မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 21, 2020

ႏိုင္းျမစ္ထဲက နတ္ဘုရားကၽြန္းေလး

 ႏိုင္းျမစ္ထဲက နတ္ဘုရားကၽြန္းေလး

---------------------------------------



ေရွးေခတ္အီဂ်စ္ ေက်ာက္ထြင္းပန္းခ်ီထြင္းထုထားတဲ့ တံတိုင္းႀကီးေတြ 

ကာရံ ထားၿပီး မိုးေပၚေထာင္ထြက္ေနတဲ့ ေက်ာက္တိုင္ႀကီးေတြ စီတန္း

ေနကာ ႏွမ္းဖက္ ေက်ာက္ေတြနဲ႔ လွပစြာတည္ေဆာက္ထားတဲ့ 

ေက်ာင္းေဆာင္ရွိရာ အီဂ်စ္ကၽြန္းေလးက စိတ္ကူးယဥ္စရာ

ေကာင္းေလာက္ေအာင္ လွပါတယ္။ အခုေတာင္ ဒီေလာက္လွတာ

ေရွးေခတ္ကဆို ေဆးေရာင္စုံေတြနဲ႔ ဘယ္ေလာက္မ်ားလွေနလိမ့္မလဲ

ဆိုတာကို ေတြးေနမိတယ္။ အဲဒီကၽြန္းေလးကေတာ့ အီဂ်စ္ႏိုင္ငံ 

အာစၥဝန္ၿမိဳ႕နဲ႔ တစ္မိုင္ေလာက္ေဝးတဲ့ ေနရာမွာရွိတဲ့ ဖီေလး (Philae) 

ကၽြန္းေလးပဲျဖစ္ပါတယ္။ ႏိုင္းလ္ျမစ္ထဲမွာရွိတဲ့ ကၽြန္း ေလးျဖစ္ၿပီး 

အာစၥဝန္ေရကာတာရဲ႕ ေတာင္ဘက္ ၇ ဒသမ ၄၅ မိုင္ အကြာမွာ

ရွိပါတယ္။ ကၽြန္းဆီေရာက္ဖို႔ ႏိုင္းျမစ္ကမ္းစပ္ေလွဆိပ္ကေန 

၁၅ မိနစ္ေလာက္ စက္ေလွစီးသြား ရပါတယ္။


ဖီေလးကၽြန္းေပၚမွာ ေက်ာင္းေဆာင္ေတြ၊ အေဆာက္အအုံေတြ 

မ်ားစြာရွိေနေပမယ့္ အႀကီးဆုံးနဲ႔နာမည္ အေက်ာ္ၾကားဆုံး

ေက်ာင္းေဆာင္ကေတာ့ အိုင္းစစ္(စ္)ေက်ာင္းေဆာင္ 

(Temple of Isis) ပဲျဖစ္ပါတယ္။ အီဂ်စ္နတ္ဖုရားတို႔ရဲ႕ ဘုရင္မ

အိုင္းစစ္(စ္)နတ္ဖုရားမကို ရည္စူးၿပီး တည္ေဆာက္ထားခဲ့တဲ့ 

ဒီေက်ာင္းေဆာင္မွာ အိုင္းစစ္(စ္)နတ္ဖုရားမအျပင္ အစ္ကိုေတာ္နဲ႔

ခင္ပြန္းေတာ္စပ္သူ အိုဆိုင္းရစ္(စ္)နဲ႔ သားေတာ္ ေဟာရပ္(စ္)တို႔ကိုပါ 

ေရွးအီဂ်စ္ေတြ ကိုးကြယ္ပူေဇာ္ခဲ့ၾကတာပါ။ အိုင္းစစ္(စ္)နတ္ဖုရားမဟာ

ေျမနတ္ဖုရား Gut နဲ႔ ေကာင္းကင္နတ္ဖုရားမ Nut တို႔ရဲ႕ သမီးေတာ္ျဖစ္

ၿပီး သူ႕ရဲ႕သားေတာ္ ေဟာရပ္(စ္)ဟာ အီဂ်စ္ျပည္ေပါင္းစည္းၿပီးေနာက္ 

ပထမဆုံးအုပ္ခ်ဳပ္သူျဖစ္လို႔ အိုင္းစစ္(စ္)ကို ဖာ႐ိုဘုရင္ေတြရဲ႕ မိခင္အျဖစ္

ေရာ၊ ကာကြယ္ေစာင့္ေရွာက္သူအျဖစ္ပါ ကိုးကြယ္ေလ့ရွိၾကပါတယ္။


အေကာင္းဆုံးထိန္းသိမ္းထားရွိတဲ့ Ptolemaic ေက်ာင္းေဆာင္သုံးခုထဲ 

ပါဝင္တဲ့ ဒီေက်ာင္းေဆာင္ကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္ ၃၇၀ 

