Energy Drinks စြမ္းအားျဖည့္အခ်ိဳရည္မ်ား
(သို႔မဟုတ္) စြမ္းအားနွုတ္ လူသတ္သမား
-----------------------------------------------
❒ ၁၉၉၆ ခု ဝန္းက်င္ေလာက္က က်မမိတ္ေဆြေျပာျပတဲ့
Red Bull ကၽြဲ႐ိုင္းအေဖ်ာ္ရည္နဲ႔ပတ္သက္တဲ့ တကယ့္အျဖစ္
အပ်က္ေလးပါ။ ကိုရီးယားမွာသြားအလုပ္လုပ္တဲ့ သူ႔သူငယ္ခ်င္း
တေယာက္ ကၽြဲ႐ိုင္းအေဖ်ာ္ရည္ကို ေန႔တိုင္းေသာက္၊ လူမလန္းလဲ
ေသာက္၊ ပင္ပန္းလဲေသာက္နဲ႔၊ ေနာက္ေတာ့ ဘာေရာဂါမွမရွိပဲ
႐ုတ္တရက္ဆံုးသြားတယ္တဲ့။
က်မမိတ္ေဆြရဲ႕သား ေဘာ္ဒါေက်ာင္းမွာေနရင္း တေန႔ကို
အခ်ိဳရည္ႏွစ္ဗူး၊ သံုးဗူးေသာက္ရင္းနဲ႔ မၾကာခင္မွာပဲ ေက်ာက္ကပ္
ပ်က္သြားပါတယ္။ ဒီေလာက္ေၾကာက္စရာေကာင္းတဲ့ စြမ္းအားျဖည့္
အခ်ိဳရည္ဟာ က်မတိုလူမ်ိဳေတြအတြက္ေတာ့ အျမတ္တႏိူးနဲ႔
လူွဒါန္းဖြယ္ပစၥည္း၊ ဧည့္ေကာင္းေသာင္ေကာင္းေတြ ဧည့္ခံစရာ
ပစၥည္းျဖစ္ေနပါတယ္။ အဆိုးဆံုးကေတာ့ ကေလးသူငယ္ကအစ
ခံုခံုမင္မင္သံုးစြဲေနၾကတာပါပဲ။
သိတ္မၾကာခင္ကပဲ အေမရိကန္ႏိူင္ငံ UT health sports
အားကစားႏွင့္က်န္းမာေရးဝန္ႀကီးဌာနမွ ႏွလံုးအထူးကုဆရာဝန္ႀကီး
ေဒါက္တာဂၽြန္ဟစ္(ဂ)ဂင္း(စ) (Dr John Higgins)က စြမ္းအားျဖည့္
အခ်ိဳရည္ေတြရဲ႕ဆိုးက်ိဳးေတြကို အခုေတာ့လက္ေတြ႕ျပႏိူင္ပါၿပီလို႔
ေျပာခဲ့ပါတယ္။
က်န္းမာသန္စြမ္းတဲ့ ေဆးေက်ာင္းသားလူငယ္ ၄၇ ေယာက္ကိုသံုးၿပီး
လက္ေတြ႕စမ္းသပ္ျပခဲ့တာပါ။ သူတို႔ရဲ႕ေသြးလႊတ္ေၾကာ၊ ေသြးျပန္ေၾကာ
ေတြရဲ႕ အလုပ္လုပ္ႏိူင္မူ႔စြမ္းရည္ေတြကို အရင္တိုင္းတာပါတယ္။
ၿပီးေတာ့ စြမ္းအားျဖည့္အခ်ိဳရည္ေသာက္ခိုင္းၿပီး မိနစ္ ၉ဝ အၾကာမွာ
သူတို႔ရဲ႕ေသြးေၾကာေတြကို ျပန္စစ္ေဆးခဲ့ပါတယ္။ ပံုမွန္အားျဖင့္
ေကာင္းေကာင္းအလုပ္လုပ္ေနတဲ့ သူတို႔ေသြးေၾကာေတြရဲ႕ စြမ္းရည္
ေတြဟာ စြမ္းအားျဖည့္အခ်ိဳရည္ေတြေသာက္ၿပီးတဲ့ေနာက္
သိသိသာသာ ထိုးက်သြားပါတယ္။
ေဒါက္တာဂၽြန္ဟစ္(ဂ)ဂင္း(စ)ေျပာတာကေတာ့ စြမ္းအားျဖည့္
အခ်ိဳရည္ေသာက္ၿပီးေနာက္ ေသြးေၾကာေတြက်ဳ႕ံသြားတဲ့အခ်ိန္မွာ
ခႏၶာကိုယ္ရဲ႕လိုအပ္တဲ့ေနရာကို ေသြးမေရာက္ေတာ့ပါဘူး။ ဒါဟာ
က်န္းမာေရးျပႆနာ အမ်ားအျပားျဖစ္ေစတဲ့အျပင္၊ ႏွလံုးခုန္ရပ္ၿပီး
