ျပင္သစ္အက်ဥ္းေထာင္ကေန ရဟတ္ယာဥ္ျဖင့္
ထြက္ေျပးလြတ္ေျမာက္သြားတဲ့ နာမည္ႀကီးဂုိဏ္းစတား
-------------------------------------------------------------
ျပင္သစ္ႏုိင္ငံ ပါရီေဒသ႐ွိ အက်ဥ္းေထာင္တစ္ခုကေန နာမည္ဆုိးျဖင့္
ေက်ာ္ၾကားတဲ့ လူဆုိးဂုိဏ္းဝင္တစ္ဦး ရဟတ္ယာဥ္ျဖင့္ ထြက္ေျပး
လြတ္ေျမာက္သြားေၾကာင္း အာဏာပုိင္ေတြက ေျပာပါတယ္။ နာမည္ႀကီး
ဂုိဏ္းစတား ရီဒုိနီ ဖာအိဒ္ကုိ ေထာင္မွထြက္ေျပးႏုိင္ရႏ္ လက္နက္ကုိင္
အခ်ဳိ႕က ကူညီေပးခဲ့ၾကပါတယ္။
ဝင္ေပါက္သုိ႕ လမ္းေၾကာင္းလြဲေစရန္ ဖန္တီးခဲ့ၾကစဥ္မွာ ရဟတ္ယာဥ္
တစ္စီးက အက်ဥ္းေထာင္ဝင္းအတြင္း ဆင္းသက္ခဲ့ၿပီး ဖာအိဒ္ကုိ
ေခၚေဆာင္သြားခဲ့ေၾကာင္း သိရပါတယ္။
အဆုိပါ ရဟတ္ယာဥ္ဟာ အက်ဥ္းေထာင္အနီး႐ွိ Gonesse ေဒသသုိ႕
ပ်ံသန္းသြားခဲ့ၿပီး ေဒသခံရဲတပ္ဖြဲ႕က ရဟတ္ယာဥ္ကုိ ႐ွာေဖြေတြ႕ခဲ့ပါတယ္။
အသက္ ၄၆ ႏွစ္အ႐ြယ္ နာမည္ႀကီး လူဆုိးဂုိဏ္းဝင္ ဖာအိဒ္ဟာ
မေအာင္ျမင္တဲ့ ဘဏ္ေငြပုိ႕ကားတစ္စီးကုိ တိုက္ခိုက္လုယက္မႈအတြက္
ေထာင္ဒဏ္ ၂၅ ႏွစ္ က်ခံေနရသူျဖစ္ပါတယ္။
ထုိျဖစ္ရပ္အတြင္း ရဲတပ္ဖြဲ႕အရာ႐ွိတစ္ဦး အသတ္ခံခဲ့ရပါတယ္။
ဖာအိဒ္ ေထာင္မွထြက္ေျပးျခင္းဟာ ဒုတိယအႀကိမ္လည္း ျဖစ္လာခဲ့
တယ္လို႕ဆုိပါတယ္။ ဖာအိဒ္ဟာ ၂၀၁၃ ခုႏွစ္မွာလည္း အက်ဥ္းေထာင္
ေစာင့္ ေလးဦးကုိ ဓားစာခံအျဖစ္ ဖမ္းဆီးခဲ့ၿပီးေနာက္ ေထာင္းတံခါးကုိ
ဒုိင္းနမိုက္ျဖင့္ ေဖာက္ခြဲဖ်က္ဆီးကာ ထြက္ေျပး လြတ္ေျမာက္
သြားခဲ့ဖူးပါတယ္။
ထိုစဥ္က ဖာအိဒ္ဟာ ျပင္သစ္ေျမာက္ပုိင္း႐ွိ အက်ဥ္းေထာင္ကုိ
ေရာက္႐ွိလာၿပီး နာရီဝက္မျပည့္မီမွာပင္ ထြက္ေျပးသြားခဲ့ကာ
သီတင္းေျခာက္ပတ္ၾကာ လြတ္ေျမာက္ေနခဲ့ေၾကာင္း သိရပါတယ္။
ဖာအိဒ္က ပါရီဆင္ေျခဖုံးေတြမွာ ရာဇဝတ္မႈေတြ ျမင့္တက္လာမႈနဲ႕
ဥပေဒခ်ဳိးေဖာက္သူတစ္ဦး ျဖစ္လာခဲ့တဲ့ ၎ရဲ႕ အေတြ႕အႀကဳံေတြကုိ
၂၀၀၉ ခုႏွစ္အတြင္း စာအုပ္တစ္အုပ္ ေရးသားခဲ့ဖူးပါတယ္။
ထုိစာအုပ္မွာ ဖာအိဒ္က ရာဝတ္မႈေတြကုိ စြန္႕လႊတ္ခဲ့ၿပီလုိ႕
ေျပာထားခဲ့ေပမဲ့ ေနာက္တစ္ႏွစ္အၾကာမွာေတာ့ မေအာင္ျမင္ခဲ့တဲ့