ဘီစီေလာက္တုန္းက ဖာ႐ိုဘုရင္ Ptolemy II က စတည္ေဆာက္ခဲ့ၿပီး 

အီဂ်စ္ျပည္ ေရာမလက္ေအာက္က် ေရာက္တဲ့အခါ ေရာမအင္ပါယာ

ေတြက အၿပီးသတ္ေဆာက္လုပ္ခဲ့တာပါ။ ဒီေက်ာင္း ေဆာင္ဟာ 

ႏူဘီယာလူမ်ိဳးေတြရဲ႕ အေရးအႀကီးဆုံး ဘာသာေရးအေဆာက္အအုံ

တစ္ခုလည္းပဲ ျဖစ္ပါတယ္။ စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္တစ္ခုက 

အခုလက္ရွိ ခရီးသြားဧည့္သည္ေတြ သြားေရာက္ေနတဲ့ ဖီေလးကၽြန္းဟာ

နဂိုမူလကၽြန္းအစစ္ မဟုတ္တာကိုပါ။ ကၽြန္းအစစ္က ေရေအာက္ေရာက္

သြားပါၿပီ။ အာစၥဝန္ေရကာတာႀကီး ၁၉၇၀ ခုႏွစ္မွာ တည္ေဆာက္ခဲ့ၿပီး

တဲ့ေနာက္ မူလဖီေလးကၽြန္းနဲ႔ ကၽြန္းေပၚက ေက်ာင္းေဆာင္ေတြဟာ 

ေရ လြမ္းမိုးတဲ့ ဒဏ္ခံရပါတယ္။ ဒါေပမယ့္ UNESCO ကေန ဦးေဆာင္ၿပီး 

မူလ ကၽြန္းကေန မီတာ ၅၀၀ အကြာရွိတဲ့ ပိုေျခာက္ေသြ႕ၿပီး ေရလြတ္တဲ့

အဂ်ီလီကာ(Agilika)ကၽြန္းေပၚကို ဖီေလးကၽြန္းေပၚက ေက်ာင္းေဆာင္ေတြ

ေျပာင္းေ႐ႊ႕ေဆာက္ လုပ္ခဲ့ၾကပါတယ္။ ၁၉၇၂ ခုႏွစ္ကေန ၁၉၈၀ ခုႏွစ္

အထိ ရွစ္ႏွစ္ၾကာေ႐ႊ႕ေျပာင္းခဲ့ရတာ ျဖစ္ၿပီး ေ႐ႊ႕ေျပာင္းစားရိတ္ 

အေမရိကန္ေဒၚလာ သန္း ၃၀ ေလာက္အကုန္အက်ခံခဲ့ ရတာပါ။ 

စုစုေပါင္းအေလးခ်ိန္ တန္ေပါင္း ၂၄၀၀၀ ေက်ာ္ရွိတဲ့ ဘုရားေက်ာင္းႀကီးကို

အပိုင္းအစေပါင္း ေလးေသာင္းေက်ာ္ျဖစ္ေအာင္ ျဖတ္ယူၿပီး ကၽြန္းအသစ္မွာ

မူလပုံ အတိုင္းျဖစ္ေအာင္ ေက်ာက္တုံးႀကီးေတြ တစ္တုံးၿပီးတစ္တုံး

ျပန္လည္တည္ေဆာက္ ခဲ့ရတာပါ။


ကၽြန္းအသစ္ဟာလည္း ေရလႊမ္းမိုးႏိုင္ေခ်ရွိလို႔ ေက်ာင္းေဆာင္ႀကီးရွိရာ

ကၽြန္း ပတ္ပတ္လည္မွာ ႏွမ္းဖတ္ေက်ာက္နံရံေတြနဲ႔ အျမင့္ႀကီးထားထား

တာ ေတြ႕ရပါတယ္။ ေက်ာင္းေဆာင္အတြင္းခန္းေတြဆီေရာက္ဖို႔ 

ေက်ာက္တိုင္ႀကီးေတြစီတန္းေနတဲ့ နံရံ တစ္ဖက္တစ္ခ်က္ရွိတဲ့ ရင္ျပင္

က်ယ္ႀကီးေတြကေနတဆင့္ တံတိုင္းျမင့္ႀကီးႏွစ္ခုကို ျဖတ္ရပါတယ္။ 

တံတိုင္းႀကီးေတြေပၚမွာ စစ္တိုက္ေနတဲ့ပုံ၊ နတ္ဘုရားေတြကို ပူေဇာ္ 

ပသေနတဲ့ပုံေတြကို ေက်ာက္ထြင္းပန္းခ်ီအေနနဲ႔ ေတြ႕ခဲ့ရပါတယ္။ 

ညဘက္ေတြမွာ ေက်ာင္းေဆာင္ႀကီးေနာက္ခံၿပီး အသံနဲ႔ မီးအလင္းေရာင္

ကုိစားတဲ့ ျပပြဲေတြ ၾကည့္႐ႈ ခံစားႏိုင္တယ္လို႔ သိရပါတယ္။


ေဒါက္တာႏုျမတ္သိဂႌဦး

source:pyimyanmarnews

