မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 23, 2020

ေလးစားအတုယူစရာေကာင္းတဲ့ အခ်က္ေတြ

 ဂူထဲမွာ ပိတ္မိေနတဲ႔ ထိုင္းကေလးေတြဆီက ရလိုက္ေသာ 

ေလးစားအတုယူစရာေကာင္းတဲ့ အခ်က္ေတြ ...

----------------------------------------------------------------

ေလးစားစရာေကာင္းတဲ့ ထိုင္းကေလးေတြရဲ႕ 

ဒီ အက်င့္ေလးေတြကို အတုယူသင့္တယ္…


ထိုင္းကေလးေတြ ၁၀ ရက္ေလာက္ဂူထဲပိတ္မိၿပီး ျပန္ေတြ႔တာ 

ဘာမွမျဖစ္ အေကာင္းအတိုင္းျဖစ္ေနတယ္ဆိုၿပီး ေရးၾက 

ေဖာင္းထုၾကတယ္။

ဟုတ္သည္ မဟုတ္သည္မေျပာလိုဘူး


ဒါေပမယ့္ ဂူထဲမဝင္ခင္မွာ စားစရာေတြအမ်ားႀကီးဝယ္သြားတယ္


ဂူထဲလည္း ခဏခဏေရာက္ဖူးေတာ့ အေတြ႔အၾကံဳ႐ွိတယ္


အဲေတာ့ သာသာယာယာေနႏိုင္တာ သိပ္ေတာ့မထူးဆန္းဘူး။


ေျပာခ်င္တာက အဲဒါအဓိကမဟုတ္ဘူး။ ကေလးေတြ

တည္တည္ၿငိမ္ၿငိမ္႐ွိတယ္။ ျပဳစုပ်ိဳးေထာင္နည္းေကာင္းတယ္

ေျပာရမယ္။

ျမန္မာမွာသာျဖစ္ၾကည့္ ပိတ္မိေနတာအတင္းျဖတ္ေက်ာ္လို႔ 

ေရနစ္ေသရင္ေသ မေသရင္ အစာငတ္ေသမွာ။

ဘာလို႔ဆို ႀကိဳတင္ျပင္ဆင္မႈ စဥ္းစာေတြးေခၚႏိုင္မႈမွာ 

ငယ္ငယ္ကတည္းက ႐ိုက္ခ်ိဳးခံထားရတာ။ က်ေနာ္ကိုယ္တိုင္လည္း

ပါတယ္။ ဘာလို႔အဲလိုေျပာလဲဆိုေတာ့ ဟိုတယ္မွာလုပ္တုန္းက

 ႏိုင္ငံျခားသားမိသားစုတစ္ခုနဲ႔ရင္းႏွီးၿပီး စကားေတာ္ေတာ္မ်ားမ်ား

ေျပာဖူးတယ္။

အားလံုးလည္းေတြ႔ဖူးမွာပါ။ ႏိုင္ငံျခားသားေတြ မိသားစုနဲ႔လာရင္

ကေလး ပိစိေကြးေလးကအစ ကိုယ့္ luggage နဲ႔ကိုယ္လာတယ္။

လူကေသးေသး အိပ္ကေလးေတြကလည္း ပိစိေလးေတြ


အလွကိုင္လာတယ္ပဲထင္တာ။ က်ေနာ္ေမးၾကည့္တယ္ ဘာလို႔လဲေပါ့။ 

တစ္ခါတည္းေပါင္းထည့္လာလို႔ရတာပဲေပါ့ေျပာေတာ့ သူတို႔ျပန္ေျပာ

ျပတာ အေတာ္ေလးစားဖို႔ေကာင္းသလို အတုယူဖို႔လည္းေကာင္းတယ္။

