မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 23, 2020

မ်က္ရည္မဆည္ႏုိင္ ျဖစ္ခဲ့ရတဲ့ဆရာ

 ေငြစုၿပီး လွဴခဲ့တဲ့တပည့္ေတြေၾကာင့္ 

မ်က္ရည္မဆည္ႏုိင္ ျဖစ္ခဲ့ရတဲ့ဆရာ

---------------------------------------



ဘရားဇီးႏုိင္ငံက ေက်ာင္းတစ္ေက်ာင္းမွာ တာဝန္ထမ္းေဆာင္တဲ့ 

လူရြယ္ဆရာတစ္ဦးဟာ လေတာ္ေတာ္မ်ားမ်ား လစာမရတဲ့အတြက္

ေၾကာင့္၊ အျပင္မွာလည္း ေနစရာ မငွားႏုိင္ေတာ့လုိ႔ သူဟာ စာသင္ခန္း

ရဲ႕ၾကမ္းျပင္မွာ အိပ္စက္ခဲ့ရပါတယ္။ အဆုိပါဆရာဟာ အစားထုိးဆရာ

တစ္ဦး ျဖစ္ျခင္းေၾကာင့္ စာခ်ဳပ္သက္တမ္းတစ္ခုနဲ႔ တာဝန္ထမ္းေဆာင္ရ

တဲ့ ဆရာျဖစ္ၿပီး၊ ေဒသခံအစုိးရက သူ႕ကို စတင္ခန္႔ထားတဲ့လကေနစၿပီး

လစာေပးေခ်ျခင္း မရွိဘူးလုိ႔ သိရပါတယ္။

ဒါေၾကာင့္လည္း ဆရာဘ႐ူႏုိရာဖယ္ပိုင္ဗာလည္း အလြန္ခက္ခဲ့တဲ့

ရပ္တည္ျခင္းေတြနဲ႔ ႐ုန္းကန္ခဲ့ရပါတယ္။ ေနာက္ဆုံးေတာ့ အျပင္မွာ

လည္း အိမ္မငွားႏုိင္ေတာ့လုိ႔ ေက်ာင္းစာသင္ခန္းမွာပဲ အိပ္စက္ခြင့္ျပဳဖုိ႔ 

ေက်ာင္းတာဝန္ရွိသူေတြထံမွာ ေတာင္းဆုိခဲ့ရာ အဆင္ေျပခဲ့ပါတယ္။ 

ဒါလည္း သူ႕ ဝမ္းေရးကို ျဖစ္သလုိ ေျဖရွင္းေနခဲ့ရတာပါ။

ဒီအျဖစ္အပ်က္ကုိ သိရွိၿပီးေနာက္မွာေတာ့ အဲဒီအတန္းထဲမွာ 

တက္ေရာက္ေနၾကတဲ့ တပည့္ေတြဟာ အသက္(၂၈)ႏွစ္အရြယ္ 

ဆရာဘ႐ူႏုိအတြက္ ေငြေၾကးေတြ ႀကိတ္ၿပီးစုေဆာင္းခဲ့ၾကပါတယ္။ 

သူတုိ႔ဟာ ဆရာ့လစာရဲ႕ (၃)ပုံပုံ (၂)ပုံအထိ စုေဆာင္းႏုိင္ခဲ့ၾကၿပီး၊ 

အဲဒီေငြေၾကးေလးေတြနဲ႔ စာသင္ဖုိ႔လာတဲ့ ဆရာကုိ Surprise လုပ္ခဲ့

ၾကပါတယ္။

ဆရာဘ႐ူႏုိမွာ ထင္မွတ္မထားသလုိ၊ သူရဲ႕ အျဖစ္ကို ေတြးေတာ

ဝမ္းနည္းမိေနတဲ့ၾကားက တပည့္ေတြရဲ႕ သိတတ္လိမၼာမႈေၾကာင့္

မ်က္ရည္မဆည္ႏုိင္ ျဖစ္ခဲ့ရပါတယ္။ တပည့္ေတြကလည္း ဆရာ့ကို 

ဒီကေန ထြက္မသြားဖုိ႔ ဝုိင္းဝန္းေတာင္းပန္ခဲ့ၿပီး၊ အားလုံးဆရာ့ကို 

ဝုိင္းဖက္ၿပီး အားေပးခဲ့ၾကပါတယ္။

ဆရာဆုိတာ အသျပာဆရာေတြ၊ အနစ္နာခံတဲ့ ဆရာေတြဆုိၿပီး 

လူေတြက အမ်ိဳးမ်ိဳးခြဲၿပီး ေျပာဆုိေနၾကေပမယ့္ တကယ့္အေရးနဲ႔

အေၾကာင္း ႀကဳံလာရင္လည္း ေငြတစ္မ်က္ႏွာတည္းၾကည့္ၿပီး ဒီလုိ 

