ေသးသြယ္ေသာေလွကားေလးေပၚတြင္ တည္ေဆာက္ထားသည့္
အိမ္မွာ မႈိအိမ္အျဖစ္ နာမည္ႀကီးေန...
------------------------------------------------------------------------
ဂ်ပန္ႏုိင္ငံ၏ တစ္ေနရာမွ အလြန္က်ဥ္းေျမာင္းလွသည့္ ကြန္ကရစ္
ေလွကားထိပ္ေလးတြင္ တည္ေဆာက္ထားေသာ ေနအိမ္ေၾကာင့္
ဂ်ပန္လူမႈကြန္ရက္မီဒီယာေပၚတြင္ နာမည္ႀကီးလ်က္ရွိသည္ ဟု သိရသည္။
အေစာပုိင္းတြင္ ဓာတ္ပုံျပဳျပင္ထားသည္ဟု ေဝဖန္ခံခဲ့ရေသာ္လည္း
အိမ္၏တည္ေနရာကုိ Google Earth တြင္ အမွန္တကယ္ ရွာေဖြ
ေတြ႕ရွိခဲ့ၾကသည္။ ရွီဂါစီရင္စု တာကာရွီးမားၿမဳိ႕ အာဇူမီဂါဝါၿမဳိ႕နယ္
ဂ်ဳိဘန္ကီစီရင္စု ၂၉၄ လမ္းတြင္ တည္ရွိသည္။
မႈိအိမ္ဟု အမည္တပ္ရေလာက္ေအာင္ ေလွကားေလးထိပ္တြင္ ေနအိမ္
တည္ေဆာက္ထားရသည့္ အေၾကာင္းရင္းကုိ ပုိင္ရွင္က ထုတ္ေဖာ္
ေျပာဆုိျခင္းမရွိသည့္အတြက္ အမ်ဳိးမ်ဳိး မွန္းဆေျပာဆုိေနၾကသည္။
အခ်ဳိ႕က ေျမခြန္သက္သာေအာင္ လုပ္ေဆာင္ျခင္းျဖစ္သည္ဟု ဆုိေန
ၾကသလုိ အခ်ဳိ႕ကလည္း ပုိင္ရွင္သည္ ေျမကြက္တြင္ ကားပါကင္
ႏွစ္ေနရာသာ ပုိင္ဆုိင္သည့္အတြက္ အိမ္တစ္လုံးကုိ မျဖစ္ျဖစ္ေအာင္
တည္ေဆာက္ထားျခင္းျဖစ္သည္ဟု ခန္႔မွန္းေျပာဆုိေနၾကေၾကာင္း
သိရသည္။
ေအးယုႏုိင္
credit:pyimyanmar
(OC, 12.9.2020)
===========================
သေးသွယ်သောလှေကားလေးပေါ်တွင် တည်ဆောက်ထားသည့်
အိမ်မှာ မှိုအိမ်အဖြစ် နာမည်ကြီးနေ...
------------------------------------------------------------------------
ဂျပန်နိုင်ငံ၏ တစ်နေရာမှ အလွန်ကျဉ်းမြောင်းလှသည့် ကွန်ကရစ်
လှေကားထိပ်လေးတွင် တည်ဆောက်ထားသော နေအိမ်ကြောင့်
ဂျပန်လူမှုကွန်ရက်မီဒီယာပေါ်တွင် နာမည်ကြီးလျက်ရှိသည် ဟု
သိရသည်။
အစောပိုင်းတွင် ဓာတ်ပုံပြုပြင်ထားသည်ဟု ဝေဖန်ခံခဲ့ရသော်လည်း
အိမ်၏တည်နေရာကို Google Earth တွင် အမှန်တကယ် ရှာဖွေ
တွေ့ရှိခဲ့ကြသည်။ ရှီဂါစီရင်စု တာကာရှီးမားမြို့ အာဇူမီဂါဝါမြို့နယ်
ဂျိုဘန်ကီစီရင်စု ၂၉၄ လမ်းတွင် တည်ရှိသည်။
မှိုအိမ်ဟု အမည်တပ်ရလောက်အောင် လှေကားလေးထိပ်တွင် နေအိမ်
တည်ဆောက်ထားရသည့် အကြောင်းရင်းကို ပိုင်ရှင်က ထုတ်ဖော်
ပြောဆိုခြင်းမရှိသည့်အတွက် အမျိုးမျိုး မှန်းဆပြောဆိုနေကြသည်။
အချို့က မြေခွန်သက်သာအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုနေ
ကြသလို အချို့ကလည်း ပိုင်ရှင်သည် မြေကွက်တွင် ကားပါကင်
နှစ်နေရာသာ ပိုင်ဆိုင်သည့်အတွက် အိမ်တစ်လုံးကို မဖြစ်ဖြစ်အောင်
တည်ဆောက်ထားခြင်းဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေကြကြောင်း
သိရသည်။
အေးယုနိုင်
credit:pyimyanmar
(OC, 12.9.2020)
No comments:
Post a Comment