သူ႐ွင္းျပတယ္ သူတို႔ဆီမွာ ကေလးေတြ လူမွန္းသိတတ္စအရြယ္

ကတည္းက ခရီးထြက္မယ္ဆိုရင္ ကိုယ္တိုင္ပစၥည္းထည့္တဲ့အက်င့္

လုပ္ထားတယ္။ မိဘက ခရီးသြားမယ္ေဟ့ပဲ ေျပာလိုက္တယ္။ 

ကေလးေတြ သူတို႔ဟာသူတို႔ လိုအပ္တာေတြ အကုန္ကိုယ္တိုင္

ထည့္တယ္။ ထည့္တတ္တယ္။ ဘာေတြလိုလည္းသိတယ္။ 

အဲလိုအေလ့အက်င့္လုပ္ထားတာ။


ကိုယ္ေတြဆီမွာေတာ့ အဲလိုမဟုတ္ပါ။ တကၠသိုလ္တက္တဲ့အထိကို 

မိဘက ဟိုဟာထည့္ေပး ဒီဟာထည့္ေပး အကုန္လိုက္ထည့္ေပး

ready ပဲ။ အဲေတာ့ ဘာျဖစ္လာလည္းဆိုေတာ့ ကိုယ္တစ္ကယ္

ထည့္ရမယ့္အခ်ိန္ေရာက္ရင္ ဘာေတြလိုလို႔ ဘာေတြထည့္ရမွန္းကို

မသိေတာ့ဘူး။ က်ေနာ္လည္း ခုခ်ိန္ထိ အဲလိုျဖစ္တုန္း။ 

ခရီးထြက္ေတာ့မယ္ဆိုရင္ သြားတိုက္ေဆးပဲထည့္ရေတာ့မလိုလို 

သြားတိုက္တံပဲထည့္ရေတာ့မလိုလို ဆပ္ျပာပဲထည့္ရေတာ့မလိုလို

ဘာလိုလို႔လိုမွန္း ခုထိမသိေသးဘူး။ ခုထိခရီးထြက္ရင္ ပစၥည္းေတြ 

မထည့္တတ္ေသးဘူး။ ကိုယ္သြားမယ့္ေနရာက ေအးရင္ အေႏြးထည္

ထည့္သြားဖို႔က်န္သြားတုန္း။ မိုးရြာတဲ့ေနရာသြားရင္ မိုးကာတို႔ထီးတို႔က

မပါပဲျဖစ္တုန္း။ က်ေနာ္တင္မဟုတ္ဘူး ျမန္မာျပည္မွာ ေတာ္ေတာ္

မ်ားမ်ားအဲလိုလူေတြ႐ွိတယ္။


အဲဒါ ဘာလို႔လဲဆိုေတာ့ ငယ္ငယ္ကတည္းက မိဘကပဲ အကုန္

အဆင္သင့္လုပ္ေပးၿပီး ကိုယ္တိုင္ထည့္တတ္ေအာင္ အေလ့အက်င့္

လုပ္မေပးထားလို႔ပဲ။


ေနာက္တစ္ခ်က္က ႏိုင္ငံျခားသားကေလးေတြေဆာ့ေနရင္ မိဘက

လႊတ္ထားတယ္။ ေတာ္ရံုလွည့္မၾကည့္ဘူး။ ကေလးေတြ လဲက်တာ 

ေခ်ာ္လဲတာဘာညာကေတာ့ ေအးေဆးပဲ။ အစားအေသာက္မပ်က္ 

စာဖတ္မပ်က္ဘူး။ တစ္ျခားမေျပာနဲ႔ ကိုယ္တိုင္လက္ေတြ႔။ မိဘက

ေရကူးကန္ေဘးမွာ ေရကူးၿပီးေနပူဆာလႈံေနတယ္။ အဲဒီမွာကေလးက

ေဆာ့တာ ေခ်ာ္ၿပီးေရကန္ထဲျပဳတ္က်တယ္။ ကေလးကငယ္ေသးတယ္.