ဘဏ္ကားကုိ တုိက္ခိုက္လုယက္မႈတစ္ခုမွာ ပါဝင္ခဲ့ကာ
Seine-et-Marne ေဒသ Réau မွာ႐ွိတဲ့ အက်ဥ္းေထာင္တစ္ခုမွာ
ေထာင္ဒဏ္က်ခံေနရတာ ျဖစ္ပါတယ္။
ယခုတစ္ႀကိမ္မွာ ဖာအိဒ္နဲ႕ ၎ရဲ႕အေပါင္းအပါေတြက အကာအရံမ႐ွိတဲ့
အက်ဥ္းေထာင္ဝင္းေနရာကေန ရဟတ္ယာဥ္ျဖင့္ ထြက္ေျပးလြတ္ေျမာက္
သြားခ့ဲၿပီး ထိခိုက္ဒဏ္ရာရသူ မ႐ွိခဲ့ေၾကာင္း သိရပါတယ္။
ဖာအိဒ္ ထြက္ေျပးလြတ္ေျမာက္ႏုိင္ရန္ ကူညီခဲ့တဲ့ လက္နက္ကိုင္ေတြက
၎ကုိ ဧည့္သည္ေတြ႕ဆုံတဲ့ အခန္းကေန ေခၚထုတ္သြားခဲ့ၿပီး
ရဟတ္ယာဥ္ျဖင့္ ထြက္ေျပးႏုိင္ရန္ ကူညီခဲ့ၾကတာျဖစ္ပါတယ္။
ဧည့္သည္ေတြ႕ဆုံတဲ့ အခန္းထဲမွာ ဖာအိဒ္က ၎နဲ႕ ညီအစ္ကုိ
ေတာ္စပ္သူ ဘရာဟမ္နဲ႕ စကားေျပာေနခဲ့တယ္လို႕ ဆုိပါတယ္။
ျပင္သစ္ ႐ုပ္ျမင္သံၾကားသတင္းဌာန BFMTV က သတင္းေဖာ္ျပမႈအရ
မ်က္ႏွာဖုံးအုပ္ထားၿပီး အနက္ေရာင္ဝတ္စုံ ဝတ္ဆင္ထားတဲ့ လက္နက္
ကုိင္ေတြက အက်ဥ္းေထာင္အတြင္းသုိ႕ တနဂၤေႏြေန႕ (ဇူလုိင္ ၁ ရက္)
ေဒသစံေတာ္ခ်ိန္ မနက္ ၁၁ နာရီ ၂၀ မိနစ္ဝန္းက်င္မွာ ထုိးေဖာက္
ဝင္ေရာက္လာခဲ့တယ္လုိ႕ သိရပါတယ္။
၎တုိ႕က အေစာပုိင္းမွာ Fontenay-Trésigny ႐ွိ ေလေၾကာင္းပ်ံသန္းမႈ
သင္တန္းေက်ာင္းတစ္ခုမွ ရဟတ္ယာဥ္ေမာင္း နည္းျပတစ္ဦးကုိ ဓားစာခံ
အျဖစ္ ရဟတ္ယာဥ္ေမာင္းႏွင္ေစကာ ေခၚေဆာင္လာခဲ့ၾကပါတယ္။
ဖာအိဒ္ကုိ အက်ဥ္းေထာင္ကေန ရဟတ္ယာဥ္ျဖင့္ ေခၚထုတ္ေစခဲ့ၿပီး
ေနာက္မွာ အဆုိပါ ရဟတ္ယာဥ္ေမာင္း နည္းျပျဖစ္သူကုိ ျပန္လႊတ္ေပး
ခဲ့ၾကပါတယ္။
ရဟတ္ယာဥ္ေမာင္း နည္းျပျဖစ္သူဟာ ထိတ္လန္႕တုန္လႈပ္ေနၿပီး
၎ကုိ ေဆး႐ုံသုိ႕ပုိ႕ေဆာင္ခဲ့ေၾကာင္း အာဏာပုိင္ေတြက ေျပာပါတယ္။
ဂုိဏ္းစတားဖာအိဒ္က အက်ဥ္းေထာင္ကေန ရဟတ္ယာဥ္ျဖင့္
လြတ္ေျမာက္လာခဲ့ၿပီးေနာက္ အနက္ေရာင္ Renault Megane ကား
တစ္စီးျဖင့္ ဆက္လက္ ထြက္ေျပးသြားေၾကာင္းလည္း သိရပါတယ္။
ေနာက္ပုိင္းမွာ အဆုိပါကားကုိ ပါရီဆင္ေျခဖုံးေဒသ Aulnay-sous-Bois
႐ွိ ေစ်းဝင္စင္တာ ကားပါကင္တစ္ခုမွာ ရဲတပ္ဖြဲ႕က ႐ွာေဖြေတြ႕႐ွိခဲ့ပါတယ္။