႐ုတ္တရက္ ေသဆံုးသြားတဲ့အထိ အႏၲရာယ္ေပးႏိူင္ပါတယ္တဲ့။
စြမ္းအားျဖည့္အခ်ိဳရည္ေတြဟာ ႏွလံုးနဲ႔ေသြးလည္ပတ္မူ႔၊ ဦးေႏွာက္နဲ႔
အာ႐ုံေၾကာ၊ အစာအိမ္နဲ႔အူလမ္းေၾကာင္း၊ ေက်ာက္ကပ္နဲ႔ စိတ္ပိုင္းဆိုင္ရာ
စတဲ့ ခႏၶာကိုယ္ရဲ႕က႑အစံုကို ဒုကၡေပးႏိူင္တာ ပိုပိုသိလာရသလို၊
ဒီအခ်ိဳရည္ေၾကာင့္ အေရးေပၚဌာနကို ေရာက္လာရတဲ့လူနာေတြကလဲ
ပိုပိုမ်ားလာပါတယ္လို႔ ေဒါက္တာဂၽြန္ဟစ္(ဂ)ဂင္း(စ) က ေျပာပါတယ္။
“ေရကေတာ့ စိတ္အခ်ရဆံုးပဲ၊ ၿပီးေတာ့ sport drinks ေတြ
(ဥပမာ-100plus, etc.)၊ ဒါေပမဲ့ စြမ္းအားျဖည့္အခ်ိဳေရေတြကေတာ့
လံုးဝ အႏၲရာယ္မကင္းပါဘူး။ သူ႔ထက္ တျခားေဖ်ာ္ရည္မွန္သမွ် အားလံုး
နီးပါးက ပိုေကာင္းပါေသးတယ္”လို႔ ေဒါက္တာဂၽြန္ဟစ္(ဂ)ဂင္း(စ)က
ေျပာပါတယ္။
ေဒါက္တာဂၽြန္ဟစ္(ဂ)ဂင္း(စ)ရဲ႕ေတြ႕ရွိခ်က္ေတြကိုသံုးၿပီး
အေမရိကန္အားကစားႏွင့္က်န္းမာေရးေကာလိပ္ (American College
of Sports Medicine) က စြမ္းအားျဖည့္အခ်ိဳရည္ေတြနဲ႔ပတ္သက္တဲ့
သတိေပးခ်က္ေတြကို အဓိကအခ်က္ေလးခ်က္နဲ႔ ထုတ္ျပန္ခဲ့ပါတယ္။
အဲဒါေတြကေတာ့ -
1. စြမ္းအားျဖည့္အခ်ိဳရည္ေတြရဲ႕ဆိုးက်ိဳးကိုပိုခံစားရမယ့္
ကေလးသူငယ္မ်ားကာကြယ္ေရး (ကေလးေတြရဲ႕ ခႏၶာကိုယ္ႏုနယ္မူ႔၊
caffeine ဓာတ္ကို ခံႏိူင္ရည္မရွိေသးမူ႔ေၾကာင့္ လူႀကီးေတြထက္ပိုျပီး
ဆိုးက်ိဳးကိုခံစားရပါတယ္)
2. ကေလးသူငယ္နဲ႔ဆယ္ေက်ာ္သက္ေတြကိုဆြဲေဆာင္မဲ့
ေစ်းကြက္ေၾကာ္ျငာျခင္းမျပဳေရး (ကံစမ္းမဲပါရင္ ကေလး၊ လူႀကီး
ဘယ္သူမဆို အားေပးခ်င္တဲ့ က်မတို႔လူမ်ိဳးအတြက္ သားေရက်စရာ
ေကာင္းတဲ့ ကံစမ္းမဲေတြနဲ႔ဆြဲေဆာင္ထားတဲ့ ေၾကာ္ျငာမ်ိဳးလဲ ခြင့္မျပဳ
သင့္ပါဘူး။)
3. ကိုယ္လက္လႈပ္ရွားအားကစား မျပဳလုပ္ခင္၊ လုပ္ေနစဥ္နဲ႔
လုပ္ၿပီးစမွာ စြမ္းအားျဖည့္အခ်ိဳရည္ကို မသံုးစြဲျခင္း(ကိုယ္လက္
လွဳပ္ရွားလုပ္ၿပီး ေခၽြးဒီးဒီးက်ေနတုန္း အေမာေျပ အခ်ိဳရည္ေလး
ေဖာက္ေသာက္ျပတဲ့ ေၾကာ္ျငာကိုၾကည့္ၿပီး အားက်မခံ အားျဖည့္
အေဖ်ာ္ရည္ကိုေတာ့ သြားမေသာက္မိၾကပါေစနဲ႔။)
4. က်န္းမာေရးပညာေပးေတြနဲ႔ စြမ္းအားျဖည့္အခ်ိဳရည္နဲ႔ပတ္သက္ၿပီး