ေရကူးကန္ထဲ ယက္ကန္ယက္ကန္နဲ႔


ကိုယ္ေတြ႔ကလည္း ကေလးနစ္ေနၿပီဟဆို ျပဴးျပာေနတာ။ သူ႔မိဘက

ေအးေဆးၾကည့္ေနတယ္။ ကိုယ္ေတြကူမလို႔လုပ္ေတာ့

ရတယ္ ထားလိုက္ သူဟာသူ ရေအာင္ျပန္တက္လိမ့္မယ္တဲ့။


မိဘကေတာ့ မကူညီေပမယ့္မ်က္ေျခမျပတ္ ၾကည့္ေနတယ္။


ေနာကိဆံုး ကေလးမတက္ႏိုင္ေတာ့မွာ ဂုတ္ကေနကိုင္ၿပီးဆြဲတင္တာ။


သူတို႔ဆီကအဲလိုမ်ိဳး ကေလးေတြလဲက်ရင္ 

ကိုယ္တိုင္ထႏိုင္ေအာင္ ေလ့က်င့္ေပးထားတယ္။


ျမန္မာမွာေတာ့ေျပာမေနနဲ႔ ကေလးမ်ားေဆာ့ေနတာ ကိုယ္နဲ႔ 

၁ ေပေလာက္ေက်ာ္သြားရင္ကို ဟိုေကာင္ျပန္လာခဲ့ဘာညာနဲ႔ 

အနားကေနကိုမခြာခိုင္းဘူး။ ကေလးလဲက်ရင္လည္းအဲလိုပဲ။ 

မိဘက ေရာက္ရာအရပ္ကေန ခ်က္ခ်င္းေျပးလာၿပီး ဘာျဖစ္တာလဲ

ဘယ္လိုေနေသးလည္းေမးၿပီး ေျပးထူရတာအေမာ။


ကေလးခ်စ္တာခ်စ္တာ တစ္က႑ေပါ့ေလ။ အဲလိုလုပ္ပါမ်ားေတ့ာ 

ဘာျဖစ္လာလဲဆိုေတာ့ ကေလးစိတ္ထဲမွာ ဘာျဖစ္ျဖစ္မိဘက 

လာကူမွာပဲဆိုၿပီး မွီခိုခ်င္တဲ့စိတ္ပဲ ႐ွိေနေတာ့တယ္။ ကိုယ္တိုင္ႀကိဳးစားဖို႔

ထဖို႔စိတ္မ႐ွိေတာ့ဘူး။ ေနာက္ဆံုးေျပာရရင္ အဲဒီကေလးက လဲက်

ေနရင္ေတာင္ လာမထူမခ်င္း မထေတာ့ဘူး။ လဲက်ေနတဲ့ေနရာမွာပဲ

ငိုေနေရာ။ ႏိုင္ငံျခားက အေလ့အက်င့္လုပ္ထားတဲ့ ကေလးက်ေတာ့

လဲက်ေပမယ့္ မငိုဘူး အတင္းျပန္ထတယ္။ ဘာလို႔လဲဆိုေတာ့ 

လာကူမွာမဟုတ္ဘူးဆိုတာ သူသိေနလို႔ေလ။


တစ္ျခားအခ်က္ေတြ အမ်ားႀကီး႐ွိေသးတယ္။ 

ဒါက ထိုင္းကေလးေတြနဲ႔ တိုက္ဆိုင္တာေလာက္ပဲေရးထားတာ။


ထိုင္းကေလးေတြ ဘာေၾကာင့္ ျပသနာႀကီးႀကီးမားမား မျဖစ္တာလည္း။


၁) မဝင္ခင္ကတည္းက စားစရာေတြဝယ္သြားတယ္။ 

သြားမယ့္ေနရာမွာ ဘာလိုလဲသိတဲ့အတြက္ လိုအပ္တာ

ထည့္သြားတယ္။ (ျမန္မာကေလးေတြသာဆို.ေသခ်ာတယ္ 

ပံု႐ိုက္ဖို႔ ဖုန္းနဲ႔ selfie stick ေလာက္နဲ႔ power bank ေလာက္ပဲ

ယူသြားဖို႔မ်ားတယ္။ ပံု႐ိုက္ၿပီးတင္ဖို႔က ပိုအေရးႀကီးတာကိုး။ 

တစ္ကယ္ျဖစ္လာရင္ ျမန္မာကေလးက အစာငတ္ေသဖို႔မ်ားတယ္ 

၁၀ ရက္ႀကီးေတာင္ကိုး )


