နို့နဲ့ပတ်သက်တဲ့ထူးခြားဖြစ်ရပ်များ
.
နို့ရည်နဲ့ပစ်ပြီးပိုက်ဆံခိုးသူ
၂၀၁၄ ခုနှစ်မှာ ဂျာမနီက အမျိုးသမီး တစ်ဦးဟာ ပိုက်ဆံ၁၀၀ ခိုးဖူးလို့ အဖမ်းခံ ရပါတယ်။ ဒါပေမယ့် ရိုးရိုးခိုးတာ မဟုတ်ပါဘူး။ သူမဟာ ဆေးဆိုင်ထဲကို ဝင်လာပြီး နို့ဘူးတစ်ဘူး ဝယ်ပါတယ်။ ဆိုင်က အရောင်းဝန်ထမ်း က ပစ္စည်းထုတ်ပြီး ပြန်လာတဲ့ အချိန်မှာ ရင်သား တစ်ဖက်ကို လှစ်ပြီး ဝန်ထမ်းရဲ့ မျက်နှာကို နို့ရည်နဲ့ ပစ်လိုက် ပါတယ်။ ပြီးတော့ နောက်အရောင်း ကောင်တာ တစ်ခုကို သွားပြီး အဲ့တိုင်း ထပ်လုပ် ပါတယ်။ ဆိုင်ထဲက လူတွေ ကြောင်အမ်း နေကြတုန်းမှာ အမျိူးသမီးဟာ ထွက်ခွာ သွားပါတယ်။ ဆိုင်က ဝန်ထမ်းတွေက သူထွက်သွားမှ စစ်ကြည့်ရာမှာ ကောင်တာပေါ်က ပိုက်ဆံ၁၀၀ ပျောက်နေတာ တွေ့ခဲ့ကြပါတယ်။ ဒါ့ကြောင့် အမျိုးသမီးဟာ အဖမ်းခံ ခဲ့ရပါတယ်။ နို့ရည်နဲ့ ပစ်မှုဆိုပြီး ဖမ်းလို့ မရပေမယ့် ပိုက်ဆံ ခိုးမှုအတွက် အဖမ်းခံ ခဲ့ရခြင်း ဖြစ်ပါတယ်။
.
နို့ရည်ဟာ ခန္ဓာကိုယ်ကို ပိုကြီးစေတယ်လို့
ယုံကြည်ထားတဲ့ Gym ကစားသူ
Gym ကစားသူတွေဟာ အမြဲတမ်း သူတို့ ခန္ဓာကိုယ်ကို တိုးတက်စေမယ့် ဖြည့်စွက်စာ တွေကို လေ့လာနေ ကြပါတယ်။ နောက်ဆုံး တွေ့ရှိမှု တစ်ခုအရတော့ လူသားနု့ိရည်ဟာ ခန္ဓာကိုယ် ကြီးစေဖို့ အထောက်အကူ ဖြစ်စေပါတယ်တဲ့။
နို့ရည်ဟာ ဗီတာမင်၊ ဓာတ်ဆား၊ အမ်ဇိုင်းနဲ့ စပါယ်ရှယ် ပရိုတင်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဒါက လူကြီးတွေအတွက် သောက်သင့်ရဲ့လား။ Gym Trainer တစ်ဦးဖြစ်တဲ့ ထရွိုင်မာတင် ဆိုသူကတော့ နို့ရည်ဟာ နွားနို့ထက် ခန္ဓာကိုယ်ကို ပိုကြီးထွား စေတယ်လို့ ဆိုပါတယ်။
ဗြိတိန်အာဟာရ ဖောင်ဒေးရှင်းက ဆရာဝန် တစ်ဦးကတော့ “လူသားနို့ရည်ဟာ လိုအပ်တဲ့ အာဟာရ ဓာတ်တွေ အကုန် ပါဝင်ပေမယ့် ဒါဟာ ကလေးတွေ အတွက်ပဲ ဖြစ်ပါတယ်။ လူကြီးတွေ အတွက် ထောက်ပံ့မှု ရှိ မရှိ မပြောနိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။
.
