မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 17, 2020

ေျပာေရးဆုိခြင့္ရွိသူကုိ ေမာင္းထုတ္ခဲ့တဲ့စားေသာက္ဆုိင္

 သမၼတထရန္ ့၏ ေျပာေရးဆုိခြင့္ရွိသူကုိ 

ေမာင္းထုတ္ခဲ့တဲ့ အေမရိကန္ စားေသာက္ဆုိင္

----------------------------------------------------

အေမရိကန္ အိမ္ျဖဴေတာ္ သတင္းျပန္ၾကားေရး အတြင္းေရးမွဴး 

ဆာရာဆန္ဒါ ဗာဂ်ီးနီးယား ျပည္နယ္၊ လက္ဆင္န္တန္ျမိဳ႕ရွိ 

The Red Hen စားေသာက္ဆိုင္တစ္ဆိုင္မွ ႏွင္ထုတ္ခံခဲ့ရေၾကာင္း 

သိရသည္။ 


ထိုဆိုင္၏ စားပြဲထုိးတစ္ဦးက ေသာၾကာေန ့တြင္ သူ၏ Facebook

စာမ်က္ႏွာေပၚ၌ post တင္ခဲ့ရာတြင္ သူသည္ ဆာရာႏွင့္ အေပါင္းအပါ

မ်ားကို ႏွစ္မိနစ္ခန္႔သာ ဝန္ေဆာင္မႈေပးလိုက္ရျပီး သူတုိ ့ေတြ ဆိုင္မွ 

ထြက္ခြာသြားၾကသည္ဟု ဆုိခဲ့သည္။ ၄င္း၏ post ကို စည္းရုံးလႈံေဆာ္

သူလည္းျဖစ္ ေတးဂီတသမားလည္းျဖစ္၊ သံတမန္ေဟာင္းတစ္ဦးလည္း

ျဖစ္သည့္ ဘားနန္ ေဂးရ္မိုး မွ screenshot ံရုိက္ျပီး “၈၆ - ဆာရာ 

ဟတ္အာဘီလ္ ဆန္ဒါ” ဟုေသာစာႏွင့္ အတူ ၄င္း၏ Tiwtter 

စာမ်က္ႏွာေပၚတြင္ တင္ခဲ့ရာ မွ ထိုကိစၥသည္ လူသိမ်ားလာခဲ့သည္။

“၈၆” ဟူသည့္ စားေသာက္ဆိုင္မွ ဝန္ေဆာင္မႈေပးရန္ျငင္းဆိုလိုက္တဲ့ 

စားသံုးသူဟု အဓိပၸါယ္ရေသာ ဗန္းစကားတစ္ခုျဖစ္သည္။ ထိုေနာက္တြင္

ဆာရာ ကလည္း ၄င္း၏ Tiwtter စာမ်က္ႏွာေပၚတြင္ “မေန႕ညက 

ကၽြန္မကို ဗာဂ်ီးနီးယား ျပည္နယ္၊ လက္ဆင္န္တန္ျမိဳ႕ The Red Hen 

စားေသာက္ဆိုင္ပိုင္ရွင္က ထရမ့္အတြက္ အလုပ္လုပ္ေနတဲ့ ကၽြန္မကို 

မေရာင္းႏုိင္ပါဘူးဆိုျပီးေတာ့ေျပာပါတယ္။ ဒါေၾကာင့္ ကၽြန္မလည္း 

ယဥ္ယဥ္ေက်းေက်းပဲထြက္သြားလိုက္ပါတယ္။ သူမအျပဳအမႈက 

သူမ အေၾကာင္းကို ကၽြန္မထက္ အမ်ားၾကီးကို ပိုေျပာလိုက္တာပဲ။ 

ကၽြန္မကေတာ့ လူေတြအားလံုးကို ေလးေလးစားစား ဆက္ဆံပါတယ္။

ကၽြန္မ သေဘာမက်တဲ့ လူေတြကိုေတာင္မွေပါ့။ ေနာက္လဲ အဲလို

ေလးေလးစားစားပဲ ဆက္ဆံသြားဦးမွာပါ” လုိ ့ေရးသားခဲ့ကာ 

ယင္းျဖစ္ရပ္္ မွန္ကန္ေၾကာင္း အတည္ျပဳခဲ့သည္။


ထရမ့္ကို မဲမေပးခဲ့ေသာေၾကာင့္ ႏုိင္ငံေရးသမားမ်ားက 

သူမတုိ ့ျမိဳ႕ေလးကို အၿငိဳးထားေနၾကေၾကာင္း ယင္းစားေသာက္ဆိုင္၏ 

ပိုင္ရွင္လည္းျဖစ္ စားဖိုမွဴးလည္းျဖစ္သည့္ စတက္ဖနီ ဝယ္တင္ဆန္က 

ေျပာခဲ့သည္။ ၄င္းကဲ့သို႔ေသာ လူမဆန္ သိကၡာမဲ့သည့္ ပုဂိၢဳလ္တစ္ဦး၏

ေျပာေရးဆိုခြင့္ရသူအျဖစ္ တာဝန္ထမ္းေဆာင္ေနသူတစ္ဦးကို 

ဝန္ေဆာင္မႈမေပးႏုိင္ေၾကာင္း သူမ က The Washington Post 

သတင္းဌာနကိုေျပာခဲ့သည္။ “ ကၽြန္မက ရန္ေဆာင္တတ္တဲ့ 

လူလည္း မဟုတ္ပါဘူး” ဟု သူမက ဆက္လက္ေျပာဆုိခဲ့သည္။


မုိင္ (အကုန္သိသတင္းဌာန)