၂ ) ျပန္ေတြ႔တဲ့အခ်ိန္မွာ ကေလးေတြ တည္တည္ၿငိမ္ၿငိမ္ပဲ။


ငိုေနတာမေတြ႔ဘူး ျပာယာခပ္မေနဘူး။ ပံု႐ိုက္မယ္ဆိုလို႔ေတာင္ 

လူစုေပးလိုက္ေသးတယ္ အယ္လဲ့ ျပန္လာခဲ့မယ္ေျပာၿပီး

ျပန္ထြက္သြားတာေတာင္ ေအးေဆးပဲ။ ဘာလို႔ဆို သူတို႔မွာ 

အေလ့အက်င့္ လုပ္ေပးထားလို႔ တည္တည္ၿငိမ္ၿငိမ္ ျဖစ္ေနတာေပါ့။ 

ဒီကကေလးေတြ အဲလိုသာျဖစ္ၾကည့္ ငိုမယ့္သူငို ေၾကာက္လို႔တုန္ေန

တဲ့သူတုန္နဲ႔ လာကယ္မယ့္သူေတြ႔ရင္ အတင္းေျပးဆြဲပီး 

ျပန္ထြက္ခိုင္းမွာကိုမဟုတ္ေတာ့ဘူး။


ကိုယ့္လူမ်ိဳးကို အထင္ေသးလို႔ေျပာတာမဟုတ္ဘူး။ 

ျပဳစုပ်ိဳးေထာင္ပံုခ်င္းမတူတာကိုေျပာေနတာ။ လက္ခံခ်င္လက္ခံ 

လက္မခံခ်င္လည္းေန။ ဒါလက္ေတြ႔အျပင္မွာျဖစ္ေနတာ အမွန္တရားပဲ။

တစ္ျခားအရမ္းနက္နဲတဲ့ႏိုင္ငံေရးလွည့္ကြက္ေတြပါေနရင္ေတာ့လည္း 

မေျပာတတ္ဘူးေလ။


ဘာမွဟုတ္ဘူး မီးပ်က္ေနလို႔ ပ်င္းလို႔ သူညားေတလို 

ေပၚပင္ျဖစ္မလားလို႔ စဆရက စတိုင္နဲ႔ေရးက်ိတာ။


ေရးသူ.. ဆရာမ်ိဳးဇင္မင္း ကိုယ္တိုင္ရင္တြင္းျဖစ္ပါ…


Credit – မ်ိဳးဇင္မင္း – Myo Zin Min

source:Myanmar Live

(ဂူထဲမွာ အစာေရစာမရွိဘဲနဲ႔ ဆယ္ရက္ေလာက္ ပိတ္မိေနၾကတဲ့

ကေလးေတြကုိ ခုလုိပုံစံမ်ဳိးနဲ႔ ျပန္ေတြ႕လိမ့္မယ္လုိ႔ ကယ္ဆယ္ေရး 

လာလုပ္ၾကတဲ့သူေတြေတာင္ ထင္မထားၾကပါဘူး... ဘာပဲျဖစ္ျဖစ္

အနည္းဆုံးေတာ့ စိတ္ပ်က္အားငယ္ ပင္ပန္းညွဳိးႏြမ္း ေနၾကမွာပဲလုိ႔

ထင္ထားၾကသူေတြ မ်ားပါတယ္။ အေျခခံအေလ့အက်င့္ေကာင္းတဲ့

သူတုိ႔ေတြကုိ ဘာမွမျဖစ္သလုိ တည္တည္ၿငိမ္ၿငိမ္နဲ႔ ေတြ႕လုိက္ရေတာ့

ကယ္ဆယ္ေရးသမားေတြေတာင္ အံ့အားသင့္ခဲ့ၾကရပါတယ္။

ဒီေနရာ ဒီလမ္းက သူတုိ႔ သြားေနက်ဆုိေပမယ့္ သူတုိ႔သြားတဲ့အခ်ိန္က

ဝင္လုိ႔ရေနၿပီး သူတုိ႔အထဲေရာက္တဲ့ရက္ပုိင္းမွာ မုိးက ေကာင္းေကာင္း

ရြာခ်လုိက္ေတာ့ သူတုိ႔ ျပန္မလွည့္သာ ျဖစ္သြားခဲ့ၾကတာပါ။ သူတုိ႔

လမ္းမေပ်ာက္ပါဘူး.. လမ္းပိတ္သြားတာပါ။ မုိးေရေတြဝင္လာၿပီး

ျပည့္လာလုိ႔ ျမင္တဲ့ေနရာ တက္ရင္းနဲ႔ အတြင္းပုိင္း မီတာေလးရာ

ေလာက္ကုိ ေရာက္သြားခဲ့ၾကတာျဖစ္ပါတယ္။ သြားကယ္ရတဲ့ သူေတြ

ေရငုပ္ကိရိယာ ပစၥည္းအစုံအလင္န႔ဲေတာင္ အေတာ္ငုပ္လွ်ဳိးသြားရ

တာေၾကာင့္ အျပန္ခရီး ေႏွာင့္ေႏွးႏုိင္တာကလြဲလုိ႔ တျခားျပႆနာ

ႀကီးႀကီးမားမားေတာ့ ေတြ႕စရာ မရွိေတာ့ပါဘူး..။)

================================


ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းကလေးတွေဆီက ရလိုက်သော 

လေးစားအတုယူစရာကောင်းတဲ့ အချက်တွေ ...

