မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 19, 2020

မသန္စြမ္းအမ်ိဳးသားကို ဆယ္ေက်ာ္သက္က ကူညီ

မသန္စြမ္းအမ်ိဳးသားကို ဆယ္ေက်ာ္သက္က

ထူးျခားစြာ ကူညီေပးခဲ့တဲ့ ၾကည္ႏူးဖြယ္ျဖစ္ရပ္ေလး

------------------------------------------------------

❒  ေလယာဥ္တစ္စင္းေပၚမွာ အဆင္မေျပျဖစ္ေနခဲ့တဲ့

မသန္စြမ္း ခရီးသည္တစ္ဦးကို ကူညီခဲ့သူ အေမရိကန္က 

ဆယ္ေက်ာ္သက္မေလး တစ္ေယာက္ဟာ ‘နတ္သမီးေလး’ 

လို႔ေတာင္ တင္စားခံေနရပါတယ္။ ျဖစ္ရပ္ကေတာ့ ဒီလိုပါ။


ၿပီးခဲ့တဲ့ တစ္ပတ္က Tim Cook လုိ႔အမည္ရတဲ့ မသန္စြမ္း

အမ်ိဳးသားတစ္ဦးဟာ ေဘာ္စတြန္ကေန ပို႔တ္လန္းကို ပ်ံသန္းတဲ့

အလက္စကာ ေလေၾကာင္းလိုင္းမွာ လိုက္ပါ စီးနင္းခဲ့ပါတယ္။ 

သူ႔အေျခအေနေၾကာင့္ ေလယာဥ္ဝန္ထမ္းေတြ အကုန္လံုးက 

အစြမ္းကုန္ ဂ႐ုစိုက္ဖို႔ လုပ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ အဆင္မေျပခဲ့