တပည့္ေတြကို စြန္႔ပစ္သြားဖုိ႔ဆုိတာ အေတာ္ေလး ခက္ခဲပါတယ္။ 

ဆရာဘ႐ူႏုိလည္း အႀကိမ္ေပါင္းမ်ားစြာ အလုပ္ထြက္ၿပီး တစ္ျခား

အလုပ္လုပ္မယ္လုိ႔ စဥ္းစားမိေပမယ့္၊ တစ္ခါမွ အေကာင္အထည္ 

မေဖာ္ျဖစ္ဘူးလုိ႔ ေျပာပါတယ္။

သူရဲ႕တပည့္ေတြဟာ တစ္ေယာက္ကုိ (၁၀)ေဒၚလာစီ 

စုေဆာင္းခဲ့ၾကၿပီး အဓိက ဦးေဆာင္လႈပ္ရွားခဲ့သူေတြကေတာ့ 

ေက်ာင္းသူအုိင္လြန္နဲ႔ ဂ်နီဖုိင္ယာတုိ႔ျဖစ္တယ္လုိ႔ ဆရာ ဘ႐ူႏုိက 

ေျပာပါတယ္။ ဆရာဟာ မၾကာေသးခင္ကမွ Brejo Santo မွာတည္ရွိတဲ့

Balbina Viana Arrais State School အစုိးရေက်ာင္းမွာ အစားထုိး

ဂီတဆရာအျဖစ္ ခန္႔အပ္ခံရသူပါ။

ဂီတဆရာအျဖစ္ တာဝန္ယူထားသူက အသည္းအသန္ ေနမေကာင္း

ျဖစ္ေနလုိ႔ သူ႕ကို စာခ်ဳပ္နဲ႔ခန္႔အပ္ခဲ့တာပါ။ ဒါေပမယ့္ အစိုးရက သူ႕ကို

ခန္႔အပ္ထားတဲ့အခ်ိန္ကစၿပီး (၃)လတာအတြက္ တစ္ျပားမွ သူ႕ကုိ 

ေပးေခ်ျခင္းမရွိခဲ့တဲ့အတြက္ သူဟာ ပင္ပန္းဆင္းရဲစြာနဲ႔ ရပ္တည္ခဲ့ရ

ပါတယ္။ ဒါေပမယ့္ အခုေတာ့ ဆရာျဖစ္သူ ေပ်ာ္ေနပါၿပီ။

ဆရာဘ႐ူႏုိက ” ဒါ က်ေနာ္ တာဝန္ထမ္းေဆာင္တဲ့ (၄)လတာ

အတြင္းမွာ ပထမဆုံးရရွိတဲ့ လစာပါဘဲ … က်ေနာ့္တပည့္ေတြရဲ႕ 

အကာအကြယ္နဲ႔ ေမတၱာတရားေၾကာင့္ အခုမွ ပုိၿပီးလုံၿခဳံသြားတယ္လုိ႔ 

ခံစားမိပါတယ္ … ေျပာရရင္ သူတုိ႔က က်ေနာ္ကုိ ယုံၾကည္မႈေပးတယ္။

ဒီအတြက္ က်ေနာ့္မွာ သူတုိ႔တစ္ေတြကို ဆက္ၿပီးသင္ၾကားေပးရမယ္

ဆုိတဲ့ အသိကို ရလုိက္ပါတယ္ … က်ေနာ့္အလုပ္ကုိပဲ က်ေနာ္ 

ဆက္လုပ္မွာပါ … “လုိ႔ ေျပာခဲ့ပါတယ္။

တပည့္ေတြရဲ႕ ေထာက္ပံေၾကးတင္ မကေသးဘဲ ေက်ာင္းသူ

ေက်ာင္းသားေတြဟာ ဆရာဘ႐ူႏုိကုိ ေထာက္ပံ့ႏုိင္ဖုိ႔ GoFundMe မွာ

ရံပုံေငြေကာက္ခံခဲ့ရာ အခုဆုိရင္ ေဒၚလာ(၁၀၀၀)ေက်ာ္အထိ ရရွိေနၿပီ

ျဖစ္ေၾကာင္း သိရပါတယ္။ မၾကာခင္မွာ ကေလးေတြ ေမွ်ာ္လင့္တဲ့ 

ေဒၚလာ (၃၀၀၀) ျပည့္မီလိမ့္မယ္လုိ႔လည္း ယုံၾကည္ရပါတယ္။


နတ္စည္ေတာ္ (MyanmarNote)

source : metro.co.uk

https://metro.co.uk/2018/07/03/pupils-give-cash-donation-teacher-forced-sleep-classroom-didnt-get-paid-7679027/