----------------------------------------------------------------


လေးစားစရာကောင်းတဲ့ ထိုင်းကလေးတွေရဲ့ 

ဒီ အကျင့်လေးတွေကို အတုယူသင့်တယ်…


ထိုင်းကလေးတွေ ၁၀ ရက်လောက်ဂူထဲပိတ်မိပြီး ပြန်တွေ့တာ 

ဘာမှမဖြစ် အကောင်းအတိုင်းဖြစ်နေတယ်ဆိုပြီး ရေးကြ 

ဖောင်းထုကြတယ်။


ဟုတ်သည် မဟုတ်သည်မပြောလိုဘူး


ဒါပေမယ့် ဂူထဲမဝင်ခင်မှာ စားစရာတွေအများကြီးဝယ်သွားတယ်


ဂူထဲလည်း ခဏခဏရောက်ဖူးတော့ အတွေ့အကြုံရှိတယ်


အဲတော့ သာသာယာယာနေနိုင်တာ သိပ်တော့မထူးဆန်းဘူး။


ပြောချင်တာက အဲဒါအဓိကမဟုတ်ဘူး။ ကလေးတွေ

တည်တည်ငြိမ်ငြိမ်ရှိတယ်။ ပြုစုပျိုးထောင်နည်းကောင်းတယ်

ပြောရမယ်။


မြန်မာမှာသာဖြစ်ကြည့် ပိတ်မိနေတာအတင်းဖြတ်ကျော်လို့ 

ရေနစ်သေရင်သေ မသေရင် အစာငတ်သေမှာ။


ဘာလို့ဆို ကြိုတင်ပြင်ဆင်မှု စဉ်းစာတွေးခေါ်နိုင်မှုမှာ 

ငယ်ငယ်ကတည်းက ရိုက်ချိုးခံထားရတာ။ ကျနော်ကိုယ်တိုင်လည်း

ပါတယ်။ ဘာလို့အဲလိုပြောလဲဆိုတော့ ဟိုတယ်မှာလုပ်တုန်းက

 နိုင်ငံခြားသားမိသားစုတစ်ခုနဲ့ရင်းနှီးပြီး စကားတော်တော်များများ

ပြောဖူးတယ်။


အားလုံးလည်းတွေ့ဖူးမှာပါ။ နိုင်ငံခြားသားတွေ မိသားစုနဲ့လာရင်

ကလေး ပိစိကွေးလေးကအစ ကိုယ့် luggage နဲ့ကိုယ်လာတယ်။


လူကသေးသေး အိပ်ကလေးတွေကလည်း ပိစိလေးတွေ


အလှကိုင်လာတယ်ပဲထင်တာ။ ကျနော်မေးကြည့်တယ် ဘာလို့လဲပေါ့။ 

တစ်ခါတည်းပေါင်းထည့်လာလို့ရတာပဲပေါ့ပြောတော့ သူတို့ပြန်ပြော

ပြတာ အတော်လေးစားဖို့ကောင်းသလို အတုယူဖို့လည်းကောင်းတယ်။


သူရှင်းပြတယ် သူတို့ဆီမှာ ကလေးတွေ လူမှန်းသိတတ်စအရွယ်

ကတည်းက ခရီးထွက်မယ်ဆိုရင် ကိုယ်တိုင်ပစ္စည်းထည့်တဲ့အကျင့်

