မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 22, 2020

ရဲျဖစ္ခ်င္တဲ့ (၇)ႏွစ္အရြယ္ ကင္ဆာေဝဒနာရွင္ေလး

 ရဲျဖစ္ခ်င္တဲ့ (၇)ႏွစ္အရြယ္ ကင္ဆာေဝဒနာရွင္ေလးရဲ႕ဆႏၵကို 

ျဖည့္ဆည္းေပးခဲ့ၾကတဲ့ ရဲတပ္ဖြဲ႕ ...

------------------------------------------------------------------

အိႏၵိယႏုိင္ငံ မြန္ဘုိင္းၿမိဳ႕အေျခစုိက္ ရဲတပ္ဖြဲ႕တစ္ခုဟာ ကင္ဆာေရာဂါ

ခံစားေနရတဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ အနာဂတ္ရည္မွန္းခ်က္ဆႏၵကို

ျဖည့္ဆည္းေပးခဲ့ၾကေၾကာင္း သိရပါတယ္။ အဆုိပါ ေကာင္ေလးရဲ႕

အမည္မွာ Arpit Mandal ျဖစ္ပါတယ္။


Arpit ဟာ ငယ္စဥ္ကတည္းက သူႀကီးလာရင္ ရဲအရာရွိတစ္ေယာက္

ျဖစ္ခ်င္တာလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ Arpit ရဲ႕ လက္ရွိအေျခအေနဟာ

သူ ႀကီးလာတဲ့အထိ ေတာင့္ခံႏုိင္ဖုိ႔မရွိပါဘူး။ အေၾကာင္းကေတာ့ 

သူဟာ ကင္ဆာေရာဂါကို ခံစားေနရလုိ႔ပါ။

ဒါေၾကာင့္ မြန္ဘုိင္းရဲတပ္ဖြဲ႕ထံကို ကေလးကို ေစာင့္ေရွာက္ေနတဲ့ 

မိဘေတြနဲ႔ NGO အဖြဲ႕အစည္းတစ္ခုက အျဖစ္သနစ္စုံလင္စြာ 

ေျပာျပခဲ့ၿပီး ကေလးရဲ႕ဆႏၵကိုျဖည့္ဆည္းေပးဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။ 

ရဲတပ္ဖြဲ႕ကလည္း ေလွ်ာေလ်ာ႐ွဴ႐ႈလက္ခံခဲ့ပါတယ္။

Arpit ကို တစ္ေန႔တာ ရဲအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ခြင့္ 

ေပးခဲ့တယ္လုိ႔ သိရပါတယ္။ Arpit ဟာ အင္စပတ္တာရာထူးနဲ႔ 

ဝတ္စုံျပည့္ဝတ္ဆင္ကာ တာဝန္က်စားပြဲမွာထုိင္ေနရတာကို 

အေတာ္ေလး ေပ်ာ္ရႊင္ေနပုံပါဘဲ။


Arpit နဲ႔ မိသားစုဝင္ေတြ၊ NGO ဝန္ထမ္းေတြကတာ့ မြန္ဘုိင္းရဲတပ္ဖြဲ႕ရဲ႕ 

ျပည္သူတစ္ဦးအေပၚ စာနာမႈ၊ လိုက္ေလ်ာေပးမႈအတြက္ အလြန္ေက်းဇူး

တင္ေနေၾကာင္း သိရပါတယ္။ Arpit ခံစားေနရတဲ့ ကင္ဆာေရာဂါဟာ 

ဘယ္လုိအမ်ိဳးအစားလဲဆုိတာေတာ့ သတင္းမွာ ေဖာ္ျပမထားပါဘူး။ 

ဒါေပမယ့္ သူကေတာ့ ဆႏၵျပည့္ဝသြားပါၿပီ။


ေနသူရိန္

MyanmarNote

Source : asianage

http://www.asianage.com/metros/mumbai/240318/mumbai-police-fulfils-wish-of-7-yr-old-cancer-patient-makes-him-inspector-for-a-day.html

==============================


ရဲဖြစ်ချင်တဲ့ (၇)နှစ်အရွယ် ကင်ဆာဝေဒနာရှင်လေးရဲ့ဆန္ဒကို 

ဖြည့်ဆည်းပေးခဲ့ကြတဲ့ ရဲတပ်ဖွဲ့ ...

------------------------------------------------------------------


အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့အခြေစိုက် ရဲတပ်ဖွဲ့တစ်ခုဟာ ကင်ဆာရောဂါ

ခံစားနေရတဲ့ ကောင်လေးတစ်ယောက်ရဲ့ အနာဂတ်ရည်မှန်းချက်ဆန္ဒကို

ဖြည့်ဆည်းပေးခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ ကောင်လေးရဲ့

အမည်မှာ Arpit Mandal ဖြစ်ပါတယ်။


Arpit ဟာ ငယ်စဉ်ကတည်းက သူကြီးလာရင် ရဲအရာရှိတစ်ယောက်

ဖြစ်ချင်တာလို့ ဆိုပါတယ်။ ဒါပေမယ့် Arpit ရဲ့ လက်ရှိအခြေအနေဟာ

သူ ကြီးလာတဲ့အထိ တောင့်ခံနိုင်ဖို့မရှိပါဘူး။ အကြောင်းကတော့ 

သူဟာ ကင်ဆာရောဂါကို ခံစားနေရလို့ပါ။


ဒါကြောင့် မွန်ဘိုင်းရဲတပ်ဖွဲ့ထံကို ကလေးကို စောင့်ရှောက်နေတဲ့ 

မိဘတွေနဲ့ NGO အဖွဲ့အစည်းတစ်ခုက အဖြစ်သနစ်စုံလင်စွာ 

ပြောပြခဲ့ပြီး ကလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့ကလည်း လျှောလျောရှူရှုလက်ခံခဲ့ပါတယ်။


Arpit ကို တစ်နေ့တာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခွင့် 

ပေးခဲ့တယ်လို့ သိရပါတယ်။ Arpit ဟာ အင်စပတ်တာရာထူးနဲ့ 

ဝတ်စုံပြည့်ဝတ်ဆင်ကာ တာဝန်ကျစားပွဲမှာထိုင်နေရတာကို 

အတော်လေး ပျော်ရွှင်နေပုံပါဘဲ။


Arpit နဲ့ မိသားစုဝင်တွေ၊ NGO ဝန်ထမ်းတွေကတာ့ မွန်ဘိုင်းရဲတပ်ဖွဲ့ရဲ့ 

ပြည်သူတစ်ဦးအပေါ် စာနာမှု၊ လိုက်လျောပေးမှုအတွက် အလွန်ကျေးဇူး

တင်နေကြောင်း သိရပါတယ်။ Arpit ခံစားနေရတဲ့ ကင်ဆာရောဂါဟာ 

ဘယ်လိုအမျိုးအစားလဲဆိုတာတော့ သတင်းမှာ ဖော်ပြမထားပါဘူး။ 

ဒါပေမယ့် သူကတော့ ဆန္ဒပြည့်ဝသွားပါပြီ။


နေသူရိန်

MyanmarNote

Source : asianage

http://www.asianage.com/metros/mumbai/240318/mumbai-police-fulfils-wish-of-7-yr-old-cancer-patient-makes-him-inspector-for-a-day.html


No comments:

Post a Comment