ရဲတပ္ဖြဲ႕က အက်ဥ္းေထာင္ကေန ရဟတ္ယာဥ္ျဖင့္ ထြက္ေျပး
လြတ္ေျမာက္သြားတဲ့ ဖာအိဒ္ကုိ ပါရီေဒသတစ္ခုလုံးမွာ လုိက္လံ႐ွာေဖြ
ေနေၾကာင္း သိရပါတယ္။
"ဒီ ဝရမ္းေျပး တည္ေနရာကုိသိဖုိ႕အတြက္ နည္းလမ္းမ်ဳိးစုံနဲ႕
လုပ္ေဆာင္ေနပါတယ္" လုိ႕ ျပည္ထဲေရးဝန္ႀကီးဌာန တာဝန္႐ွိသူ
တစ္ဦးက ေျပာခဲ့ပါတယ္။
ေဟာလိဝုဒ္ ဂုိဏ္းစတား႐ုပ္႐ွင္ကုိ အားက်အတုခုိးသူ ဖာအိဒ္
၁၉၇၂ ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ ဖာအိဒ္ဟာ ပါရီေဒသရဲ႕ နာမည္ဆုိးျဖင့္
ေက်ာ္ၾကားတဲ့အရပ္မွာ ႀကီးျပင္းခဲ့သူျဖစ္ပါတယ္။ ဖာအိဒ္က ၁၉၉၀
ျပည့္လြန္ႏွစ္မ်ားအတြင္း ပါရီၿမဳိ႕မွာ လက္နက္ကုိင္ တုိက္ခုိက္လုယက္မႈနဲ႔
ေျခာက္လွန္႕ေတာင္းယူမႈေတြ က်ဴးလြန္ခဲ့တဲ့ လူဆုိးဂုိဏ္းကုိ ဦးေဆာင္ခဲ့
တယ္လို႕ ဆုိပါတယ္။
ထုိအခ်ိန္မတိုင္မီမွာ ဖာအိဒ္က ၎ရဲ႕လူမႈဘဝဟာ မင္းသား
အယ္လ္ပါစီႏုိ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Scarface အပါအဝင္
ေဟာလိဝုဒ္ဂုိဏ္းစတား ႐ုပ္႐ွင္ေတြအတုိင္း အတုခိုးထားျခင္း
ျဖစ္တယ္လုိ႕ ေျပာခဲ့ပါတယ္။
ဖာအိဒ္က ေဟာလိဝုဒ္မင္းသား ေရာဘတ္ဒီနဲ႐ုိး ဇာတ္ကားေတြနဲ႕
အေမရိကန္ဒါ႐ုိက္တာ မုိက္ကယ္မန္း ႐ုိက္ကူးတဲ့ သည္းထိတ္ရင္ဖုိ
ရာဇဝတ္မႈဇာတ္ကားေတြကုိ ႀကဳိက္ႏွစ္သက္သrူျဖစ္ပါတယ္။
၁၉၉၅ ခုႏွစ္မွာ ထြက္႐ွိခဲ့တဲ့ နာမည္ေက်ာ္ ဂုိဏ္းစတားဇာတ္ကား
Heat ကုိ ဒါ႐ုိက္တာ မိုက္ကယ္မန္းက ႐ုိက္ကူးခဲ့ၿပီး မင္းသားေရာဘတ္
ဒီနဲ႐ုိး ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ပါရီၿမဳိ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့
႐ုပ္႐ွင္ပြဲေတာ္တစ္ခုအတြင္း ဖာအိဒ္က ဒါ႐ုိက္တာ မုိက္ကယ္မန္းထံကုိ
ခ်ဥ္းကပ္ခဲ့ၿပီး "ဆရာက ကၽြန္ေတာ့္ရဲ႕ နည္းစနစ္အႀကံေပးပါပဲ" လုိ႕
ေျပာခဲ့ဖူးတယ္လုိ႕ ဆုိပါတယ္။
ဖာအိဒ္က ဒါ႐ိုက္တာ မုိက္ကယ္မန္းရဲ႕ ဇာတ္ကားကုိ အႀကိမ္ေပါင္း
ဒါဇင္နဲ႕ခ်ီ ၾကည့္႐ႈခဲ့ၿပီး ဘဏ္ဓားျပတစ္ဦးအျဖစ္ ၎ရဲ႕ အရည္အခ်င္း
ေကာင္းမြန္ေစရန္ လုပ္ေဆာင္ခဲ့ေၾကာင္းလည္း ေျပာခဲ့ဖူးပါတယ္။
