မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Friday, September 18, 2020

တစ္လအတြင္းေႁမြရွစ္ႀကိမ္အေပါက္ခံရသည့္လူငယ္

 ေႁမြတစ္ေကာင္က မိမိကုိတစ္လအတြင္း ရွစ္ႀကိမ္ေပါက္သည္ဟု

လူငယ္ေလးကဆုိကာ ထိတ္လန္႔တုန္လွဳပ္ေန ...

-----------------------------------------------------------------------

အိႏၵိယႏုိင္ငံ ဥတာပရာေဒ႔ရွ္ျပည္နယ္တြင္ ေနထုိင္သည့္ အသက္ ၁၇ ႏွစ္

အရြယ္ လူငယ္ေလးက ၎ကုိ ေႁမြတစ္ေကာင္တည္းက တစ္လတည္း

အတြင္း ရွစ္ႀကိမ္တုိင္တုိင္ ေပါက္သည္ဟုဆုိကာ အႀကီးအက်ယ္ 

ထိတ္လန္႔တုန္လွဳပ္ေနသည္။ ထုိေႁမြက အဘယ့္ေၾကာင့္ ထုိလူငယ္ေလး

ကုိသာ ပစ္မွတ္ထားၿပီး ရန္မူေနရသနည္းဆုိသည္ကုိ မသိရေသးေပ။


မိမိသား၏အျဖစ္ကုိ သိလုိက္ၿပီးေနာက္ သားကုိ ေက်းလက္ေဆးခန္းရွိ

ဆရာဝန္ႏွင့္သြားျပကာ ကုသေပးခဲ့ေၾကာင္း၊ ေႁမြဖမ္းႏုိင္ရန္အတြက္ 

ေႁမြအလမၸာယ္ဆရာမ်ားလည္း ေခၚၿပီး လုပ္ခဲ့ေသးေၾကာင္း ဖခင္ျဖစ္သူက

ေျပာသည္။ သားျဖစ္သူ သုံးႀကိမ္ေျမာက္ ေႁမြေပါက္ခံရၿပီးေနာက္တြင္

မိသားစုက ၎တုိ႔သားကုိ အနီးနားရြာရွိ ေဆြမ်ဳိးအိမ္သုိ႔ ပုိ႔လုိက္သည္။

သုိ႔ေသာ္ ေႁမြက ထုိအိမ္အထိလိုက္ကာ လူငယ္ေလးကုိ ေပါက္ျပန္သည္။

ထုိ႔ေၾကာင့္ ေကာင္ေလးသည္ ေဆး႐ုံတက္ၿပီး ကုသရျပန္သည္။


ထုိလူငယ္ေလးသည္ ၾသဂုတ္လ ၂၅ ရက္တြင္ ရွစ္ႀကိမ္ေျမာက္ အေပါက္

ခံခဲ့ရသည္။ တစ္လအတြင္း ရွစ္ႀကိမ္ဆက္တုိက္ ေႁမြေပါက္ခံရသျဖင့္

လူငယ္ေလးလည္း ထိတ္လန္႔တုန္လွဳပ္ေနၿပီျဖစ္ေၾကာင္း သိရသည္။


၎ကုိေပါက္သည့္ေႁမြသည္ တစ္ေကာင္တည္းျဖစ္ေၾကာင္း လူငယ္ေလး

မည္သုိ႔ သိသနည္းဆုိသည္ကုိ သတင္းတြင္ ထည့္ ေဖာ္ျပမထားေပ။

အႀကိမ္ႀကိမ္ေႁမြေပါက္ခံရေသာ္လည္း လူငယ္ေလး မေသသည္ကုိ

ၾကည့္လွ်င္ ေပါက္သည့္ေႁမြသည္ အဆိပ္ရွိသည့္ ေႁမြမဟုတ္ဟု

ယူဆရသည္။


ခ်ယ္ရီ

credit:pyimyanmar

(OC, 12.9.2020)

link -

https://www.odditycentral.com/news/indian-boy-claims-he-was-bitten-by-the-same-wild-snake-eight-times-in-a-single-month.html

=============================


မြွေတစ်ကောင်က မိမိကိုတစ်လအတွင်း ရှစ်ကြိမ်ပေါက်သည်ဟု

လူငယ်လေးကဆိုကာ ထိတ်လန့်တုန်လှုပ်နေ ...

-----------------------------------------------------------------------


အိန္ဒိယနိုင်ငံ ဥတာပရာဒေ့ရှ်ပြည်နယ်တွင် နေထိုင်သည့် အသက် ၁၇ နှစ်

အရွယ် လူငယ်လေးက ၎င်းကို မြွေတစ်ကောင်တည်းက တစ်လတည်း

အတွင်း ရှစ်ကြိမ်တိုင်တိုင် ပေါက်သည်ဟုဆိုကာ အကြီးအကျယ် 

ထိတ်လန့်တုန်လှုပ်နေသည်။ ထိုမြွေက အဘယ့်ကြောင့် ထိုလူငယ်လေး

ကိုသာ ပစ်မှတ်ထားပြီး ရန်မူနေရသနည်းဆိုသည်ကို မသိရသေးပေ။


မိမိသား၏အဖြစ်ကို သိလိုက်ပြီးနောက် သားကို ကျေးလက်ဆေးခန်းရှိ

ဆရာဝန်နှင့်သွားပြကာ ကုသပေးခဲ့ကြောင်း၊ မြွေဖမ်းနိုင်ရန်အတွက် 

မြွေအလမ္ပာယ်ဆရာများလည်း ခေါ်ပြီး လုပ်ခဲ့သေးကြောင်း ဖခင်ဖြစ်သူက

ပြောသည်။ သားဖြစ်သူ သုံးကြိမ်မြောက် မြွေပေါက်ခံရပြီးနောက်တွင်

မိသားစုက ၎င်းတို့သားကို အနီးနားရွာရှိ ဆွေမျိုးအိမ်သို့ ပို့လိုက်သည်။

သို့သော် မြွေက ထိုအိမ်အထိလိုက်ကာ လူငယ်လေးကို ပေါက်ပြန်သည်။

ထို့ကြောင့် ကောင်လေးသည် ဆေးရုံတက်ပြီး ကုသရပြန်သည်။


ထိုလူငယ်လေးသည် သြဂုတ်လ ၂၅ ရက်တွင် ရှစ်ကြိမ်မြောက် အပေါက်

ခံခဲ့ရသည်။ တစ်လအတွင်း ရှစ်ကြိမ်ဆက်တိုက် မြွေပေါက်ခံရသဖြင့်

လူငယ်လေးလည်း ထိတ်လန့်တုန်လှုပ်နေပြီဖြစ်ကြောင်း သိရသည်။


၎င်းကိုပေါက်သည့်မြွေသည် တစ်ကောင်တည်းဖြစ်ကြောင်း လူငယ်လေး

မည်သို့ သိသနည်းဆိုသည်ကို သတင်းတွင် ထည့် ဖော်ပြမထားပေ။

အကြိမ်ကြိမ်မြွေပေါက်ခံရသော်လည်း လူငယ်လေး မသေသည်ကို

ကြည့်လျှင် ပေါက်သည့်မြွေသည် အဆိပ်ရှိသည့် မြွေမဟုတ်ဟု

ယူဆရသည်။


ချယ်ရီ

credit:pyimyanmar

(OC, 12.9.2020)

link -

https://www.odditycentral.com/news/indian-boy-claims-he-was-bitten-by-the-same-wild-snake-eight-times-in-a-single-month.html


No comments:

Post a Comment