=============================


ငွေစုပြီး လှူခဲ့တဲ့တပည့်တွေကြောင့် 

မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရတဲ့ဆရာ

---------------------------------------


ဘရားဇီးနိုင်ငံက ကျောင်းတစ်ကျောင်းမှာ တာဝန်ထမ်းဆောင်တဲ့ 

လူရွယ်ဆရာတစ်ဦးဟာ လတော်တော်များများ လစာမရတဲ့အတွက်

ကြောင့်၊ အပြင်မှာလည်း နေစရာ မငှားနိုင်တော့လို့ သူဟာ စာသင်ခန်း

ရဲ့ကြမ်းပြင်မှာ အိပ်စက်ခဲ့ရပါတယ်။ အဆိုပါဆရာဟာ အစားထိုးဆရာ

တစ်ဦး ဖြစ်ခြင်းကြောင့် စာချုပ်သက်တမ်းတစ်ခုနဲ့ တာဝန်ထမ်းဆောင်ရ

တဲ့ ဆရာဖြစ်ပြီး၊ ဒေသခံအစိုးရက သူ့ကို စတင်ခန့်ထားတဲ့လကနေစပြီး

လစာပေးချေခြင်း မရှိဘူးလို့ သိရပါတယ်။


ဒါကြောင့်လည်း ဆရာဘရူနိုရာဖယ်ပိုင်ဗာလည်း အလွန်ခက်ခဲ့တဲ့

ရပ်တည်ခြင်းတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ နောက်ဆုံးတော့ အပြင်မှာ

လည်း အိမ်မငှားနိုင်တော့လို့ ကျောင်းစာသင်ခန်းမှာပဲ အိပ်စက်ခွင့်ပြုဖို့ 

ကျောင်းတာဝန်ရှိသူတွေထံမှာ တောင်းဆိုခဲ့ရာ အဆင်ပြေခဲ့ပါတယ်။ 

ဒါလည်း သူ့ ဝမ်းရေးကို ဖြစ်သလို ဖြေရှင်းနေခဲ့ရတာပါ။


ဒီအဖြစ်အပျက်ကို သိရှိပြီးနောက်မှာတော့ အဲဒီအတန်းထဲမှာ 

တက်ရောက်နေကြတဲ့ တပည့်တွေဟာ အသက်(၂၈)နှစ်အရွယ် 

ဆရာဘရူနိုအတွက် ငွေကြေးတွေ ကြိတ်ပြီးစုဆောင်းခဲ့ကြပါတယ်။ 

သူတို့ဟာ ဆရာ့လစာရဲ့ (၃)ပုံပုံ (၂)ပုံအထိ စုဆောင်းနိုင်ခဲ့ကြပြီး၊ 

အဲဒီငွေကြေးလေးတွေနဲ့ စာသင်ဖို့လာတဲ့ ဆရာကို Surprise လုပ်ခဲ့

ကြပါတယ်။


ဆရာဘရူနိုမှာ ထင်မှတ်မထားသလို၊ သူရဲ့ အဖြစ်ကို တွေးတော

ဝမ်းနည်းမိနေတဲ့ကြားက တပည့်တွေရဲ့ သိတတ်လိမ္မာမှုကြောင့်

မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါတယ်။ တပည့်တွေကလည်း ဆရာ့ကို 