ပါဘူး။ Tim ဟာ မ်က္မျမင္ နားမၾကား အေျခအေနျဖစ္ေနခဲ့လို႔႔ပါ။

ဝန္ထမ္းေတြလည္း မတတ္ႏုိင္ေတာ့တဲ့အဆံုး လက္သေကၤတျပ 

ဘာသာစကား တတ္တဲ့ တစ္စံုတစ္ဦးကို ရွာခဲ့ရပါတယ္။

ထိုအခ်ိန္မွာေတာ့ Clara Daly ဆိုတဲ့ ဆယ္ေက်ာ္သက္မေလးက 

ကယ္တင္ရွင္အျဖစ္ ေရာက္လာခဲ့ပါတယ္။ သူမကလည္း တကယ္ေတာ့ 

ပံုမွန္လူတစ္ဦး မဟုတ္ပါဘူး။ ဦးေႏွာက္ခ်ိဳ႕ယြင္းခ်က္ရိွလို႔ ေက်ာင္းေနလို႔

မရတဲ့ ေကာင္မေလးတစ္ဦးပါ။ ဒါေၾကာင့္လည္း သူမက သေကၤတျပ 

ဘာသာစကား တတ္ေနခဲ့တာပါ။ ဘယ္သူမွ မကူညီႏုိင္ခဲ့တဲ့ Tim ကို 

Clara ဟာ ေလယာဥ္ေပၚမွာ သူတို႔ႏွစ္ဦးပဲ နားလည္ႏုိင္တဲ့ ဘာသာ

စကားနဲ႔ စတင္ ေဖးမခဲ့ပါတယ္။ (၁၅)ႏွစ္အရြယ္ Clara ဟာ Tim ကို 

ေလယာဥ္ပ်ံသန္းစဥ္ (၆)နာရီနီးပါးလံုး အေဖာ္ျပဳေပးခဲ့ၿပီး လိုအပ္တာ

ေတြကို ဝန္ထမ္းေတြဆီ တစ္ဆင့္ျပန္ေျပာေပးခဲ့ပါတယ္။

ဆယ္ေက်ာ္သက္ေလးရဲ႕ အျပဳအမူဟာ ေလယာဥ္တစ္စင္းလံုးရိွ 

ခရီးသည္နဲ႔ ဝန္ထမ္းေတြရဲ႕ ခ်ီးက်ဴးမႈေတြ ခံခဲ့ရပါတယ္။ အေကာင္းဆံုး 

ခ်ီးက်ဴးခံရမႈကေတာ့ Tim Cook ကိုယ္တုိင္ဆီကပဲ ျဖစ္ပါတယ္။ မစၥတာ

Cook က ပို႔တ္လန္းအေျခစိုက္ ႐ုပ္သံလိုင္း KGW8 နဲ႔ အင္တာဗ်ဴးမွာ

Clara ရဲ႕ ကူညီခဲ့မႈနဲ႔ ပတ္သက္ၿပီး “သူမက နတ္သမီးေလးပါ” လို႔ 

ေျပာခဲ့တာပါ။ ေလယာဥ္ေပၚမွာ သူတုိ႔ႏွစ္ေယာက္ေဘးက ခရီးသည္

တစ္ဦးျဖစ္တဲ့ Lynette Scribner အမည္ရ အမ်ိဳးသမီးကေတာ့ 

ဒီအျဖစ္အပ်က္ကို ပံုေတြနဲ႔တကြ Facebook မွာ တင္ခဲ့တာျဖစ္ၿပီး 

သူမရဲ႕ ပို႔စ္ဟာ Like ၁ သန္းခန္႔ ရရိွေနၿပီျဖစ္ပါတယ္။

Lynette ရဲ႕ ပို႔စ္မွာ ေရးထားတာကေတာ့ “Tim ကို ေလယာဥ္

ဝန္ထမ္းေတြက ဘယ္လိုမွ စကားေျပာလို႔ မရခဲ့ပါဘူး။ အဲ့အခါမွာေတာ့

(၁၅)ႏွစ္သမီးေလး တစ္ေယာက္ေရာက္လာၿပီး Tim ရဲ႕ လက္မွာ 

သေကၤတစေရးၿပီး စကားေျပာေပးခဲ့ပါတယ္။ ခရီးတစ္ေလွ်ာက္လံုး 

Tim လိုအပ္တာေတြကို ေျပာျပေပးခဲ့ၿပီး သူငယ္ခ်င္းေတြလို 

စကားေတြလည္း ေျပာေနေပးခဲ့ပါတယ္” လို႔ ေရးသားထားခဲ့ပါတယ္။ 

အကူအညီလိုအပ္ေနခဲ့တဲ့ Tim ဆီ တကယ္ကိုပဲ နတ္သမီးေလး 

ေရာက္လာခဲ့တဲ့ အျဖစ္ေလးပါပဲ..။


By White (shwemom)

Ref: Dailymail

http://www.dailymail.co.uk/news/article-5879007/Portland-girl-15-uses-sign-language-help-deaf-blind-man.html

=============================


မသန်စွမ်းအမျိုးသားကို ဆယ်ကျော်သက်က 

ထူးခြားစွာ ကူညီပေးခဲ့တဲ့ ကြည်နူးဖွယ်ဖြစ်ရပ်လေး

------------------------------------------------------


❒  လေယာဉ်တစ်စင်းပေါ်မှာ အဆင်မပြေဖြစ်နေခဲ့တဲ့

မသန်စွမ်း ခရီးသည်တစ်ဦးကို ကူညီခဲ့သူ အမေရိကန်က 

ဆယ်ကျော်သက်မလေး တစ်ယောက်ဟာ ‘နတ်သမီးလေး’ 

လို့တောင် တင်စားခံနေရပါတယ်။ ဖြစ်ရပ်ကတော့ ဒီလိုပါ။


ပြီးခဲ့တဲ့ တစ်ပတ်က Tim Cook လို့အမည်ရတဲ့ မသန်စွမ်း

အမျိုးသားတစ်ဦးဟာ ဘော်စတွန်ကနေ ပို့တ်လန်းကို ပျံသန်းတဲ့

အလက်စကာ လေကြောင်းလိုင်းမှာ လိုက်ပါ စီးနင်းခဲ့ပါတယ်။ 

သူ့အခြေအနေကြောင့် လေယာဉ်ဝန်ထမ်းတွေ အကုန်လုံးက 

အစွမ်းကုန် ဂရုစိုက်ဖို့ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဆင်မပြေခဲ့