ဖာအိဒ္ရဲ႕ ေထာင္ဒဏ္မ်ား
- ဖာအိဒ္က ၁၉၉၈ ခုႏွစ္မွာ လက္နက္ကုိင္လုယက္မႈနဲ႕ ဘဏ္မွ
ေငြခုိးမႈတုိ႕ျဖင့္ ဖမ္းဆီးခံရၿပီးေနာက္ ေထာင္က်လုိက္ ျပန္လြတ္လုိက္ျဖင့္
သံသရာလည္ေနခဲ့ပါတယ္။
- ၂၀၀၉ ခုႏွစ္မွာ လူေကာင္းတစ္ဦးအျဖစ္ ေနထုိင္ေတာ့မယ္လို႕
ခံဝန္ကတိျပဳခဲ့မႈျဖင့္ ျပစ္ဒဏ္မေစ့မီ လြတ္ေျမာက္ခဲ့ပါတယ္။ သုိ႕ေသာ္
၂၀၁၁ ခုႏွစ္မွာေတာ့ ၎ရဲ႕ ခံဝန္ကတိကုိ ခ်ဳိးေဖာက္ခဲ့ၿပီး ေထာင္ထဲကုိ
ျပန္ေရာက္ခဲ့ပါတယ္။
- ၂၀၁၃ ခုႏွစ္မွာ လုိင္လီၿမဳိ႕အျပင္ဘက္႐ွိ Séquedin အက်ဥ္းေထာင္
ကေန ေထာင္ေဖာက္ထြက္ေျပးမႈေၾကာင့္ ၂၀၁၇ ခုႏွစ္အတြင္း ဖာအိဒ္ကုိ
ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၀ ခုႏွစ္မွာ ျဖစ္ပြားခဲ့
ၿပီး အမ်ဳိးသမီးရဲတစ္ဦး ေသဆုံးခဲ့တဲ့ တုိက္ခုိက္လုယက္မႈကုိ ႀကဳိးကုိင္
စီစဥ္ခဲ့မႈျဖင့္လည္း ဖာအိဒ္ကုိ ေထာင္ဒဏ္ ၁၈ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။
- ဖာအိဒ္က ျပစ္ဒဏ္အတြက္ အယူခံဝင္ခဲ့ေပမဲ့ တရား႐ုံးက
ပယ္ခ်ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ ဧၿပီလအတြင္းမွာေတာ့ မေအာင္ျမင္ခဲ့တဲ့
တုိက္ခုိက္လုယက္မႈအတြက္ ပုိမုိႀကီးေလးတဲ့ ျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္
၂၅ ႏွစ္ က်ခံစေရန္ ဖာအိဒ္ကုိ အမိန္႕ခ်ခဲ့ပါတယ္။ ယခု အက်ဥ္းေထာင္မွ
ထြက္ေျပးလြတ္ေျမာက္သြားစဥ္ ဖာအိဒ္ဟာ အဆုိပါ ေထာင္ဒဏ္ကုိ
က်ခံေနရတာလည္း ျဖစ္ပါတယ္။
source:duwun
links -
https://nypost.com/2018/07/01/french-gangster-makes-dramatic-helicopter-escape-from-prison/
http://www.euronews.com/2018/07/01/gangster-escapes-french-prison-by-helicopter
===========================
ပြင်သစ်အကျဉ်းထောင်ကနေ ရဟတ်ယာဉ်ဖြင့်
ထွက်ပြေးလွတ်မြောက်သွားတဲ့ နာမည်ကြီးဂိုဏ်းစတား
-------------------------------------------------------------
ပြင်သစ်နိုင်ငံ ပါရီဒေသရှိ အကျဉ်းထောင်တစ်ခုကနေ နာမည်ဆိုးဖြင့်