နို့သောက်၍ သေလုမျောပါးဖြစ်ခဲ့သော မိန်းကလေး
၂၀၁၅ ခုနှစ်က အင်္ဂလန်က ဂျက်ဆီကာဖို့ဒ် အမည်ရှိ မိန်းကလေးငယ် တစ်ဦးဟာ ဈေးတစ်ခုက ဝယ်လာတဲ့ နို့ဘူးတွေကို သောက်သုံး နေခဲ့ပါတယ်။ ခဏနေတော့ နို့တစ်ချို့ဟာ ပါးစပ်ထဲမှာ အဖြူရောင် အခဲတွေအဖြစ် ကျန်ရစ်ခဲ့တာမို့ မိဘနှစ်ပါးဟာ ကလေးငယ်ကို ဆေးရုံ ပို့ခဲ့ရပါတယ်။
သူဟာ နို့ဘူးကြီး လေးဘူးလုံးကို ဆက်တိုက် သောက်သုံးခဲ့တာ ဖြစ်ပြီး အဲ့တဘူးထဲမှာ ကော်လို့ ယူဆရတဲ့ အဖြူခဲတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ မိဘတွေ ကတော့ အလွန်အမင် းဒေါသထွက်ခဲ့ပြီး အဲ့နို့ဘူးတွေ ရောင်းချတဲ့ ကုမ္ပဏီကို တိုင်တန်းမှု ပြုလုပ်ခဲ့ပါတယ်။
.
မျက်စိကနေ နို့ရည်ထုတ်ပြပြီး ဂင်းနစ်စံချိန်တင်သူ
၂၀၁၄ ခုနှစ်မှာ တူရကီက ဆောက်လုပ်ရေး လုပ်သားတစ်ဦး ဖြစ်သူ ရီမက်ဟာ ထူးခြားတဲ့ ကမ္ဘာ့စံချိန် တစ်ခုကို ပြုလုပ်ပြ ခဲ့ပါတယ်။ လက်ထဲကို နို့လောင်းထည့်၊ အဲ့နို့ကို နှာခေါင်းနဲ့ ရှူသွင်းပြီး ၉.၂ ပေရှည်တဲ့ နို့တန်းကြီး တစ်ခုကို မျက်လုံးကနေ ထုတ်ပြခဲ့တာပါ။
သူဟာ သူ့မျက်လုံး အတွင်းက မျက်ရည်အိတ်ရဲ့ တည်ဆောက်ပုံ ထူးခြားမှုကြောင့် ခုလို လုပ်နိုင်ခြင်းလည်း ဖြစ်ပါတယ်။ သူ့ရှေ့မှာ မိုက်မိုရယ် ဆိုသူက ၈ ပေနဲ့ တင်ထားတဲ့ စံချိန်ကို ချိုးဖျက်ပြီး ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။
.
နို့ထွက်နှုန်းကိုတိုးစေတဲ့ဂီတ
၀၀၁ခုနှစ်မှာ လက်စတာ တက္ကသိုလ်က စိတ်ပညာရှင် တစ်စုဟာ နွားခြံတွေမှာ သီချင်းအေး အေးလေးတွေ ဖွင့်ထားခြင်းဟာ နို့ထွက်နှုန်းကို ၃ရာခိုင်နှုန်း တိုးစေတယ်လို့ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့ ယူဆချက် ကတော့ ဂီတဟာ နွားတွေကို အနားရစေပြီး ထွက်လာတဲ့ နို့ရဲ့ အရည်အသွေးလည်း ကောင်းမွန်လာ ပါတယ်တဲ့။
ကနေဒါ စိုက်ပျိုးမွေးမြူရေး ဌာနကတော့ ဒီစမ်းသပ်မှု တွေကို၂၀၀၁ ခုနှစ်တည်းက ပြုလုပ်ခဲ့တာ ဖြစ်ပြီး သူတို့ အတွက်လည်း လက်စတာက ပညာရှင်တွေရဲ့ အဆိုဟာ မှန်ကန်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဂီတတိုင်းတော့ အလုပ် မဖြစ်ပါဘူး။ အသံဖြေးဖြေးနဲ့ ငြိမ့်ငြိမ်း ညောင်းညောင်းရှိတဲ့ ဂီတတွေကသာ နို့ထွက်နှုန်း တိုးစေပါတယ်။
.