see more:https://en.wikipedia.org/wiki/Philae

==============================


နိုင်းမြစ်ထဲက နတ်ဘုရားကျွန်းလေး

---------------------------------------


ရှေးခေတ်အီဂျစ် ကျောက်ထွင်းပန်းချီထွင်းထုထားတဲ့ တံတိုင်းကြီးတွေ 

ကာရံ ထားပြီး မိုးပေါ်ထောင်ထွက်နေတဲ့ ကျောက်တိုင်ကြီးတွေ စီတန်း

နေကာ နှမ်းဖက် ကျောက်တွေနဲ့ လှပစွာတည်ဆောက်ထားတဲ့ 

ကျောင်းဆောင်ရှိရာ အီဂျစ်ကျွန်းလေးက စိတ်ကူးယဉ်စရာ

ကောင်းလောက်အောင် လှပါတယ်။ အခုတောင် ဒီလောက်လှတာ

ရှေးခေတ်ကဆို ဆေးရောင်စုံတွေနဲ့ ဘယ်လောက်များလှနေလိမ့်မလဲ

ဆိုတာကို တွေးနေမိတယ်။ အဲဒီကျွန်းလေးကတော့ အီဂျစ်နိုင်ငံ 

အာစ္စဝန်မြို့နဲ့ တစ်မိုင်လောက်ဝေးတဲ့ နေရာမှာရှိတဲ့ ဖီလေး (Philae) 

ကျွန်းလေးပဲဖြစ်ပါတယ်။ နိုင်းလ်မြစ်ထဲမှာရှိတဲ့ ကျွန်း လေးဖြစ်ပြီး 

အာစ္စဝန်ရေကာတာရဲ့ တောင်ဘက် ၇ ဒသမ ၄၅ မိုင် အကွာမှာ

ရှိပါတယ်။ ကျွန်းဆီရောက်ဖို့ နိုင်းမြစ်ကမ်းစပ်လှေဆိပ်ကနေ 

၁၅ မိနစ်လောက် စက်လှေစီးသွား ရပါတယ်။


ဖီလေးကျွန်းပေါ်မှာ ကျောင်းဆောင်တွေ၊ အဆောက်အအုံတွေ 

များစွာရှိနေပေမယ့် အကြီးဆုံးနဲ့နာမည် အကျော်ကြားဆုံး

ကျောင်းဆောင်ကတော့ အိုင်းစစ်(စ်)ကျောင်းဆောင် 

(Temple of Isis) ပဲဖြစ်ပါတယ်။ အီဂျစ်နတ်ဖုရားတို့ရဲ့ ဘုရင်မ

အိုင်းစစ်(စ်)နတ်ဖုရားမကို ရည်စူးပြီး တည်ဆောက်ထားခဲ့တဲ့ 

ဒီကျောင်းဆောင်မှာ အိုင်းစစ်(စ်)နတ်ဖုရားမအပြင် အစ်ကိုတော်နဲ့

ခင်ပွန်းတော်စပ်သူ အိုဆိုင်းရစ်(စ်)နဲ့ သားတော် ဟောရပ်(စ်)တို့ကိုပါ 

ရှေးအီဂျစ်တွေ ကိုးကွယ်ပူဇော်ခဲ့ကြတာပါ။ အိုင်းစစ်(စ်)နတ်ဖုရားမဟာ

မြေနတ်ဖုရား Gut နဲ့ ကောင်းကင်နတ်ဖုရားမ Nut တို့ရဲ့ သမီးတော်ဖြစ်

ပြီး သူ့ရဲ့သားတော် ဟောရပ်(စ်)ဟာ အီဂျစ်ပြည်ပေါင်းစည်းပြီးနောက် 

ပထမဆုံးအုပ်ချုပ်သူဖြစ်လို့ အိုင်းစစ်(စ်)ကို ဖာရိုဘုရင်တွေရဲ့ မိခင်အဖြစ်

ရော၊ ကာကွယ်စောင့်ရှောက်သူအဖြစ်ပါ ကိုးကွယ်လေ့ရှိကြပါတယ်။


အကောင်းဆုံးထိန်းသိမ်းထားရှိတဲ့ Ptolemaic ကျောင်းဆောင်သုံးခုထဲ 

ပါဝင်တဲ့ ဒီကျောင်းဆောင်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော် ၃၇၀ 