ကျော်ကြားတဲ့ လူဆိုးဂိုဏ်းဝင်တစ်ဦး ရဟတ်ယာဉ်ဖြင့် ထွက်ပြေး
လွတ်မြောက်သွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ နာမည်ကြီး
ဂိုဏ်းစတား ရီဒိုနီ ဖာအိဒ်ကို ထောင်မှထွက်ပြေးနိုင်ရန် လက်နက်ကိုင်
အချို့က ကူညီပေးခဲ့ကြပါတယ်။
လက်နက်ကိုင်တွေက လုံခြုံရေးအစောင့်တွေကို အကျဉ်းထောင်
ဝင်ပေါက်သို့ လမ်းကြောင်းလွဲစေရန် ဖန်တီးခဲ့ကြစဉ်မှာ ရဟတ်ယာဉ်
တစ်စီးက အကျဉ်းထောင်ဝင်းအတွင်း ဆင်းသက်ခဲ့ပြီး ဖာအိဒ်ကို
ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ရဟတ်ယာဉ်ဟာ အကျဉ်းထောင်အနီးရှိ Gonesse ဒေသသို့
ပျံသန်းသွားခဲ့ပြီး ဒေသခံရဲတပ်ဖွဲ့က ရဟတ်ယာဉ်ကို ရှာဖွေတွေ့ခဲ့ပါတယ်။
အသက် ၄၆ နှစ်အရွယ် နာမည်ကြီး လူဆိုးဂိုဏ်းဝင် ဖာအိဒ်ဟာ
မအောင်မြင်တဲ့ ဘဏ်ငွေပို့ကားတစ်စီးကို တိုက်ခိုက်လုယက်မှုအတွက်
ထောင်ဒဏ် ၂၅ နှစ် ကျခံနေရသူဖြစ်ပါတယ်။
ထိုဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦး အသတ်ခံခဲ့ရပါတယ်။
ဖာအိဒ် ထောင်မှထွက်ပြေးခြင်းဟာ ဒုတိယအကြိမ်လည်း ဖြစ်လာခဲ့
တယ်လို့ဆိုပါတယ်။ ဖာအိဒ်ဟာ ၂၀၁၃ ခုနှစ်မှာလည်း အကျဉ်းထောင်
စောင့် လေးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီးနောက် ထောင်းတံခါးကို
ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးကာ ထွက်ပြေး လွတ်မြောက်
သွားခဲ့ဖူးပါတယ်။
ထိုစဉ်က ဖာအိဒ်ဟာ ပြင်သစ်မြောက်ပိုင်းရှိ အကျဉ်းထောင်ကို
ရောက်ရှိလာပြီး နာရီဝက်မပြည့်မီမှာပင် ထွက်ပြေးသွားခဲ့ကာ
သီတင်းခြောက်ပတ်ကြာ လွတ်မြောက်နေခဲ့ကြောင်း သိရပါတယ်။
ဖာအိဒ်က ပါရီဆင်ခြေဖုံးတွေမှာ ရာဇဝတ်မှုတွေ မြင့်တက်လာမှုနဲ့
ဥပဒေချိုးဖောက်သူတစ်ဦး ဖြစ်လာခဲ့တဲ့ ၎င်းရဲ့ အတွေ့အကြုံတွေကို
၂၀၀၉ ခုနှစ်အတွင်း စာအုပ်တစ်အုပ် ရေးသားခဲ့ဖူးပါတယ်။
ထိုစာအုပ်မှာ ဖာအိဒ်က ရာဝတ်မှုတွေကို စွန့်လွှတ်ခဲ့ပြီလို့
ပြောထားခဲ့ပေမဲ့ နောက်တစ်နှစ်အကြာမှာတော့ မအောင်မြင်ခဲ့တဲ့
ဘဏ်ကားကို တိုက်ခိုက်လုယက်မှုတစ်ခုမှာ ပါဝင်ခဲ့ကာ