နို့တခွက်ကြောင့် ပျက်ခဲ့ဖူးတဲ့ ဂီတ band
၁၉၇၀ ခုနှစ်တွေမှာ အယ်ရိုစမစ် ဂီတအဖွဲ့ဟာ အမေရိကရဲ့ အအောင်မြင်ဆုံး ဂီတအဖွဲ့ ဖြစ်နေခဲ့ပါတယ်။ ထွက်သမျှ အခွေတိုင်း ရောင်းရတယ်။ ဖျော်ဖြေပွဲတွေမှာ ကွင်းလုံးပြည့် ပရိသတ် ရှိတယ်။ ဒီလို အောင်မြင်ခဲ့တဲ့ အဖွဲ့ဟာ နွားနို့တစ်ခွက်ကြောင့် ကွဲခဲ့ရပါတယ်။
အကောင်းဆုံးတွေ ရှိပြီးရင် ကျချိန်ဆိုတာ ရောက်လာတတ်တာ ထုံးစံပါပဲ။ ဒုတိယမြောက် အခွေ ထွက်ခါနီး အချိန်မှာ အဖွဲ့တွင်းမှာ မူးယစ်ဆေး ပြဿနာက တော်တော်ဆိုး နေခဲ့ပါပြီ။ တတိယ အခွေ ထွက်ခါနီး မှာတော့ ဂစ်တာသမား ဂျိုးပယ်ရီဟာ အဖွဲ့ကို ဒေါ်လာရှစ်သောင်း အကြွေးတင် နေခဲ့ပါတယ်။
ပြဿနာဖြစ်မယ့် တစ်ရက်မှာတော့ ဂျိုးပယ်ရီရဲ့ ဇနီးဟာ အဖွဲ့ဝင် တစ်ယောက်ရဲ့ ဇနီးပေါ်ကို နို့တခွက် လောင်းချ လိုက်ပါတယ်။ ကလိဗ်လန်းမှာ ရှိုးပွဲပြီးချိန် ရန်ဖြစ်ခဲ့ ကြတာပါ။ ဒီကိစ္စကြောင့်ဂျိုးပယ်ရီလည်း နှုတ်ထွက်သွားပြီး အဖွဲ့လည်း ပျက်သွား ခဲ့ပါတယ်။ ၁၉၈၄မှသာ ပယ်ရီ ပြန်ဝင်လာပြီး အကောင်းဆုံး band တစ်ခုအဖြစ် ပြန်လာနိုင် ခဲ့ပါတယ်။
.
လူသားနို့ရည်ရောင်းသည်
မိခင်နို့ဟာ ကလေးအရွယ် တင်သာမကပဲ လူကြီးတွေ အတွက်ပါ အာဟာရ တကယ် ဖြစ်တာလား။ မေးခွန်းအတွက် တိကျတဲ့ အဖြေ မရှိသေး ပေမယ့် ထူးဆန်းတာ တွေတော့ ဖြစ်လာပါပြီ။
ဂျပန်နိုင်ငံ ကိုဘူချီကို အပိုင်းက ဘားတစ်ခုဟာ မိခင်နို့ တွေကို သောက်လို့ရအောင် ရောင်းချပေး နေပါတယ်။ ယမ်း၂၀၀၀ ပေးတာနဲ့ နို့ရည် တဖန်ခွက် ရရှိမှာပါ။ ယမ်း ၅၀၀၀ ပေးရင်တော့ အသက် ၃၀ အောက် မိခင်တွေ ဆီကနေ တိုက်ရိုက် နို့သောက် နိုင်ပါတယ်တဲ့၊ တော်တော် ကတ်သီးကတ်သတ် လုပ်တတ်တဲ့ ဆိုင်ပါပဲ။
.