အခ်က္အလက္သုေတသန ပိုမိုေဆာင္ရြက္ေရးတို႔ျဖစ္ပါတယ္။
(က်မတို႔တိုင္းျပည္မွာေတာ့ လံုးဝမရွိေသးပါဘူး။)
က်မတို႔ျပည္သူေတြနဲ႔ ကေလးသူငယ္ေတြအတြက္ေကာ
ဘာေတြလုပ္ၾကမလဲ???
အေသးစိတ္ကိုေတာ့ ေအာက္က Ref links ေတြမွာဖတ္႐ူ႔ႏိူင္ပါတယ္။
https://www.acsm.org/read-research/newsroom/news-releases/news-detail/2018/05/15/energydrinks
https://www.click2houston.com/health/new-warning-from-doctors-about-energy-drinks
Credit-Htet Htet Myint Lwin
source:kyauktinpone
links -
https://edition.cnn.com/2017/04/26/health/energy-drinks-health-concerns-explainer/index.html
https://www.livescience.com/36740-energy-drinks-four-health-effects.html
fb link
https://www.facebook.com/moe.natthar.792/posts/2501317763531557
==========================
Energy Drinks စွမ်းအားဖြည့်အချိုရည်များ
(သို့မဟုတ်) စွမ်းအားနှုတ် လူသတ်သမား
-----------------------------------------------
❒ ၁၉၉၆ ခု ဝန်းကျင်လောက်က ကျမမိတ်ဆွေပြောပြတဲ့
Red Bull ကျွဲရိုင်းအဖျော်ရည်နဲ့ပတ်သက်တဲ့ တကယ့်အဖြစ်
အပျက်လေးပါ။ ကိုရီးယားမှာသွားအလုပ်လုပ်တဲ့ သူ့သူငယ်ချင်း
တယောက် ကျွဲရိုင်းအဖျော်ရည်ကို နေ့တိုင်းသောက်၊ လူမလန်းလဲ
သောက်၊ ပင်ပန်းလဲသောက်နဲ့၊ နောက်တော့ ဘာရောဂါမှမရှိပဲ
ရုတ်တရက်ဆုံးသွားတယ်တဲ့။
ကျမမိတ်ဆွေရဲ့သား ဘော်ဒါကျောင်းမှာနေရင်း တနေ့ကို
အချိုရည်နှစ်ဗူး၊ သုံးဗူးသောက်ရင်းနဲ့ မကြာခင်မှာပဲ ကျောက်ကပ်
ပျက်သွားပါတယ်။ ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားဖြည့်
အချိုရည်ဟာ ကျမတိုလူမျိုတွေအတွက်တော့ အမြတ်တနိူးနဲ့
လူှဒါန်းဖွယ်ပစ္စည်း၊ ဧည့်ကောင်းသောင်ကောင်းတွေ ဧည့်ခံစရာ
ပစ္စည်းဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ ကလေးသူငယ်ကအစ
ခုံခုံမင်မင်သုံးစွဲနေကြတာပါပဲ။
သိတ်မကြာခင်ကပဲ အမေရိကန်နိူင်ငံ UT health sports
အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ နှလုံးအထူးကုဆရာဝန်ကြီး
ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ) (Dr John Higgins)က စွမ်းအားဖြည့်
အချိုရည်တွေရဲ့ဆိုးကျိုးတွေကို အခုတော့လက်တွေ့ပြနိူင်ပါပြီလို့
ပြောခဲ့ပါတယ်။
ကျန်းမာသန်စွမ်းတဲ့ ဆေးကျောင်းသားလူငယ် ၄၇ ယောက်ကိုသုံးပြီး
လက်တွေ့စမ်းသပ်ပြခဲ့တာပါ။ သူတို့ရဲ့သွေးလွှတ်ကြော၊ သွေးပြန်ကြော
တွေရဲ့ အလုပ်လုပ်နိူင်မူ့စွမ်းရည်တွေကို အရင်တိုင်းတာပါတယ်။
ပြီးတော့ စွမ်းအားဖြည့်အချိုရည်သောက်ခိုင်းပြီး မိနစ် ၉ဝ အကြာမှာ
သူတို့ရဲ့သွေးကြောတွေကို ပြန်စစ်ဆေးခဲ့ပါတယ်။ ပုံမှန်အားဖြင့်
ကောင်းကောင်းအလုပ်လုပ်နေတဲ့ သူတို့သွေးကြောတွေရဲ့ စွမ်းရည်
တွေဟာ စွမ်းအားဖြည့်အချိုရည်တွေသောက်ပြီးတဲ့နောက်
သိသိသာသာ ထိုးကျသွားပါတယ်။
ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ)ပြောတာကတော့ စွမ်းအားဖြည့်
အချိုရည်သောက်ပြီးနောက် သွေးကြောတွေကျုံ့သွားတဲ့အချိန်မှာ
ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့နေရာကို သွေးမရောက်တော့ပါဘူး။ ဒါဟာ
ကျန်းမာရေးပြဿနာ အများအပြားဖြစ်စေတဲ့အပြင်၊ နှလုံးခုန်ရပ်ပြီး
ရုတ်တရက် သေဆုံးသွားတဲ့အထိ အန္တရာယ်ပေးနိူင်ပါတယ်တဲ့။
စွမ်းအားဖြည့်အချိုရည်တွေဟာ နှလုံးနဲ့သွေးလည်ပတ်မူ့၊ ဦးနှောက်နဲ့
အာရုံကြော၊ အစာအိမ်နဲ့အူလမ်းကြောင်း၊ ကျောက်ကပ်နဲ့ စိတ်ပိုင်းဆိုင်ရာ
စတဲ့ ခန္ဓာကိုယ်ရဲ့ကဏ္ဍအစုံကို ဒုက္ခပေးနိူင်တာ ပိုပိုသိလာရသလို၊
ဒီအချိုရည်ကြောင့် အရေးပေါ်ဌာနကို ရောက်လာရတဲ့လူနာတွေကလဲ
ပိုပိုများလာပါတယ်လို့ ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ) က ပြောပါတယ်။
“ရေကတော့ စိတ်အချရဆုံးပဲ၊ ပြီးတော့ sport drinks တွေ
(ဥပမာ-100plus, etc.)၊ ဒါပေမဲ့ စွမ်းအားဖြည့်အချိုရေတွေကတော့
လုံးဝ အန္တရာယ်မကင်းပါဘူး။ သူ့ထက် တခြားဖျော်ရည်မှန်သမျှ အားလုံး
နီးပါးက ပိုကောင်းပါသေးတယ်”လို့ ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ)က
ပြောပါတယ်။
ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ)ရဲ့တွေ့ရှိချက်တွေကိုသုံးပြီး