ဒီကနေ ထွက်မသွားဖို့ ဝိုင်းဝန်းတောင်းပန်ခဲ့ပြီး၊ အားလုံးဆရာ့ကို 

ဝိုင်းဖက်ပြီး အားပေးခဲ့ကြပါတယ်။


ဆရာဆိုတာ အသပြာဆရာတွေ၊ အနစ်နာခံတဲ့ ဆရာတွေဆိုပြီး 

လူတွေက အမျိုးမျိုးခွဲပြီး ပြောဆိုနေကြပေမယ့် တကယ့်အရေးနဲ့

အကြောင်း ကြုံလာရင်လည်း ငွေတစ်မျက်နှာတည်းကြည့်ပြီး ဒီလို 

တပည့်တွေကို စွန့်ပစ်သွားဖို့ဆိုတာ အတော်လေး ခက်ခဲပါတယ်။ 

ဆရာဘရူနိုလည်း အကြိမ်ပေါင်းများစွာ အလုပ်ထွက်ပြီး တစ်ခြား

အလုပ်လုပ်မယ်လို့ စဉ်းစားမိပေမယ့်၊ တစ်ခါမှ အကောင်အထည် 

မဖော်ဖြစ်ဘူးလို့ ပြောပါတယ်။


သူရဲ့တပည့်တွေဟာ တစ်ယောက်ကို (၁၀)ဒေါ်လာဆီ 

စုဆောင်းခဲ့ကြပြီး အဓိက ဦးဆောင်လှုပ်ရှားခဲ့သူတွေကတော့ 

ကျောင်းသူအိုင်လွန်နဲ့ ဂျနီဖိုင်ယာတို့ဖြစ်တယ်လို့ ဆရာ ဘရူနိုက 

ပြောပါတယ်။ ဆရာဟာ မကြာသေးခင်ကမှ Brejo Santo မှာတည်ရှိတဲ့

Balbina Viana Arrais State School အစိုးရကျောင်းမှာ အစားထိုး

ဂီတဆရာအဖြစ် ခန့်အပ်ခံရသူပါ။


ဂီတဆရာအဖြစ် တာဝန်ယူထားသူက အသည်းအသန် နေမကောင်း

ဖြစ်နေလို့ သူ့ကို စာချုပ်နဲ့ခန့်အပ်ခဲ့တာပါ။ ဒါပေမယ့် အစိုးရက သူ့ကို

ခန့်အပ်ထားတဲ့အချိန်ကစပြီး (၃)လတာအတွက် တစ်ပြားမှ သူ့ကို 

ပေးချေခြင်းမရှိခဲ့တဲ့အတွက် သူဟာ ပင်ပန်းဆင်းရဲစွာနဲ့ ရပ်တည်ခဲ့ရ

ပါတယ်။ ဒါပေမယ့် အခုတော့ ဆရာဖြစ်သူ ပျော်နေပါပြီ။


ဆရာဘရူနိုက ” ဒါ ကျနော် တာဝန်ထမ်းဆောင်တဲ့ (၄)လတာ

အတွင်းမှာ ပထမဆုံးရရှိတဲ့ လစာပါဘဲ … ကျနော့်တပည့်တွေရဲ့ 

အကာအကွယ်နဲ့ မေတ္တာတရားကြောင့် အခုမှ ပိုပြီးလုံခြုံသွားတယ်လို့ 

ခံစားမိပါတယ် … ပြောရရင် သူတို့က ကျနော်ကို ယုံကြည်မှုပေးတယ်။

ဒီအတွက် ကျနော့်မှာ သူတို့တစ်တွေကို ဆက်ပြီးသင်ကြားပေးရမယ်

ဆိုတဲ့ အသိကို ရလိုက်ပါတယ် … ကျနော့်အလုပ်ကိုပဲ ကျနော် 

ဆက်လုပ်မှာပါ … “လို့ ပြောခဲ့ပါတယ်။


တပည့်တွေရဲ့ ထောက်ပံကြေးတင် မကသေးဘဲ ကျောင်းသူ

ကျောင်းသားတွေဟာ ဆရာဘရူနိုကို ထောက်ပံ့နိုင်ဖို့ GoFundMe မှာ

ရံပုံငွေကောက်ခံခဲ့ရာ အခုဆိုရင် ဒေါ်လာ(၁၀၀၀)ကျော်အထိ ရရှိနေပြီ

ဖြစ်ကြောင်း သိရပါတယ်။ မကြာခင်မှာ ကလေးတွေ မျှော်လင့်တဲ့ 

ဒေါ်လာ (၃၀၀၀) ပြည့်မီလိမ့်မယ်လို့လည်း ယုံကြည်ရပါတယ်။


နတ်စည်တော် (MyanmarNote)

source : metro.co.uk

https://metro.co.uk/2018/07/03/pupils-give-cash-donation-teacher-forced-sleep-classroom-didnt-get-paid-7679027/


No comments:

Post a Comment