မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 23, 2020

ျပင္သစ္သူရဲေကာင္း ပင့္ကူလူသား

 ျပင္သစ္သူရဲေကာင္း ပင့္ကူလူသား 

မီးသတ္တပ္ဖြဲ႕မွာ စတင္တာဝန္ထမ္းေဆာင္

-------------------------------------------------



❒  ၿပီးခဲ့တဲ့ ေမလက အေဆာက္ဦတစ္ခုရဲ႕ (၄) လႊာကေန 

တြဲေလာင္းက်ေနတဲ့ ကေလးငယ္တစ္ဦးကို သက္စြန္႔ဆံဖ်ား 

တက္ေရာက္ကယ္ဆယ္ခဲ့တဲ့ Mamoudou Gassama အမည္ရ

အမ်ိဳးသားဟာ သူ႕ရဲ႕လုပ္ရပ္ေၾကာင့္ ျပင္သစ္ႏုိင္ငံရဲ႕ ဂုဏ္ထူးေဆာင္

ႏုိင္ငံသားအျဖစ္ ခံယူခြင့္ရခဲ့သလုိ၊ သမၼတနဲ႔လည္း ရင္းရင္းနီးနီး 

ေတြ႕ဆုံခြင့္ ရခဲ့သူပါ။

Mamoudou ရဲ႕အေၾကာင္းဟာ သူ႕ရဲ႕လုပ္ရပ္နဲ႔အတူ ျပင္သစ္ႏုိင္ငံ

အတြင္းသာမက တစ္ကမာၻလုံးကပါ သူရဲေကာင္းအျဖစ္ မွတ္ယူခံခဲ့ရၿပီး၊ 

သူ႕ကုိ ျပင္သစ္မီးသတ္တပ္ဖြဲ႕ကလည္း တာဝန္ထမ္းေဆာင္ဖုိ႔ 

ကမ္းလွမ္းခဲ့ပါတယ္။ အခုဆုိရင္ Mamoudou ဟာ ပဲရစ္ၿမိဳ႕အေျခစုိက္

မီးသတ္တပ္ဖြဲ႕ျဖစ္တဲ့ Paris Fire Brigade မွာ စတင္တာဝန္ 

ထမ္းေဆာင္ေနၿပီလုိ႔ သိရပါတယ္။

Paris Fire Brigade ရဲ႕ တရားဝင္ တြစ္တာစာမ်က္ႏွာေပၚမွာ 

သူတုိ႔နဲ႔အတူ လာေရာက္ပူးေပါင္းတဲ့ Mamoudou နဲ႔အတူ 

အဖြဲ႕လုိက္ဓာတ္ပုံ႐ုိက္ကူးၿပီး ေဖာ္ျပခဲ့ရာ လူအမ်ားကာ Mamoudou ကို

ေကာင္းခ်ီးၾသဘာ ေပးခဲ့ၾကသလုိ၊ Mamoudou ဟာ သူလုပ္ခ်င္တဲ့ 

ကယ္ဆယ္ေရးလုပ္ငန္းေတြကို ထိထိေရာက္ေရာက္ လုပ္ကိုင္ႏုိင္ေတာ့

မယ္လုိ႔ ဆုိေနၾကပါတယ္။

Mamoudou ဟာ မာလီႏုိင္ငံသားတစ္ဦး ျဖစ္ၿပီး၊ ျပင္သစ္ႏုိင္ငံအတြင္းကို

တရားမဝင္ ဝင္ေရာက္လာတဲ့ ေရႊ႕ေျပာင္းလုပ္သားတစ္ဦးပါ။ ၿပီးခဲ့တဲ့ 

ေမလက (၄)လအရြယ္ ကေလးငယ္ေလးကို သက္စြန္႔ဆံဖ်ား ကယ္ယူ

ခဲ့ရမွတစ္ဆင့္ ျပင္သစ္သမၼတရဲ႕ အထူးအခြင့္အေရးနဲ႔ ႏုိင္ငံသားခံယူခြင့္ 

ရခဲ့ပါတယ္။ ကေလးရဲ႕ ဖခင္ကေတာ့ လာမယ့္ ဒီဇင္ဘာလမွာ ဝတၱရား

ေပါ့ေလွ်ာ့မႈနဲ႔ တရားရင္ဆုိင္ရမွာျဖစ္ၿပီး ေထာင္ဒဏ္(၂)ႏွစ္အထိ 

ျပစ္ဒဏ္ခ်မွတ္ခံရဖုိ႔ ရွိေနပါတယ္။


နတ္စည္ေတာ္ (MyanmarNote)

source : UNILAD

https://www.unilad.co.uk/news/spider-man-who-rescued-boy-from-balcony-starts-first-day-with-paris-fire-brigade/