ဘီစီလောက်တုန်းက ဖာရိုဘုရင် Ptolemy II က စတည်ဆောက်ခဲ့ပြီး 

အီဂျစ်ပြည် ရောမလက်အောက်ကျ ရောက်တဲ့အခါ ရောမအင်ပါယာ

တွေက အပြီးသတ်ဆောက်လုပ်ခဲ့တာပါ။ ဒီကျောင်း ဆောင်ဟာ 

နူဘီယာလူမျိုးတွေရဲ့ အရေးအကြီးဆုံး ဘာသာရေးအဆောက်အအုံ

တစ်ခုလည်းပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုက 

အခုလက်ရှိ ခရီးသွားဧည့်သည်တွေ သွားရောက်နေတဲ့ ဖီလေးကျွန်းဟာ

နဂိုမူလကျွန်းအစစ် မဟုတ်တာကိုပါ။ ကျွန်းအစစ်က ရေအောက်ရောက်

သွားပါပြီ။ အာစ္စဝန်ရေကာတာကြီး ၁၉၇၀ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး

တဲ့နောက် မူလဖီလေးကျွန်းနဲ့ ကျွန်းပေါ်က ကျောင်းဆောင်တွေဟာ 

ရေ လွမ်းမိုးတဲ့ ဒဏ်ခံရပါတယ်။ ဒါပေမယ့် UNESCO ကနေ ဦးဆောင်ပြီး 

မူလ ကျွန်းကနေ မီတာ ၅၀၀ အကွာရှိတဲ့ ပိုခြောက်သွေ့ပြီး ရေလွတ်တဲ့

အဂျီလီကာ(Agilika)ကျွန်းပေါ်ကို ဖီလေးကျွန်းပေါ်က ကျောင်းဆောင်တွေ

ပြောင်းရွှေ့ဆောက် လုပ်ခဲ့ကြပါတယ်။ ၁၉၇၂ ခုနှစ်ကနေ ၁၉၈၀ ခုနှစ်

အထိ ရှစ်နှစ်ကြာရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပြီး ရွှေ့ပြောင်းစားရိတ် 

အမေရိကန်ဒေါ်လာ သန်း ၃၀ လောက်အကုန်အကျခံခဲ့ ရတာပါ။ 

စုစုပေါင်းအလေးချိန် တန်ပေါင်း ၂၄၀၀၀ ကျော်ရှိတဲ့ ဘုရားကျောင်းကြီးကို

အပိုင်းအစပေါင်း လေးသောင်းကျော်ဖြစ်အောင် ဖြတ်ယူပြီး ကျွန်းအသစ်မှာ

မူလပုံ အတိုင်းဖြစ်အောင် ကျောက်တုံးကြီးတွေ တစ်တုံးပြီးတစ်တုံး

ပြန်လည်တည်ဆောက် ခဲ့ရတာပါ။


ကျွန်းအသစ်ဟာလည်း ရေလွှမ်းမိုးနိုင်ချေရှိလို့ ကျောင်းဆောင်ကြီးရှိရာ

ကျွန်း ပတ်ပတ်လည်မှာ နှမ်းဖတ်ကျောက်နံရံတွေနဲ့ အမြင့်ကြီးထားထား

တာ တွေ့ရပါတယ်။ ကျောင်းဆောင်အတွင်းခန်းတွေဆီရောက်ဖို့ 

ကျောက်တိုင်ကြီးတွေစီတန်းနေတဲ့ နံရံ တစ်ဖက်တစ်ချက်ရှိတဲ့ ရင်ပြင်

ကျယ်ကြီးတွေကနေတဆင့် တံတိုင်းမြင့်ကြီးနှစ်ခုကို ဖြတ်ရပါတယ်။ 

တံတိုင်းကြီးတွေပေါ်မှာ စစ်တိုက်နေတဲ့ပုံ၊ နတ်ဘုရားတွေကို ပူဇော် 

ပသနေတဲ့ပုံတွေကို ကျောက်ထွင်းပန်းချီအနေနဲ့ တွေ့ခဲ့ရပါတယ်။ 

ညဘက်တွေမှာ ကျောင်းဆောင်ကြီးနောက်ခံပြီး အသံနဲ့ မီးအလင်းရောင်

ကိုစားတဲ့ ပြပွဲတွေ ကြည့်ရှု ခံစားနိုင်တယ်လို့ သိရပါတယ်။


ဒေါက်တာနုမြတ်သိင်္ဂီဦး

source:pyimyanmarnews

see more:https://en.wikipedia.org/wiki/Philae

No comments:

Post a Comment