ပါဘူး။ Tim ဟာ မျက်မမြင် နားမကြား အခြေအနေဖြစ်နေခဲ့လို့ပါ။

 ဝန်ထမ်းတွေလည်း မတတ်နိုင်တော့တဲ့အဆုံး လက်သင်္ကေတပြ 

ဘာသာစကား တတ်တဲ့ တစ်စုံတစ်ဦးကို ရှာခဲ့ရပါတယ်။


ထိုအချိန်မှာတော့ Clara Daly ဆိုတဲ့ ဆယ်ကျော်သက်မလေးက 

ကယ်တင်ရှင်အဖြစ် ရောက်လာခဲ့ပါတယ်။ သူမကလည်း တကယ်တော့ 

ပုံမှန်လူတစ်ဦး မဟုတ်ပါဘူး။ ဦးနှောက်ချို့ယွင်းချက်ရှိလို့ ကျောင်းနေလို့

မရတဲ့ ကောင်မလေးတစ်ဦးပါ။ ဒါကြောင့်လည်း သူမက သင်္ကေတပြ 

ဘာသာစကား တတ်နေခဲ့တာပါ။ ဘယ်သူမှ မကူညီနိုင်ခဲ့တဲ့ Tim ကို 

Clara ဟာ လေယာဉ်ပေါ်မှာ သူတို့နှစ်ဦးပဲ နားလည်နိုင်တဲ့ ဘာသာ

စကားနဲ့ စတင် ဖေးမခဲ့ပါတယ်။ (၁၅)နှစ်အရွယ် Clara ဟာ Tim ကို 

လေယာဉ်ပျံသန်းစဉ် (၆)နာရီနီးပါးလုံး အဖော်ပြုပေးခဲ့ပြီး လိုအပ်တာ

တွေကို ဝန်ထမ်းတွေဆီ တစ်ဆင့်ပြန်ပြောပေးခဲ့ပါတယ်။


ဆယ်ကျော်သက်လေးရဲ့ အပြုအမူဟာ လေယာဉ်တစ်စင်းလုံးရှိ 

ခရီးသည်နဲ့ ဝန်ထမ်းတွေရဲ့ ချီးကျူးမှုတွေ ခံခဲ့ရပါတယ်။ အကောင်းဆုံး 

ချီးကျူးခံရမှုကတော့ Tim Cook ကိုယ်တိုင်ဆီကပဲ ဖြစ်ပါတယ်။ မစ္စတာ

Cook က ပို့တ်လန်းအခြေစိုက် ရုပ်သံလိုင်း KGW8 နဲ့ အင်တာဗျူးမှာ

Clara ရဲ့ ကူညီခဲ့မှုနဲ့ ပတ်သက်ပြီး “သူမက နတ်သမီးလေးပါ” လို့ 

ပြောခဲ့တာပါ။ လေယာဉ်ပေါ်မှာ သူတို့နှစ်ယောက်ဘေးက ခရီးသည်

တစ်ဦးဖြစ်တဲ့ Lynette Scribner အမည်ရ အမျိုးသမီးကတော့ 

ဒီအဖြစ်အပျက်ကို ပုံတွေနဲ့တကွ Facebook မှာ တင်ခဲ့တာဖြစ်ပြီး 

သူမရဲ့ ပို့စ်ဟာ Like ၁ သန်းခန့် ရရှိနေပြီဖြစ်ပါတယ်။


Lynette ရဲ့ ပို့စ်မှာ ရေးထားတာကတော့ “Tim ကို လေယာဉ်

ဝန်ထမ်းတွေက ဘယ်လိုမှ စကားပြောလို့ မရခဲ့ပါဘူး။ အဲ့အခါမှာတော့

(၁၅)နှစ်သမီးလေး တစ်ယောက်ရောက်လာပြီး Tim ရဲ့ လက်မှာ 

သင်္ကေတစရေးပြီး စကားပြောပေးခဲ့ပါတယ်။ ခရီးတစ်လျှောက်လုံး 

Tim လိုအပ်တာတွေကို ပြောပြပေးခဲ့ပြီး သူငယ်ချင်းတွေလို 

စကားတွေလည်း ပြောနေပေးခဲ့ပါတယ်” လို့ ရေးသားထားခဲ့ပါတယ်။ 

အကူအညီလိုအပ်နေခဲ့တဲ့ Tim ဆီ တကယ်ကိုပဲ နတ်သမီးလေး 

ရောက်လာခဲ့တဲ့ အဖြစ်လေးပါပဲ..။


By White (shwemom)

Ref: Dailymail

http://www.dailymail.co.uk/news/article-5879007/Portland-girl-15-uses-sign-language-help-deaf-blind-man.html

 

No comments:

Post a Comment