေပြတ်တစ်ခုကိုပါ ထပ်တွေ့ရပြီး
ဒီခြေပြတ်မှာပါ သားရေဘွတ်ဖိနပ် ဝတ်ဆင်ထားမြဲပါ။ ထပ်ပြီး
သံမဏိဓား ၃ ချောင်း၊ သိုးမွှေးရက်ထားတဲ့ ဘောင်းဘီတိုတစ်ထည်၊
ငွေအပ်တစ်ချောင်း၊ သိုင်းကြိုးတစ်ခု၊ သားရေကြိုးစတွေ၊
ဓားသွေးကျောက်၊ သစ်ကြားသီး၊ အိုးခြမ်းကွဲစတချို့နဲ့
အရိုးအစအနတွေ တွေ့ခဲ့ရပါတယိ။
၂၀၀၄ မှာ ဆားဖြစ်ရုပ်ကြွင်းလို မံမီရုပ်တွေကို ထပ်တွေ့ရပြီး
နောက်ထပ်ခြောက်နှစ်အတွင်း ရုပ်ကြွင်းလေးခုထပ်တွေ့ရပါတယ်။
ပထမဆုံးစတွေ့ရှိခဲ့တဲ့ ဆားဖြစ်ရုပ်ကြွင်းက ကာဗွန် နှစ်ပေါင်း ၁၇၀၀၊
ဆာဆေနီးယန်း အင်ပါယာ ခေတ်ကပါ။ ဒုတိယမြောက်အနေနဲ့
ကာဗွန် နှစ်ပေါင်း ၁၅၀၀ ရှိပါပြီ။ တတိယ၊ စတုတ္ထ နဲ့ ပဉ္စမမြောက်
ဆားဖြစ်ရုပ်ကြွင်းတွေကိုတော့ ကာဗွန်နှစ်ပေါင်း ၂၂၀၀ လောက်၊
ပါရှန်းအင်ပါယာခေတ်မှာ တွေ့ရှိခဲ့တာပါ။ ဒီဆားဖြစ်ရုပ်ကြွင်းတွေဟာ
ဂူရုတ်တရက်ပြိုကျမှုတွေမှာ သေဆုံးခဲ့ကြရပုံပါ။
ဒီမိုင်းထဲကနေ ဆက်ပြီးရရှိခဲ့တဲ့ ရုပ်ကြွင်းအရိုးစု၊ မံမီတွေဟာ
ရှေးဟောင်းသုတေသနပညာရှင်တွေ နဲ့ သိပ္ပံပညာရှင်တွေအတွက်
သမိုင်းအထောက်အထားတွေအဖြစ် တော်တော်လေးအကျိုးပြုခဲ့ပါတယ်။
ရှေးပဝေသဏီခေတ်က စားသောက်နေထိုင်ကျင့်တွေကို လေ့လာ
မှတ်တမ်းပြုခွင့် ရခဲ့တာကိုးလေ။ ဥပမာအနေနဲ့ နှစ်ပေါင်း ၂၂၀၀
ရုပ်ကြွင်းအရိုးစုတစ်ခုရဲ့အူတွင်းထဲမှာ သန်ကောင်၊ တုတ်ကောင်တွေကို
တွေ့ခဲ့တယ်။ ဆိုလိုတာက အသားစိမ်းငါးစိမ်းတွေကို စားသောက်
နေထိုင်ခဲ့ကြရတဲ့ပုံပါ။ ရှေးခေတ်အီရန်သားတွေပေါ့လေ။ အထက်က
ဆိုခဲ့တဲ့ ရွှေနားကပ်တို့၊ သားရေဘွတ်ဖိနပ်တို့ ဝတ်ဆင်ထားတာ
ကြည့်ခြင်းအားဖြင့်လည်း အဆင့်အတန်းရှိ လူတစ်ယောက်ဆိုတာ
သိသာစေပါတယ်။ အသတ်ခံခဲ့ရသလား။ အလောင်းကိုပဲ
လာပစ်ထားသလား။ စသဖြင့်တော့ ဒွိဟများစွာနဲ့ပါ။
source:nanmalgyi
link -
http://www.amusingplanet.com/2018/06/the-ancient-iranian-salt-mummies.html
No comments:
Post a Comment