လုပ်ထားတယ်။ မိဘက ခရီးသွားမယ်ဟေ့ပဲ ပြောလိုက်တယ်။ 

ကလေးတွေ သူတို့ဟာသူတို့ လိုအပ်တာတွေ အကုန်ကိုယ်တိုင်

ထည့်တယ်။ ထည့်တတ်တယ်။ ဘာတွေလိုလည်းသိတယ်။ 

အဲလိုအလေ့အကျင့်လုပ်ထားတာ။


ကိုယ်တွေဆီမှာတော့ အဲလိုမဟုတ်ပါ။ တက္ကသိုလ်တက်တဲ့အထိကို 

မိဘက ဟိုဟာထည့်ပေး ဒီဟာထည့်ပေး အကုန်လိုက်ထည့်ပေး

ready ပဲ။ အဲတော့ ဘာဖြစ်လာလည်းဆိုတော့ ကိုယ်တစ်ကယ်

ထည့်ရမယ့်အချိန်ရောက်ရင် ဘာတွေလိုလို့ ဘာတွေထည့်ရမှန်းကို

မသိတော့ဘူး။ ကျနော်လည်း ခုချိန်ထိ အဲလိုဖြစ်တုန်း။ 

ခရီးထွက်တော့မယ်ဆိုရင် သွားတိုက်ဆေးပဲထည့်ရတော့မလိုလို 

သွားတိုက်တံပဲထည့်ရတော့မလိုလို ဆပ်ပြာပဲထည့်ရတော့မလိုလို

ဘာလိုလို့လိုမှန်း ခုထိမသိသေးဘူး။ ခုထိခရီးထွက်ရင် ပစ္စည်းတွေ 

မထည့်တတ်သေးဘူး။ ကိုယ်သွားမယ့်နေရာက အေးရင် အနွေးထည်

ထည့်သွားဖို့ကျန်သွားတုန်း။ မိုးရွာတဲ့နေရာသွားရင် မိုးကာတို့ထီးတို့က

မပါပဲဖြစ်တုန်း။ ကျနော်တင်မဟုတ်ဘူး မြန်မာပြည်မှာ တော်တော်

များများအဲလိုလူတွေရှိတယ်။


အဲဒါ ဘာလို့လဲဆိုတော့ ငယ်ငယ်ကတည်းက မိဘကပဲ အကုန်

အဆင်သင့်လုပ်ပေးပြီး ကိုယ်တိုင်ထည့်တတ်အောင် အလေ့အကျင့်

လုပ်မပေးထားလို့ပဲ။


နောက်တစ်ချက်က နိုင်ငံခြားသားကလေးတွေဆော့နေရင် မိဘက

လွှတ်ထားတယ်။ တော်ရုံလှည့်မကြည့်ဘူး။ ကလေးတွေ လဲကျတာ 

ချော်လဲတာဘာညာကတော့ အေးဆေးပဲ။ အစားအသောက်မပျက် 

စာဖတ်မပျက်ဘူး။ တစ်ခြားမပြောနဲ့ ကိုယ်တိုင်လက်တွေ့။ မိဘက

ရေကူးကန်ဘေးမှာ ရေကူးပြီးနေပူဆာလှုံနေတယ်။ အဲဒီမှာကလေးက

ဆော့တာ ချော်ပြီးရေကန်ထဲပြုတ်ကျတယ်။ ကလေးကငယ်သေးတယ်.