============================


ပြင်သစ်သူရဲကောင်း ပင့်ကူလူသား 

မီးသတ်တပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်

-------------------------------------------------


❒  ပြီးခဲ့တဲ့ မေလက အဆောက်ဦတစ်ခုရဲ့ (၄) လွှာကနေ 

တွဲလောင်းကျနေတဲ့ ကလေးငယ်တစ်ဦးကို သက်စွန့်ဆံဖျား 

တက်ရောက်ကယ်ဆယ်ခဲ့တဲ့ Mamoudou Gassama အမည်ရ

အမျိုးသားဟာ သူ့ရဲ့လုပ်ရပ်ကြောင့် ပြင်သစ်နိုင်ငံရဲ့ ဂုဏ်ထူးဆောင်

နိုင်ငံသားအဖြစ် ခံယူခွင့်ရခဲ့သလို၊ သမ္မတနဲ့လည်း ရင်းရင်းနီးနီး 

တွေ့ဆုံခွင့် ရခဲ့သူပါ။


Mamoudou ရဲ့အကြောင်းဟာ သူ့ရဲ့လုပ်ရပ်နဲ့အတူ ပြင်သစ်နိုင်ငံ

အတွင်းသာမက တစ်ကမ္ဘာလုံးကပါ သူရဲကောင်းအဖြစ် မှတ်ယူခံခဲ့ရပြီး၊ 

သူ့ကို ပြင်သစ်မီးသတ်တပ်ဖွဲ့ကလည်း တာဝန်ထမ်းဆောင်ဖို့ 

ကမ်းလှမ်းခဲ့ပါတယ်။ အခုဆိုရင် Mamoudou ဟာ ပဲရစ်မြို့အခြေစိုက်

မီးသတ်တပ်ဖွဲ့ဖြစ်တဲ့ Paris Fire Brigade မှာ စတင်တာဝန် 

ထမ်းဆောင်နေပြီလို့ သိရပါတယ်။


Paris Fire Brigade ရဲ့ တရားဝင် တွစ်တာစာမျက်နှာပေါ်မှာ 

သူတို့နဲ့အတူ လာရောက်ပူးပေါင်းတဲ့ Mamoudou နဲ့အတူ 

အဖွဲ့လိုက်ဓာတ်ပုံရိုက်ကူးပြီး ဖော်ပြခဲ့ရာ လူအများကာ Mamoudou ကို

ကောင်းချီးသြဘာ ပေးခဲ့ကြသလို၊ Mamoudou ဟာ သူလုပ်ချင်တဲ့ 

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်တော့

မယ်လို့ ဆိုနေကြပါတယ်။


Mamoudou ဟာ မာလီနိုင်ငံသားတစ်ဦး ဖြစ်ပြီး၊ ပြင်သစ်နိုင်ငံအတွင်းကို

တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးပါ။ ပြီးခဲ့တဲ့ 

မေလက (၄)လအရွယ် ကလေးငယ်လေးကို သက်စွန့်ဆံဖျား ကယ်ယူ

ခဲ့ရမှတစ်ဆင့် ပြင်သစ်သမ္မတရဲ့ အထူးအခွင့်အရေးနဲ့ နိုင်ငံသားခံယူခွင့် 

ရခဲ့ပါတယ်။ ကလေးရဲ့ ဖခင်ကတော့ လာမယ့် ဒီဇင်ဘာလမှာ ဝတ္တရား

ပေါ့လျှော့မှုနဲ့ တရားရင်ဆိုင်ရမှာဖြစ်ပြီး ထောင်ဒဏ်(၂)နှစ်အထိ 

ပြစ်ဒဏ်ချမှတ်ခံရဖို့ ရှိနေပါတယ်။


နတ်စည်တော် (MyanmarNote)

source : UNILAD

https://www.unilad.co.uk/news/spider-man-who-rescued-boy-from-balcony-starts-first-day-with-paris-fire-brigade/


No comments:

Post a Comment