မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 22, 2020

အဂၤလန္အသင္းသားေတြရဲ႕ တိတ္တိတ္ပုန္းအလွဴ

 ေဒးဗစ္ဘက္ခမ္အမွဴးျပဳတဲ့ အဂၤလန္အသင္းသားေတြရဲ႕ 

တိတ္တိတ္ပုန္းအလွဴ ...

----------------------------------------------------------

အရင္တစ္ေန႔က ျပင္သစ္အသင္းတုိက္စစ္မွဴး အမ္ဘက္ပီ တစ္ေယာက္ 

သူ႕ရဲ႕ ကမာၻ႕ဖလားက ရရွိတဲ့ေငြေၾကးအကုန္လုံးကုိ မသန္စြမ္းကေလး

ငယ္ေတြဆီ လွဴသြားမယ္လုိ႔ သတင္းထြက္လာၿပီးတဲ့ေနာက္မွာ

ေနာက္ထပ္ အံ့ၾသစရာသတင္းတစ္ပုဒ္လည္း ဆက္လက္ထြက္ေပၚ

လာခဲ့ပါတယ္။


ဒါကေတာ့ အဂၤလန္အသင္းသားေတြရဲ႕ တိတ္တိတ္ပုန္းအလွဴ

အေၾကာင္းပါပဲ။ ေဒးဗစ္ဘက္ခမ္တစ္ေယာက္ အဂၤလန္အသင္း

ေခါင္းေဆာင္အျဖစ္ ကစားခဲ့တဲ့ အခ်ိန္ကစလုိ႔ အဂၤလန္အသင္းသား

ေတြဟာ သူတို႔အတြက္ ရရွိတဲ့ေငြေၾကးမွန္သမွ်ကုိ မယူၾကပဲ 

အကုန္လုံးကုိ လွဴဒါန္းပစ္ခဲ့ၾကတာပါ။


(၂၀၀၇) ခုႏွစ္ေလာက္က စတင္ခဲ့တဲ့ သူတုိ႔ရဲ႕အလွဴဟာ (၁၀) စုႏွစ္

တစ္ခုေက်ာ္ ၾကာခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာလည္း အဂၤလန္အသင္းသား

ေတြက အဲဒီအေမြကုိ ဆက္လက္ထိန္းသိမ္းေနၾကဆဲပါ။


ေဒးဗစ္ဘက္ခမ္ရဲ႕ ဦးေဆာင္မႈေအာက္မွာ ဂယ္ရီနဗီးလ္၊ 

ဂၽြန္တယ္ရီတုိ႔အပါအ၀င္ အဂၤလန္အသင္းသားေတြက သူတုိ႔ရဲ႕ 

ႏုိင္ငံတကာပြဲေတြက ရတဲ့ေငြေၾကးေတြကုိ လွဴဖုိ႔ ဆုံးျဖတ္ခဲ့ၾကတာ

ျဖစ္ၿပီး အဲဒီေငြေၾကးေတြကုိ အဂၤလန္ေဘာလံုးသမားမ်ားေဖာင္ေဒးရွင္း 

(EFF) ကေန စီမံခန္႔ခြဲေပးခဲ့တာျဖစ္ပါတယ္။


(၁၁) ႏွစ္တာ ကာလအတြင္းအဂၤလန္ကစားသမားေတြရဲ႕ အလွဴေငြဟာ 

ေပါင္ (၅) သန္းနီးပါး ရွိခဲ့ၿပီး UNICEF အပါအ၀င္ ပရဟိတအဖြဲ႕အစည္း

ေတြ၊ ကင္ဆာေရာဂါရွာေဖြေရးအဖြဲ႕ေတြ၊ မသန္စြမ္းကေလးငယ္ေတြ 

စတဲ့ ေနရာေပါင္းစုံကုိ လွဴဒါန္းခဲ့ၾကတာပါ။


အဂၤလန္ရဲ႕အားကစားအစီအစဥ္တင္ဆက္သူနဲ႔ သတင္းေထာက္တစ္ဦး

ျဖစ္တဲ့ ဟမ္ဖရီး က အဂၤလန္အသင္းရဲ႕ တိတ္တိတ္ပုန္းအလွဴအေၾကာင္း

ကုိ ဖြင့္ဟလုိက္ၿပီးတဲ့ေနာက္ ေနာက္ထပ္ သတင္းေထာက္တစ္ေယာက္

ျဖစ္တဲ့ ပီယာ့စ္ေမာ္ဂန္ကလည္း အဲဒါကုိ အတည္ျပဳေပးခဲ့ပါတယ္။


အဲဒီေနာက္မွာေတာ့ အဂၤလန္အသင္းရဲ႕အလွဴကုိ ဦးေဆာင္ခဲ့ၾကသူေတြ

ျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္၊ လမ္းပတ္၊ ဂ်ရတ္၊ ဂယ္ရီနဗီးလ္နဲ႔ ဂၽြန္တယ္ရီ 

တုိ႔ကလည္း သူတုိ႔ရဲ႕ မြန္ျမတ္တဲ့လုပ္ရပ္နဲ႔ပတ္သက္လုိ႔ အတည္ျပဳေပး

ခဲ့ၾကၿပီး သူတုိ႔အေနနဲ႔ အဂၤလန္အသင္းအတြက္ ကစားေပးရုံသာမကပဲ

အဂၤလန္ႏုိင္ငံသားေတြအတြက္လည္း အေထာက္အပံ့ေပးခ်င္တယ္လုိ႔ 

ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။


Linn (shwemom)

Source : unilad.co.uk

https://www.unilad.co.uk/sport/entire-england-team-donating-all-their-fees-from-world-cup-to-charity/

===============================


ဒေးဗစ်ဘက်ခမ်အမှူးပြုတဲ့ အင်္ဂလန်အသင်းသားတွေရဲ့ 

တိတ်တိတ်ပုန်းအလှူ ...