ရေကူးကန်ထဲ ယက်ကန်ယက်ကန်နဲ့


ကိုယ်တွေ့ကလည်း ကလေးနစ်နေပြီဟဆို ပြူးပြာနေတာ။ သူ့မိဘက

အေးဆေးကြည့်နေတယ်။ ကိုယ်တွေကူမလို့လုပ်တော့

ရတယ် ထားလိုက် သူဟာသူ ရအောင်ပြန်တက်လိမ့်မယ်တဲ့။


မိဘကတော့ မကူညီပေမယ့်မျက်ခြေမပြတ် ကြည့်နေတယ်။


နောကိဆုံး ကလေးမတက်နိုင်တော့မှာ ဂုတ်ကနေကိုင်ပြီးဆွဲတင်တာ။


သူတို့ဆီကအဲလိုမျိုး ကလေးတွေလဲကျရင် 

ကိုယ်တိုင်ထနိုင်အောင် လေ့ကျင့်ပေးထားတယ်။


မြန်မာမှာတော့ပြောမနေနဲ့ ကလေးများဆော့နေတာ ကိုယ်နဲ့ 

၁ ပေလောက်ကျော်သွားရင်ကို ဟိုကောင်ပြန်လာခဲ့ဘာညာနဲ့ 

အနားကနေကိုမခွာခိုင်းဘူး။ ကလေးလဲကျရင်လည်းအဲလိုပဲ။ 

မိဘက ရောက်ရာအရပ်ကနေ ချက်ချင်းပြေးလာပြီး ဘာဖြစ်တာလဲ

ဘယ်လိုနေသေးလည်းမေးပြီး ပြေးထူရတာအမော။


ကလေးချစ်တာချစ်တာ တစ်ကဏ္ဍပေါ့လေ။ အဲလိုလုပ်ပါများတေ့ာ 

ဘာဖြစ်လာလဲဆိုတော့ ကလေးစိတ်ထဲမှာ ဘာဖြစ်ဖြစ်မိဘက 

လာကူမှာပဲဆိုပြီး မှီခိုချင်တဲ့စိတ်ပဲ ရှိနေတော့တယ်။ ကိုယ်တိုင်ကြိုးစားဖို့

ထဖို့စိတ်မရှိတော့ဘူး။ နောက်ဆုံးပြောရရင် အဲဒီကလေးက လဲကျ

နေရင်တောင် လာမထူမချင်း မထတော့ဘူး။ လဲကျနေတဲ့နေရာမှာပဲ

ငိုနေရော။ နိုင်ငံခြားက အလေ့အကျင့်လုပ်ထားတဲ့ ကလေးကျတော့

လဲကျပေမယ့် မငိုဘူး အတင်းပြန်ထတယ်။ ဘာလို့လဲဆိုတော့ 

လာကူမှာမဟုတ်ဘူးဆိုတာ သူသိနေလို့လေ။


တစ်ခြားအချက်တွေ အများကြီးရှိသေးတယ်။ 

ဒါက ထိုင်းကလေးတွေနဲ့ တိုက်ဆိုင်တာလောက်ပဲရေးထားတာ။


ထိုင်းကလေးတွေ ဘာကြောင့် ပြသနာကြီးကြီးမားမား မဖြစ်တာလည်း။


၁) မဝင်ခင်ကတည်းက စားစရာတွေဝယ်သွားတယ်။ 

သွားမယ့်နေရာမှာ ဘာလိုလဲသိတဲ့အတွက် လိုအပ်တာ

ထည့်သွားတယ်။ (မြန်မာကလေးတွေသာဆို.သေချာတယ် 

ပုံရိုက်ဖို့ ဖုန်းနဲ့ selfie stick လောက်နဲ့ power bank လောက်ပဲ

ယူသွားဖို့များတယ်။ ပုံရိုက်ပြီးတင်ဖို့က ပိုအရေးကြီးတာကိုး။ 

တစ်ကယ်ဖြစ်လာရင် မြန်မာကလေးက အစာငတ်သေဖို့များတယ် 

၁၀ ရက်ကြီးတောင်ကိုး )