အမေရိကန်အားကစားနှင့်ကျန်းမာရေးကောလိပ် (American College
of Sports Medicine) က စွမ်းအားဖြည့်အချိုရည်တွေနဲ့ပတ်သက်တဲ့
သတိပေးချက်တွေကို အဓိကအချက်လေးချက်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒါတွေကတော့ -
1. စွမ်းအားဖြည့်အချိုရည်တွေရဲ့ဆိုးကျိုးကိုပိုခံစားရမယ့်
ကလေးသူငယ်များကာကွယ်ရေး (ကလေးတွေရဲ့ ခန္ဓာကိုယ်နုနယ်မူ့၊
caffeine ဓာတ်ကို ခံနိူင်ရည်မရှိသေးမူ့ကြောင့် လူကြီးတွေထက်ပိုပြီး
ဆိုးကျိုးကိုခံစားရပါတယ်)
2. ကလေးသူငယ်နဲ့ဆယ်ကျော်သက်တွေကိုဆွဲဆောင်မဲ့
ဈေးကွက်ကြော်ငြာခြင်းမပြုရေး (ကံစမ်းမဲပါရင် ကလေး၊ လူကြီး
ဘယ်သူမဆို အားပေးချင်တဲ့ ကျမတို့လူမျိုးအတွက် သားရေကျစရာ
ကောင်းတဲ့ ကံစမ်းမဲတွေနဲ့ဆွဲဆောင်ထားတဲ့ ကြော်ငြာမျိုးလဲ ခွင့်မပြု
သင့်ပါဘူး။)
3. ကိုယ်လက်လှုပ်ရှားအားကစား မပြုလုပ်ခင်၊ လုပ်နေစဉ်နဲ့
လုပ်ပြီးစမှာ စွမ်းအားဖြည့်အချိုရည်ကို မသုံးစွဲခြင်း(ကိုယ်လက်
လှုပ်ရှားလုပ်ပြီး ချွေးဒီးဒီးကျနေတုန်း အမောပြေ အချိုရည်လေး
ဖောက်သောက်ပြတဲ့ ကြော်ငြာကိုကြည့်ပြီး အားကျမခံ အားဖြည့်
အဖျော်ရည်ကိုတော့ သွားမသောက်မိကြပါစေနဲ့။)
4. ကျန်းမာရေးပညာပေးတွေနဲ့ စွမ်းအားဖြည့်အချိုရည်နဲ့ပတ်သက်ပြီး
အချက်အလက်သုတေသန ပိုမိုဆောင်ရွက်ရေးတို့ဖြစ်ပါတယ်။
(ကျမတို့တိုင်းပြည်မှာတော့ လုံးဝမရှိသေးပါဘူး။)
ကျမတို့ပြည်သူတွေနဲ့ ကလေးသူငယ်တွေအတွက်ကော
ဘာတွေလုပ်ကြမလဲ???
အသေးစိတ်ကိုတော့ အောက်က Ref links တွေမှာဖတ်ရူ့နိူင်ပါတယ်။
https://www.acsm.org/read-research/newsroom/news-releases/news-detail/2018/05/15/energydrinks
https://www.click2houston.com/health/new-warning-from-doctors-about-energy-drinks
Credit-Htet Htet Myint Lwin
source:kyauktinpone
links -
https://edition.cnn.com/2017/04/26/health/energy-drinks-health-concerns-explainer/index.html
https://www.livescience.com/36740-energy-drinks-four-health-effects.html
No comments:
Post a Comment