-----------------------------------------------------
တော့သည်။
သိရသည်။
(CCTV, 23.6.18)
link -
================================
ဆွစ်ဇာလန် ရေခဲစိုင်ကြီး အရည်ပျော်မသွားစေရန်
ဧရာမစောင်ဖြင့် ဖုံးအုပ်ထား ...
-----------------------------------------------------
ဆွစ်ဇာလန်ထဲရှိ အက်ပ်စ်တောင် တန်းသည် ဥရောပတွင်
အမြင့်ဆုံးနှင့် အရှည်လျားဆုံး တောင်တန်းဖြစ်ကာ ယင်းရှိ
ရွန်ရေခဲစိုင်ကြီး နွေရာသီတွင် အေးမြနေ စေရန်နှင့် ပျော်ကျမသွား
စေရန်အတွက် ယင်းကို ဧရာမစောင်ကြီးနှင့် ဖုံးအုပ်ထားသည်။
ကမ္ဘာ့အပူချိန် မြင့်တက်လာသဖြင့် ရေခဲစိုင်ကြီးများ ပျော်ကျမသွားစေရန်
ယင်းကို စောင်ဖြင့်ဖုံးအုပ်သည့်နည်းလမ်း ဖြင့်သာဖြေရှင်းလာရသည်။
ထိုသို့ဖုံးအုပ် ထားပါက ရေခဲစိုင် ပျော်ကျသွားနိုင်ခြေ ၇၀ ရာခိုင်နှုးန်
လျော့ကျသွားသည်ဟု အေအက်ဖ်ပီသတင်းက ဆိုသည်။ စောင်ဖြူကြီး
အုပ်ထားသည့် ရေခဲစိုင်ကြီးမှာ ခရီးသွားများအတွက် အမြင်ဆန်းနေ
တော့သည်။
လူသားတို့ကြောင့် ၁၈၅၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာ့ရေခဲစိုင်
လေးပုံပုံ တစ်ပုံ ပျော်ကျပျောက်ကွယ်သွား ပြီဖြစ်သည်။ ၁၉၉၁ ခုနှစ်မှ
၂၀၁၀ ခုနှစ်အတွင်းတွင်လည်း စုစုပေါင်းရေခဲစိုင်၏ ၆၉ ရာခိုင်နှုန်း
အရည်ပျော်လာကြောင်း Live Science ၏ အချက်အလက်များအရ
သိရသည်။
ချယ်ရီ pyimyanmarnews
(CCTV, 23.6.18)
link -
https://www.livescience.com/61951-swiss-glacier-blanket.html
https://www.i4u.com/2018/03/127433/swiss-wrap-their-melting-glaciers-blankets
No comments:
Post a Comment