မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Sunday, September 20, 2020
---------------------------------------------------
.
လင်းလင်း (ShweMom)
Ref: BoredPanda
==============================
အမေရိကန်ကောင်းတစ်ယောက်ရဲ့ စိတ်ထားကို 
ထင်ဟပ်စေတဲ့ ဓာတ်ပုံများ ..
---------------------------------------------------
အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဂျွန်အက်ဖ်ကနေဒီက
သည်းခံနားလည်တယ်ဆိုတာ တစ်စုံတစ်ဦးရဲ့ယုံကြည်ချက်ကို 
အသိအမှတ်ပြုပေးရုံတင်မကပဲ ဖိနှိပ်တာ၊ ပြစ်တင်ရှုံ့ချတာတွေ
ကလည်း ကင်းလွတ်ရမယ်လို့ ပြောဖူးပါတယ်။ ပုံတွေကတော့ 
အသားအရောင်ခွဲခြားမှုမရှိပဲ နိုင်ငံသားအချင်းချင်း ကြင်နာမှုတွေ
ပြသခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အတုယူထိုက်တဲ့ 
လုပ်ရပ်ကလေးတွေကို အခုလိုတွေ့ရမှာပါ။
.
လင်းလင်း (ShweMom)
Ref: BoredPanda
https://www.boredpanda.com/random-acts-of-kindness-faith-in-humanity-restored-this-is-america-racism/
.
အသက်အရွယ်ကြီးတဲ့ အဖွားအိုတစ်ဦးက ခြေချော်မှာစိုးလို့ လူစိမ်းတစ်ဦးကို သူမအိမ်ဆီ လိုက်ပို့ပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ သူငယ်ချင်းတွေ ဖြစ်နေကြပြီး လူငယ်က အမြဲတမ်းလိုလို အဖွားကို အိမ်လိုက်ပို့ပေး တတ်ပါတယ်။
.
ကုတင်ပေါ် လှဲနေတဲ့ ကောင်လေးကတော့ အသက်(၁၅)နှစ်အရွယ် အန်သိုနီဘော့ဂျ်ဖြစ်ပါတယ်။ သေနတ်ပစ်ခတ် လုပ်ကြံမှုအတွင်း အခန်းထဲမှာရှိတဲ့ အတန်းသူ အတန်းသား အယောက်(၂၀)ကို ကျည်မထိအောင် အခန်းတံခါးကို သူ့ကိုယ်နဲ့ကာပြီး တံခါးပိတ်ပေး ခဲ့တာပါ။ သူကတော့ ကျည်(၅)ချက် ထိမှန်သွားခဲ့ပါတယ်။
.
သေကြောင်းကြံစည်မယ့် လူကို အားပေးစကား ပြောနေတဲ့ အရာရှိတစ်ဦးပါ။ 
နောက်ထပ် (၈)နှစ်ကြာတော့ ထိုအရာရှိကို သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တဲ့သူက The American Foundation of Suicide မှာ ဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။
.
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေအတွက် ခြံဝင်းထဲက မြက်ခင်းတွေကို အခကြေးငွေမယူပဲ မြက်ရိတ်ပေးနေတဲ့ လူငယ်အုပ်စုပါ။ သူတို့ရဲ့ အဖွားတစ်ဦး နဲ့အတူ တွေ့ရတာပါ။
Add caption
.
တစ်ခါမှမတွေ့ဖူးပေမယ့် နက်ခ်တိုင်ချည်ဖို့ အခက်အခဲ ဖြစ်နေတဲ့ လူငယ်ကို အဖိုးအိုက ကူညီနေတာပါ။
.
ကလေးတွေဟာ သူတို့ခံစားရတဲ့အတိုင်း ပြုမူတတ်ကြပါတယ်။ အမြန်စာ အစားအသောက်ဆိုင်မှာ ခုမှတွေ့ကြတဲ့ ကလေးနှစ်ဦး ဖက်နေကြတာပါ။
.
ကားဒရိုင်ဘာက လူနာရဲ့မိသားစုတွေဟာ ရပ်ဝေးမှာဖြစ်နေတာကြောင့် ဆေးရုံပေါ်က လူနာကို စောင့်ရှောက်ပြုစု ပေးနေတာပါ။
.
အမျိုးသားကြီးစားသောက်လို့ရအောင် မသန်စွမ်းအမျိုးသမီးကြီးကို ကူညီပြီး အစားအသောက် ကျွေးနေတဲ့ ဆိုင်အမှုထမ်း
.
လွန်ခဲ့တဲ့(၁၀)နှစ်တုန်းက ဟာရီကိန်း ကတ်ထရီနာအတွင်း ကယ်တင်လာခဲ့တဲ့ ကလေးမလေးကို အခုပြန်လည်တွေ့ရစဉ်
.
ကျောင်းသွားတိုင်း အမြဲတွေ့ရတဲ့ အိမ်ရာမဲ့ အမျိုးသားကြီးကို အပြင်ထွက်လည်ဖို့ ခေါ်လာကြတဲ့ လူငယ်လေးများ
No comments:
Post a Comment