----------------------------------------------------------


အရင်တစ်နေ့က ပြင်သစ်အသင်းတိုက်စစ်မှူး အမ်ဘက်ပီ တစ်ယောက် 

သူ့ရဲ့ ကမ္ဘာ့ဖလားက ရရှိတဲ့ငွေကြေးအကုန်လုံးကို မသန်စွမ်းကလေး

ငယ်တွေဆီ လှူသွားမယ်လို့ သတင်းထွက်လာပြီးတဲ့နောက်မှာ

နောက်ထပ် အံ့သြစရာသတင်းတစ်ပုဒ်လည်း ဆက်လက်ထွက်ပေါ်

လာခဲ့ပါတယ်။


ဒါကတော့ အင်္ဂလန်အသင်းသားတွေရဲ့ တိတ်တိတ်ပုန်းအလှူ

အကြောင်းပါပဲ။ ဒေးဗစ်ဘက်ခမ်တစ်ယောက် အင်္ဂလန်အသင်း

ခေါင်းဆောင်အဖြစ် ကစားခဲ့တဲ့ အချိန်ကစလို့ အင်္ဂလန်အသင်းသား

တွေဟာ သူတို့အတွက် ရရှိတဲ့ငွေကြေးမှန်သမျှကို မယူကြပဲ 

အကုန်လုံးကို လှူဒါန်းပစ်ခဲ့ကြတာပါ။


(၂၀၀၇) ခုနှစ်လောက်က စတင်ခဲ့တဲ့ သူတို့ရဲ့အလှူဟာ (၁၀) စုနှစ်

တစ်ခုကျော် ကြာခဲ့ပြီဖြစ်ပြီး လက်ရှိမှာလည်း အင်္ဂလန်အသင်းသား

တွေက အဲဒီအမွေကို ဆက်လက်ထိန်းသိမ်းနေကြဆဲပါ။


ဒေးဗစ်ဘက်ခမ်ရဲ့ ဦးဆောင်မှုအောက်မှာ ဂယ်ရီနဗီးလ်၊ 

ဂျွန်တယ်ရီတို့အပါအဝင် အင်္ဂလန်အသင်းသားတွေက သူတို့ရဲ့ 

နိုင်ငံတကာပွဲတွေက ရတဲ့ငွေကြေးတွေကို လှူဖို့ ဆုံးဖြတ်ခဲ့ကြတာ

ဖြစ်ပြီး အဲဒီငွေကြေးတွေကို အင်္ဂလန်ဘောလုံးသမားများဖောင်ဒေးရှင်း 

(EFF) ကနေ စီမံခန့်ခွဲပေးခဲ့တာဖြစ်ပါတယ်။


(၁၁) နှစ်တာ ကာလအတွင်းအင်္ဂလန်ကစားသမားတွေရဲ့ အလှူငွေဟာ 

ပေါင် (၅) သန်းနီးပါး ရှိခဲ့ပြီး UNICEF အပါအဝင် ပရဟိတအဖွဲ့အစည်း

တွေ၊ ကင်ဆာရောဂါရှာဖွေရေးအဖွဲ့တွေ၊ မသန်စွမ်းကလေးငယ်တွေ 

စတဲ့ နေရာပေါင်းစုံကို လှူဒါန်းခဲ့ကြတာပါ။


အင်္ဂလန်ရဲ့အားကစားအစီအစဉ်တင်ဆက်သူနဲ့ သတင်းထောက်တစ်ဦး

ဖြစ်တဲ့ ဟမ်ဖရီး က အင်္ဂလန်အသင်းရဲ့ တိတ်တိတ်ပုန်းအလှူအကြောင်း

ကို ဖွင့်ဟလိုက်ပြီးတဲ့နောက် နောက်ထပ် သတင်းထောက်တစ်ယောက်

ဖြစ်တဲ့ ပီယာ့စ်မော်ဂန်ကလည်း အဲဒါကို အတည်ပြုပေးခဲ့ပါတယ်။


အဲဒီနောက်မှာတော့ အင်္ဂလန်အသင်းရဲ့အလှူကို ဦးဆောင်ခဲ့ကြသူတွေ

ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်၊ လမ်းပတ်၊ ဂျရတ်၊ ဂယ်ရီနဗီးလ်နဲ့ ဂျွန်တယ်ရီ 

တို့ကလည်း သူတို့ရဲ့ မွန်မြတ်တဲ့လုပ်ရပ်နဲ့ပတ်သက်လို့ အတည်ပြုပေး

ခဲ့ကြပြီး သူတို့အနေနဲ့ အင်္ဂလန်အသင်းအတွက် ကစားပေးရုံသာမကပဲ

အင်္ဂလန်နိုင်ငံသားတွေအတွက်လည်း အထောက်အပံ့ပေးချင်တယ်လို့ 

ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။


Linn (shwemom)

Source : unilad.co.uk

https://www.unilad.co.uk/sport/entire-england-team-donating-all-their-fees-from-world-cup-to-charity/


No comments:

Post a Comment