Seine-et-Marne ဒေသ Réau မှာရှိတဲ့ အကျဉ်းထောင်တစ်ခုမှာ
ထောင်ဒဏ်ကျခံနေရတာ ဖြစ်ပါတယ်။
ယခုတစ်ကြိမ်မှာ ဖာအိဒ်နဲ့ ၎င်းရဲ့အပေါင်းအပါတွေက အကာအရံမရှိတဲ့
အကျဉ်းထောင်ဝင်းနေရာကနေ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးလွတ်မြောက်
သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရပါတယ်။
ဖာအိဒ် ထွက်ပြေးလွတ်မြောက်နိုင်ရန် ကူညီခဲ့တဲ့ လက်နက်ကိုင်တွေက
၎င်းကို ဧည့်သည်တွေ့ဆုံတဲ့ အခန်းကနေ ခေါ်ထုတ်သွားခဲ့ပြီး
ရဟတ်ယာဉ်ဖြင့် ထွက်ပြေးနိုင်ရန် ကူညီခဲ့ကြတာဖြစ်ပါတယ်။
ဧည့်သည်တွေ့ဆုံတဲ့ အခန်းထဲမှာ ဖာအိဒ်က ၎င်းနဲ့ ညီအစ်ကို
တော်စပ်သူ ဘရာဟမ်နဲ့ စကားပြောနေခဲ့တယ်လို့ ဆိုပါတယ်။
ပြင်သစ် ရုပ်မြင်သံကြားသတင်းဌာန BFMTV က သတင်းဖော်ပြမှုအရ
မျက်နှာဖုံးအုပ်ထားပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လက်နက်
ကိုင်တွေက အကျဉ်းထောင်အတွင်းသို့ တနင်္ဂနွေနေ့ (ဇူလိုင် ၁ ရက်)
ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ ထိုးဖောက်
ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
၎င်းတို့က အစောပိုင်းမှာ Fontenay-Trésigny ရှိ လေကြောင်းပျံသန်းမှု
သင်တန်းကျောင်းတစ်ခုမှ ရဟတ်ယာဉ်မောင်း နည်းပြတစ်ဦးကို ဓားစာခံ
အဖြစ် ရဟတ်ယာဉ်မောင်းနှင်စေကာ ခေါ်ဆောင်လာခဲ့ကြပါတယ်။
ဖာအိဒ်ကို အကျဉ်းထောင်ကနေ ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်စေခဲ့ပြီး
နောက်မှာ အဆိုပါ ရဟတ်ယာဉ်မောင်း နည်းပြဖြစ်သူကို ပြန်လွှတ်ပေး
ခဲ့ကြပါတယ်။
ရဟတ်ယာဉ်မောင်း နည်းပြဖြစ်သူဟာ ထိတ်လန့်တုန်လှုပ်နေပြီး
၎င်းကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဂိုဏ်းစတားဖာအိဒ်က အကျဉ်းထောင်ကနေ ရဟတ်ယာဉ်ဖြင့်
လွတ်မြောက်လာခဲ့ပြီးနောက် အနက်ရောင် Renault Megane ကား
တစ်စီးဖြင့် ဆက်လက် ထွက်ပြေးသွားကြောင်းလည်း သိရပါတယ်။
နောက်ပိုင်းမှာ အဆိုပါကားကို ပါရီဆင်ခြေဖုံးဒေသ Aulnay-sous-Bois
