မိဘမ်ားက မတတ္ႏုိင္သည့္အတြက္ ႏွစ္ႏွစ္အရြယ္သားငယ္ကုိ
တာဝန္ယူေပးရန္ ၂၂ ႏွစ္အရြယ္ သမီးႀကီးအား တရားစြဲဆုိ
----------------------------------------------------------------------
တ႐ုတ္ႏုိင္ငံတြင္ မိဘမ်ားက ႏွစ္ႏွစ္သားငယ္ေလးကုိ မေစာင့္ေရွာက္
ႏုိင္ေတာ့သျဖင့္ ၂၂ ႏွစ္အရြယ္ သမီးႀကီးကုိ တရားစြဲဆုိကာ အဓမၼ
ေစာင့္ေရွာက္ခုိင္းခဲ့ၾကသည္ဟု သိရသည္။
တ႐ုတ္စုံတြဲသည္ ကေလးခံစားခြင့္ ရယူလုိသည့္အတြက္ ဒုတိယကေလး
ယူရန္ ဆုံးျဖတ္ခဲ့ၾကေသာ္လည္း လက္ေတြ႕တြင္ ခက္ခဲလာသည့္အတြက္
ႏွစ္ႏွစ္သားေလးကုိ တာဝန္ယူေစာင့္ေရွာက္ေပးရန္ ၂၂ ႏွစ္အရြယ္
သမီးႀကီးကုိ ေတာင္းဆုိခဲ့ၾကသည္။ သမီးႀကီးမွာ တစ္ဦးတည္း႐ုန္းကန္ကာ
ေကာလိပ္ေက်ာင္းတက္ခဲ့ၿပီးေနာက္ အလုပ္ရွာရန္ ႀကဳိးစားေနရဆဲ
ျဖစ္သည့္အတြက္ ကေလးကုိ မေစာင့္ေရွာက္ေပးႏုိင္ဟု ျငင္းဆန္ခဲ့သည္။
မိဘမ်ားက တရားစြဲဆုိခဲ့ၿပီးေနာက္ တရားသူႀကီးက မိဘမ်ားေသဆုံးသည့္
အခါ ေမာင္ႏွမအငယ္မ်ားကုိ ေစာင့္ေရွာက္ရန္ အႀကီးတြင္သာ တာဝန္ရွိ
သည့္အတြက္ ေမာင္ျဖစ္သူကုိ တာဝန္ယူေစာင့္ေရွာက္ရန္ အမိန္႔ခ်မွတ္
ခဲ့သည္။
လူမႈကြန္ရက္မီဒီယာတြင္ အဆုိပါအမႈသည္ လူစိတ္ဝင္စားခံခဲ့ရၿပီး
မိဘမ်ားကုိ တာဝန္မဲ့လြန္းသည္ ဟု ေဝဖန္ေျပာဆုိခဲ့ၾကေၾကာင္း
သိရသည္။
ေအးယုႏုိင္
credit:pyimyanmar
(OC, 12.9.2020)
link -
===========================
မိဘများက မတတ်နိုင်သည့်အတွက် နှစ်နှစ်အရွယ်သားငယ်ကို
တာဝန်ယူပေးရန် ၂၂ နှစ်အရွယ် သမီးကြီးအား တရားစွဲဆို
----------------------------------------------------------------------
တရုတ်နိုင်ငံတွင် မိဘများက နှစ်နှစ်သားငယ်လေးကို မစောင့်ရှောက်
နိုင်တော့သဖြင့် ၂၂ နှစ်အရွယ် သမီးကြီးကို တရားစွဲဆိုကာ အဓမ္မ
စောင့်ရှောက်ခိုင်းခဲ့ကြသည်ဟု သိရသည်။
တရုတ်စုံတွဲသည် ကလေးခံစားခွင့် ရယူလိုသည့်အတွက် ဒုတိယကလေး
ယူရန် ဆုံးဖြတ်ခဲ့ကြသော်လည်း လက်တွေ့တွင် ခက်ခဲလာသည့်အတွက်
နှစ်နှစ်သားလေးကို တာဝန်ယူစောင့်ရှောက်ပေးရန် ၂၂ နှစ်အရွယ်
သမီးကြီးကို တောင်းဆိုခဲ့ကြသည်။ သမီးကြီးမှာ တစ်ဦးတည်းရုန်းကန်ကာ
ကောလိပ်ကျောင်းတက်ခဲ့ပြီးနောက် အလုပ်ရှာရန် ကြိုးစားနေရဆဲ
ဖြစ်သည့်အတွက် ကလေးကို မစောင့်ရှောက်ပေးနိုင်ဟု ငြင်းဆန်ခဲ့သည်။
မိဘများက တရားစွဲဆိုခဲ့ပြီးနောက် တရားသူကြီးက မိဘများသေဆုံးသည့်
အခါ မောင်နှမအငယ်များကို စောင့်ရှောက်ရန် အကြီးတွင်သာ တာဝန်ရှိ
သည့်အတွက် မောင်ဖြစ်သူကို တာဝန်ယူစောင့်ရှောက်ရန် အမိန့်ချမှတ်
ခဲ့သည်။
လူမှုကွန်ရက်မီဒီယာတွင် အဆိုပါအမှုသည် လူစိတ်ဝင်စားခံခဲ့ရပြီး
မိဘများကို တာဝန်မဲ့လွန်းသည် ဟု ဝေဖန်ပြောဆိုခဲ့ကြကြောင်း
သိရသည်။
အေးယုနိုင်
credit:pyimyanmar
(OC, 12.9.2020)
link -
No comments:
Post a Comment