Ref: CNA 

https://www.channelnewsasia.com/news/world/us-restaurant-asks-trump-spokeswoman-sarah-sanders-to-leave-10464036

==============================


သမ္မတထရန့်၏ ပြောရေးဆိုခွင့်ရှိသူကို 

မောင်းထုတ်ခဲ့တဲ့ အမေရိကန် စားသောက်ဆိုင်

----------------------------------------------------


အမေရိကန် အိမ်ဖြူတော် သတင်းပြန်ကြားရေး အတွင်းရေးမှူး 

ဆာရာဆန်ဒါ ဗာဂျီးနီးယား ပြည်နယ်၊ လက်ဆင်န်တန်မြို့ရှိ 

The Red Hen စားသောက်ဆိုင်တစ်ဆိုင်မှ နှင်ထုတ်ခံခဲ့ရကြောင်း 

သိရသည်။ 


ထိုဆိုင်၏ စားပွဲထိုးတစ်ဦးက သောကြာနေ့တွင် သူ၏ Facebook

စာမျက်နှာပေါ်၌ post တင်ခဲ့ရာတွင် သူသည် ဆာရာနှင့် အပေါင်းအပါ

များကို နှစ်မိနစ်ခန့်သာ ဝန်ဆောင်မှုပေးလိုက်ရပြီး သူတို့တွေ ဆိုင်မှ 

ထွက်ခွာသွားကြသည်ဟု ဆိုခဲ့သည်။ ၎င်း၏ post ကို စည်းရုံးလှုံဆော်

သူလည်းဖြစ် တေးဂီတသမားလည်းဖြစ်၊ သံတမန်ဟောင်းတစ်ဦးလည်း

ဖြစ်သည့် ဘားနန် ဂေးရ်မိုး မှ screenshot ံရိုက်ပြီး “၈၆ - ဆာရာ 

ဟတ်အာဘီလ် ဆန်ဒါ” ဟုသောစာနှင့် အတူ ၎င်း၏ Tiwtter 

စာမျက်နှာပေါ်တွင် တင်ခဲ့ရာ မှ ထိုကိစ္စသည် လူသိများလာခဲ့သည်။


“၈၆” ဟူသည့် စားသောက်ဆိုင်မှ ဝန်ဆောင်မှုပေးရန်ငြင်းဆိုလိုက်တဲ့ 

စားသုံးသူဟု အဓိပ္ပါယ်ရသော ဗန်းစကားတစ်ခုဖြစ်သည်။ ထိုနောက်တွင်

ဆာရာ ကလည်း ၎င်း၏ Tiwtter စာမျက်နှာပေါ်တွင် “မနေ့ညက 

ကျွန်မကို ဗာဂျီးနီးယား ပြည်နယ်၊ လက်ဆင်န်တန်မြို့ The Red Hen 

စားသောက်ဆိုင်ပိုင်ရှင်က ထရမ့်အတွက် အလုပ်လုပ်နေတဲ့ ကျွန်မကို 

မရောင်းနိုင်ပါဘူးဆိုပြီးတော့ပြောပါတယ်။ ဒါကြောင့် ကျွန်မလည်း 

ယဉ်ယဉ်ကျေးကျေးပဲထွက်သွားလိုက်ပါတယ်။ သူမအပြုအမှုက 

သူမ အကြောင်းကို ကျွန်မထက် အများကြီးကို ပိုပြောလိုက်တာပဲ။ 

ကျွန်မကတော့ လူတွေအားလုံးကို လေးလေးစားစား ဆက်ဆံပါတယ်။

ကျွန်မ သဘောမကျတဲ့ လူတွေကိုတောင်မှပေါ့။ နောက်လဲ အဲလို

လေးလေးစားစားပဲ ဆက်ဆံသွားဦးမှာပါ” လို့ရေးသားခဲ့ကာ 

ယင်းဖြစ်ရပ် မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။


ထရမ့်ကို မဲမပေးခဲ့သောကြောင့် နိုင်ငံရေးသမားများက 

သူမတို့မြို့လေးကို အငြိုးထားနေကြကြောင်း ယင်းစားသောက်ဆိုင်၏ 

ပိုင်ရှင်လည်းဖြစ် စားဖိုမှူးလည်းဖြစ်သည့် စတက်ဖနီ ဝယ်တင်ဆန်က 

ပြောခဲ့သည်။ ၎င်းကဲ့သို့သော လူမဆန် သိက္ခာမဲ့သည့် ပုဂ္ဂိုလ်တစ်ဦး၏

ပြောရေးဆိုခွင့်ရသူအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးကို 

ဝန်ဆောင်မှုမပေးနိုင်ကြောင်း သူမ က The Washington Post 

သတင်းဌာနကိုပြောခဲ့သည်။ “ ကျွန်မက ရန်ဆောင်တတ်တဲ့ 

လူလည်း မဟုတ်ပါဘူး” ဟု သူမက ဆက်လက်ပြောဆိုခဲ့သည်။


မိုင် (အကုန်သိသတင်းဌာန)

Ref: CNA 

https://www.channelnewsasia.com/news/world/us-restaurant-asks-trump-spokeswoman-sarah-sanders-to-leave-10464036


No comments:

Post a Comment