၂ ) ပြန်တွေ့တဲ့အချိန်မှာ ကလေးတွေ တည်တည်ငြိမ်ငြိမ်ပဲ။


ငိုနေတာမတွေ့ဘူး ပြာယာခပ်မနေဘူး။ ပုံရိုက်မယ်ဆိုလို့တောင် 

လူစုပေးလိုက်သေးတယ် အယ်လဲ့ ပြန်လာခဲ့မယ်ပြောပြီး

ပြန်ထွက်သွားတာတောင် အေးဆေးပဲ။ ဘာလို့ဆို သူတို့မှာ 

အလေ့အကျင့် လုပ်ပေးထားလို့ တည်တည်ငြိမ်ငြိမ် ဖြစ်နေတာပေါ့။ 

ဒီကကလေးတွေ အဲလိုသာဖြစ်ကြည့် ငိုမယ့်သူငို ကြောက်လို့တုန်နေ

တဲ့သူတုန်နဲ့ လာကယ်မယ့်သူတွေ့ရင် အတင်းပြေးဆွဲပီး 

ပြန်ထွက်ခိုင်းမှာကိုမဟုတ်တော့ဘူး။


ကိုယ့်လူမျိုးကို အထင်သေးလို့ပြောတာမဟုတ်ဘူး။ 

ပြုစုပျိုးထောင်ပုံချင်းမတူတာကိုပြောနေတာ။ လက်ခံချင်လက်ခံ 

လက်မခံချင်လည်းနေ။ ဒါလက်တွေ့အပြင်မှာဖြစ်နေတာ အမှန်တရားပဲ။

တစ်ခြားအရမ်းနက်နဲတဲ့နိုင်ငံရေးလှည့်ကွက်တွေပါနေရင်တော့လည်း 

မပြောတတ်ဘူးလေ။


ဘာမှဟုတ်ဘူး မီးပျက်နေလို့ ပျင်းလို့ သူညားတေလို 

ပေါ်ပင်ဖြစ်မလားလို့ စဆရက စတိုင်နဲ့ရေးကျိတာ။


ရေးသူ.. ဆရာမျိုးဇင်မင်း ကိုယ်တိုင်ရင်တွင်းဖြစ်ပါ…


Credit – မျိုးဇင်မင်း – Myo Zin Min

source:Myanmar Live

(ဂူထဲမှာ အစာရေစာမရှိဘဲနဲ့ ဆယ်ရက်လောက် ပိတ်မိနေကြတဲ့

ကလေးတွေကို ခုလိုပုံစံမျိုးနဲ့ ပြန်တွေ့လိမ့်မယ်လို့ ကယ်ဆယ်ရေး 

လာလုပ်ကြတဲ့သူတွေတောင် ထင်မထားကြပါဘူး... ဘာပဲဖြစ်ဖြစ်

အနည်းဆုံးတော့ စိတ်ပျက်အားငယ် ပင်ပန်းညှိုးနွမ်း နေကြမှာပဲလို့

ထင်ထားကြသူတွေ များပါတယ်။ အခြေခံအလေ့အကျင့်ကောင်းတဲ့

သူတို့တွေကို ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ်နဲ့ တွေ့လိုက်ရတော့

ကယ်ဆယ်ရေးသမားတွေတောင် အံ့အားသင့်ခဲ့ကြရပါတယ်။

ဒီနေရာ ဒီလမ်းက သူတို့ သွားနေကျဆိုပေမယ့် သူတို့သွားတဲ့အချိန်က

ဝင်လို့ရနေပြီး သူတို့အထဲရောက်တဲ့ရက်ပိုင်းမှာ မိုးက ကောင်းကောင်း

ရွာချလိုက်တော့ သူတို့ ပြန်မလှည့်သာ ဖြစ်သွားခဲ့ကြတာပါ။ သူတို့

လမ်းမပျောက်ပါဘူး.. လမ်းပိတ်သွားတာပါ။ မိုးရေတွေဝင်လာပြီး

ပြည့်လာလို့ မြင်တဲ့နေရာ တက်ရင်းနဲ့ အတွင်းပိုင်း မီတာလေးရာ

လောက်ကို ရောက်သွားခဲ့ကြတာဖြစ်ပါတယ်။ သွားကယ်ရတဲ့ သူတွေ

ရေငုပ်ကိရိယာ ပစ္စည်းအစုံအလင်နဲ့တောင် အတော်ငုပ်လျှိုးသွားရ

တာကြောင့် အပြန်ခရီး နှောင့်နှေးနိုင်တာကလွဲလို့ တခြားပြဿနာ

ကြီးကြီးမားမားတော့ တွေ့စရာ မရှိတော့ပါဘူး..။)

No comments:

Post a Comment