နွားနို့်ထုတ်ပေးတဲ့အရုပ်နွား
၁၉၇၀ ဝန်းကျင်က အမေရိကန်မှာ အရုပ် ကုမ္ပဏီ တွေကနေ နွားရုပ်ပုံစံ အမျိုးမျိုး ထွက်ရှိခဲ့ ပါတယ်။ အဲ့ထဲက တစ်ရုပ် အကြောင်းကို ပြောပြ ချင်ပါတယ်။
ကင်နာအရုပ် ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲ့နွားရုပ်ဟာ ခေါင်းကို ရေထဲနှစ်ပြီး အမြီးကို ဆွဲလိုက်တာနဲ့ နို့ရည်တွေ စုပ်လို့ ရပါပြီ။ အကြောင်းကတော့ အရုပ်ရဲ့ ဝမ်းဗိုက်ထဲမှာ နို့ခဲတွေ ထည့်ထားတာ ကြောင့်မို့ပါ။ ကလေးတွေဟာ ဒီအရုပ်ကို အရမ်း သဘောကျခဲ့ ကြပါတယ်။
၁၉၇၆ ခုနှစ်မှာတော့ Star Wars ရုပ်ရှင်ထဲက အရုပ်တွေဟာ သန်းလေးဆယ် လောက်ထိ ရောင်းရပြီး ဈေးကွက်ကို ယူသွားခဲ့လို့ နွားရုပ်လေးတွေ တစ်ခန်းရပ် ခဲ့ရပါတယ်။
.
နွားလိုဝတ်ပြီးခိုးတဲ့သူ
၂၀၁၁ ဧပြီ ၁၁ မှာ အသက် ၁၈ နှစ်အရွယ် လူတစ်ဦးဟာ ဗာဂျီးနီးယား ပြည်နယ်မှာ ရှိတဲ့ ဝေါ့မတ်မှာ ထူးဆန်းတဲ့ ပြစ်မှုကို ကျူးလွန် ခဲ့ပါတယ်။ အဲ့လူဟာ ဆိုင်ထဲကို နွားဝတ်စုံ တစ်ခုဝတ်ပြီး ဝင်လာကာ ဆိုင်ထဲက နို့နဲ့ ဆက်စပ် ပစ္စည်းတွေကို ခိုးသွား ခဲ့ပါတယ်။ အာရုံ ပြောင်းချင်လို့ အဲ့လို ဝတ်တာလား မသိပေမယ့် တော်တော်ဆိုးတဲ့ အကြံပါပဲ။
ခိုးပြီးချိန်မှာ အဲ့ပစ္စည်း တွေကို ဆိုင်အနီးနားက ဖြတ်သမျှ လူတွေကို ဝေပေးနေ ပါသေးတယ်။ မျက်နှာဖုံးလည်း မဝတ်ထား ပါဘူး၊ နေ့လည် ပိုင်းမှာတော့ ရဲကား နောက်ခန်းမှာ ထိုင်နေတဲ့ နွားဝတ်စုံနဲ့ သူကို အားလုံး တွေ့ရှိခဲ့ ရပါတယ်။
.
နွားနို့သောက်ပြီး ကွယ်လွန်ခဲ့ရတဲ့ အမေရိကန်သမ္မတကြီး
လုပ်ကြံခံရတဲ့ အမေရိကန် သမ္မတ တွေအကြောင်း အားလုံး သိကြပေမယ့် နွားနို့သောက်ပြီး ကွယ်လွန် ခဲ့ရတဲ့ သမ္မတ တစ်ဦး အကြောင်းကိုတော့ သိကြမှာ မဟုတ်ပါဘူး။
၁၈၅၀ ဇူလိုင် ၄ မှာ အမေရိကန်ရဲ့ ဆယ့်နှစ် ယောက်မြောက် သမ္မတဖြစ်တဲ့ ဇာခရီ တေလာဟာ နွားနု့ိနဲ့ ချယ်ရီသီး သောက်အပြီးမှာ သေဆုံးသွား ခဲ့ပါတယ်။ ချက်ချင်း သေတာတော့ မဟုတ်ပါဘူး။ ရေဓာတ် ခမ်းခြောက်ခြင်းနဲ့ တစ်ခြား ဝေဒနာ တွေကို လေးရက် ခံအပြီး ဆေးရုံမှာ ဆုံးသွား ခဲ့ပါတယ်။
အစက ဒီသေဆုံးမှုဟာ ကျွန်စနစ်နဲ့ ပတ်သက်လို့ မကျေနပ်တဲ့ သူတွေက အဆိပ် ခတ်တာလို့ ယူဆကြ ပေမယ့် ရင်ခွဲ စစ်ဆေးရာ မှာတော့ အဆိပ် မတွေ့ရ ပါဘူး။ ဒါ့ကြောင့် အစာအဆိပ် သင့်ပြီး သေဆုံးခဲ့ ရတယ်လို့ ယူဆခဲ့ ကြပါတယ်။
source – Nanmalgyi
No comments:
Post a Comment