ရှိ ဈေးဝင်စင်တာ ကားပါကင်တစ်ခုမှာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အကျဉ်းထောင်ကနေ ရဟတ်ယာဉ်ဖြင့် ထွက်ပြေး
လွတ်မြောက်သွားတဲ့ ဖာအိဒ်ကို ပါရီဒေသတစ်ခုလုံးမှာ လိုက်လံရှာဖွေ
နေကြောင်း သိရပါတယ်။
"ဒီ ဝရမ်းပြေး တည်နေရာကိုသိဖို့အတွက် နည်းလမ်းမျိုးစုံနဲ့
လုပ်ဆောင်နေပါတယ်" လို့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူ
တစ်ဦးက ပြောခဲ့ပါတယ်။
ဟောလိဝုဒ် ဂိုဏ်းစတားရုပ်ရှင်ကို အားကျအတုခိုးသူ ဖာအိဒ်
၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဖာအိဒ်ဟာ ပါရီဒေသရဲ့ နာမည်ဆိုးဖြင့်
ကျော်ကြားတဲ့အရပ်မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ ဖာအိဒ်က ၁၉၉၀
ပြည့်လွန်နှစ်များအတွင်း ပါရီမြို့မှာ လက်နက်ကိုင် တိုက်ခိုက်လုယက်မှုနဲ့
ခြောက်လှန့်တောင်းယူမှုတွေ ကျူးလွန်ခဲ့တဲ့ လူဆိုးဂိုဏ်းကို ဦးဆောင်ခဲ့
တယ်လို့ ဆိုပါတယ်။
ထိုအချိန်မတိုင်မီမှာ ဖာအိဒ်က ၎င်းရဲ့လူမှုဘဝဟာ မင်းသား
အယ်လ်ပါစီနို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Scarface အပါအဝင်
ဟောလိဝုဒ်ဂိုဏ်းစတား ရုပ်ရှင်တွေအတိုင်း အတုခိုးထားခြင်း
ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဖာအိဒ်က ဟောလိဝုဒ်မင်းသား ရောဘတ်ဒီနဲရိုး ဇာတ်ကားတွေနဲ့
အမေရိကန်ဒါရိုက်တာ မိုက်ကယ်မန်း ရိုက်ကူးတဲ့ သည်းထိတ်ရင်ဖို
ရာဇဝတ်မှုဇာတ်ကားတွေကို ကြိုက်နှစ်သက်သrူဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကျော် ဂိုဏ်းစတားဇာတ်ကား
Heat ကို ဒါရိုက်တာ မိုက်ကယ်မန်းက ရိုက်ကူးခဲ့ပြီး မင်းသားရောဘတ်
ဒီနဲရိုး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပါရီမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့
ရုပ်ရှင်ပွဲတော်တစ်ခုအတွင်း ဖာအိဒ်က ဒါရိုက်တာ မိုက်ကယ်မန်းထံကို
ချဉ်းကပ်ခဲ့ပြီး "ဆရာက ကျွန်တော့်ရဲ့ နည်းစနစ်အကြံပေးပါပဲ" လို့
ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဖာအိဒ်က ဒါရိုက်တာ မိုက်ကယ်မန်းရဲ့ ဇာတ်ကားကို အကြိမ်ပေါင်း
ဒါဇင်နဲ့ချီ ကြည့်ရှုခဲ့ပြီး ဘဏ်ဓားပြတစ်ဦးအဖြစ် ၎င်းရဲ့ အရည်အချင်း
ကောင်းမွန်စေရန် လုပ်ဆောင်ခဲ့ကြောင်းလည်း ပြောခဲ့ဖူးပါတယ်။
ဖာအိဒ်ရဲ့ ထောင်ဒဏ်များ
- ဖာအိဒ်က ၁၉၉၈ ခုနှစ်မှာ လက်နက်ကိုင်လုယက်မှုနဲ့ ဘဏ်မှ
ငွေခိုးမှုတို့ဖြင့် ဖမ်းဆီးခံရပြီးနောက် ထောင်ကျလိုက် ပြန်လွတ်လိုက်ဖြင့်
သံသရာလည်နေခဲ့ပါတယ်။
- ၂၀၀၉ ခုနှစ်မှာ လူကောင်းတစ်ဦးအဖြစ် နေထိုင်တော့မယ်လို့
ခံဝန်ကတိပြုခဲ့မှုဖြင့် ပြစ်ဒဏ်မစေ့မီ လွတ်မြောက်ခဲ့ပါတယ်။ သို့သော်
၂၀၁၁ ခုနှစ်မှာတော့ ၎င်းရဲ့ ခံဝန်ကတိကို ချိုးဖောက်ခဲ့ပြီး ထောင်ထဲကို
ပြန်ရောက်ခဲ့ပါတယ်။
- ၂၀၁၃ ခုနှစ်မှာ လိုင်လီမြို့အပြင်ဘက်ရှိ Séquedin အကျဉ်းထောင်
ကနေ ထောင်ဖောက်ထွက်ပြေးမှုကြောင့် ၂၀၁၇ ခုနှစ်အတွင်း ဖာအိဒ်ကို
ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၀ ခုနှစ်မှာ ဖြစ်ပွားခဲ့
ပြီး အမျိုးသမီးရဲတစ်ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်လုယက်မှုကို ကြိုးကိုင်
စီစဉ်ခဲ့မှုဖြင့်လည်း ဖာအိဒ်ကို ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခဲ့ပါတယ်။
- ဖာအိဒ်က ပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ပေမဲ့ တရားရုံးက
ပယ်ချခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းမှာတော့ မအောင်မြင်ခဲ့တဲ့
တိုက်ခိုက်လုယက်မှုအတွက် ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်
၂၅ နှစ် ကျခံစရေန် ဖာအိဒ်ကို အမိန့်ချခဲ့ပါတယ်။ ယခု အကျဉ်းထောင်မှ
ထွက်ပြေးလွတ်မြောက်သွားစဉ် ဖာအိဒ်ဟာ အဆိုပါ ထောင်ဒဏ်ကို
ကျခံနေရတာလည်း ဖြစ်ပါတယ်။
source:duwun
links -
https://nypost.com/2018/07/01/french-gangster-makes-dramatic-helicopter-escape-from-prison/
http://www.euronews.com/2018/07/01/gangster-escapes-french-prison-by-helicopter
No comments:
Post a Comment